သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယမွာ COVID-19 ကူးစက္သူအေရအတြက္ ေလ်ာ့က်လာ


အိႏၵိယႏုိင္ငံ Ahmedabad ၿမိဳ႕မွာ ဘူတာ႐ုံတခုမွာ COVID-19 စစ္ေဆးေပးေနတဲ့ျမင္ကြင္း။ (စက္တင္ဘာ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

အိႏၵိယႏုိင္ငံမွာ ဒီကေန႔ COVID-19 ေရာဂါ ေနာက္ထပ္ကူးစက္သူ ၈၅,၀၀၀ ေက်ာ္ရွိတယ္လုိ႔ က်န္းမာေရးဌာနက ေၾကညာတဲ့အတြက္ ဒီလထဲမွာ ပုိးကူးစက္သူ အေရအတြက္ ေလ်ာ့က်လာေနပါတယ္။

စက္တင္ဘာလ ၁၆ ရက္ေန႔ကထိ ေန႔စဥ္ကူးစက္မႈ ၉၇,၀၀၀ ေက်ာ္ ရွိခဲ့ေပမယ့္ လြန္ခဲ့တဲ့သီတင္းပတ္မွာ ပိုးကူးစက္သူ အေရအတြက္ ၇,၀၀၀ ပတ္ဝန္းက်င္ထိ ေလ်ာ့နည္းလာေနတာပါ။

ဒီကပ္ေဘးစခ်ိန္ကတည္းက ဘီဟာျပည္နယ္မွာ ပထမဆံုး လႊတ္ေတာ္ေရြးေကာက္ပြဲ က်င္းပဖို႔ အာဏာပို္င္ေတြက ဆံုးျဖတ္ထားၾကပါတယ္။ လူခ်င္းခပ္ခြာခြာေနၾကဖို႔ ကန္႔သတ္စည္းကမ္းေတြနဲ႔အတူ ေအာက္တိုဘာလကုန္ပိုင္းမွာ ၃ ရက္ သတ္မွတ္ခ်ိန္အတြင္း မဲဆႏၵရွင္ ၇၂ သန္း နီးပါး မဲေပးၾကရမွာပါ။

ေရွ႕လထဲက်ရင္ ဘာသာေရးပြဲေတာ္ေတြရွိၿပီး ဘုရားေက်ာင္းေတြနဲ႔ ေစ်းဝယ္စင္တာေတြမွာ လူေတြ ႀကိတ္ႀကိတ္တုိးေနမွာျဖစ္လို႔ အာဏာပိုင္ေတြ ႀကိဳတင္ျပင္ဆင္ေနၾကပါတယ္။

ဖိလစ္ပိုင္မွာေတာ့ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ စာရင္းေတြအရ ၿပီးခဲ့တဲ့ စေနေန႔က ကူးစက္ခံရသူ ၃,၀၀၀ နီးပါး ရွိခဲ့တာေၾကာင့္ စုစုေပါင္း ကူးစက္ခံရသူ ၃ သိန္းအထိ ျမင့္တက္သြားခဲ့ၿပီး အေရွ႕ေတာင္အာရွမွာ အျမင့္ဆံုး ကူးစက္မႈစံခ်ိန္ တင္ခဲ့ပါတယ္။ စီးပြားေရးထိခုိက္မႈေတြေၾကာင့္ ကန္႔သတ္စည္းမ်ဥ္းေတြကို ျပန္ဖြင့္ေပးလိုက္တဲ့ေနာက္ အခုလို ျမင့္တက္သြားတာ ျဖစ္ပါတယ္။

ေသဆံုးသူ စုစုေပါင္းကေတာ့ ၅,၂၈၄ ေယာက္ရွိၿပီး ကူးစက္မႈေတြဟာ ထိန္းခ်ဳပ္လို႔မႏုိင္တဲ့ အေျခအေနမွာ ရွိေနေၾကာင္း ေဝဖန္ေျပာဆိုေနၾကပါတယ္။

ေတာင္ကိုရီးယားမွာ ၄ ရက္အတြင္း ေန႔စဥ္ လူ ၁၀၀ ကူးစက္ခံေနရတာကေန ပထမဆံုးအႀကိမ္ ၆၁ ေယာက္ပဲ ကူးစက္မႈ ရွိခဲ့ပါတယ္။ ကိုရီးယား ေရာဂါကူးစက္မႈ ကာကြယ္ထိန္းခ်ဳပ္ေရးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ စေနေန႔အထိ ေသဆံုးသူ ၃၉၉ ေယာက္ အပါအဝင္ စုစုေပါင္း ကူးစက္ခံရသူ ၂၃,၅၁၆ ေယာက္ ရွိပါတယ္။

ကူးစက္မႈအသစ္ ၄၁ ေယာက္ဟာ လူဦးေရ အရမ္းထူထပ္တဲ့ ဆိုးလ္ၿမိဳ႕ေတာ္မွာျဖစ္ၿပီး ဘုရားေက်ာင္းေတြ၊ စားေသာက္ဆုိင္ေတြ၊ သက္ႀကီးရြယ္အို ေဂဟာေတြနဲ႔ ေက်ာင္းေတြမွာ ကူးစက္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္ ၁၂ ေယာက္ကေတာ့ ႏုိင္ငံျခားက ဝင္လာသူေတြျဖစ္ၿပီး အမ်ားစုက ဖိလစ္ပိုင္၊ အင္ဒိုနီးရွား၊ ဥဇဘက္ကစၥတန္နဲ႔ ဘဂၤလားေဒ့ရွ္တို႔က ျဖစ္ၾကပါတယ္။

အင္ဒိုနီးရွားမွာေတာ့ စေနေန႔မွာ ကူးစက္ခံရသူအသစ္ ၄,၅၀၀ နီးပါးရွိၿပီး စုစုေပါင္း ၂၇၀,၀၀၀ ေက်ာ္ ျဖစ္လာသလို ေသဆံုးသူ စုစုေပါင္း ၁၀,၃၀၈ ေယာက္ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ ျပန္လည္က်န္းမာလာသူကေတာ့ ၂၀၀,၀၀၀ နီးပါး ရွိတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

အိႏိၵယမွာ COVID-19 ကူးစက္သူအေရအတြက္ ေလ်ာ့က်လာ
please wait

No media source currently available

0:00 0:01:54 0:00
တိုက္႐ိုက္ လင့္ခ္

-----------------

(Unicode)

အိန္ဒိယမှာ COVID-19 ကူးစက်သူအရေအတွက် လျော့ကျလာ

အိန္ဒိယနိုင်ငံမှာ ဒီကနေ့ COVID-19 ရောဂါ နောက်ထပ်ကူးစက်သူ ၈၅,၀၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးဌာနက ကြေညာတဲ့အတွက် ဒီလထဲမှာ ပိုးကူးစက်သူ အရေအတွက် လျော့ကျလာနေပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ကထိ နေ့စဉ်ကူးစက်မှု ၉၇,၀၀၀ ကျော် ရှိခဲ့ပေမယ့် လွန်ခဲ့တဲ့သီတင်းပတ်မှာ ပိုးကူးစက်သူ အရေအတွက် ၇,၀၀၀ ပတ်ဝန်းကျင်ထိ လျော့နည်းလာနေတာပါ။

ဒီကပ်ဘေးစချိန်ကတည်းက ဘီဟာပြည်နယ်မှာ ပထမဆုံး လွှတ်တော်ရွေးကောက်ပွဲ ကျင်းပဖို့ အာဏာပိုင်တွေက ဆုံးဖြတ်ထားကြပါတယ်။ လူချင်းခပ်ခွာခွာနေကြဖို့ ကန့်သတ်စည်းကမ်းတွေနဲ့အတူ အောက်တိုဘာလကုန်ပိုင်းမှာ ၃ ရက် သတ်မှတ်ချိန်အတွင်း မဲဆန္ဒရှင် ၇၂ သန်း နီးပါး မဲပေးကြရမှာပါ။

ရှေ့လထဲကျရင် ဘာသာရေးပွဲတော်တွေရှိပြီး ဘုရားကျောင်းတွေနဲ့ ဈေးဝယ်စင်တာတွေမှာ လူတွေ ကြိတ်ကြိတ်တိုးနေမှာဖြစ်လို့ အာဏာပိုင်တွေ ကြိုတင်ပြင်ဆင်နေကြပါတယ်။

ဖိလစ်ပိုင်မှာတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ စနေနေ့က ကူးစက်ခံရသူ ၃,၀၀၀ နီးပါး ရှိခဲ့တာကြောင့် စုစုပေါင်း ကူးစက်ခံရသူ ၃ သိန်းအထိ မြင့်တက်သွားခဲ့ပြီး အရှေ့တောင်အာရှမှာ အမြင့်ဆုံး ကူးစက်မှုစံချိန် တင်ခဲ့ပါတယ်။ စီးပွားရေးထိခိုက်မှုတွေကြောင့် ကန့်သတ်စည်းမျဉ်းတွေကို ပြန်ဖွင့်ပေးလိုက်တဲ့နောက် အခုလို မြင့်တက်သွားတာ ဖြစ်ပါတယ်။

သေဆုံးသူ စုစုပေါင်းကတော့ ၅,၂၈၄ ယောက်ရှိပြီး ကူးစက်မှုတွေဟာ ထိန်းချုပ်လို့မနိုင်တဲ့ အခြေအနေမှာ ရှိနေကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။

တောင်ကိုရီးယားမှာ ၄ ရက်အတွင်း နေ့စဉ် လူ ၁၀၀ ကူးစက်ခံနေရတာကနေ ပထမဆုံးအကြိမ် ၆၁ ယောက်ပဲ ကူးစက်မှု ရှိခဲ့ပါတယ်။ ကိုရီးယား ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ စနေနေ့အထိ သေဆုံးသူ ၃၉၉ ယောက် အပါအဝင် စုစုပေါင်း ကူးစက်ခံရသူ ၂၃,၅၁၆ ယောက် ရှိပါတယ်။

ကူးစက်မှုအသစ် ၄၁ ယောက်ဟာ လူဦးရေ အရမ်းထူထပ်တဲ့ ဆိုးလ်မြို့တော်မှာဖြစ်ပြီး ဘုရားကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ သက်ကြီးရွယ်အို ဂေဟာတွေနဲ့ ကျောင်းတွေမှာ ကူးစက်ခဲ့တာ ဖြစ်ပါတယ်။ နောက် ၁၂ ယောက်ကတော့ နိုင်ငံခြားက ဝင်လာသူတွေဖြစ်ပြီး အများစုက ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဥဇဘက်ကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့က ဖြစ်ကြပါတယ်။

အင်ဒိုနီးရှားမှာတော့ စနေနေ့မှာ ကူးစက်ခံရသူအသစ် ၄,၅၀၀ နီးပါးရှိပြီး စုစုပေါင်း ၂၇၀,၀၀၀ ကျော် ဖြစ်လာသလို သေဆုံးသူ စုစုပေါင်း ၁၀,၃၀၈ ယောက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြန်လည်ကျန်းမာလာသူကတော့ ၂၀၀,၀၀၀ နီးပါး ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG