သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ေန႔စဥ္ေသဆံုးမႈ စံခ်ိန္သစ္တင္


ရန္ကုန္ၿမိဳ႕ ကြာရမ္တင္းစင္တာတခုမွာ COVID-19 စစ္ေဆးဖို႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ေအာက္တိုဘာ ၇၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ဒီေန႔ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၄၈ ေယာက္ရွိၿပီး ေန႔စဥ္ေသဆုံးမႈ အမ်ားဆုံး စံခ်ိန္တင္လိုက္ပါတယ္။ ဒီေန႔မွာ အခုလို ဗုိင္းရပ္စ္ေၾကာင့္ ေနာက္ထပ္ ၄၈ ေယာက္ ေသဆုံးခဲ့တဲ့အတြက္ ေသဆုံးသူ စုစုေပါင္း ၆၄၆ ေယာက္ရွိသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေျပာလိုက္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ေအာက္တုိဘာ ၁၁ ရက္ ည ၈ နာရီထုတ္ျပန္ခ်က္။ (ဓာတ္ပုံ - MOHS)
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ေအာက္တုိဘာ ၁၁ ရက္ ည ၈ နာရီထုတ္ျပန္ခ်က္။ (ဓာတ္ပုံ - MOHS)

ဒါ့အျပင္ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေနာက္ထပ္ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၁,၉၁၀ ဦး ထပ္မံေတြ႔ရွိခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ဒါေၾကာင့္ အခုဆုိရင္ တႏုိင္ငံလုံးမွာ ေရာဂါကူးစက္ခံရသူ အေရအတြက္ဟာ ၂၇,၉၇၄ ေယာက္ ရွိသြားၿပီျဖစ္ပါတယ္။

မေန႔ည ၈ နာရီကေန ဒီေန႔ည ၈ နာရီအတြင္း ဓာတ္ခဲြနမူနာ ၁၄,၈၀၉ ခုကုိ စစ္ေဆးခဲ့တာမွာ အခုလို ဗုိင္းရပ္စ္ကူးစက္ခံရသူ ၁,၉၀၀ ေက်ာ္ကို ထပ္မံေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

မေန႔ကေတာ့ ဗုိင္းရပ္စ္ကူးစက္သူ ၂,၁၅၈ ေယာက္ရွိတဲ့အတြက္ ဒီေန႔မွာ ကူးစက္သူအေရအတြက္ က်ဆင္းခဲ့ေပမယ့္ ေသဆုံးသူအေရအတြက္ေတာ့ တုိးလာခဲ့တာပါ။ မေန႔က ဗုိင္းရပ္စ္ပိုးေတြ႔ရွိသူ ၂,၁၅၈ ေယာက္ထဲမွာ ရန္ကုန္တုိင္းေဒသႀကီးက ၁,၉၀၆ ေယာက္နဲ႔ အမ်ားဆုံးျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ပဲခူတုိင္းက ၇၇ ေယာက္နဲ႔ ဒုတိယအမ်ားဆုံးျဖစ္ၿပီး မႏၱေလးတုိင္းက ၃၉ ေယာက္နဲ႔ တတိယအမ်ားဆုံးျဖစ္ပါတယ္။ အဲဒီထဲမွာ အနံ႔မရတဲ့သူ ၂၆၂ ဦး ပါဝင္တယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ဒီေန႔မွာ ၂ ႀကိမ္ဆက္ ပုိးမေတြ႔လို႔ ေဆး႐ုံက ဆင္းခြင့္ရသူ ၂,၆၉၂ ေယာက္ရွိတာေၾကာင့္ ေရာဂါသက္သာ ေပ်ာက္ကင္းသူ ၉,၇၄၂ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ျမန္မာကိုဗစ္ ေန႔စဥ္ေသဆံုးမႈ စံခ်ိန္သစ္တင္
please wait

No media source currently available

0:00 0:01:24 0:00
တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မြန်မာကိုဗစ် နေ့စဉ်သေဆုံးမှု စံချိန်သစ်တင်

မြန်မာနိုင်ငံမှာ ဒီနေ့ COVID-19 ရောဂါကြောင့် သေဆုံးသူ ၄၈ ယောက်ရှိပြီး နေ့စဉ်သေဆုံးမှု အများဆုံး စံချိန်တင်လိုက်ပါတယ်။ ဒီနေ့မှာ အခုလို ဗိုင်းရပ်စ်ကြောင့် နောက်ထပ် ၄၈ ယောက် သေဆုံးခဲ့တဲ့အတွက် သေဆုံးသူ စုစုပေါင်း ၆၄၆ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၉၁၀ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါကြောင့် အခုဆိုရင် တနိုင်ငံလုံးမှာ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၂၇,၉၇၄ ယောက် ရှိသွားပြီဖြစ်ပါတယ်။

မနေ့ည ၈ နာရီကနေ ဒီနေ့ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၄,၈၀၉ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၉၀၀ ကျော်ကို ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မနေ့ကတော့ ဗိုင်းရပ်စ်ကူးစက်သူ ၂,၁၅၈ ယောက်ရှိတဲ့အတွက် ဒီနေ့မှာ ကူးစက်သူအရေအတွက် ကျဆင်းခဲ့ပေမယ့် သေဆုံးသူအရေအတွက်တော့ တိုးလာခဲ့တာပါ။ မနေ့က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂,၁၅၈ ယောက်ထဲမှာ ရန်ကုန်တိုင်းဒေသကြီးက ၁,၉၀၆ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပဲခူတိုင်းက ၇၇ ယောက်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၃၉ ယောက်နဲ့ တတိယအများဆုံးဖြစ်ပါတယ်။ အဲဒီထဲမှာ အနံ့မရတဲ့သူ ၂၆၂ ဦး ပါဝင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီနေ့မှာ ၂ ကြိမ်ဆက် ပိုးမတွေ့လို့ ဆေးရုံက ဆင်းခွင့်ရသူ ၂,၆၉၂ ယောက်ရှိတာကြောင့် ရောဂါသက်သာ ပျောက်ကင်းသူ ၉,၇၄၂ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

XS
SM
MD
LG