သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါေၾကာင့္ အမ်ိဳးသမီးငယ္မ်ား အခြင့္အေရး ပိုထိခိုက္


ဆုိမာလီႏုိင္ငံ မုိဂါဒစ္႐ွဴးၿမိဳ႕မွာ WFP ကေဝတဲ့ အစားအစာေတြယူဖုိ႔ ေစာင့္ေမွ်ာ္ေနတဲ့ ဆုိမာလီမိန္းကေလးငယ္မ်ား။ (၂၀၁၁ ခုႏွစ္။)

(Zawgyi / Unicode)

ဒီေန႔ ေအာက္တုိဘာလ ၁၁ ရက္ေန႔ဟာ အျပည္ျပည္ဆုိင္ရာ မိန္းကေလးမ်ားေန႔ ျဖစ္ပါတယ္။ အခုလို ကမာၻတဝန္းမွာ COVID-19 ကပ္ေရာဂါ က်ေရာက္ေနတာနဲ႔ စီးပြားေရး က်ဆင္းမႈေတြ ရွိေနတဲ့ႏွစ္အတြင္း မိန္းကေလးေတြအတြက္ စိန္ေခၚမႈေတြကို ပိုၿပီးေတာ့ ျဖစ္ေစခဲ့ပါတယ္။

မိန္းကေလးငယ္ေလးေတြ ရင္ဆုိင္ေနရတဲ့ အခက္အခဲေတြဟာ ကို႐ိုနာဗုိင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ပိုၿပီးေတာ့ ဆုိးရြားေစခဲ့တယ္လို႔ ကုလသမဂၢက ေျပာလိုက္ပါတယ္။ အဲဒီထဲမွာ ပညာေရး၊ အရြယ္မေရာက္ေသးခင္ အိမ္ေထာင္ခ်ထားမႈ၊ အိမ္တြင္းအၾကမ္းဖက္မႈနဲ႔ စီးပြားေရး စတာေတြ ပါဝင္တယ္လို႔ ေျပာပါတယ္။

ေရွ႕ႏွစ္က်ရင္ ကမာၻေပၚက အမ်ိဳးသမီးနဲ႔ မိန္းကေလး ၄၃၅ သန္းေလာက္ဟာ ဝင္ေငြ တေန႔ကို အေမရိကန္ေဒၚလာ ၁ ေဒၚလာနဲ႔ ျပား ၉၀ ထက္နည္းမွာ ျဖစ္တယ္လို႔ ကုလသမဂၢရဲ႕ အျပည္ျပည္ဆုိင္ရာ မိန္းကေလးမ်ားေန႔ အထိမ္းအမွတ္ အင္တာနက္စာမ်က္ႏွာက ေဖာ္ျပလိုက္ပါတယ္။ ဒါ့အျပင္ အဲဒီထဲမွာ ၄၇ သန္းက COVID-19 ကပ္ေရာဂါေၾကာင့္ ဆင္းရဲမဲြေတမႈဒဏ္ကို ခံၾကရမွာျဖစ္တယ္လို႔ ေျပာပါတယ္။

ကပ္ေရာဂါျပႆနာေၾကာင့္ မိန္းကေလးေတြအတြက္ စီးပြားေရးနဲ႔ ပညာေရး ဆုံး႐ႈံးမႈေတြ ျဖစ္ေပၚေစၿပီး အဲဒီကေန အၾကမ္းဖက္မႈေတြလည္း တုိးလာေစတယ္လို႔ ေျပာပါတယ္။

ကပ္ေရာဂါမတုိင္ခင္ အခ်ိန္မွာကတည္းက အမ်ိဳးသမီး ၃ ေယာက္မွာ ၁ ေယာက္ဟာ ကိုယ္ထိလက္ေရာက္ အၾကမ္းဖက္ခံရတာ ဒါမွမဟုတ္ လိင္ပိုင္းဆုိင္ရာအရ အၾကမ္းဖက္ခံရတယ္လို႔ ကုလသမဂၢက ေျပာပါတယ္။

ေနာက္ထပ္ ထြက္ေပၚလာတဲ့ အခ်က္အလက္ေတြအရေတာ့ ကပ္ေရာဂါ စျဖစ္ခ်ိန္ကစၿပီး အမ်ိဳးသမီးေတြနဲ႔ မိန္းကေလးငယ္ေတြအေပၚ အၾကမ္းဖက္မႈ အထူးသျဖင့္ အိမ္တြင္းအၾကမ္းဖက္မႈေတြဟာ ပိုၿပီးေတာ့ မ်ားလာေနတယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကပ်ရောဂါကြောင့် အမျိုးသမီးငယ်များ အခွင့်အရေး ပိုထိခိုက်

ဒီနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ ဖြစ်ပါတယ်။ အခုလို ကမ္ဘာတဝန်းမှာ COVID-19 ကပ်ရောဂါ ကျရောက်နေတာနဲ့ စီးပွားရေး ကျဆင်းမှုတွေ ရှိနေတဲ့နှစ်အတွင်း မိန်းကလေးတွေအတွက် စိန်ခေါ်မှုတွေကို ပိုပြီးတော့ ဖြစ်စေခဲ့ပါတယ်။

မိန်းကလေးငယ်လေးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပိုပြီးတော့ ဆိုးရွားစေခဲ့တယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ အဲဒီထဲမှာ ပညာရေး၊ အရွယ်မရောက်သေးခင် အိမ်ထောင်ချထားမှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ စီးပွားရေး စတာတွေ ပါဝင်တယ်လို့ ပြောပါတယ်။

ရှေ့နှစ်ကျရင် ကမ္ဘာပေါ်က အမျိုးသမီးနဲ့ မိန်းကလေး ၄၃၅ သန်းလောက်ဟာ ဝင်ငွေ တနေ့ကို အမေရိကန်ဒေါ်လာ ၁ ဒေါ်လာနဲ့ ပြား ၉၀ ထက်နည်းမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ အထိမ်းအမှတ် အင်တာနက်စာမျက်နှာက ဖော်ပြလိုက်ပါတယ်။ ဒါ့အပြင် အဲဒီထဲမှာ ၄၇ သန်းက COVID-19 ကပ်ရောဂါကြောင့် ဆင်းရဲမွဲတေမှုဒဏ်ကို ခံကြရမှာဖြစ်တယ်လို့ ပြောပါတယ်။

ကပ်ရောဂါပြဿနာကြောင့် မိန်းကလေးတွေအတွက် စီးပွားရေးနဲ့ ပညာရေး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေပြီး အဲဒီကနေ အကြမ်းဖက်မှုတွေလည်း တိုးလာစေတယ်လို့ ပြောပါတယ်။

ကပ်ရောဂါမတိုင်ခင် အချိန်မှာကတည်းက အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်ဟာ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရတာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်ခံရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

နောက်ထပ် ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရတော့ ကပ်ရောဂါ စဖြစ်ချိန်ကစပြီး အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှု အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုတွေဟာ ပိုပြီးတော့ များလာနေတယ်လို့ ပြောပါတယ်။

XS
SM
MD
LG