သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယႏိုင္ငံ ကိုဗစ္ပိုးေတြ႕သူ တလအတြင္း တသန္းေက်ာ္ခဲ့


အိႏၵိယႏိုင္ငံ New Delhi ၿမိဳ႕မွာ ေတြ႔ရတဲ့ ႏွာေခါင္းစည္းတပ္ထားတဲ့ လူတခ်ိဳ႕။ (စက္တင္ဘာ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာ့အိမ္နီးခ်င္း အိႏိၵယႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္သူအေရအတြက္ ၅,၀၀၀,၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး ဆက္ၿပီးေတာ့လည္း တိုးေနဆဲပါပဲ။

ဒီတလထဲမွာကိုပဲ ေနာက္ထပ္ကူးစက္သူ ၁,၀၀၀,၀၀၀ ေက်ာ္ရွိၿပီး လာမယ့္သီတင္းပတ္ေတြအတြင္း အေမရိကန္ျပည္ေထာင္စုကိုေက်ာ္ၿပီး ကမာၻေပၚမွာ ကိုဗစ္ေရာဂါ ကူးစက္သူအေရအတြက္ အမ်ားဆံုးႏုိင္ငံျဖစ္လာဖြယ္ရွိေနပါတယ္။

ေနာက္ဆံုးထြက္ထားတဲ့ ကိန္းဂဏန္းေတြအရဆိုရင္ အိႏိၵယလူဦးေရ ၁.၄ ဘီလီယံရဲ႕ ၀.၃၅ ရာခိုင္ႏႈန္းေလာက္ ေရာဂါပိုး ကူးစက္ခံထားရၿပီျဖစ္ပါတယ္။ ေသဆံုးသူအေရအတြက္က ၈၂,၀၆၆ ရွိၿပီျဖစ္ၿပီး ကူးစက္ဖို႔ အႏၲရာယ္အမ်ားဆံုးရွိေနတဲ့ ေနရာေတြကလြဲလို႔ က်န္တဲ့ေနရာေတြမွာ ပိတ္ပင္ကန္႔သတ္ခ်က္ေတြ ေျဖေလ်ာ့ထားတာေၾကာင့္ ေသဆံုးသူ ပိုတုိးလာႏုိင္တယ္လုိ႔ ကၽြမ္းက်င္သူေတြကေျပာပါတယ္။

ဗီယက္နမ္ႏုိင္ငံမွာေတာ့ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ဖို႔အတြက္ ပိတ္ထားတာ ၁ လရွိၿပီျဖစ္တဲ့ အျပည္ျပည္ဆိုင္ရာ ေလယာဥ္ခရီးစဥ္တခ်ဳိ႕ ေသာၾကာေန႔မွာ ျပန္ဖြင့္ေတာ့မွာျဖစ္ပါတယ္။

ဒါေပမဲ့ သာမန္ခရီးသြားေတြအတြက္ မဟုတ္ဘဲ ဗီယက္နမ္ႏုိင္ငံသားေတြ၊ သံတမန္ေတြ၊ ကၽြမ္းက်င္သူေတြ၊ မန္ေနဂ်ာေတြ၊ ကၽြမ္းက်င္လုပ္သားေတြ၊ ရင္းႏွီးျမွုဳပ္ႏွံသူေတြနဲ႔ သူတို႔မိသားစုေတြအတြက္ပဲျဖစ္ပါတယ္။

ဟႏိြဳင္းနဲ႔ ဟိုခ်ီမင္းစီးတီးတို႔ကေန ေတာင္ကိုရီးယား၊ ဂ်ပန္၊ တ႐ုတ္နဲ႔ တိုင္ဝမ္ခရီးစဥ္ေတြကို အပတ္စဥ္ ေျပးဆြဲသြားမွာျဖစ္ၿပီး ကေမာၻဒီးယားနဲ႔ လာအိုႏုိင္ငံ ခရီးစဥ္ေတြကို ေနာက္သီတင္းပတ္မွာ ျပန္စမယ္လုိ႔ အစိုးရက ထုတ္ျပန္ထားပါတယ္။

ေလယာဥ္ေပၚတက္မယ့္ ခရီးသည္ေတြအေနနဲ႔ အဲဒီေန႔မတိုင္ခင္ ငါးရက္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆး ကင္းရွင္းထားတယ္ဆိုတဲ့ လက္မွတ္ကို ျပရမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယနိုင်ငံ ကိုဗစ်ပိုးတွေ့သူ တလအတွင်း တသန်းကျော်ခဲ့

မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူအရေအတွက် ၅,၀၀၀,၀၀၀ ကျော်သွားပြီဖြစ်ပြီး ဆက်ပြီးတော့လည်း တိုးနေဆဲပါပဲ။

ဒီတလထဲမှာကိုပဲ နောက်ထပ်ကူးစက်သူ ၁,၀၀၀,၀၀၀ ကျော်ရှိပြီး လာမယ့်သီတင်းပတ်တွေအတွင်း အမေရိကန်ပြည်ထောင်စုကိုကျော်ပြီး ကမ္ဘာပေါ်မှာ ကိုဗစ်ရောဂါ ကူးစက်သူအရေအတွက် အများဆုံးနိုင်ငံဖြစ်လာဖွယ်ရှိနေပါတယ်။

နောက်ဆုံးထွက်ထားတဲ့ ကိန်းဂဏန်းတွေအရဆိုရင် အိန္ဒိယလူဦးရေ ၁.၄ ဘီလီယံရဲ့ ဝ.၃၅ ရာခိုင်နှုန်းလောက် ရောဂါပိုး ကူးစက်ခံထားရပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၈၂,၀၆၆ ရှိပြီဖြစ်ပြီး ကူးစက်ဖို့ အန္တရာယ်အများဆုံးရှိနေတဲ့ နေရာတွေကလွဲလို့ ကျန်တဲ့နေရာတွေမှာ ပိတ်ပင်ကန့်သတ်ချက်တွေ ဖြေလျော့ထားတာကြောင့် သေဆုံးသူ ပိုတိုးလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဖို့အတွက် ပိတ်ထားတာ ၁ လရှိပြီဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လေယာဉ်ခရီးစဉ်တချို့ သောကြာနေ့မှာ ပြန်ဖွင့်တော့မှာဖြစ်ပါတယ်။

ဒါပေမဲ့ သာမန်ခရီးသွားတွေအတွက် မဟုတ်ဘဲ ဗီယက်နမ်နိုင်ငံသားတွေ၊ သံတမန်တွေ၊ ကျွမ်းကျင်သူတွေ၊ မန်နေဂျာတွေ၊ ကျွမ်းကျင်လုပ်သားတွေ၊ ရင်းနှီးမြှုုပ်နှံသူတွေနဲ့ သူတို့မိသားစုတွေအတွက်ပဲဖြစ်ပါတယ်။

ဟနွိုင်းနဲ့ ဟိုချီမင်းစီးတီးတို့ကနေ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နဲ့ တိုင်ဝမ်ခရီးစဉ်တွေကို အပတ်စဉ် ပြေးဆွဲသွားမှာဖြစ်ပြီး ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံ ခရီးစဉ်တွေကို နောက်သီတင်းပတ်မှာ ပြန်စမယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

လေယာဉ်ပေါ်တက်မယ့် ခရီးသည်တွေအနေနဲ့ အဲဒီနေ့မတိုင်ခင် ငါးရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် စစ်ဆေး ကင်းရှင်းထားတယ်ဆိုတဲ့ လက်မှတ်ကို ပြရမှာဖြစ်ပါတယ်။

XS
SM
MD
LG