သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အဂၤါၿဂိဳဟ္ စူးစမ္းေလ့လာေရး နာဆာ ျမန္မာသိပၸံပညာရွင္ ေမးျမန္းခန္း


နာဆာသိပၸံပညာရွင္ ေဒါက္တာ ပေဒသာတင္
အဂၤါၿဂိဳဟ္ စူးစမ္းေလ့လာေရး
please wait

No media source currently available

0:00 0:12:00 0:00
တိုက္႐ိုက္ လင့္ခ္

အဂၤါၿဂိဳဟ္ကို ေလ့လာဖို႔ ျမန္မာပညာရွင္ ဦးေဆာင္တဲ့အဖြဲ႔ရဲ ႔ ရဟတ္ယာဥ္ အပါအဝင္ သိပၸံဆိုင္ရာ စူးစမ္းတဲ့ စက္ပစၥည္းေတြ လႊတ္တင္လိုက္တဲ့ နာဆာ (NASA) အေမရိကန္ အာကာသစူးစမ္းေရးအဖြဲ႔ရဲ ႔ ၂၀၂၀ အဂၤါၿဂိဳဟ္စူးစမ္းေရးအစီစဥ္နဲ႔ ပတ္သက္ၿပီး နာဆာသိပၸံပညာရွင္ ေဒါက္တာ ပေဒသာတင္ကို Online ကေန ဆက္သြယ္ေမးျမန္းထားတာ နားဆင္ႏိုင္ပါၿပီ။

ေမး ။ ။ ေဒါက္တာပေဒသာတင္ မဂၤလာပါ။ ၂၀၂၀ မွာလုပ္္တဲ့ နာဆာရဲ ႔ အဂၤါၿဂိဳဟ္နဲ႔ ပတ္သက္ၿပီးေတာ့ အဂၤါၿဂိဳဟ္စူးစမ္းေလ့လာေရးနဲ႔ ပတ္သက္ၿပီးေတာ့ နည္းနည္းေျပာျပေပးပါ။ ဒီႏွစ္ဘာေတြလုပ္မယ္ဆိုတာကို။

ေျဖ ။ ။ မဂၤလာပါ ေဒၚခင္မ်ဳိးသက္။ Mars Exploration Program ဆိုတာ ရိွပါတယ္။ အဲဒီ စီမံကိန္းက အဂၤါၿဂိဳဟ္ကို စူးစမ္းေလ့လာေရး စီမံကိန္း။ အဲဒီ စီမံကိန္းခ်ထားတာ ၾကာပါၿပီ။ လြန္ခဲ့တဲ့ အႏွစ္ (၂၀) (၂၅) ႏွစ္ေလာက္ကတည္းပါ။ အဂၤါၿဂိဳဟ္ကို ပထမဦးဆံုး ကင္းေထာက္ၿဂိဳဟ္တုေတြ လႊတ္တယ္။ ၿပီးေတာ့ အဂၤါၿဂိဳဟ္ရဲ ႔ ရာသီဥတုေတြကို တိုင္းရတာေပါ့။ ကိုယ္သြားမယ့္ ေနရာက ပူသလား၊ ေအးသလား မသိဘူးဆိုတာကို မသိဘဲနဲ႔ သြားလို႔မရဘူး။ စက္ရုပ္ေလးေတြ ပထမဦးဆံုး ႏွစ္ခုလႊတ္ပါတယ္။ တစ္ခုကေတာ့ battery down သြားၿပီးေတာ့ ပ်က္သြားပါတယ္။ ေနာက္တစ္ခုကေတာ့ တေရြ ႔ေရြ ႔နဲ႔ သြားေနတုန္းပါ။ ၿပီးခဲ့တဲ့ ၂၀၁၂ ခုႏွစ္က လႊတ္တင္လိုက္တဲ့ curiosity - အဲဒါကို က်ေနာ္ ေျပာဖူးပါတယ္။ ေမာင္စူးစမ္း၊ ေမာင္စပ္စု စက္ရုပ္ကေလးပါ။ သူကေန အလုပ္လုပ္ေနတာ အခုထိ လုပ္ေနတုန္းပါပဲ။ စက္ရုပ္ကေလး ဆင္းသြားတာ ေအာင္ျမင္ၿပီးသြားတဲ့အခါမွာ ဘူမိေဗဒ၊ ရူပေဗဒ - ရာသီဥတု အကုန္လံုးကို တိုင္းလို႔ရတဲ့ အခ်က္ေတြကို ဒီမွာရိွတဲ့ သိပၸံပညာရွင္ေတြက ေသေသခ်ာခ်ာ ေလ့လာၿပီးတဲ့အခါၾကေတာ့ ေကာင္းၿပီ၊ ဒီတစ္ေခါက္ အဂၤါၿဂိဳဟ္ေပၚကို ေနာက္တစ္ေခါက္ ဒီစက္ရုပ္က ေပါင္ (၂၀၀၀) ေက်ာ္ေက်ာ္ေလာက္ဆိုေတာ့ တစ္တန္ေလာက္ေလးတဲ့ ကားအေသးစားေလးတစ္ခုကို သူတုိ႔ အခုတင္ဖုိ႔အတြက္ ဇူလိုင္လ (၃၀) ရက္ေန႔မွာ အေမရိကန္ႏုိင္ငံက ဒုံးယာဥ္နဲ႔ပဲ လႊတ္တင္လိုက္ပါတယ္။

ေမး ။ ။ လႊတ္တင္လုိက္တဲ့ ဒံုးယာဥ္ နာမည္ဘယ္လိုေခၚပါသလဲ။

ေျဖ ။ ။ လႊတ္လိုက္တဲ့ ဒံုးပ်ံကေတာ့ Atlas 4 rocket ပါ။ Rocket ဒိုင္းကေန Design လုပ္တဲ့ Rocket ပါ။ အဲဒါက အဂၤါၿဂိဳဟ္ အသြားပဲရတယ္။ အဲဒါနဲ႔ လႊတ္လိုက္တာပါ။ Rocket မွာ Stage အဆင့္ ႏွစ္ဆင့္ ရိွပါတယ္။ ပထမအဆင့္က ၿဂိဳဟ္ပတ္လမ္းထဲကို ေရာက္တဲ့အထိကို တြန္းတင္ေပးလိုက္တာပါ။ တြန္းတင္ေပးလိုက္ၿပီးတဲ့အခါၾကမွ အဲဒီၿဂိဳဟ္ပတ္လမ္းကေန ကမာၻ႔ဆြဲအားကေန လြတ္သြားၿပီးတဲ့အခါၾကၿပီးမွ ဒုတိယအဆင့္ Second Stage Rocket နဲ႔ အဂၤါၿဂိဳဟ္ကို ဆက္သြားေနပါၿပီ။ ဘယ္ေတာ့ေလာက္ ေရာက္မလဲဆိုရင္ေတာ့ ေဖေဖၚဝါရီလလယ္ ပထမအပတ္၊ ဒုတိယအပတ္ဆိုရင္ ေရာက္သြားပါၿပီ။

ေမး ။ ။ ၂၀၂၁ မွာ ေရာက္မွာလား။

ေျဖ ။ ။ ၂၀၂၁ ေဖေဖၚဝါရီလေလာက္ဆို ေရာက္သြားမယ္ ျဖစ္ပါတယ္။

ေမး ။ ။ ဘာေတြ လႊတ္တင္လုိက္လဲ ေျပာျပေပးပါအံုး။

ေျဖ ။ ။ လႊတ္တင္လိုက္တဲ့အထဲမွာေတာ့ အဓိက စက္ရုပ္ကားေလးပါပဲ။ ဒီတစ္ေခါက္က အရင္တစ္ေခါက္လုိပါပဲ စက္ရုပ္ကားေလးပါပဲ။ ဒီစက္ရုပ္ကားေလးက Perseverance လို႔ ေခၚပါတယ္။ ျမန္မာလိုအဓိပၸါယ္ျပန္ရင္ေတာ့ ဇြဲ၊ လုံ႔လ၊ ဝီရိယ ေပါ့ေနာ္။ အဲဒီစက္႐ုပ္ ကားကေလးက တစ္တန္ေလာက္ ေလးတယ္။ သူက တစ္နာရီကို မီတာ တစ္ရားငါးဆယ္ေလာက္ ကိုက္ သုံး- ေလးရာေလာက္ပဲ သြားႏိုင္ပါတယ္။ အဲဒီမွာေတာ့ စက္ေတြက အမ်ားႀကီးပါ။

ေမး ။ ။ အဲဒီေတာ့ စက္ရုပ္ကားနာမည္က Perseverance နဲ႔ အတူတူ ပါသြားတဲ့ အဓိက စူးစမ္းေလ့လာတဲ့ ပစၥည္းေတြက ဘာေတြပါလဲ။

ေျဖ ။ ။ စူးစမ္းေလ့လာတဲ့ ပစၥည္းေတြက သိပၸံနည္းအရ စူးစမ္းေလ့လာတဲ့ဟာေတြက အားလံုးေပါင္း (၇) ခုေလာက္ပါပါတယ္။ က်ေနာ္တို႔ curiosity - ၂၀၁၂ ခုႏွစ္က လြန္ခဲ့တဲ့ (၈) ႏွစ္ေလာက္က လႊတ္လိုက္တဲ့ စက္ရုပ္ကားေလးတစ္ခု လႊတ္ၿပီးပါၿပီ။ အဲဒီကားေလးက အခုထိ အလုပ္လုပ္ေနတုန္းပဲ။ အဲဒီေပၚမွာပါတဲ့ ပစၥည္းေတြနီးပါးေလာက္ကို ပါၿပီးေတာ့၊ ဒီထက္ပိုေကာင္းတဲ့ ပစၥည္းေတြပါသြားပါတယ္။ အဓိကအားျဖင့္ေတာ့ သိပၸံနဲ႔ နည္းပညာနဲ႔ ပတ္သက္တဲ့ သိပၸံအခ်က္အလက္ေတြကို စုေဆာင္းေပးႏုိင္တဲ့ စက္အားလံုးေပါင္း (၇) မ်ဳိး ပါပါတယ္။ အဲဒီ (၇) မ်ဳိးကေတာ့ ဘာလဲဆိုရင္ x-ray lithochemistry လို႔ ေခၚပါတယ္ x-ray fluorescence မ်က္ႏွာျပင္ကိုၾကည့္ၿပီးတဲ့အခါၾကရင္ သူ႔ရဲ ႔မ်က္ႏွာျပင္ကေန x-ray ေရာင္ျခည္နဲ႔ လႊတ္လိုက္ၿပီးေတာ့ ထြက္လာတဲေရာင္ျခည္ကေန ျပန္တိုင္းတာ။ ေနာက္ၿပီးေတာ့ MEDA ဆိုတာ ရိွပါတယ္။ အဂၤါၿဂိဳဟ္ရဲ ႔ အပူခ်ိန္၊ ေလ၊ ေနာက္ၿပီးေတာ့ ေလထဲမွာရိွတဲ့ အမႈန္ေလးေတြရဲ ႔ အရြယ္အစား ဘယ္ေလာက္ရိွသလဲ။ အမႈန္ေတြက ဘယ္ေလာက္သိပ္သည္းမႈရိွလဲ။ အရြယ္ပမာဏပံုစံပါ ၾကည့္လို႔ရတဲ့ဟာ။ ၿပီးေတာ့ ေရေငြ႔စိုထိုင္းဆ relative humidity ေနာက္ၿပီးေတာ့ ဓါတ္ေရာင္ျခည္ ရွိမရွိ၊ အဲဒါေတြကို တိုင္းတဲ စက္တစ္ခု ပါပါတယ္။

ေနာက္တခုက စိတ္ဝင္စားဖို႔ သိပ္ေကာင္းပါတယ္။ ၂၀၃၀ ေနာက္ပိုင္း ၂၀၃၅ ႏွစ္ ေနာက္ပိုင္းမွာဆိုရင္ အဂၤါၿဂိဳဟ္ေပၚကို လူေတြသြားပါမယ္။ သြားတဲ့အခါၾကေတာ့ လူသတၱဝါျဖစ္တဲ့အတြက္ေၾကာင့္ အသက္ရွဴရမယ္။ အသက္ရွဴတာ ေအာက္စီဂ်င္ပဲ ရွဴလို႔ရပါတယ္။ ေလထဲမွာ ေအာက္စီဂ်င္ က်ေနာ္တို႔ အခုေလာေလာဆယ္ ကမာၻ႔ေလထုရဲ ႔ ေအာက္စီဂ်င္က ဘယ္ေလာက္ရိွသလဲဆိုရင္ ၂၀-၂၅ ရာခိုင္ႏႈန္းေလာက္ ရိွပါတယ္။ အဂၤါၿဂိဳဟ္ေပၚမွာ ေအာက္စီဂ်င္ လံုးဝမရိွပါဘူး။ ကာဗြန္ဒိုင္ေအာက္ဆုိဒ္ပဲ ရိွပါတယ္။ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကေန ကာဗြန္ရယ္၊ ေအာက္စီဂ်င္ႏွစ္လံုး ပါတဲ့အတြက္ သူကို crack သန္႔စင္ၿပီးေတာ့မွ ေအာက္စီဂ်င္ထုတ္လိုက္တယ္။ ဘာနဲ႔သြားတူသလဲဆိုရင္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ရွဴတာ သစ္ပင္ေတြ။ ညက်တဲ့အခါ သစ္ပင္ေတြက ေအာက္စီဂ်င္ ျပန္ထုတ္ေပးတယ္။ အဲဒီပံုစံမ်ဳိးလိုပဲ လုပ္လို႔ရတဲ့ဟာကို MOXIE လို႔ ေခၚပါတယ္။ အဲဒီစက္တစ္ခု ပါသြားပါတယ္။ သူကေတာ့ ေအာက္စီဂ်င္ကို ထုတ္ၿပီးေတာ့ ေအာက္စီဂ်င္ကိုေတာ့ သိမ္းမထားပါဘူး။ ေအာက္စီဂ်င္ ထုတ္လို႔ရမရဆိုတဲ့ စက္ကို ပထမဦးဆံုးစမ္းတဲ့စက္ပါ။ အဲဒါတစ္ခုပါ ပါသြားပါတယ္။

ေနာက္ Supercam ဆိုတာ တစ္ခုပါသြားပါတယ္။ Supercam က ဘာလဲဆိုရင္ ေလဆာေရာင္ျခည္ ႏွစ္ခုနဲ႔ Spectrometer အလင္းသန္႔စင္စက္။ သူက ေလဆာေရာင္ျခည္နဲ႔ အေဝးကို လွမ္းၿပီးပစ္လိုက္ၿပီးေတာ့ အေဝးကေန ေက်ာက္သားတို႔ ဘာတုိ႔ညာတို႔ရဲ ႔ ဓါတုေပါင္းစပ္မႈ ဘူမိေဗဒသဘာဝ အဲဒါကို တိုင္းတာပါ။ ေနာက္ Mass spec (Mass spectrometer) ဆိုတာ ရွိပါတယ္။ သူက stereoscopic ေပါ့။ ၾကည့္လိုက္တဲ့အခါ ရိုးရိုးကင္မရာႀကီး မဟုတ္ဘဲန႔၊ သံုးဘက္ျမင္ ဟာမ်ိဳးေလာက္ကို ေကာင္းတဲ့ stereoscopic ကင္မရာ တစ္ခုပါပါတယ္။ ေနာက္တခုက RIMFAX ဆိုတာ ပါပါတယ္။ ေရဒါ (RAdio Detection And Ranging - RADAR) ေပါ့ေနာ္။ ေပ (၄၀-၅၀) ေလာက္အထိကို ေရဒါနဲ႔ တိုင္းၿပီး အဲဒီကေန ဓါတ္သဘာဝ၊ ေရရွိသလား၊ ေက်ာက္ရွိသလား။ ဘယ္လိုေက်ာက္အမ်ိဳးအစား လဲ ဆိုတာကို သိႏိုင္တဲ့ စက္တစ္ခု ပါပါတယ္။

ေနာက္တခုက SHERLOC – Sherlock Holmes စံုေထာက္ကို အဆြဲျပဳၿပီးေတာ့ - သူကေတာ့ ခရမ္းလြန္ေရာင္ျခည္နဲ႔ ေလဆာေရာင္ျခည္သုံးတဲ့ Raman စက္ပစၥည္း တစ္ခုပါ။ သူကလဲ ဘာလဲဆိုရင္ Raman Spectrometer ဆိုတာ ရူပေဗဒ သေဘာအရဆိုရင္ ဓါတ္သဘာဝေတြ ေပါင္းစည္းမႈရဲ ႔ ေမာ္လီက်ဴးေတြ ဘယ္လိုဖြဲ႕ထားလဲ ဆိုတဲ့ဟာကို ေသေသခ်ာခ်ာ၊ တိတိက်က် တိုင္းလို႔ရပါတယ္။ အဲဒါက Ramanship ေတြပါ။
ဒီ့အျပင္ ဘာပါသြားသလဲဆိုရင္ မိုက္ခ႐ိုဖုံး ႏွစ္လုံးလည္း ပါပါတယ္။

ေမး ။ ။ မိုက္ခရိုဖုန္း ႏွစ္လံုးက ဘာလုပ္ဖို႔ပါလဲ။

ေျဖ ။ ။ မိုက္ခရိုဖုန္းႏွစ္လံုးကေတာ့ အသံဖမ္းတာေပါ့။ အဂၤါၿဂိဳဟ္ေပၚကို အဂၤါၿဂိဳဟ္ဆင္းတဲ့ယာဥ္ကေန စက္ရုပ္ေလးကို ကရိန္းနဲ႔ ဆြဲခ်လိုက္တဲ့အခါ အသံနားေထာင္ၿပီး၊ ဒီကရိန္းက လည္ပတ္ေနတာ ေကာင္းသလား၊ မေကာင္းဘူးလား။ ၿပီးတဲ့အခါ ဒီစက္ရံုေလး Perseverance အဲဒီ ဇြဲလံုးလ စက္ရုပ္ကားေလး သြားေနတဲ့အခါၾကရင္ အင္ဂ်င္သံ ညက္ေညာမႈ ရိွသလား၊ မရိွသလား။ စက္က ဘယ္ေနရာမွာ ခ်ဳိ ႔ယြင္းေနသလဲ။ ကားေမာင္းရင္ နားေထာင္သလိုေပါ့၊ ဘရိတ္ပ်က္ေနသလား။ အင္ဂ်င္လည္တာ မွန္ရဲ ႔လားဆိုတာကို နားေထာင္ၿပီးေတာ့ နားေထာင္လို႔ရေအာင္ မိုက္ခရိုဖုန္းေလးႏွစ္ခု ထည့္ေပးလိုက္တာပါ။

ေမး ။ ။ ဒါဆိုရင္ ကမာၻေျမႀကီးကေန နားေထာင္ၿပီးေတာ့ ေစာင့္ၿပီးေတာ့ ထိန္းေက်ာင္းၿပီး လႊတ္ေနတာေပါ့။ ေနာက္ေကာ ထူးထူးျခားျခား ဘာေတြပါပါေသးလဲ။

ေျဖ ။ ။ ဟုတ္ပါတယ္။ ေနာက္တစ္ခု ထူးျခားတာက ဘာလဲဆိုေတာ့ သူက သိပၸံအခ်က္အလက္ကို တိုင္းတာေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ အဂၤါၿဂိဳဟ္ေပၚမွာ အခုန Robot Car ေလးက သူက တေန႔တေန႔ကို သံုးေလးရာေလာက္ပဲ သြားႏုိင္တယ္။ သူ႔ရဲ ႔ လွ်ပ္စစ္ဓါတ္အားနဲ႔ အလုပ္လုပ္ႏိုင္တဲ့ စြမ္းရည္က။ ဒါေပမဲ့ သူ ဘယ္သြားရမလဲဆိုတဲ့ သိပၸံပညာရွင္ေတြက ၿဂိဳဟ္တုကရတဲ့ အခ်က္အလက္ေတြနဲ႔ပဲ စံုေထာက္ၿပီးေတာ့မွ စမ္းတဝါးဝါးနဲ႔ သြားတာ။ အေကာင္းဆံုးက သူတုိ႔ ဥာဏ္ေကာင္းပါတယ္။ စဥ္းစားဥာဏ္ ေတာ္ေတာ္ေလး ေကာင္းပါတယ္။ ဒီလိုသြားေနမယ့္အစား ငါတုိ႔ Helicopter ေလး တစ္ခု - ရဟတ္ယာဥ္ေလးတစ္ခု လႊတ္လိုက္လို႔ရိွရင္ သူ႔ကို ကင္းေထာက္ေလယာဥ္ပ်ံေလး လႊတ္လိုက္တယ္။ လႊတ္ၿပီးေနာက္ လိုက္ၾကည့္ စံုေထာက္လို ကင္းေထာက္လို႔ဟာမ်ဳိးသြားၾကည့္ၿပီးေတာ့ ဘယ္ေနရာမွာေတာ့ ရန္သူရိွတယ္။ ဘယ္ေနရာမွာ ရန္သူမရိွဘူး။ ဘယ္ေနရာမွာ ကုန္ရိွတယ္။ ေျမရိွတယ္။ ေကာင္းတယ္။ စိတ္ဝင္စားစရာ ရိွသလဲဆိုတဲ့ဟာကို သိဖုိ႔အခ်က္အလက္။ အဲဒါေတြ သိေတာ့မွ အဲဒီေနရာကို သြားၾကစို႔ဆိုတဲ့ဟာက ပိုၿပီးေတာ့ အဓိပၸါယ္ရိွတယ္။ အဲဒါနဲ႔ သူတုိ႔ Helicopter ေလး ထြင္လိုက္ပါတယ္။ အဲဒီ Helicopter ဒီဇိုင္းကို လုပ္တာေတာ့ အေမရိကန္ႏုိင္ငံ Glen သုေတသနဌာနလိုပဲ NASA ရဲ ႔ သုေတသနဌာနတစ္ခု ရိွပါတယ္။ အဲဒါကေတာ့ Ames Research Center မွာရိွတဲ့ ေလယာဥ္ပ်ံဒီဇုိင္းေတြ၊ Helicopter ဒီဇိုင္းေတြလုပ္တဲ့ Experts ေတြ Aerodynamic လို႔ ေခၚပါတယ္။ သူတို႔ေတြနဲ႔ NASA ရဲ ႔ Jet Propulsion Lab, Pasadena, California ကပါပဲ ေတာင္ကယ္လီဖိုးနီးယားဘက္က Jet Propulsion Lab က Helicopter ကို ဦးေဆာင္ၿပီးေတာ့ အဖြဲ႔ဖြဲ႔ထားတဲ့ မန္ေနဂ်ာ။ အားလံုးေတာ္ေတာ္မ်ားမ်ားေတာ့ သိၾကပါၿပီ ဗမာျပည္မွာေမြးတဲ့ အမ်ဳိးသမီးပါ။ ေဒၚမီမီေအာင္ပါ။ သူက Project Manager အေနနဲ႔ …

ေမး ။ ။ ေဒၚမီမီေအာင္က ျမန္မာအင္ဂ်င္နီယာအေနနဲ႔ ဦးစီးတဲ့အဖြဲ႔ကလုပ္တဲ့ Helicopter ေပါ့။ ဒီ Helicopter ကေန အဂၤါၿဂိဳဟ္ေပၚမွာ ဘယ္ေနရာမွာ စူးစမ္းေလ့လာဖို႔ေကာင္းတယ္ဆိုတာကို ေသခ်ာေထာက္လွမ္းမွာေပါ့။

ေျဖ ။ ။ ေလာေလာဆယ္ေတာ့ အဂၤါၿဂိဳဟ္ရဲ ႔ ေျမမ်က္ႏွာျပင္နဲ႔ Geological ဘူမိေဗဒ စိတ္ဝင္စားစရာ အေကာင္းဆံုးေနရာကို ဒီကားေလးကို ခ်ေပးလိုက္တာ။ အခုနေျပာတဲ့ Perseverance ဇြဲလံုးလ စက္ရုပ္ကားေလးကို ခ်ေပးလိုက္တာ။ ဒါေပမဲ့ ကားေလးက ဘယ္သြားရမလဲဆိုတာကို မသိဘူး။ အဲဒီေတာ့ ကားေလးကို စမ္းတဝါးဝါး သြားခိုင္းမယ့္အစား၊ ဒီ Helicopter ေလးနဲ႔ ေထာက္လွမ္းေရးလႊတ္ၿပီး၊ Helicopter ေလးက တျခားၿဂိဳဟ္မွာ ပထမဦးဆံုး စျပန္တဲ့ Helicopter ပါ။ Helicopter ကို ဒီဇိုင္းလုပ္တာ သိပ္စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အဂၤါၿဂိဳဟ္ေပၚက ေလထုက သိပ္ပါးပါတယ္။ ကမာၻ႔ေလထုက Helicopter ကို တခါတည္း တြန္းတင္လုိက္လုိ႔ လြယ္ပါတယ္။ ဟိုမွာက ကမာၻ႔ေလထုရဲ ႔ အပံုတစ္ရာပံု တစ္ပံုေတာင္ မရိွပါဘူး။ ေလထုက သိပ္ပါးလြန္အားႀကီးတဲ့အတြက္ သူက ေလကို တြန္းၿပီးေတာ့ တင္ဖုိ႔အတြက္ ခက္တဲ့အတြက္ ဒီဇုိင္းလုပ္ယူရတာ ေတာ္ေတာ္ေလး ခက္ပါတယ္။ ဒါေပမဲ့ အဲဒီ Helicopter ေလးကို သူတုိ႔စမ္းၾကည့္တာ လြန္ခဲ့တဲ့ (၆) လ၊ (၁) ႏွစ္ေလာက္ စမ္းၾကည့္တာ ေအာင္ျမင္ပါတယ္။ အဲဒီေလစုပ္လုိက္တဲ့ ေပါင္းအိုးႀကီးထဲမွာ။ ဓါတ္ခြဲခန္းႀကီးထဲမွာ ပ်ံၾကည့္တာ အဆင္ေျပရသြားပါတယ္။ သူက ကင္းေထာက္ေလယာဥ္ပ်ံအေနနဲ႔ ပထမဦးဆံုး တျခားၿဂိဳဟ္မွာ သြားၿပီးေတာ့မွ ပ်ံမယ့္၊ စူးစမ္းေလ့လာပါမယ္။ အခ်က္အလက္ စူးစမ္းဖို႔ေတာ့ မပါဘူး။ ဒါေပမဲ့ သိပၸံအခ်က္အလက္ကို သြားၿပီးေတာ့ စူးစမ္းေပးမယ့္ ဒီကားေလး ဘယ္သြားရမလဲဆိုတဲ့ဟာကို ကင္းေထာက္အေနနဲ႔လႊတ္ေပးတဲ့ Helicopter ျဖစ္တဲ့အတြက္ အလြန္အသံုးဝင္ပါတယ္။

ေမး ။ ။ သူက ပုိၿပီးေတာ့ အေရးႀကီးတယ္ေပါ့။

ေျဖ ။ ။ ဟုတ္ကဲ့ သူက ပိုၿပီးေတာ့ အေရးႀကီးပါတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ေဒါက္တာပေဒသာတင္ အခုလို စိတ္ရွည္လက္ရွည္ ေျပာျပေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

ေျဖ ။ ။ က်ေနာ္လည္း အခြင့္အေရးရတဲ့အတြက္ အထူးေက်းဇူးတင္ပါတယ္။


==Unicode==

အင်္ဂါဂြိုဟ်ကို လေ့လာဖို့ မြန်မာပညာရှင် ဦးဆောင်တဲ့အဖွဲ့ရဲ့ ရဟတ်ယာဉ် အပါအဝင် သိပ္ပံဆိုင်ရာ စူးစမ်းတဲ့ စက်ပစ္စည်းတွေ လွှတ်တင်လိုက်တဲ့ နာဆာ (NASA) အမေရိကန် အာကာသစူးစမ်းရေးအဖွဲ့ရဲ့ ၂၀၂၀ အင်္ဂါဂြိုဟ်စူးစမ်းရေးအစီစဉ်နဲ့ ပတ်သက်ပြီး နာဆာသိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်ကို Online ကနေ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မေး ။ ။ ဒေါက်တာပဒေသာတင် မင်္ဂလာပါ။ ၂၀၂၀ မှာလုပ်တဲ့ နာဆာရဲ့ အင်္ဂါဂြိုဟ်နဲ့ ပတ်သက်ပြီးတော့ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးနဲ့ ပတ်သက်ပြီးတော့ နည်းနည်းပြောပြပေးပါ။ ဒီနှစ်ဘာတွေလုပ်မယ်ဆိုတာကို။

ဖြေ ။ ။ မင်္ဂလာပါ ဒေါ်ခင်မျိုးသက်။ Mars Exploration Program ဆိုတာ ရှိပါတယ်။ အဲဒီ စီမံကိန်းက အင်္ဂါဂြိုဟ်ကို စူးစမ်းလေ့လာရေး စီမံကိန်း။ အဲဒီ စီမံကိန်းချထားတာ ကြာပါပြီ။ လွန်ခဲ့တဲ့ အနှစ် (၂၀) (၂၅) နှစ်လောက်ကတည်းပါ။ အင်္ဂါဂြိုဟ်ကို ပထမဦးဆုံး ကင်းထောက်ဂြိုဟ်တုတွေ လွှတ်တယ်။ ပြီးတော့ အင်္ဂါဂြိုဟ်ရဲ့ ရာသီဥတုတွေကို တိုင်းရတာပေါ့။ ကိုယ်သွားမယ့် နေရာက ပူသလား၊ အေးသလား မသိဘူးဆိုတာကို မသိဘဲနဲ့ သွားလို့မရဘူး။ စက်ရုပ်လေးတွေ ပထမဦးဆုံး နှစ်ခုလွှတ်ပါတယ်။ တစ်ခုကတော့ battery down သွားပြီးတော့ ပျက်သွားပါတယ်။ နောက်တစ်ခုကတော့ တရွေ့ရွေ့နဲ့ သွားနေတုန်းပါ။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က လွှတ်တင်လိုက်တဲ့ curiosity - အဲဒါကို ကျနော် ပြောဖူးပါတယ်။ မောင်စူးစမ်း၊ မောင်စပ်စု စက်ရုပ်ကလေးပါ။ သူကနေ အလုပ်လုပ်နေတာ အခုထိ လုပ်နေတုန်းပါပဲ။ စက်ရုပ်ကလေး ဆင်းသွားတာ အောင်မြင်ပြီးသွားတဲ့အခါမှာ ဘူမိဗေဒ၊ ရူပဗေဒ - ရာသီဥတု အကုန်လုံးကို တိုင်းလို့ရတဲ့ အချက်တွေကို ဒီမှာရှိတဲ့ သိပ္ပံပညာရှင်တွေက သေသေချာချာ လေ့လာပြီးတဲ့အခါကြတော့ ကောင်းပြီ၊ ဒီတစ်ခေါက် အင်္ဂါဂြိုဟ်ပေါ်ကို နောက်တစ်ခေါက် ဒီစက်ရုပ်က ပေါင် (၂၀၀၀) ကျော်ကျော်လောက်ဆိုတော့ တစ်တန်လောက်လေးတဲ့ ကားအသေးစားလေးတစ်ခုကို သူတို့ အခုတင်ဖို့အတွက် ဇူလိုင်လ (၃၀) ရက်နေ့မှာ အမေရိကန်နိုင်ငံက ဒုံးယာဉ်နဲ့ပဲ လွှတ်တင်လိုက်ပါတယ်။

မေး ။ ။ လွှတ်တင်လိုက်တဲ့ ဒုံးယာဉ် နာမည်ဘယ်လိုခေါ်ပါသလဲ။

ဖြေ ။ ။ လွှတ်လိုက်တဲ့ ဒုံးပျံကတော့ Atlas 4 rocket ပါ။ Rocket ဒိုင်းကနေ Design လုပ်တဲ့ Rocket ပါ။ အဲဒါက အင်္ဂါဂြိုဟ် အသွားပဲရတယ်။ အဲဒါနဲ့ လွှတ်လိုက်တာပါ။ Rocket မှာ Stage အဆင့် နှစ်ဆင့် ရှိပါတယ်။ ပထမအဆင့်က ဂြိုဟ်ပတ်လမ်းထဲကို ရောက်တဲ့အထိကို တွန်းတင်ပေးလိုက်တာပါ။ တွန်းတင်ပေးလိုက်ပြီးတဲ့အခါကြမှ အဲဒီဂြိုဟ်ပတ်လမ်းကနေ ကမ္ဘာ့ဆွဲအားကနေ လွတ်သွားပြီးတဲ့အခါကြပြီးမှ ဒုတိယအဆင့် Second Stage Rocket နဲ့ အင်္ဂါဂြိုဟ်ကို ဆက်သွားနေပါပြီ။ ဘယ်တော့လောက် ရောက်မလဲဆိုရင်တော့ ဖေဖေါ်ဝါရီလလယ် ပထမအပတ်၊ ဒုတိယအပတ်ဆိုရင် ရောက်သွားပါပြီ။

မေး ။ ။ ၂၀၂၁ မှာ ရောက်မှာလား။

ဖြေ ။ ။ ၂၀၂၁ ဖေဖေါ်ဝါရီလလောက်ဆို ရောက်သွားမယ် ဖြစ်ပါတယ်။

မေး ။ ။ ဘာတွေ လွှတ်တင်လိုက်လဲ ပြောပြပေးပါအုံး။

ဖြေ ။ ။ လွှတ်တင်လိုက်တဲ့အထဲမှာတော့ အဓိက စက်ရုပ်ကားလေးပါပဲ။ ဒီတစ်ခေါက်က အရင်တစ်ခေါက်လိုပါပဲ စက်ရုပ်ကားလေးပါပဲ။ ဒီစက်ရုပ်ကားလေးက Perseverance လို့ ခေါ်ပါတယ်။ မြန်မာလိုအဓိပ္ပါယ်ပြန်ရင်တော့ ဇွဲ၊ လုံ့လ၊ ဝီရိယ ပေါ့နော်။ အဲဒီစက်ရုပ် ကားကလေးက တစ်တန်လောက် လေးတယ်။ သူက တစ်နာရီကို မီတာ တစ်ရားငါးဆယ်လောက် ကိုက် သုံး- လေးရာလောက်ပဲ သွားနိုင်ပါတယ်။ အဲဒီမှာတော့ စက်တွေက အများကြီးပါ။

မေး ။ ။ အဲဒီတော့ စက်ရုပ်ကားနာမည်က Perseverance နဲ့ အတူတူ ပါသွားတဲ့ အဓိက စူးစမ်းလေ့လာတဲ့ ပစ္စည်းတွေက ဘာတွေပါလဲ။

ဖြေ ။ ။ စူးစမ်းလေ့လာတဲ့ ပစ္စည်းတွေက သိပ္ပံနည်းအရ စူးစမ်းလေ့လာတဲ့ဟာတွေက အားလုံးပေါင်း (၇) ခုလောက်ပါပါတယ်။ ကျနော်တို့ curiosity - ၂၀၁၂ ခုနှစ်က လွန်ခဲ့တဲ့ (၈) နှစ်လောက်က လွှတ်လိုက်တဲ့ စက်ရုပ်ကားလေးတစ်ခု လွှတ်ပြီးပါပြီ။ အဲဒီကားလေးက အခုထိ အလုပ်လုပ်နေတုန်းပဲ။ အဲဒီပေါ်မှာပါတဲ့ ပစ္စည်းတွေနီးပါးလောက်ကို ပါပြီးတော့၊ ဒီထက်ပိုကောင်းတဲ့ ပစ္စည်းတွေပါသွားပါတယ်။ အဓိကအားဖြင့်တော့ သိပ္ပံနဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ သိပ္ပံအချက်အလက်တွေကို စုဆောင်းပေးနိုင်တဲ့ စက်အားလုံးပေါင်း (၇) မျိုး ပါပါတယ်။ အဲဒီ (၇) မျိုးကတော့ ဘာလဲဆိုရင် x-ray lithochemistry လို့ ခေါ်ပါတယ် x-ray fluorescence မျက်နှာပြင်ကိုကြည့်ပြီးတဲ့အခါကြရင် သူ့ရဲ့မျက်နှာပြင်ကနေ x-ray ရောင်ခြည်နဲ့ လွှတ်လိုက်ပြီးတော့ ထွက်လာတဲရောင်ခြည်ကနေ ပြန်တိုင်းတာ။ နောက်ပြီးတော့ မီတာဆိုတာ ရှိပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ အပူချိန်၊ လေ၊ နောက်ပြီးတော့ လေထဲမှာရှိတဲ့ အမှုန်လေးတွေရဲ့ အရွယ်အစား ဘယ်လောက်ရှိသလဲ။ အမှုန်တွေက ဘယ်လောက်သိပ်သည်းမှုရှိလဲ။ အရွယ်ပမာဏပုံစံပါ ကြည့်လို့ရတဲ့ဟာ။ ပြီးတော့ ရေငွေ့စိုထိုင်းဆ relative humidity နောက်ပြီးတော့ ဓါတ်ရောင်ခြည် ရှိမရှိ၊ အဲဒါတွေကို တိုင်းတဲ စက်တစ်ခု ပါပါတယ်။

နောက်တခုက စိတ်ဝင်စားဖို့ သိပ်ကောင်းပါတယ်။ ၂၀၃၀ နောက်ပိုင်း ၂၀၃၅ နှစ် နောက်ပိုင်းမှာဆိုရင် အင်္ဂါဂြိုဟ်ပေါ်ကို လူတွေသွားပါမယ်။ သွားတဲ့အခါကြတော့ လူသတ္တဝါဖြစ်တဲ့အတွက်ကြောင့် အသက်ရှူရမယ်။ အသက်ရှူတာ အောက်စီဂျင်ပဲ ရှူလို့ရပါတယ်။ relative humidity နောက်ပြီးတော့ ဓါတ်ရောင်ခြည် ရှိမရှိ၊ အဲဒါတွေကို တိုင်းတဲ စက်တခု ပါပါတယ်။ လေထဲမှာ အောက်စီဂျင် ကျနော်တို့ အခုလောလောဆယ် ကမ္ဘာ့လေထုရဲ့ အောက်စီဂျင်က ဘယ်လောက်ရှိသလဲဆိုရင် ၂၀-၂၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အင်္ဂါဂြိုဟ်ပေါ်မှာ အောက်စီဂျင် လုံးဝမရှိပါဘူး။ ကာဗွန်ဒိုင်အောက်ဆိုဒ်ပဲ ရှိပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကနေ ကာဗွန်ရယ်၊ အောက်စီဂျင်နှစ်လုံး ပါတဲ့အတွက် သူကို crack သန့်စင်ပြီးတော့မှ အောက်စီဂျင်ထုတ်လိုက်တယ်။ ဘာနဲ့သွားတူသလဲဆိုရင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူတာ သစ်ပင်တွေ။ ညကျတဲ့အခါ သစ်ပင်တွေက အောက်စီဂျင် ပြန်ထုတ်ပေးတယ်။ အဲဒီပုံစံမျိုးလိုပဲ လုပ်လို့ရတဲ့ဟာကို Moxie လို့ ခေါ်ပါတယ်။ အဲဒီစက်တစ်ခု ပါသွားပါတယ်။ သူကတော့ အောက်စီဂျင်ကို ထုတ်ပြီးတော့ အောက်စီဂျင်ကိုတော့ သိမ်းမထားပါဘူး။ အောက်စီဂျင် ထုတ်လို့ရမရဆိုတဲ့ စက်ကို ပထမဦးဆုံးစမ်းတဲ့စက်ပါ။ အဲဒါတစ်ခုပါ ပါသွားပါတယ်။

နောက် Supercam ဆိုတာ တစ်ခုပါသွားပါတယ်။ Supercam က ဘာလဲဆိုရင် လေဆာရောင်ခြည် နှစ်ခုနဲ့ Spectrometer အလင်းသန့်စင်စက်။ သူက လေဆာရောင်ခြည်နဲ့ အဝေးကို လှမ်းပြီးပစ်လိုက်ပြီးတော့ အဝေးကနေ ကျောက်သားတို့ ဘာတို့ညာတို့ရဲ့ ဓါတုပေါင်းစပ်မှု ဘူမိဗေဒသဘာဝ အဲဒါကို တိုင်းတာပါ။ နောက် Mass spec (Mass spectrometer) ဆိုတာ ရှိပါတယ်။ သူက stereoscopic ပေါ့။ ကြည့်လိုက်တဲ့အခါ ရိုးရိုးကင်မရာကြီး မဟုတ်ဘဲန့၊ သုံးဘက်မြင် ဟာမျိုးလောက်ကို ကောင်းတဲ့ stereoscopic ကင်မရာ တစ်ခုပါပါတယ်။ နောက်တခုက RIMFAX ဆိုတာ ပါပါတယ်။ ရေဒါ (RAdio Detection And Ranging - RADAR) ပေါ့နော်။ ပေ (၄၀-၅၀) လောက်အထိကို ရေဒါနဲ့ တိုင်းပြီး အဲဒီကနေ ဓါတ်သဘာဝ၊ ရေရှိသလား၊ ကျောက်ရှိသလား။ ဘယ်လိုကျောက်အမျိုးအစား လဲ ဆိုတာကို သိနိုင်တဲ့ စက်တစ်ခု ပါပါတယ်။

နောက်တခုက SHERLOC – Sherlock Holmes စုံထောက်ကို အဆွဲပြုပြီးတော့ - သူကတော့ ခရမ်းလွန်ရောင်ခြည်နဲ့ လေဆာရောင်ခြည်သုံးတဲ့ Raman စက်ပစ္စည်း တစ်ခုပါ။ သူကလဲ ဘာလဲဆိုရင် Raman Spectrometer ဆိုတာ ရူပဗေဒ သဘောအရဆိုရင် ဓါတ်သဘာဝတွေ ပေါင်းစည်းမှုရဲ့ မော်လီကျူးတွေ ဘယ်လိုဖွဲ့ထားလဲ ဆိုတဲ့ဟာကို သေသေချာချာ၊ တိတိကျကျ တိုင်းလို့ရပါတယ်။ အဲဒါက Ramanship တွေပါ။
ဒီ့အပြင် ဘာပါသွားသလဲဆိုရင် မိုက်ခရိုဖုံး နှစ်လုံးလည်း ပါပါတယ်။

မေး ။ ။ မိုက်ခရိုဖုန်း နှစ်လုံးက ဘာလုပ်ဖို့ပါလဲ။

ဖြေ ။ ။ မိုက်ခရိုဖုန်းနှစ်လုံးကတော့ အသံဖမ်းတာပေါ့။ အင်္ဂါဂြိုဟ်ပေါ်ကို အင်္ဂါဂြိုဟ်ဆင်းတဲ့ယာဉ်ကနေ စက်ရုပ်လေးကို ကရိန်းနဲ့ ဆွဲချလိုက်တဲ့အခါ အသံနားထောင်ပြီး၊ ဒီကရိန်းက လည်ပတ်နေတာ ကောင်းသလား၊ မကောင်းဘူးလား။ ပြီးတဲ့အခါ ဒီစက်ရုံလေး Perseverance အဲဒီ ဇွဲလုံးလ စက်ရုပ်ကားလေး သွားနေတဲ့အခါကြရင် အင်ဂျင်သံ ညက်ညောမှု ရှိသလား၊ မရှိသလား။ စက်က ဘယ်နေရာမှာ ချို့ယွင်းနေသလဲ။ ကားမောင်းရင် နားထောင်သလိုပေါ့၊ ဘရိတ်ပျက်နေသလား။ အင်ဂျင်လည်တာ မှန်ရဲ့လားဆိုတာကို နားထောင်ပြီးတော့ နားထောင်လို့ရအောင် မိုက်ခရိုဖုန်းလေးနှစ်ခု ထည့်ပေးလိုက်တာပါ။

မေး ။ ။ ဒါဆိုရင် ကမ္ဘာမြေကြီးကနေ နားထောင်ပြီးတော့ စောင့်ပြီးတော့ ထိန်းကျောင်းပြီး လွှတ်နေတာပေါ့။ နောက်ကော ထူးထူးခြားခြား ဘာတွေပါပါသေးလဲ။

ဖြေ ။ ။ ဟုတ်ပါတယ်။ နောက်တစ်ခု ထူးခြားတာက ဘာလဲဆိုတော့ သူက သိပ္ပံအချက်အလက်ကို တိုင်းတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ အခုန Robot Car လေးက သူက တနေ့တနေ့ကို သုံးလေးရာလောက်ပဲ သွားနိုင်တယ်။ သူ့ရဲ့ လျှပ်စစ်ဓါတ်အားနဲ့ အလုပ်လုပ်နိုင်တဲ့ စွမ်းရည်က။ ဒါပေမဲ့ သူ ဘယ်သွားရမလဲဆိုတဲ့ သိပ္ပံပညာရှင်တွေက ဂြိုဟ်တုကရတဲ့ အချက်အလက်တွေနဲ့ပဲ စုံထောက်ပြီးတော့မှ စမ်းတဝါးဝါးနဲ့ သွားတာ။ အကောင်းဆုံးက သူတို့ ဉာဏ်ကောင်းပါတယ်။ စဉ်းစားဉာဏ် တော်တော်လေး ကောင်းပါတယ်။ ဒီလိုသွားနေမယ့်အစား ငါတို့ Helicopter လေး တစ်ခု - ရဟတ်ယာဉ်လေးတစ်ခု လွှတ်လိုက်လို့ရှိရင် သူ့ကို ကင်းထောက်လေယာဉ်ပျံလေး လွှတ်လိုက်တယ်။ လွှတ်ပြီးနောက် လိုက်ကြည့် စုံထောက်လို ကင်းထောက်လို့ဟာမျိုးသွားကြည့်ပြီးတော့ ဘယ်နေရာမှာတော့ ရန်သူရှိတယ်။ ဘယ်နေရာမှာ ရန်သူမရှိဘူး။ ဘယ်နေရာမှာ ကုန်ရှိတယ်။ မြေရှိတယ်။ ကောင်းတယ်။ စိတ်ဝင်စားစရာ ရှိသလဲဆိုတဲ့ဟာကို သိဖို့အချက်အလက်။ အဲဒါတွေ သိတော့မှ အဲဒီနေရာကို သွားကြစို့ဆိုတဲ့ဟာက ပိုပြီးတော့ အဓိပ္ပါယ်ရှိတယ်။ အဲဒါနဲ့ သူတို့ Helicopter လေး ထွင်လိုက်ပါတယ်။ အဲဒီ Helicopter ဒီဇိုင်းကို လုပ်တာတော့ အမေရိကန်နိုင်ငံ Glen သုတေသနဌာနလိုပဲ NASA ရဲ့ သုတေသနဌာနတစ်ခု ရှိပါတယ်။ အဲဒါကတော့ --- Research Center မှာရှိတဲ့ လေယာဉ်ပျံဒီဇိုင်းတွေ၊ Helicopter ဒီဇိုင်းတွေလုပ်တဲ့ Experts တွေ Aerodynamic လို့ ခေါ်ပါတယ်။ သူတို့တွေနဲ့ NASA ရဲ့ Jet Propulsion Lab, Pasadena, California ကပါပဲ တောင်ကယ်လီဖိုးနီးယားဘက်က Jet Propulsion Lab က Helicopter ကို ဦးဆောင်ပြီးတော့ အဖွဲ့ဖွဲ့ထားတဲ့ မန်နေဂျာ။ အားလုံးတော်တော်များများတော့ သိကြပါပြီ ဗမာပြည်မှာမွေးတဲ့ အမျိုးသမီးပါ။ ဒေါ်မီမီအောင်ပါ။ သူက Project Manager အနေနဲ့ …

မေး ။ ။ ဒေါ်မီမီအောင်က မြန်မာအင်ဂျင်နီယာအနေနဲ့ ဦးစီးတဲ့အဖွဲ့ကလုပ်တဲ့ Helicopter ပေါ့။ ဒီ Helicopter ကနေ အင်္ဂါဂြိုဟ်ပေါ်မှာ ဘယ်နေရာမှာ စူးစမ်းလေ့လာဖို့ကောင်းတယ်ဆိုတာကို သေချာထောက်လှမ်းမှာပေါ့။

ဖြေ ။ ။ လောလောဆယ်တော့ အင်္ဂါဂြိုဟ်ရဲ့ မြေမျက်နှာပြင်နဲ့ Geological ဘူမိဗေဒ စိတ်ဝင်စားစရာ အကောင်းဆုံးနေရာကို ဒီကားလေးကို ချပေးလိုက်တာ။ အခုနပြောတဲ့ Perseverance ဇွဲလုံးလ စက်ရုပ်ကားလေးကို ချပေးလိုက်တာ။ ဒါပေမဲ့ ကားလေးက ဘယ်သွားရမလဲဆိုတာကို မသိဘူး။ အဲဒီတော့ ကားလေးကို စမ်းတဝါးဝါး သွားခိုင်းမယ့်အစား၊ ဒီ Helicopter လေးနဲ့ ထောက်လှမ်းရေးလွှတ်ပြီး၊ Helicopter လေးက တခြားဂြိုဟ်မှာ ပထမဦးဆုံး စပြန်တဲ့ Helicopter ပါ။ Helicopter ကို ဒီဇိုင်းလုပ်တာ သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂါဂြိုဟ်ပေါ်က လေထုက သိပ်ပါးပါတယ်။ ကမ္ဘာ့လေထုက Helicopter ကို တခါတည်း တွန်းတင်လိုက်လို့ လွယ်ပါတယ်။ ဟိုမှာက ကမ္ဘာ့လေထုရဲ့ အပုံတစ်ရာပုံ တစ်ပုံတောင် မရှိပါဘူး။ လေထုက သိပ်ပါးလွန်အားကြီးတဲ့အတွက် သူက လေကို တွန်းပြီးတော့ တင်ဖို့အတွက် ခက်တဲ့အတွက် ဒီဇိုင်းလုပ်ယူရတာ တော်တော်လေး ခက်ပါတယ်။ ဒါပေမဲ့ အဲဒီ Helicopter လေးကို သူတို့စမ်းကြည့်တာ လွန်ခဲ့တဲ့ (၆) လ၊ (၁) နှစ်လောက် စမ်းကြည့်တာ အောင်မြင်ပါတယ်။ အဲဒီလေစုပ်လိုက်တဲ့ ပေါင်းအိုးကြီးထဲမှာ။ ဓါတ်ခွဲခန်းကြီးထဲမှာ ပျံကြည့်တာ အဆင်ပြေရသွားပါတယ်။ သူက ကင်းထောက်လေယာဉ်ပျံအနေနဲ့ ပထမဦးဆုံး တခြားဂြိုဟ်မှာ သွားပြီးတော့မှ ပျံမယ့်၊ စူးစမ်းလေ့လာပါမယ်။ အချက်အလက် စူးစမ်းဖို့တော့ မပါဘူး။ ဒါပေမဲ့ သိပ္ပံအချက်အလက်ကို သွားပြီးတော့ စူးစမ်းပေးမယ့် ဒီကားလေး ဘယ်သွားရမလဲဆိုတဲ့ဟာကို ကင်းထောက်အနေနဲ့လွှတ်ပေးတဲ့ Helicopter ဖြစ်တဲ့အတွက် အလွန်အသုံးဝင်ပါတယ်။

မေး ။ ။ သူက ပိုပြီးတော့ အရေးကြီးတယ်ပေါ့။

ဖြေ ။ ။ ဟုတ်ကဲ့ သူက ပိုပြီးတော့ အရေးကြီးပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒေါက်တာပဒေသာတင် အခုလို စိတ်ရှည်လက်ရှည် ပြောပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ဖြေ ။ ။ ကျနော်လည်း အခွင့်အရေးရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

XS
SM
MD
LG