[Zawgyi/Unicode]
အိႏၵိယႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကို႐ုိနာဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္သူ ၈၆,၀၀၀ ေက်ာ္ရွိၿပီး ကူးစက္သူ ၅.၈ သန္းေက်ာ္သြားၿပီျဖစ္ပါတယ္။ ဒါ့အျပင္ ေနာက္ထပ္ ေသဆုံးသူ ၁,၁၄၁ ေယာက္ရွိတာေၾကာင့္ ေသဆုံးသူ စုစုေပါင္းက ၉၂,၂၉၀ ရွိၿပီလို႔ အိႏၵိယက်န္းမာေရး၀န္ႀကီးဌာနက အတည္ျပဳပါတယ္။ ဒါေၾကာင့္ အိႏၵိယႏုိင္ငံဟာ လာမယ့္သီတင္းပတ္ေတြအတြင္း အေမရိကန္ႏုိင္ငံကုိ ေက်ာ္ၿပီး ဗုိ္င္းရပ္စ္ကူးစက္မႈ အမ်ားဆုံးႏုိင္ငံျဖစ္လာလိမ့္မယ္လို႔ ခန္႔မွန္းေနၾကပါတယ္။ ဒါေပမဲ့ ေန႔စဥ္ကူးစက္မႈႏႈန္းက ဆက္ၿပီးေတာ့ က်ဆင္းေနၿပီး အခုတပတ္အတြင္း ေန႔စဥ္ဗုိင္းရပ္စ္ကူးစက္ခံရသူ အေရအတြက္ထက္ ေရာဂါသက္သာေပ်ာက္ကင္းလာသူ အေရအတြက္က ပိုမ်ားလာေနတယ္လို႔ ေျပာပါတယ္။
ဒီေန႔မွာ ဗုိင္းရပ္္စ္ေပ်ာက္ကင္းသူ အေရအတြက္က ၈၇,၀၀၀ ေက်ာ္ရွိတာေၾကာင့္ ကူးစက္သူအေရအတြက္ထက္ ပိုမ်ားခဲ့ၿပီး စုစုေပါင္း ေနျပန္ေကာင္းလာသူ အေရအတြက္ ၈၁.၅၅ ရာခိုင္ႏႈန္းေက်ာ္ရွိတယ္လို႔ အိႏၵိယက်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။ စက္တင္ဘာ ၁၈ ရက္ေန႔ကေန ၿပီးခဲ့တဲ့ ဗုဒၵဟူးေန႔အတြင္းမွာ ေနျပန္ေကာင္းသူ ၅၆၀,၀၀၀ ေက်ာ္ရွိတယ္လို႔လည္း ေျပာပါတယ္။ အခုေလာေလာဆယ္မွာ ဗုိင္းရပ္စ္ပိုးရွိေနသူအေရအတြက္ ၁,၀၀၀,၀၀၀ ေလာက္ရွိတယ္လို႔ ဆုိပါတယ္။
အေရွ႕ေတာင္အာရွဘက္က အင္ဒိုနီးရွားႏုိင္ငံမွာေတာ့ ဒီေန႔မွာ ဗုိင္းရပ္စ္္ကူးစက္သူ ၄,၈၂၃ ေယာက္ထပ္မံေတြ႔ရွိတာေၾကာင့္ ေန႔စဥ္ကူးစက္မႈႏႈန္း စံခ်ိန္တင္တာ ၃ ရက္ဆက္တုိက္ရွိသြားၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ကူးစက္ခံရသူ စုစုေပါင္း ၂၆၆,၈၄၅ ေယာက္ရွိၿပီး ေနာက္ထပ္ ေသဆုံးသူ ၁၁၃ ေယာက္ရွိတာေၾကာင့္ ေသဆုံးသူလည္း ၁၀,၂၁၈ ရွိသြားၿပီျဖစ္ပါတယ္။
ဖိလစ္ပိုင္ႏုိင္ငံမွာေတာ့ ဒီေန႔မွာ ေနာက္ထပ္ကူးစက္သူ ၂,၆၃၀ နဲ႔ ေသဆုံးသူ ၆၉ ေယာက္ရွိပါတယ္။ ဒါဟာ ၆ ရက္အတြင္းမွာ ေန႔စဥ္ေသဆုံးမႈ အမ်ားဆုံးျဖစ္ပါတယ္။ ဖိလစ္ပိုင္မွာ ဗုိင္းရပ္စ္ကူးစက္သူ စုစုေပါင္း ၂၉၀,၀၀၀ ေက်ာ္ရွိတာေၾကာင့္ အေရွ႕ေတာင္အာရွမွာေတာ့ ကူးစက္မႈအမ်ားဆုံးျဖစ္ပါတယ္။
[Unicode Version]
အိန္ဒိယမှာ ကိုဗစ်ကူးစက်သူထက် ပျောက်ကင်းသူ ပိုတိုးလာ
အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်သူ ၈၆,၀၀၀ ကျော်ရှိပြီး ကူးစက်သူ ၅.၈ သန်းကျော်သွားပြီဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် သေဆုံးသူ ၁,၁၄၁ ယောက်ရှိတာကြောင့် သေဆုံးသူ စုစုပေါင်းက ၉၂,၂၉၀ ရှိပြီလို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံဟာ လာမယ့်သီတင်းပတ်တွေအတွင်း အမေရိကန်နိုင်ငံကို ကျော်ပြီး ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးနိုင်ငံဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမဲ့ နေ့စဉ်ကူးစက်မှုနှုန်းက ဆက်ပြီးတော့ ကျဆင်းနေပြီး အခုတပတ်အတွင်း နေ့စဉ်ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ထက် ရောဂါသက်သာပျောက်ကင်းလာသူ အရေအတွက်က ပိုများလာနေတယ်လို့ ပြောပါတယ်။
ဒီနေ့မှာ ဗိုင်းရပ်စ်ပျောက်ကင်းသူ အရေအတွက်က ၈၇,၀၀၀ ကျော်ရှိတာကြောင့် ကူးစက်သူအရေအတွက်ထက် ပိုများခဲ့ပြီး စုစုပေါင်း နေပြန်ကောင်းလာသူ အရေအတွက် ၈၁.၅၅ ရာခိုင်နှုန်းကျော်ရှိတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ကနေ ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့အတွင်းမှာ နေပြန်ကောင်းသူ ၅၆၀,၀၀၀ ကျော်ရှိတယ်လို့လည်း ပြောပါတယ်။ အခုလောလောဆယ်မှာ ဗိုင်းရပ်စ်ပိုးရှိနေသူအရေအတွက် ၁,၀၀၀,၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်
အရှေ့တောင်အာရှဘက်က အင်ဒိုနီးရှားနိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်ကူးစက်သူ ၄,၈၂၃ ယောက်ထပ်မံတွေ့ရှိတာကြောင့် နေ့စဉ်ကူးစက်မှုနှုန်း စံချိန်တင်တာ ၃ ရက်ဆက်တိုက်ရှိသွားပြီဖြစ်ပါတယ်။ ဒါကြောင့် ကူးစက်ခံရသူ စုစုပေါင်း ၂၆၆,၈၄၅ ယောက်ရှိပြီး နောက်ထပ် သေဆုံးသူ ၁၁၃ ယောက်ရှိတာကြောင့် သေဆုံးသူလည်း ၁၀,၂၁၈ ရှိသွားပြီဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာတော့ ဒီနေ့မှာ နောက်ထပ်ကူးစက်သူ ၂,၆၃၀ နဲ့ သေဆုံးသူ ၆၉ ယောက်ရှိပါတယ်။ ဒါဟာ ၆ ရက်အတွင်းမှာ နေ့စဉ်သေဆုံးမှု အများဆုံးဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ ဗိုင်းရပ်စ်ကူးစက်သူ စုစုပေါင်း ၂၉၀,၀၀၀ ကျော်ရှိတာကြောင့် အရှေ့တောင်အာရှမှာတော့ ကူးစက်မှုအများဆုံးဖြစ်ပါတယ်။