သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ကိုဗစ်ဓာတ်ခွဲအတည်ပြု ၇ သန်းကျော်လာ


အိန္ဒိယနိုင်ငံ Jammu မြို့က အစိုးရဆေးရုံမှာ COVID-19 စစ်ဆေးဖို့ စောင့်ဆိုင်းနေသူများ။ (အောက်တိုဘာ ၅၊ ၂၀၂၀)
အိန္ဒိယနိုင်ငံ Jammu မြို့က အစိုးရဆေးရုံမှာ COVID-19 စစ်ဆေးဖို့ စောင့်ဆိုင်းနေသူများ။ (အောက်တိုဘာ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေဟာ ဒီနေ့မှာ ၇ သန်းကျော်သွားပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ် နောက်ထပ် ကူးစက်သူ ၇၄,၀၀၀ ကျော်ရှိတယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။

ဒါ့အပြင် ဒီနေ့မှာ နောက်ထပ် သေဆုံးသူ ၉၁၈ ယောက်ရှိတာကြောင့် သေဆုံးသူ စုစုပေါင်း ၁၀၈,၃၃၄ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းကစပြီး ကူးစက်မှုတွေ အနည်းငယ် ကျဆင်းလာနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း နေ့စဉ်ကူးစက်မှုနှုန်းက ၇၀,၀၀၀ အထက်မှာ ရှိနေသေးတာကြောင့် အိန္ဒိယနိုင်ငံဟာ လာမယ့်သီတင်းပတ်တွေအတွင်းမှာ အမေရိကန်ပြည်ထောင်စုကိုကျော်ပြီး ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးရွားဆုံးနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်ကူးစက်သူ ၄,၄၉၇ ယောက်နဲ့ သေဆုံးသူ ၇၉ ယောက် ရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့နောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ကြောင့် နေ့စဉ်သေဆုံးမှုတွေထဲမှာ အနည်းဆုံးဖြစ်တယ်လို့ အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်သူ ၃၃၃,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၁,၈၄၄ ယောက် ရှိသွားပြီဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာတော့ ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews က ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့သူတွေနဲ့ အနီးကပ် ထိတွေ့ဆက်ဆံထားတဲ့သူတွေ အနေနဲ့ ဗိုင်းရပ်စ်ရှိမရှိ စမ်းသပ်မှုမလုပ်ဘူးဆိုရင် ၂၁ ရက်ကြာ သီးသန့်ခွဲနေရမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရသူတွေနဲ့ အနီးကပ်ရှိနေသူတွေဟာ ၁၁ ရက်မြောက်နေ့မှာ မစစ်ဆေးဘူးဆိုရင် နောက်ထပ် ၁၀ ရက် ထပ်တိုးသွားမှာဖြစ်ပြီး ဒီနေ့ တနင်္ဂနွေညမှာ စတင်မယ်လို့ ပြည်နယ်အစိုးရက ကြေညာပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)








XS
SM
MD
LG