သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ပထမဆုံးလႊတ္တင္မယ့္ ကိုယ္ပိုင္ၿဂိဳဟ္တု


ပါေမာကၡခ်ဳပ္ ေဒါက္တာၾကည္သြင္, မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်, မိတ္ထီလာ
တိုက္႐ိုက္ လင့္ခ္

မိတၳီလာမွာရွိတဲ့ ျမန္မာႏိုင္ငံ ေလေၾကာင္းနဲ႔ အာကာသပညာတကၠသိုလ္ MAEU က အင္ဂ်င္နီယာေတြက ျမန္မာႏိုင္ငံအတြက္ ကိုယ္ပိုင္ၿဂိဳဟ္တုတစ္လုံးကို ပထမဆုံးလႊတ္တင္ဖို႔ လုပ္ေနပါၿပီ။ ဘယ္လိုၿဂိဳဟ္တု အမ်ိဳးအစားပါလဲ။ ဘာ့ေၾကာင့္ လႊတ္တင္ဖို႔ ႀကိဳးစားရတာပါလဲ။ အျပည့္အစုံကို သိရဖို႔ ပါေမာကၡခ်ဳပ္ ေဒါက္တာၾကည္သြင္ကို ဆက္သြယ္ေမးျမန္းတဲ့အခါ အခုလို စေျပာပါတယ္။

ေျဖ ။ ။ ကမာၻေျမေလ့လာေရး Earth Observation Satellite ပါ။ ဒီ Satellite မွာ က်ေနာ္တို႔ဟာက Micro Satellite အမ်ဳိးအစားပါ။ ကီလိုဂရမ္ ၅၀ ရိွတဲ့ Micro Satellite ကို ႏုိင္ငံတကာ အာကာသစခန္းကေန လႊတ္တင္ဖို႔ ရိွပါတယ္။

ေမး ။ ။ အခုလိုမ်ဳိး လႊတ္တင္ဖို႔ ဘာေၾကာင့္ ႀကိဳးစားရပါသလဲ ဆရာ။ ဘာေၾကာင့္ လႊတ္တင္တာလဲ။ ေျပာျပေပးပါ။

ေျဖ ။ ။ က်ေနာ္တို႔ ဆက္သြယ္ေရးက႑အေနနဲ႔ Intelsat နဲ႔ MyanmarSat I ဆိုၿပီးေတာ့ လုပ္ခဲ့ပါတယ္။ အဲဒါကေတာ့ Condo set အမ်ဳိးအစား - ဟိုမွာရိွတဲ့ Transporter ကို ဝယ္ၿပီးေတာ့ ျမန္မာ့ဆက္သြယ္ေရးက႑၊ အင္တာနက္ အသံုးျပဳမႈေတြ၊ ရုပ္သံထုတ္လုပ္မႈေတြအတြက္။ ေနာက္တခါၾကေတာ့ Joint-satellite ကို Intersat နဲ႔ က်ေနာ္တုိ႔ ျမန္မာဘက္ တဝက္ဆီ က်ခံၿပီး၊ ပါတဲ့ Transporter ကိုလည္း တဝက္ဆီေပါ့။ အဲဒါနဲ႔ လႊတ္ခဲ့တဲ့ဟာ ရိွပါတယ္။ ဒါေတြက လႊတ္ခဲ့တဲ့ ဆက္သြယ္ေရးက႑အတြက္ အမ်ားႀကီးအေထာက္အကူျပဳတယ္။ ေနာက္တခါ အင္တာနက္အသံုးျပဳမႈေတြ၊ broadcasting ေတြအတြက္ အေထာက္အကူျပဳတယ္။ သို႔ေသာ္ က်ေနာ္တို႔ဆီမွာက sectors ေတြက အမ်ားႀကီး စိုက္ပ်ဳိးေရး၊ ေမြးျမဴးေရး၊ သစ္ေတာ၊ ေရလုပ္ငန္း၊ သဘာဝေဘးအႏၱရာယ္ စသည္ျဖင့္ ဒါေတြအတြက္လဲ က်ေနာ္တို႔ ၿဂိဟ္တုလိုတယ္။ အဲဒီအတြက္က အခုေျပာေနတဲ့ ကမာၻေျမေလ့လာေရး ၿဂိဳင္တုပါ။ အဲဒီ ၿဂိဳဟ္တုကေန Satellite Images ေတြကို ေပးတယ္။ အဲဒီေပးတဲ့ images ေတြကို နည္းပညာနဲ႔ျပန္လုပ္ၿပီး သံုးႏုိင္တဲ့က႑ ေတာ္ေတာ္မ်ားမ်ားကို ေစေစာကေျပာတဲ့ ၿဂိဟ္တုကေန ပံ့ပိုးေပးႏုိင္တယ္။

ေမး ။ ။ ဒါေၾကာင့္ ဆရာတို႔ လႊတ္ဖို႔အတြက္ ႀကိဳးစားၾကတာေပါ့။ နည္းနည္းေလး ျပည့္ျပည့္စံုစံု ေျပာျပေပးပါ။ ဥပမာဆိုရင္ က႑တစ္ခုအလိုက္ ခြဲေျပာမယ္ဆိုရင္ စိုက္ပ်ဳိးေရးက႑မွာ ဘာေတြသံုးႏုိင္သလဲ အရင္ေျပာျပေပးပါ။

ေျဖ ။ ။ စိုက္ပ်ဳိးေရးက Crop Monitoring ေကာက္ပဲသီးႏံွေတြရဲ ႔ အေျခအေနေတြက ပိုးက်ေနလား။ သို႔မဟုတ္လဲ သူတို႔ရဲ ႔အပင္ေတြ ျဖစ္ထြန္းမႈအတြက္ ေျမၾသဇာေတြ လိုလား။ ဒါေတြက Satellite Images ရတဲ့ဟာကေန က်ေနာ္တုိ႔ Color Index ေတြနဲ႔ ျပန္ခြဲၿပီးေတာ့ - သေဘာက က်ေနာ္တို႔က ပိုးမႊားေတြက်တယ္၊ က်ဳိင္းေကာင္ေတြက်တဲ့ - Satellite ဓါတ္ပံုရိုက္လိုက္တယ္။ ရိုက္လိုက္တဲ့ ေပၚကေန ဘယ္ေနရာမွာေတာ့ ပိုးက်ေနတယ္ဆိုတာေတြကို အတိအက် ျပန္ၿပီးေတာ့ တြက္ထုတ္ယူလို႔ရတယ္။

ေမး ။ ။ စိုက္ပ်ဳိးေရးက႑အတြက္ အမ်ားႀကီး သံုးႏိုင္တာေပါ့။ သဘာဝေဘးအႏၱရာယ္ ကာကြယ္ေရးမွာေကာ ဆရာတို႔ အခုလႊတ္တင္မယ့္ ၿဂိဳဟ္တုက ဘာေတြသံုးႏိုင္ပါသလဲ။

ေျဖ ။ ။ သဘာဝေဘးအႏၱရာယ္ဆိုရင္ ဆုိပါစို႔ ေရႀကီးတယ္ - ေရႀကီးတဲ့ေနရာကို Flood Monitoring လုပ္လို႔ရတယ္။ အဲဒီကေန က်ေနာ္တုိ႔က ဘယ္ေလာက္ထိေအာင္ ထိခိုက္မႈ Damage ျဖစ္ႏိုင္လဲ။ ေရလႊတ္ရာေတြကို ဘယ္လို စီမံခန္႔ခြဲၾကမလဲ Disaster Management - ေနာက္တခါ အခုလႊတ္မယ့္ဟာက Weather အတြက္လည္း Forecasting လုပ္လို႔ရတယ္။ Thunderstorm တစ္ခုက ဘယ္ကိုသြားေနတယ္။ ဘယ္ေလာက္ႏႈန္းနဲ႔ တိုက္ေနတယ္ဆုိတဲ့ မိုးေလဝသခန္႔မွန္းတြက္ခ်က္မႈကိုလဲ ပိုၿပီးတိက်ေအာင္ လုပ္ေပးႏိုင္တယ္။

ေမး ။ ။ ဆိုေတာ့ စိုက္ပ်ဳိးေရးရယ္၊ မိုးေလဝသရယ္၊ ရာသီဥတုရယ္ၿပီးေတာ့ တျခားဘယ္ေနရာေတြမွာ သံုးႏုိင္ပါေသးလဲ။

ေျဖ ။ ။ ဒီ Satellite Image က GIS နည္းပညာေတြနဲ႔ဆိုေတာ့ Survey ေတြ ေဆာက္လုပ္ေရးဝန္ႀကီးဌာနကသံုးတဲ့ Land Use ေတြ၊ ေနာက္တစ္ခါ သစ္ေတာေတြရယ္ အေနအထားေတြ၊ Deforestation ေတြ ဘယ္လိုျဖစ္ေနလဲ။ သစ္ေတာေတြျပဳန္းတီးမႈ ဘယ္လိုရိွေနလဲ။ ဘယ္ေနရာေတြမွာ ဘယ္လို Cover ျဖစ္ေအာင္ ျပန္လုပ္လို႔ရမလဲဆိုတဲ့ဟာေတြ Land Use နဲ႔ ပတ္သက္တာေတြ။ ေနာက္တစ္ခါ Urban Planning ေတြမွာလဲ ရလာတဲ့ Satellite Image ေတြကေန GIS Technology ေပါင္းၿပီး အသံုးခ်မယ္ဆိုရင္ ရပါတယ္။ ေနာက္ဆံုးေတာ့ က်ေနာ္တို႔က National Planning လုပ္တဲ့အခ်ိန္အထိကိုပဲ Satellite Image ေတြက အမ်ားႀကီးအေထာက္အကူ ေပးႏိုင္ပါတယ္။

ေမး ။ ။ ေတာ္ေတာ္ေလး အသံုးက်တယ္။ ဆရာ ေစာေစာက ေျပာသြားတဲ့အထဲမွာ ျမန္မာႏိုင္ငံက --One and Two အတြက္ ဆရာတို႔ဘက္က ဘာေတြအေထာက္အကူ ေပးရပါလဲ။

ေျဖ ။ ။ Communication Satellite ကေတာ့ က်ေနာ္တို႔သြားၿပီးေတာ့ Monosat ထဲမွာရိွတယ္၊ က်ေနာ္တို႔ႏိုင္သေလာက္ Transporter ဝယ္ၿပီး ဆက္သြယ္ေရးဌာနကို အင္တာနက္၊ ရုပ္သံထုတ္လႊင့္တာတုိ႔ကို အသံုးခ်တယ္။ ေနာက္ဒုတိယတစ္ဆင့္ Joint-sat က Intelsat နဲ႔ ျမန္မာနဲ႔ တစ္ဝက္စီ။ အဲဒီပိုင္းမွာ က်ေနာ္တို႔က နည္းပညာအားျဖင့္ေတာ့ Intelsat က ပဲ အကုန္လုပ္တယ္။ က်ေနာ္တုိ႔က ပိုက္ဆံထည့္ဝင္ေပးတယ္ရယ္၊ က်ေနာ္တို႔ရလာတဲ့ အသံုးခ်ရတာ ဒါပဲရိွတယ္။ အခု အေကာင္အထည္ေဖာ္မယ့္ ကမာၻေျမေလ့လာေရးၿဂိဳဟ္တုကေတာ့ ေဆာက္တာျပဳတာ အကုန္လံုးအလံုးစံု ကိုယ့္ဆီကပိုင္တဲ့ ၿဂိဳဟ္တု ျဖစ္တယ္။ ေနာက္တစ္ခါ ဒီအစီအစဥ္ထဲမွာပဲ နည္းပညာလႊဲေျပာင္းမႈဆိုတဲ့ ဒီၿဂိဳဟ္တုတစ္ခုကို ဘယ္လိုဒီဇုိုင္းလုပ္မလဲ။ ဘယ္လိုတည္ေဆာက္မလဲ။ လႊတ္တင္မယ့္၊ ဘယ္လိုထိန္းေက်ာင္းမလဲ။ ရလာတဲ့ Images ေတြကို ဘယ္လိုအသံုးခ်မလဲ။ ဒီဟာေတြအတြက္ က်ေနာ္တုိ႔က HR Training ေတြလည္း ဒီအထဲမွာပါမွာပါ။ ဆိုေတာ့ ဒီဟာကို Long term အတြက္ပါ ရည္ရြယ္ထားပါတယ္။ ဒါကေတာ့ အကုန္အလံုးစံု ပိုင္တဲ့ ၿဂိဳဟ္တု ျဖစ္ပါတယ္။ ဟိုဟာေတြကေတာ့ တစ္ဝက္စီနဲ႔ ငွားတာေတြနဲ႔ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္မို႔ အခု Micro Satellite ကေတာ့ ကုန္က်စရိတ္လည္း သက္သာတယ္။ တည္ေဆာက္ရ၊ လႊတ္တင္ရစရိတ္ေတြလည္း သက္သာပါတယ္။

ေမး ။ ။ Micro Satellite ဆိုတဲ့ ဘာလဲ။ နည္းနည္းေျပာျပေပးပါ။

ေျဖ ။ ။ Satellite ေတြကို သူတို႔ရဲ ႔ Weigh အေလးခ်ိန္ေပၚ မူတည္ၿပီး အတန္းအစား ခြဲတာေပါ့။ ဥပမာ Communication Satellite ေတြ။ တခ်ဳိ ႔ဆိုရင္ ႏွစ္တန္၊ သံုးတန္ေလာက္အထိ ေလးတယ္။ ေနာက္တစ္ခါ Geo Station ဆိုတဲ့ ကမာၻပတ္လမ္းေၾကာင္းက အေဝးႀကီး၊ ကီလိုမီတာ သံုးေသာင္း၊ ေလးေသာင္းထိေအာင္တင္တယ္။ ကမာၻႀကီးနဲ႔အတူတူ ကမာၻက ၂၄ နာရီ တစ္ပတ္လည္သလိုပဲ၊ ဒီၿဂိဳဟ္တုကလည္း ကမာၻတစ္ပတ္ပတ္ဖို႔ရာ ၂၄ နာရီၾကာတယ္။ ဒါေၾကာင့္မို႔ က်ေနာ္တုိ႔ Communicate လုပ္လို႔ရတယ္။ Broadcast လုပ္လို႔ရတယ္။ သူက အႀကီးဆံုး။ ေနာက္ Small Satellite ဆိုတာ ရိွေသးတယ္။ ဒါကေတာ့ ကီလိုတန္ တစ္ေထာင္နဲ႔ ငါးရာၾကားထဲေပါ့။ ကီလိုတစ္ရာကေတာ့ Micro Satellite ထဲမွာပါတယ္။ သူေအာက္နည္းတဲ့ Nao Satellite, Pico Satellite ဆိုိၿပီး သူတုိ႔ရဲ ႔ အေလးခ်ိန္ေပၚမူတည္ၿပီး ၿဂိဳဟ္တုအမ်ဳိးအစား ခြဲျခားၿပီးသတ္မွတ္တာေပါ့။

ေမး ။ ။ အခုလႊတ္တင္တဲ့ဟာက Micro Satellite ပါလား။ ဒီ Satellite က ကမာၻေျမကေန အျမင့္ဘယ္ေလာက္မွာ ရိွပါသလဲ။

ေျဖ ။ ။ ဟုတ္ပါတယ္ Micro Satellite ပါ။ ပထမ ဒီစီမံကိန္းမွာ ၿဂိဳဟ္တုနွစ္လံုး လႊတ္မွာပါ။ ပထမတစ္လံုးက လာမယ့္ ၂၀၂၁ ေဖေဖၚဝါရီလမွာ တင္မွာပါ။ တင္မွာက ကမာၻေျမအထက္ ကီလိုမီတာ ေလးရာနဲ႔ ေျခာက္ရာၾကားထဲမွာ ရိွမွာေပါ့။ ဒုတိယလံုးကေတာ့ ကီလိုမီတာ ေျခာက္ရာ ျဖစ္ပါတယ္။ Satellite မွာလဲ သူ႔သက္တမ္းနဲ႔သူ ရိွပါတယ္။ (၂) ႏွစ္ခြဲ (၃) ႏွစ္ ဝန္းက်င္မွာ သံုးလို႔ရတယ္။ ဆက္သြယ္ေရးၿဂိဳဟ္တုဆုိရင္ သူ႔သက္တမ္းက (၁၅) ႏွစ္။ တခါတည္း သတ္မွတ္ထားၿပီးသား။ သူ႔ရဲ ႔ ပိုသြားလို႔ရိွရင္လဲ နည္းနည္းပဲ အမ်ားႀကီး မပိုဘူး။ ဘာျဖစ္လုိ႔လဲဆိုေတာ့ သူ႔မွာ ၿဂိဳဟ္တုတစ္ခုကို ထိန္းေက်ာင္းဖို႔လိုတဲ့အရာေတြ ရိွတယ္။ အဲဒါ Satellite နဲ႔အတူ တြက္ခ်က္ၿပီးေတာ့ ထည့္လိုက္ရတယ္။ အဲဒီ Fuel ေတြ ကုန္တဲ့အခါမွာ ၿဂိဳဟ္တုႀကီးက ပ်က္ေတာ့မက်ေသးဘူး၊ ဒါေပမဲ့ ကိုယ့္ႏုိင္ငံေပၚမွာ ျဖတ္မသြားေတာ့ဘူး။ အဲဒီအခါ သူက သံုးမရ ျဖစ္ေတာ့တာေပါ့။ အဲဒီေပၚမူတည္ၿပီး က်ေနာ္တုိ႔က ဒီဇုိင္းအလိုက္ အဲဒါကို ႀကိဳတြက္ရပါတယ္။ ဆိုေတာ့ က်ေနာ္တို႔က ႏွစ္လံုးဆိုတဲ့ေနရာမွာ ပထမသက္တမ္းကုန္ခါနီးမွာ၊ ေနာက္တစ္လံုး လႊတ္ဖို႔ရာ။ အခုလက္ရိွ ပထမတစ္လံုးမွာေတာ့ က်ေနာ္တုိ႔ ရိွၿပီသား ဒီဇုိင္းေတြထဲက ကိုယ့္ႏိုင္ငံအတြက္ လိုအပ္ခ်က္နဲ႔ ကိုက္ညီတဲ့ ၿဂိဳဟ္တုအမ်ဳိးအစားကို လႊတ္မွာပါ။ အဲဒီအထဲမွာ က်ေနာ္တုိ႔ရဲ ႔ Requirements ေတြ အကုန္လံုးကိုက္တဲ့ဟာ ျဖစ္ခ်င္မွာ ျဖစ္အံုးမယ္။ ဒီၾကားထဲမွာ သူကိုသံုးမယ္။ သံုးေနရင္းက သူတုိ႔ရဲ ႔ လိုအပ္ခ်က္ေတြက ဘာေတြလဲဆိုတဲ့ Survey ေတြ ယူၿပီးရင္ ေနာက္ဒုတိယတစ္လံုးၾကေတာ့ ကိုယ္တိုင္အဲဒီအခ်ိန္မွာ ဒီဇိုင္းလုပ္ႏိုင္ၿပီ။ လုပ္ႏိုင္တဲ့အခ်ိန္မွာ ကိုယ့္ႏုိင္ငံရဲ ႔ လိုအပ္ခ်က္နဲ႔ ပိုၿပီးကိုက္ညီတဲ့ ဒီဇိုင္း လုပ္မွာပါ။ သံုးမယ္ Functions ေတြကေတာ့ ကမာၻေျမေလ့လာေရးပါပဲ။

ေမး ။ ။ ဒါဆိုလို႔ရိွရင္ ၿဂိဳဟ္တုႏွစ္လံုး လႊတ္တာက တစ္လံုးသက္တမ္းကုန္သြားလို႔ရိွရင္ ေနာက္တစ္လံုး သံုးဖို႔အတြက္ေပါ့။ ဆိုေတာ့ ဆရာတို႔ ျမန္မာႏိုင္ငံက ကိုယ္ပိုင္ၿဂိဳဟ္တုလႊတ္ဖို႔ ဘယ္ႏွစ္လံုးလႊတ္ဖို႔ ရာထားပါသလဲ။

ေျဖ ။ ။ အခု ဒီစီမံကိန္းထဲမွာ ေစာေစာကေျပာတဲ့ ၿဂိဳဟ္တုႏွစ္လံုးတင္တာ ရိွမယ္။ ေနာက္တစ္ခါ ကိုယ့္ၿဂိဳဟ္တုကို ထိန္းေက်ာင္းတဲ့ Ground Control Station ဒါလဲ ျမန္မာျပည္မွာထားရိွမယ္။ ကိုယ္တုိင္ေနာက္ပိုင္း ကိုယ့္ၿဂိဳဟ္တုကို ကိုယ္ဘာသာထိန္းေက်ာင္းမယ္။ အဲဒါအျပင္ ေနာက္ထပ္ဘာပါသလဲဆိုရင္ နည္းပညာရဖို႔အတြက္ Human Resources ေတြကို တစ္ခါတည္းတြဲၿပီးေတာ့ Train လုပ္မယ္။ Train လုပ္ရင္နဲ႔ Satellite Laboratory တစ္ခု ျမန္မာျပည္မွာ ထူေထာင္မယ္။ ထူေထာင္မယ္ဆိုတယ္ဆိုတာ ၿဂိဳဟ္တု Micro ေဆာက္ဖို႔အတြက္ လိုအပ္တဲ့ Equipment ေတြ တစ္ခါတည္း ဒီစီမံကိန္းထဲမွာပါတယ္။ ေနာက္ တတိယေျမာက္အလံုး၊ စတုတၳေျမာက္အလံုးဆိုရင္ လိုအပ္တဲ့ပစၥည္းပဲ ဝယ္ၿပီးေတာ့ ကိုယ့္ဘာသာကိုယ္ Develop လုပ္ႏိုင္တယ္ဆိုေတာ့ ကုန္က်စရိတ္ေတြ အမ်ားႀကီးသက္သာသြားမယ္။ ၿဂိဳဟ္တုေဆာက္ရမယ့္ နည္းပညာလည္း ပိုၿပီးေတာ့ရတာေပါ့။ ေလာေလာဆယ္ေတာ့ ကမာၻေျမေလ့လာေရးၿဂိဳဟ္တုကို Micro Satellite လုပ္တယ္။ အဲဒီၿဂိဳဟ္တုလုပ္တဲ့အပိုင္း ဒီဇိုင္းတြက္ခ်က္တာ၊ တည္ေဆာက္တာေတြ ကၽြမ္းက်င္တယ္ဆုိရင္ Micro Satellite နဲ႔ Communication ကို က်ေနာ္တို႔ ကူးယူမွာေပါ့။ ဒါဆိုရင္ ကိုယ့္ႏို္င္ငံရဲ ႔ ဆက္သြယ္ေရးက႑အတြက္၊ ကမာၻေျမေလ့လာေရးက႑အတြက္ ဒီၿဂိဳဟ္တုကို ကိုယ့္ဘာသာကိုယ္ Develop လုပ္ႏိုင္တဲ့အထိ က်ေနာ္တို႔က Long term ရည္ရြယ္တာေပါ့။

ေမး ။ ။ ေတာ္ေတာ္ဝမ္းသာစရာပါ။ ျမန္မာႏို္င္ငံကေန ဒီလိုမ်ဳိး လုပ္ႏိုင္တယ္ဆိုတာ။

ေျဖ ။ ။ က်ေနာ္တို႔က ဒီစီမံကိန္းလုပ္ရင္းနဲ႔ ေနာက္ထပ္ က်ေနာ္တုိ႔ တြဲၿပီးေတာ့ လုပ္ဖို႔ရာအတြက္ လမ္းညႊန္မႈျပဳထားတာကေတာ့ Space Agency ထူေထာင္မွာပါ။ Space Agency ဆိုတာကေတာ့ အာကာသနဲ႔ ပတ္သက္တဲ့ အကုန္လံုး မူဝါဒေတြ၊ International နဲ႔ Collaboration လုပ္တဲ့အခါမွာလဲ Focal Institution တစ္ခု လိုတာေပါ့။ က်ေနာ္တို႔က လက္ရိွက တကၠသိုလ္ Level ျဖစ္ေနတယ္။ လက္ရိွ က်ေနာ္တို႔က ASEAN မွာ က်န္တဲ့ UN Space Agency ေတြမွာ ေက်ာင္းက ျမန္မာႏိုင္ငံမွာေတာ့ Focal အေနနဲ႔ တာဝန္ယူၿပီး လုပ္ေပးေနတယ္။ သို႔ေသာ္ ဒီဘက္က Academic Call ရိွတဲ့အခါၾကေတာ့ သက္သက္ Agency ထူေထာင္လာလိုက္ရင္ Agency နဲ႔ ေက်ာင္း တြဲလုပ္ၿပီး သုေတသနေတြနဲ႔ အဲဒီအခ်ိန္မွာေတာ့ လက္ရိွေက်ာင္းသားေတြ ေက်ာင္းၿပီးတဲ့အခါ၊ လက္ရိွ ေက်ာင္းတက္ေနတဲ့အတြင္းမွာ အကုန္လံုး ပိုၿပီးပူးေပါင္းေဆာင္ရြက္ႏို္င္မယ္။ အာကာသနဲ႔ ပတ္သက္တဲ့ ၿဂိဳဟ္တုနည္းပညာနဲ႔ သူ႔ရဲ ႔အသံုးခ်မႈေတြ Develop ျဖစ္ဖို႔က ေအဂ်င္စီနဲ႔ ေက်ာင္းတို႔က Parallel တကယ့္ Partnership နဲ႔ က်ေနာ္တို႔ လုပ္သြားဖို႔ ရည္ရြယ္ထားပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၿဂိဳဟ္တုနည္းပညာကို သံုးႏိုင္တဲ့ဟာတစ္ခုက ႏိုင္ငံတစ္ခုရဲ ႔ တိုးတက္မႈမွာ အမ်ားႀကီး အေရးပါတယ္ဆိုတာ က်ေနာ္တို႔ သိတာေတာ့ ေတာ္ေတာ္ၾကာၿပီ၊ သို႔ေသာ္ လူႀကီးေတြရဲ ႔ စိတ္ဝင္စားမႈ၊ ေနာက္ ကိုယ့္ႏို္င္ငံရဲ ႔ ဘတ္ဂ်က္အေျခအေန ဒီဟာေတြေပၚ မူတည္ၿပီး လုပ္ျဖစ္ဖို႔ဆိုတာ ၾကာပါၿပီ။ က်ေနာ္တို႔ အိပ္မက္က ၂၀၀၀ ေက်ာ္ေက်ာ္ေလာက္ကတည္း ရိွခဲ့တာ။ အႏွစ္ (၂၀) ေလာက္ၾကာမွ အေကာင္အထည္ ေဖာ္ႏိုင္တာေပါ့။

ေမး ။ ။ ဒီလိုအေကာင္အထည္ေဖာ္ႏုိင္ေအာင္ ဆရာတို႔ ဘယ္ႏွစ္ငံေတြနဲ႔ ခ်ိတ္ဆက္ၿပီး ေဆာင္ရြက္ပါလဲ။

ေျဖ ။ ။ အခုလက္ရိွ ဒီစီမံကိန္းကေတာ့ ဂ်ပန္ႏိုင္ငံ Hokkaido တကၠသိုလ္နဲ႔ ပူးေပါင္းေဆာင္ရြက္မွာပါ။ ႏိုင္ငံေတာ္နဲ႔ ျပည္ေထာင္စုအစိုးရအဖြဲ႔ကလည္း မႏွစ္ စက္တင္ဘာ (၅) ရက္ေန႔က Cabinet အစည္းအေဝးမွာပဲ သေဘာတူခြင့္ျပဳခဲ့တာပါ။ ေစာေစာက တကၠသိုလ္အခ်င္းခ်င္း ပူးေပါင္းေဆာင္ရြက္တယ္ဆုိေပမယ့္ ဒါကေတာ့ ႏိုင္ငံေတာ္ဘတ္ဂ်က္က က်ခံတဲ့ စီမံကိန္းပါ။ ဆုိေတာ့ Satellite နည္းပညာမွာေတာ့ Hokkaido က နာမည္ရိွၿပီး၊ ကမာၻ႔အဆင့္ (၂) ေလာက္မွာ ရိွပါတယ္။

ေမး ။ ။ ဆရာတို႔ တကယ္တမ္း လႊတ္တင္မွာက ဘယ္ေန႔ပါလဲ။

ေျဖ ။ ။ ၂၀၂၀ ေဖေဖၚဝါရီမွာ နာဆာကေန တင္လႊတ္ေပးမွာပါ။ အေမရိကန္ space agency ကပါ။ အခုလက္ရိွေတာ့ ေဖေဖၚဝါရီလို႔ ေပးထားတာ ရိွတယ္။ ရက္အတိအက်ေတာ့ ပထမ Myanmar Sat II ဆိုရင္ က်ေနာ္တို႔ တကယ္လႊတ္ရမယ့္ Target Date နဲ႔ဆိုရင္ လေလာက္ကို ေနာက္ေရာက္သြားတာရိွတယ္။ လႊတ္မယ့္အခ်ိန္မွာရိွတဲ့ ရာသီဥတုတို႔ ဘာတို႔လဲ ရိွတာေပါ့။ ရက္ကေတာ့ အတိအက်ႀကီး မေျပာေသးဘူး။ သို႔ေသာ္ ေဖေဖၚဝါရီလထဲမွာ တင္မယ္။ တင္တယ္ဆိုတာ အဲဒီ ေဖေဖၚဝါရီလမွာ NASA က ဒံုးပ်ံက ႏိုင္ငံတကာ အာကာသစခန္းကိုသြားဖို႔ ရိွပါတယ္။ ကုမၸဏီၿဂိဳဟ္တုေတြ သယ္သြားၿပီးေတာ့ အာကာသစခန္းကို ပို႔တယ္။ အာကာသစခန္းကေနမွ က်ေနာ္တို႔က ၿဂိဳဟ္ပတ္လမ္းထဲကို မတ္လမွာ ျပန္ၿပီးထည့္ေပးမယ္။ အဲဒီမွာ က်ေနာ္တို႔ႏုိင္ငံေပၚကေန ပတ္မယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ အခုလို စိတ္ရွည္လက္ရွည္ ေျပာျပေပးတာ။

==Unicode==

မိတ္ထီလာမှာရှိတဲ့ မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသပညာတက္ကသိုလ် MAEU က အင်ဂျင်နီယာတွေက မြန်မာနိုင်ငံအတွက် ကိုယ်ပိုင်ဂြိုဟ်တုတလုံးကို ပထမဆုံးလွှတ်တင်ဖို့ လုပ်နေပါပြီ။ ဘယ်လိုဂြိုဟ်တု အမျိုးအစားပါလဲ။ ဘာ့ကြောင့် လွှတ်တင်ဖို့ ကြိုးစားရတာပါလဲ။ အပြည့်အစုံကို သိရဖို့ ပါမောက္ခချုပ် ဒေါက်တာကြည်သွင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို စပြောပါတယ်။

ဖြေ ။ ။ ကမ္ဘာမြေလေ့လာရေး Earth Observation Satellite ပါ။ ဒီ Satellite မှာ ကျနော်တို့ဟာက Micro Satellite အမျိုးအစားပါ။ ကီလိုဂရမ် ၅၀ ရှိတဲ့ Micro Satellite ကို နိုင်ငံတကာ အာကာသစခန်းကနေ လွှတ်တင်ဖို့ ရှိပါတယ်။

မေး ။ ။ အခုလိုမျိုး လွှတ်တင်ဖို့ ဘာကြောင့် ကြိုးစားရပါသလဲ ဆရာ။ ဘာကြောင့် လွှတ်တင်တာလဲ။ ပြောပြပေးပါ။

ဖြေ ။ ။ ကျနော်တို့ ဆက်သွယ်ရေးကဏ္ဍအနေနဲ့ Intelsat နဲ့ MyanmarSat I ဆိုပြီးတော့ လုပ်ခဲ့ပါတယ်။ အဲဒါကတော့ Condo set အမျိုးအစား - ဟိုမှာရှိတဲ့ Transporter ကို ဝယ်ပြီးတော့ မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၊ အင်တာနက် အသုံးပြုမှုတွေ၊ ရုပ်သံထုတ်လုပ်မှုတွေအတွက်။ နောက်တခါကြတော့ Joint-satellite ကို Intersat နဲ့ ကျနော်တို့ မြန်မာဘက် တဝက်ဆီ ကျခံပြီး၊ ပါတဲ့ Transporter ကိုလည်း တဝက်ဆီပေါ့။ အဲဒါနဲ့ လွှတ်ခဲ့တဲ့ဟာ ရှိပါတယ်။ ဒါတွေက လွှတ်ခဲ့တဲ့ ဆက်သွယ်ရေးကဏ္ဍအတွက် အများကြီးအထောက်အကူပြုတယ်။ နောက်တခါ အင်တာနက်အသုံးပြုမှုတွေ၊ broadcasting တွေအတွက် အထောက်အကူပြုတယ်။ သို့သော် ကျနော်တို့ဆီမှာက sectors တွေက အများကြီး စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သစ်တော၊ ရေလုပ်ငန်း၊ သဘာဝဘေးအန္တရာယ် စသည်ဖြင့် ဒါတွေအတွက်လဲ ကျနော်တို့ ဂြိဟ်တုလိုတယ်။ အဲဒီအတွက်က အခုပြောနေတဲ့ ကမ္ဘာမြေလေ့လာရေး ဂြိုင်တုပါ။ အဲဒီ ဂြိုဟ်တုကနေ Satellite Images တွေကို ပေးတယ်။ အဲဒီပေးတဲ့ images တွေကို နည်းပညာနဲ့ပြန်လုပ်ပြီး သုံးနိုင်တဲ့ကဏ္ဍ တော်တော်များများကို စေစောကပြောတဲ့ ဂြိဟ်တုကနေ ပံ့ပိုးပေးနိုင်တယ်။

မေး ။ ။ ဒါကြောင့် ဆရာတို့ လွှတ်ဖို့အတွက် ကြိုးစားကြတာပေါ့။ နည်းနည်းလေး ပြည့်ပြည့်စုံစုံ ပြောပြပေးပါ။ ဥပမာဆိုရင် ကဏ္ဍတစ်ခုအလိုက် ခွဲပြောမယ်ဆိုရင် စိုက်ပျိုးရေးကဏ္ဍမှာ ဘာတွေသုံးနိုင်သလဲ အရင်ပြောပြပေးပါ။

ဖြေ ။ ။ စိုက်ပျိုးရေးက Crop Monitoring ကောက်ပဲသီးနံှတွေရဲ့ အခြေအနေတွေက ပိုးကျနေလား။ သို့မဟုတ်လဲ သူတို့ရဲ့အပင်တွေ ဖြစ်ထွန်းမှုအတွက် မြေသြဇာတွေ လိုလား။ ဒါတွေက Satellite Images ရတဲ့ဟာကနေ ကျနော်တို့ Color Index တွေနဲ့ ပြန်ခွဲပြီးတော့ - သဘောက ကျနော်တို့က ပိုးမွှားတွေကျတယ်၊ ကျိုင်းကောင်တွေကျတဲ့ - Satellite ဓါတ်ပုံရိုက်လိုက်တယ်။ ရိုက်လိုက်တဲ့ ပေါ်ကနေ ဘယ်နေရာမှာတော့ ပိုးကျနေတယ်ဆိုတာတွေကို အတိအကျ ပြန်ပြီးတော့ တွက်ထုတ်ယူလို့ရတယ်။

မေး ။ ။ စိုက်ပျိုးရေးကဏ္ဍအတွက် အများကြီး သုံးနိုင်တာပေါ့။ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးမှာကော ဆရာတို့ အခုလွှတ်တင်မယ့် ဂြိုဟ်တုက ဘာတွေသုံးနိုင်ပါသလဲ။

ဖြေ ။ ။ သဘာဝဘေးအန္တရာယ်ဆိုရင် ဆိုပါစို့ ရေကြီးတယ် - ရေကြီးတဲ့နေရာကို Flood Monitoring လုပ်လို့ရတယ်။ အဲဒီကနေ ကျနော်တို့က ဘယ်လောက်ထိအောင် ထိခိုက်မှု Damage ဖြစ်နိုင်လဲ။ ရေလွှတ်ရာတွေကို ဘယ်လို စီမံခန့်ခွဲကြမလဲ Disaster Management - နောက်တခါ အခုလွှတ်မယ့်ဟာက Weather အတွက်လည်း Forecasting လုပ်လို့ရတယ်။ Thunderstorm တစ်ခုက ဘယ်ကိုသွားနေတယ်။ ဘယ်လောက်နှုန်းနဲ့ တိုက်နေတယ်ဆိုတဲ့ မိုးလေဝသခန့်မှန်းတွက်ချက်မှုကိုလဲ ပိုပြီးတိကျအောင် လုပ်ပေးနိုင်တယ်။

မေး ။ ။ ဆိုတော့ စိုက်ပျိုးရေးရယ်၊ မိုးလေဝသရယ်၊ ရာသီဥတုရယ်ပြီးတော့ တခြားဘယ်နေရာတွေမှာ သုံးနိုင်ပါသေးလဲ။

ဖြေ ။ ။ ဒီ Satellite Image က GIS နည်းပညာတွေနဲ့ဆိုတော့ Survey တွေ ဆောက်လုပ်ရေးဝန်ကြီးဌာနကသုံးတဲ့ Land Use တွေ၊ နောက်တစ်ခါ သစ်တောတွေရယ် အနေအထားတွေ၊ Deforestation တွေ ဘယ်လိုဖြစ်နေလဲ။ သစ်တောတွေပြုန်းတီးမှု ဘယ်လိုရှိနေလဲ။ ဘယ်နေရာတွေမှာ ဘယ်လို Cover ဖြစ်အောင် ပြန်လုပ်လို့ရမလဲဆိုတဲ့ဟာတွေ Land Use နဲ့ ပတ်သက်တာတွေ။ နောက်တစ်ခါ Urban Planning တွေမှာလဲ ရလာတဲ့ Satellite Image တွေကနေ GIS Technology ပေါင်းပြီး အသုံးချမယ်ဆိုရင် ရပါတယ်။ နောက်ဆုံးတော့ ကျနော်တို့က National Planning လုပ်တဲ့အချိန်အထိကိုပဲ Satellite Image တွေက အများကြီးအထောက်အကူ ပေးနိုင်ပါတယ်။

မေး ။ ။ တော်တော်လေး အသုံးကျတယ်။ ဆရာ စောစောက ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံက --One and Two အတွက် ဆရာတို့ဘက်က ဘာတွေအထောက်အကူ ပေးရပါလဲ။

ဖြေ ။ ။ Communication Satellite ကတော့ ကျနော်တို့သွားပြီးတော့ Monosat ထဲမှာရှိတယ်၊ ကျနော်တို့နိုင်သလောက် Transporter ဝယ်ပြီး ဆက်သွယ်ရေးဌာနကို အင်တာနက်၊ ရုပ်သံထုတ်လွှင့်တာတို့ကို အသုံးချတယ်။ နောက်ဒုတိယတစ်ဆင့် Joint-sat က Intelsat နဲ့ မြန်မာနဲ့ တစ်ဝက်စီ။ အဲဒီပိုင်းမှာ ကျနော်တို့က နည်းပညာအားဖြင့်တော့ Intelsat က ပဲ အကုန်လုပ်တယ်။ ကျနော်တို့က ပိုက်ဆံထည့်ဝင်ပေးတယ်ရယ်၊ ကျနော်တို့ရလာတဲ့ အသုံးချရတာ ဒါပဲရှိတယ်။ အခု အကောင်အထည်ဖော်မယ့် ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုကတော့ ဆောက်တာပြုတာ အကုန်လုံးအလုံးစုံ ကိုယ့်ဆီကပိုင်တဲ့ ဂြိုဟ်တု ဖြစ်တယ်။ နောက်တစ်ခါ ဒီအစီအစဉ်ထဲမှာပဲ နည်းပညာလွှဲပြောင်းမှုဆိုတဲ့ ဒီဂြိုဟ်တုတစ်ခုကို ဘယ်လိုဒီဇိုင်းလုပ်မလဲ။ ဘယ်လိုတည်ဆောက်မလဲ။ လွှတ်တင်မယ့်၊ ဘယ်လိုထိန်းကျောင်းမလဲ။ ရလာတဲ့ Images တွေကို ဘယ်လိုအသုံးချမလဲ။ ဒီဟာတွေအတွက် ကျနော်တို့က HR Training တွေလည်း ဒီအထဲမှာပါမှာပါ။ ဆိုတော့ ဒီဟာကို Long term အတွက်ပါ ရည်ရွယ်ထားပါတယ်။ ဒါကတော့ အကုန်အလုံးစုံ ပိုင်တဲ့ ဂြိုဟ်တု ဖြစ်ပါတယ်။ ဟိုဟာတွေကတော့ တစ်ဝက်စီနဲ့ ငှားတာတွေနဲ့ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ အခု Micro Satellite ကတော့ ကုန်ကျစရိတ်လည်း သက်သာတယ်။ တည်ဆောက်ရ၊ လွှတ်တင်ရစရိတ်တွေလည်း သက်သာပါတယ်။

မေး ။ ။ Micro Satellite ဆိုတဲ့ ဘာလဲ။ နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ Satellite တွေကို သူတို့ရဲ့ Weigh အလေးချိန်ပေါ် မူတည်ပြီး အတန်းအစား ခွဲတာပေါ့။ ဥပမာ Communication Satellite တွေ။ တချို့ဆိုရင် နှစ်တန်၊ သုံးတန်လောက်အထိ လေးတယ်။ နောက်တစ်ခါ Geo Station ဆိုတဲ့ ကမ္ဘာပတ်လမ်းကြောင်းက အဝေးကြီး၊ ကီလိုမီတာ သုံးသောင်း၊ လေးသောင်းထိအောင်တင်တယ်။ ကမ္ဘာကြီးနဲ့အတူတူ ကမ္ဘာက ၂၄ နာရီ တစ်ပတ်လည်သလိုပဲ၊ ဒီဂြိုဟ်တုကလည်း ကမ္ဘာတစ်ပတ်ပတ်ဖို့ရာ ၂၄ နာရီကြာတယ်။ ဒါကြောင့်မို့ ကျနော်တို့ Communicate လုပ်လို့ရတယ်။ Broadcast လုပ်လို့ရတယ်။ သူက အကြီးဆုံး။ နောက် Small Satellite ဆိုတာ ရှိသေးတယ်။ ဒါကတော့ ကီလိုတန် တစ်ထောင်နဲ့ ငါးရာကြားထဲပေါ့။ ကီလိုတစ်ရာကတော့ Micro Satellite ထဲမှာပါတယ်။ သူအောက်နည်းတဲ့ Nao Satellite, Pico Satellite ဆိုပြီး သူတို့ရဲ့ အလေးချိန်ပေါ်မူတည်ပြီး ဂြိုဟ်တုအမျိုးအစား ခွဲခြားပြီးသတ်မှတ်တာပေါ့။

မေး ။ ။ အခုလွှတ်တင်တဲ့ဟာက Micro Satellite ပါလား။ ဒီ Satellite က ကမ္ဘာမြေကနေ အမြင့်ဘယ်လောက်မှာ ရှိပါသလဲ။

ဖြေ ။ ။ ဟုတ်ပါတယ် Micro Satellite ပါ။ ပထမ ဒီစီမံကိန်းမှာ ဂြိုဟ်တုနှစ်လုံး လွှတ်မှာပါ။ ပထမတစ်လုံးက လာမယ့် ၂၀၂၁ ဖေဖေါ်ဝါရီလမှာ တင်မှာပါ။ တင်မှာက ကမ္ဘာမြေအထက် ကီလိုမီတာ လေးရာနဲ့ ခြောက်ရာကြားထဲမှာ ရှိမှာပေါ့။ ဒုတိယလုံးကတော့ ကီလိုမီတာ ခြောက်ရာ ဖြစ်ပါတယ်။ Satellite မှာလဲ သူ့သက်တမ်းနဲ့သူ ရှိပါတယ်။ (၂) နှစ်ခွဲ (၃) နှစ် ဝန်းကျင်မှာ သုံးလို့ရတယ်။ ဆက်သွယ်ရေးဂြိုဟ်တုဆိုရင် သူ့သက်တမ်းက (၁၅) နှစ်။ တခါတည်း သတ်မှတ်ထားပြီးသား။ သူ့ရဲ့ ပိုသွားလို့ရှိရင်လဲ နည်းနည်းပဲ အများကြီး မပိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ဂြိုဟ်တုတစ်ခုကို ထိန်းကျောင်းဖို့လိုတဲ့အရာတွေ ရှိတယ်။ အဲဒါ Satellite နဲ့အတူ တွက်ချက်ပြီးတော့ ထည့်လိုက်ရတယ်။ အဲဒီ Fuel တွေ ကုန်တဲ့အခါမှာ ဂြိုဟ်တုကြီးက ပျက်တော့မကျသေးဘူး၊ ဒါပေမဲ့ ကိုယ့်နိုင်ငံပေါ်မှာ ဖြတ်မသွားတော့ဘူး။ အဲဒီအခါ သူက သုံးမရ ဖြစ်တော့တာပေါ့။ အဲဒီပေါ်မူတည်ပြီး ကျနော်တို့က ဒီဇိုင်းအလိုက် အဲဒါကို ကြိုတွက်ရပါတယ်။ ဆိုတော့ ကျနော်တို့က နှစ်လုံးဆိုတဲ့နေရာမှာ ပထမသက်တမ်းကုန်ခါနီးမှာ၊ နောက်တစ်လုံး လွှတ်ဖို့ရာ။ အခုလက်ရှိ ပထမတစ်လုံးမှာတော့ ကျနော်တို့ ရှိပြီသား ဒီဇိုင်းတွေထဲက ကိုယ့်နိုင်ငံအတွက် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဂြိုဟ်တုအမျိုးအစားကို လွှတ်မှာပါ။ အဲဒီအထဲမှာ ကျနော်တို့ရဲ့ Requirements တွေ အကုန်လုံးကိုက်တဲ့ဟာ ဖြစ်ချင်မှာ ဖြစ်အုံးမယ်။ ဒီကြားထဲမှာ သူကိုသုံးမယ်။ သုံးနေရင်းက သူတို့ရဲ့ လိုအပ်ချက်တွေက ဘာတွေလဲဆိုတဲ့ Survey တွေ ယူပြီးရင် နောက်ဒုတိယတစ်လုံးကြတော့ ကိုယ်တိုင်အဲဒီအချိန်မှာ ဒီဇိုင်းလုပ်နိုင်ပြီ။ လုပ်နိုင်တဲ့အချိန်မှာ ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ပိုပြီးကိုက်ညီတဲ့ ဒီဇိုင်း လုပ်မှာပါ။ သုံးမယ် Functions တွေကတော့ ကမ္ဘာမြေလေ့လာရေးပါပဲ။

မေး ။ ။ ဒါဆိုလို့ရှိရင် ဂြိုဟ်တုနှစ်လုံး လွှတ်တာက တစ်လုံးသက်တမ်းကုန်သွားလို့ရှိရင် နောက်တစ်လုံး သုံးဖို့အတွက်ပေါ့။ ဆိုတော့ ဆရာတို့ မြန်မာနိုင်ငံက ကိုယ်ပိုင်ဂြိုဟ်တုလွှတ်ဖို့ ဘယ်နှစ်လုံးလွှတ်ဖို့ ရာထားပါသလဲ။

ဖြေ ။ ။ အခု ဒီစီမံကိန်းထဲမှာ စောစောကပြောတဲ့ ဂြိုဟ်တုနှစ်လုံးတင်တာ ရှိမယ်။ နောက်တစ်ခါ ကိုယ့်ဂြိုဟ်တုကို ထိန်းကျောင်းတဲ့ Ground Control Station ဒါလဲ မြန်မာပြည်မှာထားရှိမယ်။ ကိုယ်တိုင်နောက်ပိုင်း ကိုယ့်ဂြိုဟ်တုကို ကိုယ်ဘာသာထိန်းကျောင်းမယ်။ အဲဒါအပြင် နောက်ထပ်ဘာပါသလဲဆိုရင် နည်းပညာရဖို့အတွက် Human Resources တွေကို တစ်ခါတည်းတွဲပြီးတော့ Train လုပ်မယ်။ Train လုပ်ရင်နဲ့ Satellite Laboratory တစ်ခု မြန်မာပြည်မှာ ထူထောင်မယ်။ ထူထောင်မယ်ဆိုတယ်ဆိုတာ ဂြိုဟ်တု Micro ဆောက်ဖို့အတွက် လိုအပ်တဲ့ Equipment တွေ တစ်ခါတည်း ဒီစီမံကိန်းထဲမှာပါတယ်။ နောက် တတိယမြောက်အလုံး၊ စတုတ္ထမြောက်အလုံးဆိုရင် လိုအပ်တဲ့ပစ္စည်းပဲ ဝယ်ပြီးတော့ ကိုယ့်ဘာသာကိုယ် Develop လုပ်နိုင်တယ်ဆိုတော့ ကုန်ကျစရိတ်တွေ အများကြီးသက်သာသွားမယ်။ ဂြိုဟ်တုဆောက်ရမယ့် နည်းပညာလည်း ပိုပြီးတော့ရတာပေါ့။ လောလောဆယ်တော့ ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုကို Micro Satellite လုပ်တယ်။ အဲဒီဂြိုဟ်တုလုပ်တဲ့အပိုင်း ဒီဇိုင်းတွက်ချက်တာ၊ တည်ဆောက်တာတွေ ကျွမ်းကျင်တယ်ဆိုရင် Micro Satellite နဲ့ Communication ကို ကျနော်တို့ ကူးယူမှာပေါ့။ ဒါဆိုရင် ကိုယ့်နိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍအတွက်၊ ကမ္ဘာမြေလေ့လာရေးကဏ္ဍအတွက် ဒီဂြိုဟ်တုကို ကိုယ့်ဘာသာကိုယ် Develop လုပ်နိုင်တဲ့အထိ ကျနော်တို့က Long term ရည်ရွယ်တာပေါ့။

မေး ။ ။ တော်တော်ဝမ်းသာစရာပါ။ မြန်မာနိုင်ငံကနေ ဒီလိုမျိုး လုပ်နိုင်တယ်ဆိုတာ။

ဖြေ ။ ။ ကျနော်တို့က ဒီစီမံကိန်းလုပ်ရင်းနဲ့ နောက်ထပ် ကျနော်တို့ တွဲပြီးတော့ လုပ်ဖို့ရာအတွက် လမ်းညွှန်မှုပြုထားတာကတော့ Space Agency ထူထောင်မှာပါ။ Space Agency ဆိုတာကတော့ အာကာသနဲ့ ပတ်သက်တဲ့ အကုန်လုံး မူဝါဒတွေ၊ International နဲ့ Collaboration လုပ်တဲ့အခါမှာလဲ Focal Institution တစ်ခု လိုတာပေါ့။ ကျနော်တို့က လက်ရှိက တက္ကသိုလ် Level ဖြစ်နေတယ်။ လက်ရှိ ကျနော်တို့က ASEAN မှာ ကျန်တဲ့ UN Space Agency တွေမှာ ကျောင်းက မြန်မာနိုင်ငံမှာတော့ Focal အနေနဲ့ တာဝန်ယူပြီး လုပ်ပေးနေတယ်။ သို့သော် ဒီဘက်က Academic Call ရှိတဲ့အခါကြတော့ သက်သက် Agency ထူထောင်လာလိုက်ရင် Agency နဲ့ ကျောင်း တွဲလုပ်ပြီး သုတေသနတွေနဲ့ အဲဒီအချိန်မှာတော့ လက်ရှိကျောင်းသားတွေ ကျောင်းပြီးတဲ့အခါ၊ လက်ရှိ ကျောင်းတက်နေတဲ့အတွင်းမှာ အကုန်လုံး ပိုပြီးပူးပေါင်းဆောင်ရွက်နိုင်မယ်။ အာကာသနဲ့ ပတ်သက်တဲ့ ဂြိုဟ်တုနည်းပညာနဲ့ သူ့ရဲ့အသုံးချမှုတွေ Develop ဖြစ်ဖို့က အေဂျင်စီနဲ့ ကျောင်းတို့က Parallel တကယ့် Partnership နဲ့ ကျနော်တို့ လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂြိုဟ်တုနည်းပညာကို သုံးနိုင်တဲ့ဟာတစ်ခုက နိုင်ငံတစ်ခုရဲ့ တိုးတက်မှုမှာ အများကြီး အရေးပါတယ်ဆိုတာ ကျနော်တို့ သိတာတော့ တော်တော်ကြာပြီ၊ သို့သော် လူကြီးတွေရဲ့ စိတ်ဝင်စားမှု၊ နောက် ကိုယ့်နိုင်ငံရဲ့ ဘတ်ဂျက်အခြေအနေ ဒီဟာတွေပေါ် မူတည်ပြီး လုပ်ဖြစ်ဖို့ဆိုတာ ကြာပါပြီ။ ကျနော်တို့ အိပ်မက်က ၂၀၀၀ ကျော်ကျော်လောက်ကတည်း ရှိခဲ့တာ။ အနှစ် (၂၀) လောက်ကြာမှ အကောင်အထည် ဖော်နိုင်တာပေါ့။

မေး ။ ။ ဒီလိုအကောင်အထည်ဖော်နိုင်အောင် ဆရာတို့ ဘယ်နှစ်ငံတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပါလဲ။

ဖြေ ။ ။ အခုလက်ရှိ ဒီစီမံကိန်းကတော့ ဂျပန်နိုင်ငံ Hokkaido တက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်မှာပါ။ နိုင်ငံတော်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကလည်း မနှစ် စက်တင်ဘာ (၅) ရက်နေ့က Cabinet အစည်းအဝေးမှာပဲ သဘောတူခွင့်ပြုခဲ့တာပါ။ စောစောက တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တယ်ဆိုပေမယ့် ဒါကတော့ နိုင်ငံတော်ဘတ်ဂျက်က ကျခံတဲ့ စီမံကိန်းပါ။ ဆိုတော့ Satellite နည်းပညာမှာတော့ Hokkaido က နာမည်ရှိပြီး၊ ကမ္ဘာ့အဆင့် (၂) လောက်မှာ ရှိပါတယ်။

မေး ။ ။ ဆရာတို့ တကယ်တမ်း လွှတ်တင်မှာက ဘယ်နေ့ပါလဲ။

ဖြေ ။ ။ ၂၀၂၀ ဖေဖေါ်ဝါရီမှာ နာဆာကနေ တင်လွှတ်ပေးမှာပါ။ အမေရိကန် space agency ကပါ။ အခုလက်ရှိတော့ ဖေဖေါ်ဝါရီလို့ ပေးထားတာ ရှိတယ်။ ရက်အတိအကျတော့ ပထမ Myanmar Sat II ဆိုရင် ကျနော်တို့ တကယ်လွှတ်ရမယ့် Target Date နဲ့ဆိုရင် လလောက်ကို နောက်ရောက်သွားတာရှိတယ်။ လွှတ်မယ့်အချိန်မှာရှိတဲ့ ရာသီဥတုတို့ ဘာတို့လဲ ရှိတာပေါ့။ ရက်ကတော့ အတိအကျကြီး မပြောသေးဘူး။ သို့သော် ဖေဖေါ်ဝါရီလထဲမှာ တင်မယ်။ တင်တယ်ဆိုတာ အဲဒီ ဖေဖေါ်ဝါရီလမှာ NASA က ဒုံးပျံက နိုင်ငံတကာ အာကာသစခန်းကိုသွားဖို့ ရှိပါတယ်။ ကုမ္ပဏီဂြိုဟ်တုတွေ သယ်သွားပြီးတော့ အာကာသစခန်းကို ပို့တယ်။ အာကာသစခန်းကနေမှ ကျနော်တို့က ဂြိုဟ်ပတ်လမ်းထဲကို မတ်လမှာ ပြန်ပြီးထည့်ပေးမယ်။ အဲဒီမှာ ကျနော်တို့နိုင်ငံပေါ်ကနေ ပတ်မယ်။

ဒေါ်ခင်မျိုးသက် ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို စိတ်ရှည်လက်ရှည် ပြောပြပေးတာ။

XS
SM
MD
LG