သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကပ္ေရာဂါထိန္းခ်ဳပ္ေရး အရွိန္ျမင့္ေဆာင္ရြက္ - ေဒါက္တာေဇာ္ေ၀စိုး


ရန္ကုန္ၿမိဳ႕ Quarantine စင္တာတခုမွာ COVID 19 ရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ PPE ၀တ္စံုမ်ား ၀တ္ထားတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (ေအာက္တိုဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါကူးစက္မႈေတြ ႀကဳံေနရတဲ့ ျမန္မာႏိုင္ငံမွာ ေရာဂါတိုက္ဖ်က္ေရး အလားအလာေကာင္းေတြ ေတြ႕ေနရေပမဲ့ စိန္ေခၚမႈေတြ ရွိေနေသးတဲ့အေၾကာင္း က်န္းမာေရးပညာရွင္ေတြ သတိေပးေနတာကို ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္မစုစုက တင္ဆက္ေပးမွာပါ။

ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါ ကူးစက္မႈေတြ အမ်ားစု ေတြ႕ေနရတဲ့ ရန္ကုန္တိုင္းထဲမွာ ေရာဂါကာကြယ္ထိန္းခ်ဳပ္ဖို႔ အိမ္မွာပဲေနဖို႔ အမိန႔္ထုတ္ျပန္ၿပီးေနာက္ပိုင္း အလားအလာေကာင္းေတြ ေတြ႕ေနရတယ္လို႔ ရန္ကုန္တိုင္းကိုဗစ္ေကာ္မတီ ဒုဥကၠ႒ ေဒါက္တာေဇာ္ေဝစိုးက ေျပာပါတယ္။ ဒါေပမဲ့လည္း ကပ္ေရာဂါအႏၲရာယ္ကို ေက်ာ္လႊားႏိုင္ဖို႔ကေတာ့ လိုအပ္ခ်က္ေတြ ရွိေနတုန္းပဲလို႔လည္း ေျပာပါတယ္။

“ရန္ကုန္ကိုဗစ္ ေသခ်ာေပါက္ေျပာတာ မဟုတ္ပါဘူး၊ ဒါေပမဲ့ က်ေနာ္တို႔ အႏိုင္ရႏိုင္တဲ့ အေနအထားေတြကို ျမင္ေတြ႕ေနရၿပီလို႔ က်ေနာ္ထင္ပါတယ္။ အားလုံးကို က်ေနာ္တို႔ ဒီသတင္းေပးပါတယ္။ ဒါေပမဲ့ လုံးဝ ဒီကိစၥကို က်ေနာ္တို႔ေပါ့လို႔ မရပါဘူး။ လုံးဝ၊ လုံးဝ၊ လုံးဝ ေပါ့လို႔မရဘူး။”

ရန္ကုန္တိုင္းမွာေနထိုင္သူေတြကို မလိုအပ္ဘဲ အိမ္ျပင္မထြက္ဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသလို၊ စက္တင္ဘာ ၂၄ ကေန ေအာက္တိုဘာ ၇ ရက္ေန႔အထိ ကိုယ့္ရဲ႕ေနအိမ္တြင္းမွာသာ ေနထိုင္ၾကဖို႔ ရပ္ကြက္ေတြထဲမွာလည္း လိုက္လံႏႈိးေဆာ္ခဲ့တာပါ။ ဒါေပမဲ့လည္း မလိုအပ္ဘဲ အိမ္ျပင္မထြက္ရအပါအဝင္ ကန႔္သတ္ထားတဲ့အမိန႔္ၫႊန္ၾကားခ်က္ေတြကို ဒီတပတ္ထဲမွာပဲ ေနာက္ထပ္ သီတင္း ၂ပတ္ သက္တမ္းတိုးထားပါတယ္။ ကပ္ေရာဂါထိန္းခ်ဳပ္ေရး အရွိန္ျမႇင့္ေဆာင္႐ြက္ေနတဲ့ ရန္ကုန္မွာ လတ္တေလာ လူနာ ၇,၀၀၀ ေလာက္ကို ကုသေပးေနရၿပီး၊ အဲဒီထဲက ၂၀ ရာခိုင္ႏႈန္းေလာက္ဟာ အတြင္းလူနာအျဖစ္ အနီးကပ္ေစာင့္ေရွာက္ကုသဖို႔ လိုအပ္ေနသူေတြ ျဖစ္တာေၾကာင့္ က်န္းမာေရးဝန္ထမ္းအင္အား လိုအပ္ခ်က္ေတြ ရွိေနတယ္လို႔လည္း ေဒါက္တာေဇာ္ေဝစိုးက ေျပာပါတယ္။

“က်ေနာ္တို႔ အေနအထားကို သုံးသပ္ၾကည့္မယ္ဆိုရင္ ယခုအခ်ိန္မွာေတာ့ က်ေနာ္တို႔ Contain လုပ္ေနႏိုင္တဲ့ အေနအထား ရွိပါတယ္။ က်ေနာ္တို႔ရဲ႕ Capacity နဲ႔ ယခုထြက္လာတဲ့ Positive လူနာအေရအတြက္ဟာ က်ေနာ္တို႔ဘက္က အသာစီးရတဲ့ သေဘာရွိပါတယ္။ ဒါ့ေၾကာင့္ က်ေနာ္တို႔သယ္ယူပို႔ေဆာင္ရာမွာေရာ၊ ေစာင့္ေရွာက္ကုသတဲ့ေနရာမွာေရာ၊ က်ေနာ္တို႔ႏိုင္ႏိုင္နင္းနင္းရွိတယ္လို႔ ေျပာလို႔ရပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔ရဲ႕ ျပဳစုေစာင့္ေရွာက္တဲ့ ဒီဘက္က ဝန္ထမ္းေတြအေနနဲ႔ကေတာ့ အစြမ္းကုန္ႀကိဳးစားၿပီး ေဆာင္႐ြက္ေနရတာျဖစ္ပါတယ္။ မိမိရဲ႕အင္အားကို အမ်ားဆုံးသုံးၿပီး ထုတ္ၿပီးေတာ့ လုပ္ေနရတယ္။ ဆိုေတာ့ ဒါဟာ က်ေနာ္တို႔ဒီဟာေတြအေနနဲ႔ ဆက္ၿပီးေတာ့ ထိန္းထားဖို႔လည္း လိုပါေသးတယ္။”

ကိုဗစ္ကပ္ေရာဂါဟာ အခုအခ်ိန္အထိ ႏိုင္ငံတကာက တရားဝင္အသိအမွတ္ျပဳထားတဲ့ ကာကြယ္ေဆး မရွိေသးတဲ့ ေရာဂါျဖစ္တာေၾကာင့္ သတိထားၿပီး ႀကိဳတင္ကာကြယ္ဖို႔လည္း ျမန္မာႏိုင္ငံ ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒ျဖစ္သူ ႏိုင္ငံတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အြန္လိုင္းကေန တိုက္တြန္းထားပါတယ္။

“တခ်ိဳ႕က ဘယ္ေလာက္ၾကာၾကာ ဒီကိုဗစ္ေရာဂါနဲ႔ ႐ုန္းကန္ေနၾကရဦးမွာလဲလို႔ ေမးတဲ့လူေတြလည္း ရွိပါလိမ့္မယ္။ ဒါကလည္း က်မတို႔ကေနၿပီးေတာ့ အရင္လည္းေျပာၿပီးပါၿပီ။ ကာကြယ္ေဆးရွိလာရင္ ေပၚလာတဲ့အထိေတာ့ က်မတို႔ဒီလိုပဲ စည္းမ်ဥ္းစည္းကမ္းနဲ႔ ကိုက္ညီေအာင္ေနရမွာပဲဆိုေတာ့ ကာကြယ္ေဆးေတြဘယ္ေတာ့ ေပၚလာမလဲဆိုေတာ့ အမ်ားမွန္းတာေတာ့ ဒီႏွစ္ကုန္ေလာက္ဆိုလို႔ရွိရင္ စၿပီးေတာ့သုံးႏိုင္တဲ့ ကာကြယ္ေဆးေတြ ေပၚေလာက္ၿပီလို႔မွန္းၾကပါတယ္။ အဲဒါနဲ႔ ပတ္သက္လို႔လည္း က်မတို႔အေနနဲ႔ ကာကြယ္ေဆးေတြထုတ္မယ့္ မိတ္ေဆြႏိုင္ငံေတြကို ခ်ဥ္းကပ္ထားပါတယ္။ က်မတို႔ႏိုင္ငံကို ဦးစားေပးၿပီးေတာ့ ကာကြယ္ေဆးမ်ား ရရွိေရးေပါ့ေနာ္။ လႉလို႔ရတဲ့ဟာလည္း ရွိမယ္၊ က်မတို႔ဝယ္လို႔ရတဲ့ဟာလည္း ရွိမယ္၊ ဝယ္ဖို႔လိုရင္လည္း က်မတို႔ဝယ္မယ္။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိ ျပည္တြင္းမွာအတည္ျပဳလူနာေပါင္း ၂၀,၀၀၀ ေက်ာ္အထိရွိေနၿပီး၊ ေသဆုံးသူကေတာ့ ၄၇၁ ဦး ရွိေနပါတယ္။ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြထဲမွာ ျမန္မာႏိုင္ငံဟာ ကပ္ေရာဂါ တေက်ာ့ျပန္ကူးစက္မႈေတြ တိုးလာေနတဲ့ ႏိုင္ငံတႏိုင္ငံ ျဖစ္လာေနတဲ့အတြက္ အိမ္နီးခ်င္းႏိုင္ငံေတြက ကူးစက္မႈေတြ ပ်ံ႕ႏွံ႔မလာေအာင္ နယ္စပ္ေတြမွာ ထိန္းခ်ဳပ္ကန႔္သတ္မႈေတြကိုလည္း မၾကာေသးခင္ကစ တိုးျမႇင့္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာကပ်ရောဂါထိန်းချုပ်ရေး အရှိန်မြင့်ဆောင်ရွက် - ဒေါက်တာဇော်ဝေစိုး

ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ ရောဂါတိုက်ဖျက်ရေး အလားအလာကောင်းတွေ တွေ့နေရပေမဲ့ စိန်ခေါ်မှုတွေ ရှိနေသေးတဲ့အကြောင်း ကျန်းမာရေးပညာရှင်တွေ သတိပေးနေတာကို ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်မစုစုက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကူးစက်မှုတွေ အများစု တွေ့နေရတဲ့ ရန်ကုန်တိုင်းထဲမှာ ရောဂါကာကွယ်ထိန်းချုပ်ဖို့ အိမ်မှာပဲနေဖို့ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း အလားအလာကောင်းတွေ တွေ့နေရတယ်လို့ ရန်ကုန်တိုင်းကိုဗစ်ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါအန္တရာယ်ကို ကျော်လွှားနိုင်ဖို့ကတော့ လိုအပ်ချက်တွေ ရှိနေတုန်းပဲလို့လည်း ပြောပါတယ်။

“ရန်ကုန်ကိုဗစ် သေချာပေါက်ပြောတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျနော်တို့ အနိုင်ရနိုင်တဲ့ အနေအထားတွေကို မြင်တွေ့နေရပြီလို့ ကျနော်ထင်ပါတယ်။ အားလုံးကို ကျနော်တို့ ဒီသတင်းပေးပါတယ်။ ဒါပေမဲ့ လုံးဝ ဒီကိစ္စကို ကျနော်တို့ပေါ့လို့ မရပါဘူး။ လုံးဝ၊ လုံးဝ၊ လုံးဝ ပေါ့လို့မရဘူး။”

ရန်ကုန်တိုင်းမှာနေထိုင်သူတွေကို မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသလို၊ စက်တင်ဘာ ၂၄ ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ ကိုယ့်ရဲ့နေအိမ်တွင်းမှာသာ နေထိုင်ကြဖို့ ရပ်ကွက်တွေထဲမှာလည်း လိုက်လံနှိုးဆော်ခဲ့တာပါ။ ဒါပေမဲ့လည်း မလိုအပ်ဘဲ အိမ်ပြင်မထွက်ရအပါအဝင် ကန့်သတ်ထားတဲ့အမိန့်ညွှန်ကြားချက်တွေကို ဒီတပတ်ထဲမှာပဲ နောက်ထပ် သီတင်း ၂ပတ် သက်တမ်းတိုးထားပါတယ်။ ကပ်ရောဂါထိန်းချုပ်ရေး အရှိန်မြှင့်ဆောင်ရွက်နေတဲ့ ရန်ကုန်မှာ လတ်တလော လူနာ ၇,၀၀၀ လောက်ကို ကုသပေးနေရပြီး၊ အဲဒီထဲက ၂၀ ရာခိုင်နှုန်းလောက်ဟာ အတွင်းလူနာအဖြစ် အနီးကပ်စောင့်ရှောက်ကုသဖို့ လိုအပ်နေသူတွေ ဖြစ်တာကြောင့် ကျန်းမာရေးဝန်ထမ်းအင်အား လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“ကျနော်တို့ အနေအထားကို သုံးသပ်ကြည့်မယ်ဆိုရင် ယခုအချိန်မှာတော့ ကျနော်တို့ Contain လုပ်နေနိုင်တဲ့ အနေအထား ရှိပါတယ်။ ကျနော်တို့ရဲ့ Capacity နဲ့ ယခုထွက်လာတဲ့ Positive လူနာအရေအတွက်ဟာ ကျနော်တို့ဘက်က အသာစီးရတဲ့ သဘောရှိပါတယ်။ ဒါ့ကြောင့် ကျနော်တို့သယ်ယူပို့ဆောင်ရာမှာရော၊ စောင့်ရှောက်ကုသတဲ့နေရာမှာရော၊ ကျနော်တို့နိုင်နိုင်နင်းနင်းရှိတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ပြုစုစောင့်ရှောက်တဲ့ ဒီဘက်က ဝန်ထမ်းတွေအနေနဲ့ကတော့ အစွမ်းကုန်ကြိုးစားပြီး ဆောင်ရွက်နေရတာဖြစ်ပါတယ်။ မိမိရဲ့အင်အားကို အများဆုံးသုံးပြီး ထုတ်ပြီးတော့ လုပ်နေရတယ်။ ဆိုတော့ ဒါဟာ ကျနော်တို့ဒီဟာတွေအနေနဲ့ ဆက်ပြီးတော့ ထိန်းထားဖို့လည်း လိုပါသေးတယ်။”

ကိုဗစ်ကပ်ရောဂါဟာ အခုအချိန်အထိ နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး မရှိသေးတဲ့ ရောဂါဖြစ်တာကြောင့် သတိထားပြီး ကြိုတင်ကာကွယ်ဖို့လည်း မြန်မာနိုင်ငံ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတာ်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အွန်လိုင်းကနေ တိုက်တွန်းထားပါတယ်။

“တချို့က ဘယ်လောက်ကြာကြာ ဒီကိုဗစ်ရောဂါနဲ့ ရုန်းကန်နေကြရဦးမှာလဲလို့ မေးတဲ့လူတွေလည်း ရှိပါလိမ့်မယ်။ ဒါကလည်း ကျမတို့ကနေပြီးတော့ အရင်လည်းပြောပြီးပါပြီ။ ကာကွယ်ဆေးရှိလာရင် ပေါ်လာတဲ့အထိတော့ ကျမတို့ဒီလိုပဲ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီအောင်နေရမှာပဲဆိုတော့ ကာကွယ်ဆေးတွေဘယ်တော့ ပေါ်လာမလဲဆိုတော့ အများမှန်းတာတော့ ဒီနှစ်ကုန်လောက်ဆိုလို့ရှိရင် စပြီးတော့သုံးနိုင်တဲ့ ကာကွယ်ဆေးတွေ ပေါ်လောက်ပြီလို့မှန်းကြပါတယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း ကျမတို့အနေနဲ့ ကာကွယ်ဆေးတွေထုတ်မယ့် မိတ်ဆွေနိုင်ငံတွေကို ချဉ်းကပ်ထားပါတယ်။ ကျမတို့နိုင်ငံကို ဦးစားပေးပြီးတော့ ကာကွယ်ဆေးများ ရရှိရေးပေါ့နော်။ လှူလို့ရတဲ့ဟာလည်း ရှိမယ်၊ ကျမတို့ဝယ်လို့ရတဲ့ဟာလည်း ရှိမယ်၊ ဝယ်ဖို့လိုရင်လည်း ကျမတို့ဝယ်မယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ ပြည်တွင်းမှာအတည်ပြုလူနာပေါင်း ၂၀,၀၀၀ ကျော်အထိရှိနေပြီး၊ သေဆုံးသူကတော့ ၄၇၁ ဦး ရှိနေပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေ တိုးလာနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာနေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေက ကူးစက်မှုတွေ ပျံ့နှံ့မလာအောင် နယ်စပ်တွေမှာ ထိန်းချုပ်ကန့်သတ်မှုတွေကိုလည်း မကြာသေးခင်ကစ တိုးမြှင့်ထားကြပါတယ်။

XS
SM
MD
LG