သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္အရွိန္ျမင့္ေနဆဲေၾကာင့္ နယ္စပ္လုံၿခံဳေရးေတြ ထုိင္းဘက္ကထပ္မံတင္းၾကပ္


ေအာက္တိုဘာလ ၆ ရက္ေန႔တုန္းက ပကၽြတ္ကရီခန္ ဘက္မွာ ထုိင္းအာဏာပုိင္ေတြ စစ္ေဆးေနပံု (ဓါတ္ပံု-police)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ဆက္လက္ ျဖစ္ပြားေနတာေၾကာင့္ ကူးစက္မွာ စုိးရိမ္ေနတဲ့ ထုိင္းႏုိင္ငံက နယ္စပ္ေတြမွာ ၀င္ထြက္သြားလာမႈေတြ ထပ္မံတင္းၾကပ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ အျပည့္အစုံကို ထုိင္းအေျခစိုက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြနဲ႔ ကူးစက္မႈေတြ တုိးလာေနတဲ့ ျမန္မာႏုိင္ငံမွာ နယ္စပ္ၿမိဳ႕ေတြအထိ ေရာဂါပ်ံ႕ႏွံ႔လာတာေၾကာင့္ ထုိင္းႏုိင္ငံက ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ကန္႔သတ္မႈေတြ တုိးျမွင့္လုိက္တာ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံ တနသၤာရီတုိင္း ၿမိတ္ၿမိဳ႕မွာ သံဃာ ၃၉ ပါးနဲ႔ က်န္းမာေရး၀န္ထမ္းေတြ အပါအ၀င္ ကုိဗစ္ေရာဂါပုိးရွိသူ ၄၁ ဦးကုိ အတည္ျပဳခဲ့ၿပီးေနာက္ ထုိင္းႏုိင္ငံဘက္က ကန္႔သတ္မႈ အသစ္ေတြ ခ်မွတ္လုိက္တာပါ။ ၿမိတ္ၿမိဳ႕ကေန ကားနဲ႔သြားရင္ ၃ နာရီေလာက္သာေ၀းတဲ့ ထုိင္းႏုိင္ငံ ပကၽြတ္ကရီခန္ခ႐ုိင္မွာ ၀င္ထြက္သြားလာမႈေတြ ဒီေန႔ကစၿပီး တုိးျမွင့္ကန္႔သတ္လုိက္တဲ့အေၾကာင္း ျမန္မာအလုပ္သမားအေရး လႈပ္ရွားေနတဲ့ ထိုင္းေတာင္ပုိင္း အေျခစိုက္ပညာေရးနဲ႔ ဖြံၿဖိဳးေရးေဖာင္ေဒးရွင္းက ဦးမင္းဦးကေျပာပါတယ္။

“ပကၽြတ္ဘက္မွာေတာ့ ျမန္မာဘက္က ေရးတို႔ ျမိတ္တို႔ဘက္မွာ ေရာဂါပုိးေတြ ့တယ္ၾကားလို႔ သူတို႔က နယ္စပ္တေလ်ာက္ လူ၀င္လူထြက္ေတြကုိ ပိ္တ္လိုက္တယ္။ ခိုးလမ္းေတြကိုေရာေပါ့ ၊ အရင္ကလည္း တင္းတင္းၾကပ္ၾကပ္လုပ္တယ္ အခုေတာ့ပိုလုပ္တာေပါ့။ အေရးေပၚ ကုန္စည္မျဖစ္မေန ဆုိရင္ေတာ့ ေပးသြားတယ္ ပက်ြတ္မွာေနာ္ ။ ဒါေပမယ့္ အ၀င္အထြက္လုပ္မယ္ဆိုရင္ ဟိုဘက္ဒီဘက္ပုိ႔တဲ့ သူေတြက ထုိင္းကားေမာင္းသမားပဲျဖစ္ရမယ္ေပါ့ အဲဒီလိုမ်ိဳးေတြပါလာတယ္။”

ပကၽြတ္ကရီခန္ခ႐ုိင္က ေဒသခံ အာဏာပုိင္ေတြ ကေတာ့ ကိုဗစ္ေရာဂါ စစ္ေဆးေရး စခန္း၂၀ ေလာက္ ဖြင့္လွစ္ထားၿပီး နယ္စပ္ေဒသမွာ ေနထိုင္ေနသူ ၄၀၀ ေက်ာ္ကုိ စစ္ေဆးခဲ့ရာမွာ ေရာဂါပုိးရွိသူ မေတြ႔ရေၾကာင္း ေျပာဆုိထားပါတယ္။

ျမန္မာႏုိင္ငံနဲ႔ နယ္စပ္ ဘုရားသံုးဆူဘက္မွာလည္း အ၀င္အထြက္ေတြကုိ သီတင္း ၂ ပတ္ၾကာ ယာယီပိတ္ထားတာ မေန႔ကပဲ ရက္ျပည့္ခဲ့ၿပီး ေနာက္ထပ္ ၂ ပတ္ ထပ္မံ သက္တမ္း တုိးလုိက္ေၾကာင္း ဦးမင္းဦးက ေျပာပါတယ္။

“ ဘုရားသံုးဆူကေတာ့ ၂ပတ္ ထပ္ပိတ္လိုက္တယ္။ ျပႆနာေတြေၾကာင့္ ပထမေတာ့ ဖြင့္ေပးဖို့ ေျပာထားျပီးမွ ျမန္မာဘက္က အေျခအေနေတြ ဆိုးေနေသးတဲ့အတြက္ ေနာက္ထပ္၂ပတ္ ထပ္တိုးထားတယ္တ့ဲ။”

ျမန္မာႏုိင္ငံမွာ မၾကာေသးခင္လပုိင္းအတြင္း ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၄၀၀ ေက်ာ္နဲ႔ ကူးစက္သူေသာင္းဂဏန္းအထိ တုိးလာရာက ကူးစက္မႈေတြ ပ်ံ႕ႏွံ႔လာမွာစုိးရိမ္တဲ့ ထုိင္းႏုိင္ငံက နယ္စပ္တေလွ်ာက္ လုံၿခံဳေရးေတြတုိးျမွင့္ခ်ထားၿပီး၊ တခ်ဳိ႕ေနရာေတြမွာ ကုန္သြယ္ေရးေတြကိုလည္း ယာယီပိတ္ထားပါတယ္။ ထုိင္းႏုိင္ငံမွာေတာ့ ကပ္ေရာဂါစတင္ခ်ိန္ကစလုိ႔ ေသဆုံးသူ ၅၉ ေယာက္ အပါအ၀င္ ကူးစက္သူ ၃၆၀၀ ေလာက္ ရွိခဲ့ၿပီး ေရာဂါကူးစက္မႈေတြ ေလ်ာ့ပါးလာတာေၾကာင့္ ကန္႔သတ္မႈေတြကုိ ေလွ်ာ့ခ်လာေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ဆက်လက် ဖြစ်ပွားနေတာကြောင့် ကူးစက်မှာ စိုးရိမ်နေတဲ့ ထိုင်းနိုင်ငံက နယ်စပ်တွေမှာ ဝင်ထွက်သွားလာမှုတွေ ထပ်မံတင်းကြပ်နေတဲ့အကြောင်း ပြောပြပါမယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ နယ်စပ်မြို့တွေအထိ ရောဂါပျံ့နှံ့လာတာကြောင့် ထိုင်းနိုင်ငံက ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကန့်သတ်မှုတွေ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တနင်္သာရီတိုင်း မြိတ်မြို့မှာ သံဃာ ၃၉ ပါးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ကိုဗစ်ရောဂါပိုးရှိသူ ၄၁ ဦးကို အတည်ပြုခဲ့ပြီးနောက် ထိုင်းနိုင်ငံဘက်က ကန့်သတ်မှု အသစ်တွေ ချမှတ်လိုက်တာပါ။ မြိတ်မြို့ကနေ ကားနဲ့သွားရင် ၃ နာရီလောက်သာဝေးတဲ့ ထိုင်းနိုင်ငံ ပကျွတ်ကရီခန်ခရိုင်မှာ ဝင်ထွက်သွားလာမှုတွေ ဒီနေ့ကစပြီး တိုးမြှင့်ကန့်သတ်လိုက်တဲ့အကြောင်း မြန်မာအလုပ်သမားအရေး လှုပ်ရှားနေတဲ့ ထိုင်းတောင်ပိုင်း အခြေစိုက်ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းက ဦးမင်းဦးကပြောပါတယ်။

“ပကျွတ်ဘက်မှာတော့ မြန်မာဘက်က ရေးတို့ မြိတ်တို့ဘက်မှာ ရောဂါပိုးတွေ့တယ်ကြားလို့ သူတို့က နယ်စပ်တလျောက် လူဝင်လူထွက်တွေကို ပိတ်လိုက်တယ်။ ခိုးလမ်းတွေကိုရောပေါ့ ၊ အရင်ကလည်း တင်းတင်းကြပ်ကြပ်လုပ်တယ် အခုတော့ပိုလုပ်တာပေါ့။ အရေးပေါ် ကုန်စည်မဖြစ်မနေ ဆိုရင်တော့ ပေးသွားတယ် ပကျွတ်မှာနော် ။ ဒါပေမယ့် အဝင်အထွက်လုပ်မယ်ဆိုရင် ဟိုဘက်ဒီဘက်ပို့တဲ့ သူတွေက ထိုင်းကားမောင်းသမားပဲဖြစ်ရမယ်ပေါ့ အဲဒီလိုမျိုးတွေပါလာတယ်။”

ပကျွတ်ကရီခန်ခရိုင်က ဒေသခံ အာဏာပိုင်တွေ ကတော့ ကိုဗစ်ရောဂါ စစ်ဆေးရေး စခန်း၂၀ လောက် ဖွင့်လှစ်ထားပြီး နယ်စပ်ဒေသမှာ နေထိုင်နေသူ ၄၀၀ ကျော်ကို စစ်ဆေးခဲ့ရာမှာ ရောဂါပိုးရှိသူ မတွေ့ရကြောင်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်စပ် ဘုရားသုံးဆူဘက်မှာလည်း အဝင်အထွက်တွေကို သီတင်း ၂ ပတ်ကြာ ယာယီပိတ်ထားတာ မနေ့ကပဲ ရက်ပြည့်ခဲ့ပြီး နောက်ထပ် ၂ ပတ် ထပ်မံ သက်တမ်း တိုးလိုက်ကြောင်း ဦးမင်းဦးက ပြောပါတယ်။

“ ဘုရားသုံးဆူကတော့ ၂ပတ် ထပ်ပိတ်လိုက်တယ်။ ပြဿနာတွေကြောင့် ပထမတော့ ဖွင့်ပေးဖို့ ပြောထားပြီးမှ မြန်မာဘက်က အခြေအနေတွေ ဆိုးနေသေးတဲ့အတွက် နောက်ထပ်၂ပတ် ထပ်တိုးထားတယ်တဲ့။”

မြန်မာနိုင်ငံမှာ မကြာသေးခင်လပိုင်းအတွင်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၄၀၀ ကျော်နဲ့ ကူးစက်သူသောင်းဂဏန်းအထိ တိုးလာရာက ကူးစက်မှုတွေ ပျံ့နှံ့လာမှာစိုးရိမ်တဲ့ ထိုင်းနိုင်ငံက နယ်စပ်တလျှောက် လုံခြုံရေးတွေတိုးမြှင့်ချထားပြီး၊ တချို့နေရာတွေမှာ ကုန်သွယ်ရေးတွေကိုလည်း ယာယီပိတ်ထားပါတယ်။ ထိုင်းနိုင်ငံမှာတော့ ကပ်ရောဂါစတင်ချိန်ကစလို့ သေဆုံးသူ ၅၉ ယောက် အပါအဝင် ကူးစက်သူ ၃၆၀၀ လောက် ရှိခဲ့ပြီး ရောဂါကူးစက်မှုတွေ လျော့ပါးလာတာကြောင့် ကန့်သတ်မှုတွေကို လျှော့ချလာနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG