သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဆးရုံ၀န္ထမ္းေတြ ကုိဗစ္ကူးစက္မႈ ေနာက္ဆုံးအေျခအေန


ရန္ကုန္ၿမိဳ႕ Quarantine စင္တာတခုမွာ COVID 19 ရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ PPE ၀တ္စံုမ်ား ၀တ္ထားတဲ့ က်န္းမာေရး၀န္ထမ္း။ (ေအာက္တုိဘာ ၈၊ ၂၀၂၀)

(Zawgyi/Unicode)

ကိုဗစ္ေရာဂါဒဏ္ အဓိကခံေနရတဲ့ ရန္ကုနု္မွာ ေဆးရံုဝန္ထမ္းေတြအေျခအေနဘယ္လိုရွိေနတာကို၊ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရကို ကိုဝင္းမင္းက ေမးရာမွာ၊ ေဒါက္တာသန္းႏိုင္စိုးက၊ အရင္အစပိုင္းမသိခ်ိန္မွာ အုပ္စုလိုက္ကူးစက္ခံခဲ့ရေပမဲ့၊ ေနာက္ပိုင္းအနည္းငယ္သာရွိၿပီး၊ တျဖည္းျဖည္းထိန္းလာႏိုင္ၿပီလို႔ ဆိုပါတယ္။

ေဒါက္တာသန္းႏိုင္စိုး။ ။ အစပိုင္းမွာေတာ့ သိပ္ၿပီးေတာ့ Awareness (သတိျပဳမူ) မရွိေသးတဲ့အခ်ိန္ေပါ့ ဆရာရယ္။ အဲဒီတုန္းက COVID က စစခ်င္း Silent Carrier (အသံတိတ္ကူးစက္သူ) က မ်ားတဲ့အခ်ိန္မွာေပါ့ေနာ္၊ အဲဒီအခ်ိန္မွာ Precaution (ႀကိဳတင္သတိျပဳကာကြယ္မူ) ေလးလည္း၊ နည္းနည္း က်ေနာ္တို႔ဘက္ကလည္း ေလ်ာ့သြားတာေပါ့ေနာ္။ COVID အဲေလာက္အေျခအေနျဖစ္မယ္ မထင္ဘူး။ Ward (လူနာေဆာင္) တစ္ခုတည္းက ဆရာမေတြေရာ ဆရာ၀န္ေတြေရာ ထိတယ္၊ Ortho (အရိုးေရာဂါကုဌာန) ေတြလည္း ထိၾကတယ္ေပါ့ေနာ္။ ေနာက္ အဲဒီမွာ ျပန္ၿပီးေတာ့ စစ္လိုက္တဲ့အခါက်ေတာ့ Positive (ပိုးရွိတာ) ျဖစ္တဲ့ Patient (လူနာ) က Ward (လူနာေဆာင္) ထဲမွာ လာတက္သြားတဲ့ Patient။ အဲဒီလူနဲ႔ Contact (ထိေတြ႔) တဲ့လူက ဆရာ၀န္ေတြ ဆရာမေတြပါတာေပါ့ေနာ္။ အဲဒီကေနမွ ဆက္လိုက္တဲ့အခါက်ေတာ့မွ ၅၀ ေက်ာ္ေလာက္အထိ ျဖစ္သြားတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ အဓိကေတာ့ ဒီေရာဂါျဖစ္ေနတဲ့ အေနအထားမျပင္းထန္ေသးတဲ့အေနအထားမွာ လူနာေတြမွာ ဒီပိုးး မရွိႏိုင္ဘူးဆိုၿပီးေတာ့။

ေဒါက္တာသန္းႏိုင္စိုး။ ။ Silent Carrier (အသံတိတ္ပိုးကူးသူ) ေတြနဲ႔ ေတြ႔သြားတာေပါ့ဆရာရယ္။ Asymptomatic (လကၡဏာမျပတဲ့သူ) ေပါ့။

ကိုဝင္းမင္း။ ။ အခုေနာက္ပိုင္းေရာ အဲဒီအေျခအေန။

ေဒါက္တာသန္းႏိုင္စိုး။ ။ ေနာက္ပိုင္းကေတာ့ ႀကိဳၾကားႀကိဳၾကား ေတြ႔ရတာေတာ့ ရွိတယ္ဆရာ။ ခုနလို အုပ္လိုက္ႀကီး ထိတာေတာ့ သိပ္မရွိေတာ့ဘူး ဘာျဖစ္လို႔လဲဆိုေတာ့ ဒီေနာက္ပိုင္းက်ေတာ့ Infection Prevention Control (ကူးစက္မူကာကြယ္ထိန္းခ်ဳပ္ေရး) ေပါ့ေနာ္။ ေနာက္ပိုင္းက ဘယ္အေျခအေနလဲဆိုေတာ့ လူနာဆီက တိုက္ရိုက္ထိတာ ေတာ္ေတာ္နည္းသြားတယ္။ လူနာဆီက တိုက္ရိုက္ထိတာ ေတာ္ေတာ္နည္းၿပီးေတာ့၊ ကိုယ့္အခ်င္းခ်င္း ထိတာမ်ားတယ္။ ေနာက္ပိုင္းမွာ Cluster (အစုငယ္) ေလးေတြေပါ့၊ ၅ ေယာက္ ၆ ေယာက္တတြဲထိတာရွိတယ္။ အဲဒါက်ေတာ့ သူက ထမင္းအတူတူစားတဲ့အခ်ိန္ေပါ့ေနာ္။ ဒီ Mask (ပါးစပ္နဲ႔ႏွာေခါင္းစည္း) ကို ခၽြတ္တယ္၊ သူတို႔ကလည္း တစ္ေန႔တာေပါေ့နာ္ PPE (အကာအကြယ္ဝတ္စံု) နဲ႔ တခ်ိန္လံုးေနရတဲ့အခ်ိန္က်ေတာ့၊ ဒီထမင္းစားတဲ့အခ်ိန္ ကိုယ့္အခ်င္းခ်င္းေပါ့ေနာ၊္ ဆံုတဲ့အခ်ိန္ေလး စကားေတြေျပာျဖစ္ၾက၊ ကိုယ့္ဂ်ိဳင့္မွာပါတဲ့ဟာ သူ႔ကို ထည့္ေပးေပါ့ေနာ္။ အဲဒီအခ်ိန္မွာ ထိထားတဲ့လူတေယာက္ပါ့ေနာ္၊ တစ္ေနရာကေနထိလာတယ္ေပါ့ေနာ္၊ ေဆးရံုတစ္ရံုကလာၿပီးေတာ့ တာ၀န္ထမ္းေဆာင္တယ္ေပါ့ေနာ္။ သူကလည္း သူ႔ကိုယ္သူူ ထိထားမွန္းမသိဘူးေပါ့ေနာ္။ ဒီဘက္က အေပါင္းအသင္းနဲ႔လည္း သူ စုၿပီးေတာ့ စားလိုက္တယ္ေပါေ့နာ္၊ ကူးသြားတာေတြလည္းရွိတယ္ေပါ့။ ေနာက္ပိုင္းကေတာ့ Infection Prevention and Control (ကူးစက္မူကာကြယ္ထိ္န္းခ်ဳပ္ေရး - IPC) ကေတာ့ ေတာ္ေတာ္ေလး ေကာင္းလာတယ္။ Awareness (သတိျပဳမိတာ) တက္လာတာနဲ႔ IPC တက္လာတာေပါ့။

ေ၀ဘာဂီတို႔ ေတာင္ဥကၠလာဘက္မွာဆိုရင္၊ ေတာ္ေတာ္ႀကီးကို ေကာင္းလာတယ္ေပါ့။ ေ၀ဘာဂီဆို ထိတဲ့လူ မရွိသေလာက္ပဲ။ ေတာင္ဥကၠလာကေတာ့ ထိတဲ့လူ နည္းနည္းေတာ့ရွိတယ္။ အဲဒါကလည္း ခုနကေျပာတဲ့ တျခားေဆးရံုတစခုကေန လာေရာက္တာ၀န္ထမ္းေဆာင္တဲ့ ေစတနာ့၀န္ထမ္း ဆရာ၀န္ေပါ့၊ Volunteer ေပါ့။ ေဆးရံုဝန္ထမ္းကူးစက္မူ ရွိတယ္လို႔ပဲေျပာရမွာေပါ့ဆရာရယ္။ ဒါေပမယ့္ Casualty (ထိခိုက္ေသဆံုး) ျဖစ္သြားေလာက္တဲ့အထိ၊ အဲလိုမ်ိဳးေတာ့ တေယာက္မွ မရွိေသးပါဘူးဆရာရယ္။

ကိုဝင္းမင္း။ ။ ေနာက္ဒီ က်န္းမာေရး၀န္ထမ္းအျပင္ေပ့ါေနာ၊္ ေဆးရံုမွာရွိတဲ့ ၀န္ထမ္းေတြ ကူးစက္ခံရမႈအေနအထားေရာ။

ေဒါက္တာသန္းႏိုင္စိုး။ ။ ဓါတ္ခြဲ၀န္ထမ္း ထိတာေတြလည္းရွိတယ္ ဆရာ။ ေနာက္ပိုင္းက်ေတာ့မွ ျပန္စစ္ေတာ့မွေလ။ တခ်ိဳ႕ဆိုရင္ေတာ့ ျမ၀တီတို႔ဘာတို႔မွာ လုပ္တဲ့ဟာေတြေတာ့၊ အုပ္စုလိုက္သြားတယ္ ဆရာ အဲဒီမွာ ထိတာသိပ္မရွိဘူး၊ ဒါက်ေနာ္တို႔ ပထမ ျဖစ္တဲ့အခ်ိန္တုန္းကေပါ့ေနာ္။ ဒုတိယတစ္ခါမွာေတာ့ တခ်ိဳ႕ ဓါတ္ခြဲ၀န္ထမ္းေတြ ထိတယ္ေပါ့ေနာ္။ အခု က်ေနာ္တို႔ က်န္းမာေရး၀န္ထမ္းေတြကို သီးျခားေလးထားၿပီး ေနႏိုင္မယ့္ေနရာေလးေတြေပါ့ေနာ္၊ သူတို႔လည္း Motivation (အလုပ္လုပ္ခ်င္စိတ္) ျပန္ရေအာင္၊ အျမန္ဆံုးနဲ႔ အလုပ္ျပန္၀င္ႏိုင္ေအာင္၊ အဲလိုေနရာေလးေတြ၊ စင္တာေလးေတြ တည္ေထာင္ထားတာရွိပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ေနာက္ေကာ ေဆးရံုေတြမွာ လူနာအေရအတြက္ကလည္း မ်ားလာတာေပါ့ေနာ္။ အဲဒီအခါက်ေတာ့ ေဆးရံုေတြလည္း ထပ္ခ်ဲ႕တဲ့အခါက်ေတာ့ေလ၊ ဝန္နဲ႔အား (လူနာနဲ႔ေဆးဝန္ထမ္း)။

ေဒါက္တာသန္းႏိုင္စိုး။ ။ အခုကေတာ့ က်ေနာ္တို႔ ကုတင္ ၁ ေသာင္းေက်ာ္ေလာက္ ရၿပီေပါ့ေနာ္။ အဲဒီမွာ လက္ရွိအေနအထားနဲ႔၊ က်န္တိုင္းနဲ႔ ျပည္နယ္ေတြက လာၿပီးကူတဲ့လူေတြ၊ ေစတနာ့၀န္ထမ္း ၊ ျမန္မာႏိုင္ငံ ဆရာ၀န္အသင္းက ဆရာ၀န္ေတြ သူတို႔က ေဆးရံုေတြ၊ Medical Facility (ေဆးရံု) ေတြမဟုတ္ဘဲ၊ ခုနက Anosmia Facility (အနံ႔ေပ်ာက္သူေစာင့္ၾကည့္ေရးစင္တာ) လိုဟာမ်ိဳးေတြေပါ့ေနာ္၊ သူတို႔ဝင္ၿပီး လုပ္အားေပးေနပါတယ္။ ေဆးေက်ာင္းသားေတြ၊ သူနာျပဳေက်ာင္းသားေတြ အမ်ားႀကီးပါပဲ ဆရာ တကယ့္ကို တက္တက္ၾကြၾကြနဲ႔ကို ကူညီေနၾကတယ္။ ခုနက သယ္ယူပို႔ေဆာင္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ Ambulance (အေရးေပၚလူနာတင္ယာဥ္) ေတြ၊ အလွဴရွင္ေတြကလည္း အလွဴရွင္အေလ်ာက္ေပါ့ဆရာရယ္။ တစ္ဖက္မွာ ျပန္ေကာင္းတဲ့လူေတြက ထြက္လာၿပီေပါ့ သူတို႔ Experience (အေတြ႔အႀကံဳ) ေတြ Share (မွ်ေဝ) ေပးတာတို႔ ဘာတို႔ေပါ့ေနာ္ ဒါေတြကေတာ့ စၿပီးေတာ့ လည္ပတ္ႏိုင္ၿပီေပါ့။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဆရာ၊ မၾကာခင္ ေရာဂါကူးစက္မူကို ထိန္းခ်ဳပ္ႏိုင္ပါေစလို႔လည္း ဆုေတာင္းေပးလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ဆေးရုံဝန်ထမ်းတွေ ကိုဗစ်ကူးစက်မှု နောက်ဆုံးအခြေအနေ
(Unicode)

ကိုဗစ်ရောဂါဒဏ် အဓိကခံနေရတဲ့ ရန်ကုနု်မှာ ဆေးရုံဝန်ထမ်းတွေအခြေအနေဘယ်လိုရှိနေတာကို၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရကို ကိုဝင်းမင်းက မေးရာမှာ၊ ဒေါက်တာသန်းနိုင်စိုးက၊ အရင်အစပိုင်းမသိချိန်မှာ အုပ်စုလိုက်ကူးစက်ခံခဲ့ရပေမဲ့၊ နောက်ပိုင်းအနည်းငယ်သာရှိပြီး၊ တဖြည်းဖြည်းထိန်းလာနိုင်ပြီလို့ ဆိုပါတယ်။

ဒေါက်တာသန်းနိုင်စိုး။ ။ အစပိုင်းမှာတော့ သိပ်ပြီးတော့ Awareness (သတိပြုမူ) မရှိသေးတဲ့အချိန်ပေါ့ ဆရာရယ်။ အဲဒီတုန်းက COVID က စစချင်း Silent Carrier (အသံတိတ်ကူးစက်သူ) က များတဲ့အချိန်မှာပေါ့နော်၊ အဲဒီအချိန်မှာ Precaution (ကြိုတင်သတိပြုကာကွယ်မူ) လေးလည်း၊ နည်းနည်း ကျနော်တို့ဘက်ကလည်း လျော့သွားတာပေါ့နော်။ COVID အဲလောက်အခြေအနေဖြစ်မယ် မထင်ဘူး။ Ward (လူနာဆောင်) တစ်ခုတည်းက ဆရာမတွေရော ဆရာဝန်တွေရော ထိတယ်၊ Ortho (အရိုးရောဂါကုဌာန) တွေလည်း ထိကြတယ်ပေါ့နော်။ နောက် အဲဒီမှာ ပြန်ပြီးတော့ စစ်လိုက်တဲ့အခါကျတော့ Positive (ပိုးရှိတာ) ဖြစ်တဲ့ Patient (လူနာ) က Ward (လူနာဆောင်) ထဲမှာ လာတက်သွားတဲ့ Patient။ အဲဒီလူနဲ့ Contact (ထိတွေ့) တဲ့လူက ဆရာဝန်တွေ ဆရာမတွေပါတာပေါ့နော်။ အဲဒီကနေမှ ဆက်လိုက်တဲ့အခါကျတော့မှ ၅၀ ကျော်လောက်အထိ ဖြစ်သွားတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဓိကတော့ ဒီရောဂါဖြစ်နေတဲ့ အနေအထားမပြင်းထန်သေးတဲ့အနေအထားမှာ လူနာတွေမှာ ဒီပိုးး မရှိနိုင်ဘူးဆိုပြီးတော့။

ဒေါက်တာသန်းနိုင်စိုး။ ။ Silent Carrier (အသံတိတ်ပိုးကူးသူ) တွေနဲ့ တွေ့သွားတာပေါ့ဆရာရယ်။ Asymptomatic (လက္ခဏာမပြတဲ့သူ) ပေါ့။

ကိုဝင်းမင်း။ ။ အခုနောက်ပိုင်းရော အဲဒီအခြေအနေ။

ဒေါက်တာသန်းနိုင်စိုး။ ။ နောက်ပိုင်းကတော့ ကြိုကြားကြိုကြား တွေ့ရတာတော့ ရှိတယ်ဆရာ။ ခုနလို အုပ်လိုက်ကြီး ထိတာတော့ သိပ်မရှိတော့ဘူး ဘာဖြစ်လို့လဲဆိုတော့ ဒီနောက်ပိုင်းကျတော့ Infection Prevention Control (ကူးစက်မူကာကွယ်ထိန်းချုပ်ရေး) ပေါ့နော်။ နောက်ပိုင်းက ဘယ်အခြေအနေလဲဆိုတော့ လူနာဆီက တိုက်ရိုက်ထိတာ တော်တော်နည်းသွားတယ်။ လူနာဆီက တိုက်ရိုက်ထိတာ တော်တော်နည်းပြီးတော့၊ ကိုယ့်အချင်းချင်း ထိတာများတယ်။ နောက်ပိုင်းမှာ Cluster (အစုငယ်) လေးတွေပေါ့၊ ၅ ယောက် ၆ ယောက်တတွဲထိတာရှိတယ်။ အဲဒါကျတော့ သူက ထမင်းအတူတူစားတဲ့အချိန်ပေါ့နော်။ ဒီ Mask (ပါးစပ်နဲ့နှာခေါင်းစည်း) ကို ချွတ်တယ်၊ သူတို့ကလည်း တစ်နေ့တာပေါေ့နာ် PPE (အကာအကွယ်ဝတ်စုံ) နဲ့ တချိန်လုံးနေရတဲ့အချိန်ကျတော့၊ ဒီထမင်းစားတဲ့အချိန် ကိုယ့်အချင်းချင်းပေါ့နော၊် ဆုံတဲ့အချိန်လေး စကားတွေပြောဖြစ်ကြ၊ ကိုယ့်ဂျိုင့်မှာပါတဲ့ဟာ သူ့ကို ထည့်ပေးပေါ့နော်။ အဲဒီအချိန်မှာ ထိထားတဲ့လူတယောက်ပါ့နော်၊ တစ်နေရာကနေထိလာတယ်ပေါ့နော်၊ ဆေးရုံတစ်ရုံကလာပြီးတော့ တာဝန်ထမ်းဆောင်တယ်ပေါ့နော်။ သူကလည်း သူ့ကိုယ်သူူ ထိထားမှန်းမသိဘူးပေါ့နော်။ ဒီဘက်က အပေါင်းအသင်းနဲ့လည်း သူ စုပြီးတော့ စားလိုက်တယ်ပေါေ့နာ်၊ ကူးသွားတာတွေလည်းရှိတယ်ပေါ့။ နောက်ပိုင်းကတော့ Infection Prevention and Control (ကူးစက်မူကာကွယ်ထိန်းချုပ်ရေး - IPC) ကတော့ တော်တော်လေး ကောင်းလာတယ်။ Awareness (သတိပြုမိတာ) တက်လာတာနဲ့ IPC တက်လာတာပေါ့။

ဝေဘာဂီတို့ တောင်ဥက္ကလာဘက်မှာဆိုရင်၊ တော်တော်ကြီးကို ကောင်းလာတယ်ပေါ့။ ဝေဘာဂီဆို ထိတဲ့လူ မရှိသလောက်ပဲ။ တောင်ဥက္ကလာကတော့ ထိတဲ့လူ နည်းနည်းတော့ရှိတယ်။ အဲဒါကလည်း ခုနကပြောတဲ့ တခြားဆေးရုံတစခုကနေ လာရောက်တာဝန်ထမ်းဆောင်တဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်ပေါ့၊ Volunteer ပေါ့။ ဆေးရုံဝန်ထမ်းကူးစက်မူ ရှိတယ်လို့ပဲပြောရမှာပေါ့ဆရာရယ်။ ဒါပေမယ့် Casualty (ထိခိုက်သေဆုံး) ဖြစ်သွားလောက်တဲ့အထိ၊ အဲလိုမျိုးတော့ တယောက်မှ မရှိသေးပါဘူးဆရာရယ်။

ကိုဝင်းမင်း။ ။ နောက်ဒီ ကျန်းမာရေးဝန်ထမ်းအပြင်ပေ့ါနော၊် ဆေးရုံမှာရှိတဲ့ ဝန်ထမ်းတွေ ကူးစက်ခံရမှုအနေအထားရော။

ဒေါက်တာသန်းနိုင်စိုး။ ။ ဓါတ်ခွဲဝန်ထမ်း ထိတာတွေလည်းရှိတယ် ဆရာ။ နောက်ပိုင်းကျတော့မှ ပြန်စစ်တော့မှလေ။ တချို့ဆိုရင်တော့ မြဝတီတို့ဘာတို့မှာ လုပ်တဲ့ဟာတွေတော့၊ အုပ်စုလိုက်သွားတယ် ဆရာ အဲဒီမှာ ထိတာသိပ်မရှိဘူး၊ ဒါကျနော်တို့ ပထမ ဖြစ်တဲ့အချိန်တုန်းကပေါ့နော်။ ဒုတိယတစ်ခါမှာတော့ တချို့ ဓါတ်ခွဲဝန်ထမ်းတွေ ထိတယ်ပေါ့နော်။ အခု ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေကို သီးခြားလေးထားပြီး နေနိုင်မယ့်နေရာလေးတွေပေါ့နော်၊ သူတို့လည်း Motivation (အလုပ်လုပ်ချင်စိတ်) ပြန်ရအောင်၊ အမြန်ဆုံးနဲ့ အလုပ်ပြန်ဝင်နိုင်အောင်၊ အဲလိုနေရာလေးတွေ၊ စင်တာလေးတွေ တည်ထောင်ထားတာရှိပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ နောက်ကော ဆေးရုံတွေမှာ လူနာအရေအတွက်ကလည်း များလာတာပေါ့နော်။ အဲဒီအခါကျတော့ ဆေးရုံတွေလည်း ထပ်ချဲ့တဲ့အခါကျတော့လေ၊ ဝန်နဲ့အား (လူနာနဲ့ဆေးဝန်ထမ်း)။

ဒေါက်တာသန်းနိုင်စိုး။ ။ အခုကတော့ ကျနော်တို့ ကုတင် ၁ သောင်းကျော်လောက် ရပြီပေါ့နော်။ အဲဒီမှာ လက်ရှိအနေအထားနဲ့၊ ကျန်တိုင်းနဲ့ ပြည်နယ်တွေက လာပြီးကူတဲ့လူတွေ၊ စေတနာ့ဝန်ထမ်း ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းက ဆရာဝန်တွေ သူတို့က ဆေးရုံတွေ၊ Medical Facility (ဆေးရုံ) တွေမဟုတ်ဘဲ၊ ခုနက Anosmia Facility (အနံ့ပျောက်သူစောင့်ကြည့်ရေးစင်တာ) လိုဟာမျိုးတွေပေါ့နော်၊ သူတို့ဝင်ပြီး လုပ်အားပေးနေပါတယ်။ ဆေးကျောင်းသားတွေ၊ သူနာပြုကျောင်းသားတွေ အများကြီးပါပဲ ဆရာ တကယ့်ကို တက်တက်ကြွကြွနဲ့ကို ကူညီနေကြတယ်။ ခုနက သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီးတော့ Ambulance (အရေးပေါ်လူနာတင်ယာဉ်) တွေ၊ အလှူရှင်တွေကလည်း အလှူရှင်အလျောက်ပေါ့ဆရာရယ်။ တစ်ဖက်မှာ ပြန်ကောင်းတဲ့လူတွေက ထွက်လာပြီပေါ့ သူတို့ Experience (အတွေ့အကြုံ) တွေ Share (မျှဝေ) ပေးတာတို့ ဘာတို့ပေါ့နော် ဒါတွေကတော့ စပြီးတော့ လည်ပတ်နိုင်ပြီပေါ့။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ၊ မကြာခင် ရောဂါကူးစက်မူကို ထိန်းချုပ်နိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။

XS
SM
MD
LG