သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အလုပ္လုပ္ခြင့္ရသူေတြလည္း ကိုဗစ္စိုးရိမ္


COVID ကာလ အစားအေသာက္ေတြ လိုက္ပို႔ေနသူတဦးကို ရန္ကုန္ၿမိဳ႕ရွိ လမ္းတေနရာတြင္ေတြ႔ရ။ (စက္တင္ဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါေၾကာင့္ အိမ္ျပင္မထြက္ရ အမိန႔္ထုတ္ထားတဲ့အခ်ိန္မွာ ခြင့္ျပဳခ်က္နဲ႔ အလုပ္လုပ္ခြင့္ရတဲ့သူေတြ ရွိေပမဲ့ ေရာဂါကူးစက္မယ့္ အႏၲရာယ္ကို စိုးရိမ္ေနၾကတဲ့အေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က ေျပာျပပါမယ္။

ကပ္ေရာဂါကူးစက္မႈကုိ တားဆီးဖုိ႔ ရန္ကုန္တုိင္းအတြင္း အိမ္ျပင္ မထြက္ရ အမိန္႔ထုတ္ထားေပမဲ့ ဘဏ္နဲ႔ ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္း၊ စက္သံုးဆီအေရာင္းဆိုင္နဲ႔ စားေသာက္ကုန္စတဲ့ အမ်ားျပည္သူအတြက္ အေျခခံလုိအပ္တဲ့ လုပ္ငန္းတခ်ဳိ႕ကုိေတာ့ ခြင့္ျပဳထားပါတယ္။

ဒီလုိခြင့္ျပဳခ်က္နဲ႔ အလုပ္လုပ္ခြင့္ ရရွိထားေပမဲ့ ေရာဂါကူးစက္မႈေတြ ျမင့္တက္ေနတဲ့ ရန္ကုန္မွာေတာ့ အျပင္ထြက္အလုပ္လုပ္ရတာကုိ စုိးရိမ္တယ္လုိ႔လည္း ရန္ကုန္တိုင္းအတြင္း ခြင့္ျပဳခ်က္နဲ႔ အစားအေသာက္ပို႔ေဆာင္ေနတဲ့ ကိုေက်ာ္ရဲသူက ေျပာပါတယ္။

“အခက္အခဲေလးေတြလည္း ရွိတယ္ဗ်၊ ရွိတာေပါ့၊ အကုန္လံုးက ဒီကိုဗစ္ေၾကာင့္ သူပဲ ပိုးရွိေနလား၊ ကိုယ္ပဲ ပိုးရွိေနလားေပါ့၊ ကိုယ့္ကိုယ္ကိုပဲ ဂ႐ုစိုက္ေနရတယ္၊ အဲ့လိုမ်ဳိးေတြ လုပ္ေနရတာေပါ့ ကာကြယ္ထားတယ္၊ အခုၿပီးလို႔ရွိရင္ အိမ္ျပန္ေရာက္လို႔ရွိရင္လည္း မိန္းမအနားကိုလည္း မကပ္ရဲေသးဘူး၊ အဲလိုမ်ဳိးေလးေတြ၊ သူငယ္ခ်င္းနဲ႔ ႏွစ္ေယာက္
အခုက ႏွစ္ေယာက္ပို႔ေနေတာ့ သူကလည္း သားသမီးေတြ ဘာေတြရွိေတာ့ သူလည္း သူ႔ကိုယ္သူ ကာကြယ္ေပါ့၊ ပိုၿပီးေတာ့ ကိုယ့္လည္း ကိုယ့္ကိုယ္ကို ကာကြယ္သြားပို႔ရရင္လည္း ကိုယ့္ကိုယ္ကို လံုၿခံဳစိတ္ခ်ေအာင္ ျပင္ဆင္ၿပီးသြားရတယ္။”

အစားအေသာက္ပုိ႔ေဆာင္တဲ့ လုပ္ငန္းတခုျဖစ္တဲ့ ေရသူမ ရခိုင္အစားအစာ လုပ္ငန္းက ကိုေတဇာေအာင္ကလည္း ေရာဂါကူးစက္မယ့္ အႏၱရာယ္ကုိ ကာကြယ္ႏုိင္ေအာင္ တတ္ႏုိင္သမွ် ႀကိဳးစားေနရတယ္လုိ႔ ေျပာပါတယ္။

“ရန္ကုန္မွာ ဆိုေတာ့ အထပ္အျမင့္ေတြ ရွိတာကိုး၊ အထပ္အျမင့္ရွိေတာ့ တခ်ဳိ႕ကလည္း ေအာက္မဆင္းခ်င္းဘူးေပ့ါေနာ္၊ အေပၚထပ္ပို႔ေပးေပါ့၊ က်ေနာ္တို႔က တတ္ႏိုင္သေလာက္ေတာ့ အမ ဒီကာလႀကီးမွာ အေပၚထပ္ပို႔လို႔ မေကာင္းဘူး၊ ေအာက္မွာပဲ ဆင္းယူေပးဖို႔ တစ္ေယာက္တစ္ေယာက္ ခပ္ခြာခြာေလးနဲ႔ ေပးပို႔ေပါ့ေနာ္၊ အဲ့လိုမ်ဳိးေလးေတာ့ လုပ္တာေပါ့။”

အလုပ္သမားေရး လႈပ္ရွားသူေတြကေတာ့ ကပ္ေရာဂါကာလမွာ အလုပ္လုပ္ရင္း ေရာဂါကူးစက္မႈေတြ ရွိေနတဲ့အေပၚ စုိးရိမ္ေနၾကပါတယ္။ လတ္တေလာမွာကုိပဲ စားေသာက္ကုန္ ပို႔ေဆာင္ေနသူေတြထဲမွာ ေရာဂါးပိုး ကူးစက္သူ ၇၀ ေလာက္ ရွိေနတာေၾကာင့္ ကာကြယ္ေရး အစီအမံေတြ လုိအပ္ေနၿပီလုိ႔လည္း ျမန္မာႏိုင္ငံလံုးဆိုင္ရာ အလုပ္သမား သမဂၢမ်ားအဖြဲ႔ခ်ဳပ္ လက္ေထာက္အေထြေထြအတြင္းေရးမွဴး ေဒၚၿဖိဳးစႏၵာစိုးက ေျပာပါတယ္။

“လုပ္ငန္းခြင္ကလည္း မလံုၿခံဳဘူး၊ အခုဆိုလို႔ရွိရင္ စားေသာက္ကုန္လုပ္ငန္းေတြမွာ ပိုးေတြ႔လူနာေတြ ေတြ႕လာရတယ္။ မလံုၿခံဳရတဲ့ၾကားထဲမွာ သူတို႔အတြက္က အက်ဳိးခံစားခြင့္လို႔ ျပန္ေျပာလို႔ရွိရင္လည္း သူတို႔မွာ အက်ဳိးခံစားခြင့္က ပိုၿပီးရေနတာ မဟုတ္ဘူး၊ ဆိုေတာ့ ဒါကို က်မတို႔အေနနဲ႔ အစိုးရေရာ အလုပ္ရွင္ေရာ ဒီလိုမ်ဳိးအလုပ္သမားေတြ ေရွ႕တန္းမွာ ထြက္ၿပီးေတာ့ လုပ္ေနတဲ့ အလုပ္သမားေတြကို က်မတို႔အေနနဲ႔ ဝိုင္းဝန္းေစာင့္ေရွာက္ေပးဖို႔လိုတယ္၊ အလုပ္ရွင္ေတြအေနနဲ႔ လုပ္ငန္းခြင္ထဲမွာ က်မတို႔က ေဘးအႏၱရာယ္ကင္းရွင္းဖို႔အတြက္ကို အလုပ္ရွင္အေနနဲ႔ တာဝန္ယူေပးဖို႔သင့္ပါတယ္။”

ရန္ကုန္တုိင္းအတြင္း ကုန္ထုတ္လုပ္ငန္းေတြရွိရာ ေရႊျပည္သာ၊ လိႈင္သာယာ၊ ေမွာ္ဘီ ၿမိဳ႕နယ္ေတြက စားေသာက္ကုန္စက္႐ုံ ထုတ္လုပ္တဲ့ စက္႐ုံတခ်ဳိ႕မွာ အလုပ္သမားေတြ ေရာဂါကူးစက္မႈေတြ ရွိေနတယ္လုိ႔ ျမန္မာႏိုင္ငံ စားေသာက္ကုန္ အလုပ္သမားမ်ားအဖြဲ႔ခ်ဳပ္ ဥကၠ႒ ဦးစိုးကိုကိုႏိုင္က ေျပာပါတယ္။ ဒါေၾကာင့္လည္း အလုပ္သမားေတြၾကား ကူးစက္မႈ အႏၱရာယ္ကုိ အကာအကြယ္ေပးဖုိ႔ လုိေနတယ္လုိ႔ ေျပာပါတယ္။

“က်ေနာ္တို႔က ပိုေကာင္းလာဖို႔ ဆိုရင္ေတာ့ တစ္ခုပဲ ေျပာခ်င္တယ္။ အဲ့ဒါေတာ့ ပူးေပါင္းေဆာင္ရြက္မႈပဲ ဒီအခ်ိန္မွာ ဘယ္သူ႔ေၾကာင့္လို႔ လက္ညိွဳးထိုးတာ မဟုတ္ဘဲနဲ႔ ေရွ႕လာမယ့္ဟာ တတိယလိႈင္း ဆိုတာလည္း က်ေနာ္တို႔မွာ ျဖစ္လာႏိုင္ေသးတာကိုး။ အေကာင္းဆံုး နည္းလမ္းကေတာ့ ပူးေပါင္းၿပီးေတာ့ ဘယ္လိုမ်ဳိး ဒီအခက္အခဲကေန ေက်ာ္လႊားမလဲ ဆိုတဲ့ဟာကိုပဲ က်ေနာ္ကေတာ့ အႀကံျပဳခ်င္တာ။”

ရန္ကုန္တိုင္းအတြင္း ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာရာက အေစာပုိင္းမွာကတည္းက ရပ္ဆုိင္းထားတဲ့ ကုန္ထုတ္လုပ္ငန္းေတြကုိ ဒီလ ေအာက္တုိဘာလ ၂၁ ရက္ထိ ပိတ္ထားဖို႔ ညႊန္ၾကားထားပါတယ္။ လပုိင္းေလာက္အတြင္း ေသဆုံးသူ ၄၀၀ ေက်ာ္နဲ႔ ကူးစက္မႈ ၂၀,၀၀၀ ေက်ာ္ ရွိခဲဲ့တာေၾကာင့္ သြားလာလႈပ္ရွားမႈေတြကုိ ဆက္လက္ကန္႔သတ္ထားသလုိ ေရာဂါကူးစက္မႈေတြ အမ်ားဆုံးျဖစ္ေနတဲ့ ရန္ကုန္မွာလည္း အိမ္ျပင္မထြက္ဖုိ႔အမိန္႔ကုိ သက္တမ္း ထပ္တိုးထားပါတယ္။

အလုပ္လုပ္ခြင့္ရသူေတြလည္း ကိုဗစ္စိုးရိမ္
please wait

No media source currently available

0:00 0:03:26 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အလုပ်လုပ်ခွင့်ရသူတွေလည်း ကိုဗစ်စိုးရိမ်

ကိုဗစ်ကပ်ရောဂါကြောင့် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့အချိန်မှာ ခွင့်ပြုချက်နဲ့ အလုပ်လုပ်ခွင့်ရတဲ့သူတွေ ရှိပေမဲ့ ရောဂါကူးစက်မယ့် အန္တရာယ်ကို စိုးရိမ်နေကြတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

ကပ်ရောဂါကူးစက်မှုကို တားဆီးဖို့ ရန်ကုန်တိုင်းအတွင်း အိမ်ပြင် မထွက်ရ အမိန့်ထုတ်ထားပေမဲ့ ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်နဲ့ စားသောက်ကုန်စတဲ့ အများပြည်သူအတွက် အခြေခံလိုအပ်တဲ့ လုပ်ငန်းတချို့ကိုတော့ ခွင့်ပြုထားပါတယ်။

ဒီလိုခွင့်ပြုချက်နဲ့ အလုပ်လုပ်ခွင့် ရရှိထားပေမဲ့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ ရန်ကုန်မှာတော့ အပြင်ထွက်အလုပ်လုပ်ရတာကို စိုးရိမ်တယ်လို့လည်း ရန်ကုန်တိုင်းအတွင်း ခွင့်ပြုချက်နဲ့ အစားအသောက်ပို့ဆောင်နေတဲ့ ကိုကျော်ရဲသူက ပြောပါတယ်။

“အခက်အခဲလေးတွေလည်း ရှိတယ်ဗျ၊ ရှိတာပေါ့၊ အကုန်လုံးက ဒီကိုဗစ်ကြောင့် သူပဲ ပိုးရှိနေလား၊ ကိုယ်ပဲ ပိုးရှိနေလားပေါ့၊ ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်နေရတယ်၊ အဲ့လိုမျိုးတွေ လုပ်နေရတာပေါ့ ကာကွယ်ထားတယ်၊ အခုပြီးလို့ရှိရင် အိမ်ပြန်ရောက်လို့ရှိရင်လည်း မိန်းမအနားကိုလည်း မကပ်ရဲသေးဘူး၊ အဲလိုမျိုးလေးတွေ၊ သူငယ်ချင်းနဲ့ နှစ်ယောက်
အခုက နှစ်ယောက်ပို့နေတော့ သူကလည်း သားသမီးတွေ ဘာတွေရှိတော့ သူလည်း သူ့ကိုယ်သူ ကာကွယ်ပေါ့၊ ပိုပြီးတော့ ကိုယ့်လည်း ကိုယ့်ကိုယ်ကို ကာကွယ်သွားပို့ရရင်လည်း ကိုယ့်ကိုယ်ကို လုံခြုံစိတ်ချအောင် ပြင်ဆင်ပြီးသွားရတယ်။”

အစားအသောက်ပို့ဆောင်တဲ့ လုပ်ငန်းတခုဖြစ်တဲ့ ရေသူမ ရခိုင်အစားအစာ လုပ်ငန်းက ကိုတေဇာအောင်ကလည်း ရောဂါကူးစက်မယ့် အန္တရာယ်ကို ကာကွယ်နိုင်အောင် တတ်နိုင်သမျှ ကြိုးစားနေရတယ်လို့ ပြောပါတယ်။

“ရန်ကုန်မှာ ဆိုတော့ အထပ်အမြင့်တွေ ရှိတာကိုး၊ အထပ်အမြင့်ရှိတော့ တချို့ကလည်း အောက်မဆင်းချင်းဘူးပေ့ါနော်၊ အပေါ်ထပ်ပို့ပေးပေါ့၊ ကျနော်တို့က တတ်နိုင်သလောက်တော့ အမ ဒီကာလကြီးမှာ အပေါ်ထပ်ပို့လို့ မကောင်းဘူး၊ အောက်မှာပဲ ဆင်းယူပေးဖို့ တစ်ယောက်တစ်ယောက် ခပ်ခွာခွာလေးနဲ့ ပေးပို့ပေါ့နော်၊ အဲ့လိုမျိုးလေးတော့ လုပ်တာပေါ့။”

အလုပ်သမားရေး လှုပ်ရှားသူတွေကတော့ ကပ်ရောဂါကာလမှာ အလုပ်လုပ်ရင်း ရောဂါကူးစက်မှုတွေ ရှိနေတဲ့အပေါ် စိုးရိမ်နေကြပါတယ်။ လတ်တလောမှာကိုပဲ စားသောက်ကုန် ပို့ဆောင်နေသူတွေထဲမှာ ရောဂါးပိုး ကူးစက်သူ ၇၀ လောက် ရှိနေတာကြောင့် ကာကွယ်ရေး အစီအမံတွေ လိုအပ်နေပြီလို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

“လုပ်ငန်းခွင်ကလည်း မလုံခြုံဘူး၊ အခုဆိုလို့ရှိရင် စားသောက်ကုန်လုပ်ငန်းတွေမှာ ပိုးတွေ့လူနာတွေ တွေ့လာရတယ်။ မလုံခြုံရတဲ့ကြားထဲမှာ သူတို့အတွက်က အကျိုးခံစားခွင့်လို့ ပြန်ပြောလို့ရှိရင်လည်း သူတို့မှာ အကျိုးခံစားခွင့်က ပိုပြီးရနေတာ မဟုတ်ဘူး၊ ဆိုတော့ ဒါကို ကျမတို့အနေနဲ့ အစိုးရရော အလုပ်ရှင်ရော ဒီလိုမျိုးအလုပ်သမားတွေ ရှေ့တန်းမှာ ထွက်ပြီးတော့ လုပ်နေတဲ့ အလုပ်သမားတွေကို ကျမတို့အနေနဲ့ ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့လိုတယ်၊ အလုပ်ရှင်တွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ ကျမတို့က ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက်ကို အလုပ်ရှင်အနေနဲ့ တာဝန်ယူပေးဖို့သင့်ပါတယ်။”

ရန်ကုန်တိုင်းအတွင်း ကုန်ထုတ်လုပ်ငန်းတွေရှိရာ ရွှေပြည်သာ၊ လှိုင်သာယာ၊ မှော်ဘီ မြို့နယ်တွေက စားသောက်ကုန်စက်ရုံ ထုတ်လုပ်တဲ့ စက်ရုံတချို့မှာ အလုပ်သမားတွေ ရောဂါကူးစက်မှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ စားသောက်ကုန် အလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးကိုကိုနိုင်က ပြောပါတယ်။ ဒါကြောင့်လည်း အလုပ်သမားတွေကြား ကူးစက်မှု အန္တရာယ်ကို အကာအကွယ်ပေးဖို့ လိုနေတယ်လို့ ပြောပါတယ်။

“ကျနော်တို့က ပိုကောင်းလာဖို့ ဆိုရင်တော့ တစ်ခုပဲ ပြောချင်တယ်။ အဲ့ဒါတော့ ပူးပေါင်းဆောင်ရွက်မှုပဲ ဒီအချိန်မှာ ဘယ်သူ့ကြောင့်လို့ လက်ညှိုးထိုးတာ မဟုတ်ဘဲနဲ့ ရှေ့လာမယ့်ဟာ တတိယလှိုင်း ဆိုတာလည်း ကျနော်တို့မှာ ဖြစ်လာနိုင်သေးတာကိုး။ အကောင်းဆုံး နည်းလမ်းကတော့ ပူးပေါင်းပြီးတော့ ဘယ်လိုမျိုး ဒီအခက်အခဲကနေ ကျော်လွှားမလဲ ဆိုတဲ့ဟာကိုပဲ ကျနော်ကတော့ အကြံပြုချင်တာ။”

ရန်ကုန်တိုင်းအတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာရာက အစောပိုင်းမှာကတည်းက ရပ်ဆိုင်းထားတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို ဒီလ အောက်တိုဘာလ ၂၁ ရက်ထိ ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။ လပိုင်းလောက်အတွင်း သေဆုံးသူ ၄၀၀ ကျော်နဲ့ ကူးစက်မှု ၂၀,၀၀၀ ကျော် ရှိခဲ့တာကြောင့် သွားလာလှုပ်ရှားမှုတွေကို ဆက်လက်ကန့်သတ်ထားသလို ရောဂါကူးစက်မှုတွေ အများဆုံးဖြစ်နေတဲ့ ရန်ကုန်မှာလည်း အိမ်ပြင်မထွက်ဖို့အမိန့်ကို သက်တမ်း ထပ်တိုးထားပါတယ်။

XS
SM
MD
LG