သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၄ မွာ လကမၻာေပၚကုိ အမ်ဳိးသမီးေစလႊတ္ႏုိင္ဖုိ႔ နာဆာ စီစဥ္ေန


(NASA)

(Zawgyi/Unicode)

NASA လို႔ အတိုေခါက္ေခၚတဲ့ အေမရိကန္အမ်ိဳးသားအာကာသစူးစမ္းေလ့လာေရးေအဂ်င္စီ အေနနဲ႔၂၀၂၄ ခုႏွစ္က်ရင္ လေပၚမွာ ပထမဆံုး အမ်ိဳးသမီး စဆင္းသက္ႏိုင္ဖို႔ စီစဥ္ေနေၾကာင္း ထုတ္ျပန္လိုက္ပါတယ္။

ဒီ NASA အဖြဲ႔ အုပ္ခ်ဳပ္ေရးမူး Jim Bridenstine က ၁၉၇၂ ခုႏွစ္ေနာက္ပိုင္း ပထမဆံုးလူသားအျဖစ္ လကမာၻေပၚ ျပန္ေျခခ်ႏိုင္ဖို႔ ဒီအစီအစဥ္ဟာ အေမရိကန္ေဒၚလာ ၂၈ ဘီလီယ်ံကုန္က်မွာျဖစ္တယ္လို႔ ဆိုပါတယ္။

Bridenstine ကပဲ အခုလို လေပၚျပန္သြားရတာက သိပၸံပညာ စူးစမ္းမူ၊ စီးပြားေရးအက်ိဳးျဖစ္မူနဲ႔ မ်ိုးဆက္သစ္စူးစမ္းေလ့လာသူေတြအားက်ႏိုင္မူအတြက္ျဖစ္တယ္လို႔ တနလၤာေန႔က ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပလိုက္ပါတယ္။

ဒါ့အျပင္ Bridenstine ကပဲ၊ အခုလို စဥ္ဆက္မျပတ္ သြားေရာက္ေျခခ်ႏိုင္မူေၾကာင့္ အနီေရာင္ၿဂိဳလ္ႀကီးလို႔ သံုးႏႈန္းၿပီး အဂၤါၿဂိဳလ္ကို ရည္ရြယ္ကာ၊ အဲ့ဒီမွာလည္း ပထမဆံုးေျခခ်ႏိုင္ေရးအတြက္ အရွိန္ရေစတယ္လို႔ ဆက္ေျပာခဲ့ပါတယ္။

NASA ရဲ့ ခုလို အမ်ိဳးသမီးလူသားတစ္ဦးရဲ့ လကမာၻခရီးစဥ္ကို Artemis အစီအစဥ္လို႔ အမည္ေပးထားၿပီး၊ အာကာသယာဥ္မူးေတြအေနနဲ႔ လေပၚကို NASA ရဲ့ SLS လို႔အတိုေခါက္ေခၚတဲ့ ဒံုးပ်ံစနစ္သစ္နဲ႔ Orion (ေခၚ) ၾကယ္ကာတာအာကာသယာဥ္တို႔နဲ႔ လႊတ္တင္မွာပါ။

တိုက္႐ိုက္ လင့္ခ္

.........

၂၀၂၄ မှာ လကမ္ဘာပေါ်ကို အမျိုးသမီးစေလွှတ်နိုင်ဖို့ နာဆာ စီစဉ်နေ
(Unicode)

NASA လို့ အတိုခေါက်ခေါ်တဲ့ အမေရိကန်အမျိုးသားအာကာသစူးစမ်းလေ့လာရေးအေဂျင်စီ အနေနဲ့၂၀၂၄ ခုနှစ်ကျရင် လပေါ်မှာ ပထမဆုံး အမျိုးသမီး စဆင်းသက်နိုင်ဖို့ စီစဉ်နေကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ဒီ NASA အဖွဲ့ အုပ်ချုပ်ရေးမူး Jim Bridenstine က ၁၉၇၂ ခုနှစ်နောက်ပိုင်း ပထမဆုံးလူသားအဖြစ် လကမ္ဘာပေါ် ပြန်ခြေချနိုင်ဖို့ ဒီအစီအစဉ်ဟာ အမေရိကန်ဒေါ်လာ ၂၈ ဘီလီယျံကုန်ကျမှာဖြစ်တယ်လို့ ဆိုပါတယ်။

Bridenstine ကပဲ အခုလို လပေါ်ပြန်သွားရတာက သိပ္ပံပညာ စူးစမ်းမူ၊ စီးပွားရေးအကျိုးဖြစ်မူနဲ့ မျိုးဆက်သစ်စူးစမ်းလေ့လာသူတွေအားကျနိုင်မူအတွက်ဖြစ်တယ်လို့ တနင်္လာနေ့က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြလိုက်ပါတယ်။

ဒါ့အပြင် Bridenstine ကပဲ၊ အခုလို စဉ်ဆက်မပြတ် သွားရောက်ခြေချနိုင်မူကြောင့် အနီရောင်ဂြိုလ်ကြီးလို့ သုံးနှုန်းပြီး အင်္ဂါဂြိုလ်ကို ရည်ရွယ်ကာ၊ အဲ့ဒီမှာလည်း ပထမဆုံးခြေချနိုင်ရေးအတွက် အရှိန်ရစေတယ်လို့ ဆက်ပြောခဲ့ပါတယ်။

NASA ရဲ့ ခုလို အမျိုးသမီးလူသားတစ်ဦးရဲ့ လကမ္ဘာခရီးစဉ်ကို Artemis အစီအစဉ်လို့ အမည်ပေးထားပြီး၊ အာကာသယာဉ်မူးတွေအနေနဲ့ လပေါ်ကို NASA ရဲ့ SLS လို့အတိုခေါက်ခေါ်တဲ့ ဒုံးပျံစနစ်သစ်နဲ့ Orion (ခေါ်) ကြယ်ကာတာအာကာသယာဉ်တို့နဲ့ လွှတ်တင်မှာပါ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG