Zawgyi/ Unicode
(ZAWGYI)
အေမရိကန္ အာကာသစူးစမ္းေလ့လာေရးအဖြဲ႔ NASA ရဲ႕ ၂၀၂၀ အတြက္ ေအာင္ျမင္မႈ တခုကေတာ့ ဇူလိုင္လ ၃၀ ရက္ေန႔မွာ အဂၤါၿဂိဳဟ္ဆီကို စူးစမ္းေလ့လာေရး စက္ရုပ္ ေနာက္တခု ေအာင္ေအာင္ျမင္ျမင္ လႊတ္တင္ႏုိင္ခဲ့တာ ျဖစ္တယ္လို႔ နာဆာသိပၸံပညာရွင္ ေဒါက္တာပေဒသာတင္က ေျပာပါတယ္။
ေဒါက္တာပေဒသာတင္။. ။“ အဂၤါၿဂိဳဟ္ စူးစမ္းေလ့လာေရး စီမံကိန္း ခ်ထားတာၾကာပါၿပီ။ လြန္ခဲ့တဲ့ အႏွစ္ ႏွစ္ဆယ္ အစိတ္ေလာက္ ကတည္းကပါ။ အဂၤါၿဂိဳဟ္ကို ပထမ ကင္းေထာက္ ၿဂိဳဟ္တုေတြ လႊတ္တယ္။အဂၤါၿဂိဳဟ္ရဲ့ ရာသီဥတုေတြ တိုင္းရတာေပါ့။ ကိုယ္သြားမယ့္ ေနရာက ပူသလား ေအးသလား မသိပဲနဲ႔ သြားလို႔ မရဘူးေလ။ ေနာက္ အဂၤါၿဂိဳဟ္ ပတ္လမ္းထဲကေနၿပီးေတာ့မွ စက္ရုပ္ကေလးေတြ ပထမဦးဆံုး ၂ ခု လႊတ္ပါတယ္။ တခုကေတာ့ ဘက္ထရီ ေဒါင္းၿပီး ပ်က္သြားတယ္။ ေနာက္တခုကေတာ့ တေရြ႕ေရြ႕နဲ႔ သြားတုန္းပဲ။ ၿပီးခဲ့တဲ့ ၂၀၁၂ ကလႊတ္လိုက္တဲ့ curiosity ေပါ့ေနာ္။ သူက အခုထိလည္း အလုပ္လုပ္တုန္းပါပဲ။ အဲဒီ စက္ရုပ္ကေလး ဆင္းသြားတာ ေအာင္ျမင္ၿပီးတဲ့ အခါ ဘူမိေဗဒ၊ ရူပေဗဒ၊ ေရေျမ ရာသီဥတု၊ တိုင္းလို႔ရတဲ့ သိတဲ့ အခ်က္ေတြကို ဒီမွာ ရွိတဲ့ သိပၸံပညာရွင္ေတြ က ေသေသခ်ာခ်ာ ေလ့လာၿပီး ဒီတေခါက္ေတာ့ တတန္ေလာက္ ေလးတဲ့၊ ကား အေသးစားေလး တစီးကို ဇူလိုင္လ ၃၀ တုန္းက အေမရိကန္ႏိုင္ငံက ဒံုးယာဥ္နဲ႔ ပဲ လႊတ္တင္ခဲ့ပါတယ္။”
အေမရိကန္ကုမၸဏီႀကီး ၂ ခုျဖစ္တဲ့ Boeing နဲ႔ Lockheed Martin တို႔ရဲ့ United Launch Alliance က တည္ေဆာက္တဲ့ Atlas 5 ေရာ့ကက္ဒုံးပ်ံနဲ႔ (ဖေလာ္ရီဒါျပည္နယ္ Cape Canaveral အငူကေန) လႊတ္တင္ခဲ့တာပါ။အရင္က လႊတ္တင္ခဲ့တဲ့ Spirit ၊ Opportunity နဲ႔ Curiosity ယာဥ္ေလးေတြဆီက ရတဲ့ အခ်က္အလက္ေတြ ေပၚ အေျခခံၿပီး တည္ေဆာက္ထားတဲ့ ဘီး ၆ ဘီးပါ စူးစမ္းေလ့လာေရး စက္ရုပ္ယာဥ္ကေလးကို လႊတ္တင္ခဲ့တာပါ။
ေဒါက္တာပေဒသာတင္။. ။“ဒီတေခါက္က အရင္တေခါက္လုိပဲ စက္ရုပ္ကားေလးပဲ။ ဒီတေခါက္ စက္ရုပ္ကားေလးက Perseverance လို႔ ေခၚပါတယ္။ ျမန္မာလိုအဓိပၸါယ္ျပန္ရင္ေတာ့ ဇြဲ၊ လံု႔လ၊ ဝီရိယ ေပါ့ေနာ္။ အဲဒီစက္ရုပ္ ကားကေလးက တတန္ေလာက္ ေလးတယ္။ သူက တနာရီကို မီတာ တရားငါးဆယ္ေလာက္ ကိုက္ သံုး- ေလးရာေလာက္ပဲ သြားႏိုင္ပါတယ္။”
ဒီစက္ရုပ္ယာဥ္ မွာ တပ္ဆင္ထားတဲ့ စူးစမ္း တိုင္းတာေရး စက္ကရိယာေတြက ေနာက္ဆံုးေပၚ ပစၥည္းေတြျဖစ္ပါတယ္။
ေဒါက္တာပေဒသာတင္။. ။“အဓိက အားျဖင့္ကေတာ့ သိပၸံအခ်က္အလက္ေတြကို စုေဆာင္းေပးႏိုင္တဲ့ စက္အားလံုးေပါင္း ၇ မ်ိဳး ပါပါတယ္။ အပ္စေရး x-ray lithochemistry – x-ray flourescence ေပါ့ေနာ္။ သူ႔ရဲ့ မ်က္ႏွာျပင္ကေန အိပ္စေရး ေရာင္ျခည္ လႊတ္လိုက္ၿပီးေတာ့ ထြက္လာတဲ့ ေရာင္ျခည္ ကေနမွ ျပန္တိုင္းတာ။ ေနာက္ MEDA ကေတာ့ အဂၤါၿဂိဳဟ္ရဲ့ အပူခ်ိန္၊ ေနာက္ ေလထဲမွာ ရွိတဲ့ အမႈန္ေလးေတြရဲ့ အရြယ္စား ဘယ္ေလာက္ရွိသလဲ၊ ဘယ္ေလာက္ သိပ္သည္းမႈ ရွိသလဲ၊ ၿပီးေတာ့ ေရေငြ႔စိုထိုင္းဆ၊ relative humidity ေနာက္ၿပီးေတာ့ ဓါတ္ေရာင္ျခည္ ရွိမရွိ၊ အဲဒါေတြကို တိုင္းတဲ စက္တခု ပါပါတယ္။
ေနာက္တခုက အဂၤါၿဂိဳဟ္ေပၚမွာ ေအာက္ဆီဂ်င္ လံုးဝ မရွိဘူး။ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ပဲ ရွိတယ္။ အဲဒီေတာ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္က ကာဗြန္ရယ္၊ ေအာက္ဆီဂ်င္ ၂ လံုး ပါတဲ့အတြက္ သူ႔ကို crack လုပ္တယ္ ေပါ့ေနာ္။ သန္႔စင္ၿပီးေတာ့မွ ေအာက္ဆီဂ်င္ ထုတ္လိုက္တယ္။ MOXIE လုိ႔ေခၚပါတယ္။
ေနာက္ Supercam ဆိုတာ တခု ပါပါတယ္။ သူကေတာ့ ေလဆာေရာင္ျခည္ ၂ ခုနဲ႔ Spectrometer အလင္းသန္႔စင္စက္ ေပါ့ေနာ္။ သူက ေလဆာေရာင္ျခည္နဲ႔ အေဝးကို လွမ္းပစ္လိုက္ၿပီးေတာ့ အေဝးကေနၿပီးေတာ့မွ ေက်ာက္သားတို႔ ဘာတုိ႔ရဲ့ ဓါတုေပါင္းစပ္မႈ၊ ဘူမိေဗဒသဘာဝ အဲဒါကို တိုင္းတာပါ။ ေနာက္ MASTCAM (Mass spectrometer) ဆိုတာ ရွိပါတယ္။ သူက stereoscopic ေပါ့။ ၾကည့္လိုက္တဲ့ အခါ ၃ ဘက္ျမင္ ဟာမ်ိဳးေလာက္ကို ေကာင္းတဲ့ stereoscopic ကင္မရာ တခုပါပါတယ္။ေနာက္တခုက RIMFAX ဆိုတာ ပါပါတယ္။ ေရဒါ (RAdio Detection And Ranging - RADAR) ေပါ့ေနာ္။ ေျမမ်က္ႏွာျပင္ရဲ့ ေအာက္ ေပ ေလးငါးဆယ္ ေလာက္အထိကို ေရဒါနဲ႔ တုိင္းၿပီး ဓါတ္သဘာဝ၊ ေရရွိသလား၊ ေက်ာက္ရွိသလား။ ဘယ္လုိေက်ာက္အမ်ိဳးအစား လဲ ဆိုတာကို သိႏိုင္တဲ့ စက္တခု ပါပါတယ္။
ေနာက္တခုက SHERLOC ခရမ္းလြန္ေရာင္ျခည္နဲ႔ ေလဆာေရာင္ျခည္သံုးတဲ့ Raman စက္ပစၥည္း တခုပါ။ ေမာ္လီက်ဴးေတြ ဘယ္လိုဖြဲ႔ထားလဲ ဆိုတဲ့ဟာကို ေသေသခ်ာခ်ာ တိုင္းလို႔ရပါတယ္။ ဒီ့အျပင္ မိုက္ခရိုဖံုး ၂ လံုးလည္း ပါပါတယ္။ စက္က ဘယ္ေနရာမွာ ခ်ိဳ႕ယြင္းေနသလဲ ဆိုတာ နားေထာင္လို႔ ရေအာင္ မိုက္ခရိုဖံုးေလး ၂ လံုး ထည့္ေပးလိုက္တာပါ။”
ေနာက္ဆံုးေပၚ စက္ကရိယာေတြနဲ႔ အဂၤါၿဂိဳဟ္ေပၚက ေက်ာက္ေတြ ေျမသားေတြနဲ႔ ဘူမိေဗဒကို နားလည္ႏိုင္ဖို႔ အျပင္ သက္ရွိေတြ ရွင္သန္ႏိုင္မႈ ရွိမရွိ အေထာက္အထားေတြ ရွာေဖြဆန္းစစ္မွာလည္း ျဖစ္ပါတယ္။ ဒီစက္ရုပ္ယာဥ္ဟာ အဂၤါၿဂိဳဟ္ေပၚမွာ အနည္းဆံုး တႏွစ္ေလာက္ -ကမာၻ႔အခ်ိန္နဲ႔ တြက္ရင္ေတာ့ ၂ ႏွစ္ေလာက္- သြားလာၿပီး သတ္မွတ္ေနရာက ေက်ာက္နမူနာေတြ ေကာက္ယူမွာျဖစ္ပါတယ္
အခုလို သိပၸံအခ်က္လက္ တိုင္းထြာမယ့္ စက္ေတြ အျပင္ ဒီ တေခါက္ ခရီးစဥ္မွာ အထူးျခားဆံုးက Perseverance စက္ရုပ္ယာဥ္ဟာ နာဆာက ျမန္မာအင္ဂ်င္နီယာ ေဒၚမီမီေအာင္ ဦးေဆာင္တဲ့အဖြဲ႔က တည္ေဆာက္တဲ့ Ingenuity လို႔နံမယ္ေပးထားတဲ့ ရဟတ္ယာဥ္ေလးကို သယ္ေဆာင္ သြားတာ ျဖစ္ပါတယ္။ လစ္သီယံ ဘက္ထရီသံုး ဒီရဟတ္ယာဥ္ကို ဆိုလာျပားေတြနဲ႔ အားျဖည့္ေပးတာပါ။
ေဒါက္တာပေဒသာတင္။. ။“နာဆာရဲ့ အခု စက္ရုပ္ကားကေလး တင္ၿပီးလႊတ္လိုက္တဲ့Jet Propulsion Lab က ျမန္မာျပည္မွာ ေမြးတဲ့ ေဒၚမီမီေအာင္၊ သူက ပေရာဂ်က္မန္ေနဂ်ာ အေနနဲ႔ ဦးေဆာင္ၿပီးေတာ့ ဟယ္လီေကာ္ပတာေလး ဆင္လိုက္ပါတယ္။ အဲဒီ ဟယ္လီေကာ္ပတာေလးက ခုန ကားေလးရဲ့ ဘိုက္ထဲမွာ ထည့္ေပးလိုက္ပါတယ္။ ေလာေလာဆယ္ ကေတာ့ အဂၤါၿဂိဳဟ္ရဲ့ ေျမမ်က္ႏွာျပင္နဲ႔ ဘူမိေဗဒ စိတ္ဝင္စားစရာ အေကာင္းဆံုး ေနရာကို ဒီကားကေလးကို ခ်ေပးလိုက္တာပါ။ ဒါေပမယ့္ ကားေလးက ဘယ္သြားရမလဲ ဆိုတာကို မသိဘူး။ အဲဒီေတာ့ စမ္းတဝါးဝါး သြားခိုင္းမယ့္အစား ဒီဟယ္လီေကာ္ပတာေလးနဲ႔ ေထာက္လွန္းေရး လုပ္ပါတယ္။ အခ်က္အလက္ စူးစမ္းမႈေတာ့ မပါဘူး။ ဒါေပမယ့္ သိပၸံအခ်က္အလက္ေတြ သြားၿပီး စူးစမ္းေပးမယ့္ ဒီကား ဘယ္သြားရမလဲ ဆိုတာကို ကင္းေထာက္ အေနနဲ႔ လႊတ္ေပးတဲ့ ဟယ္လီေကာ္ပတာ ျဖစ္တဲ့အတြက္ အလြန္ အသံုးဝင္ပါတယ္။”
ဒီရဟတ္ယာဥ္ပ်ံသန္းတဲ့ အခါမွာ စက္ရုပ္ယာဥ္က မွတ္တမ္းရိုက္ကူးထားမွာလည္းျဖစ္ပါတယ္။
အခု လႊတ္တင္တဲ့ Ingenuity ရဟတ္ယာဥ္ကေန အနာဂတ္မွာ အဂၤါၿဂိဳဟ္မွာ စူးစမ္းေလ့လာေရး လုပ္ရမယ့္ ေနရာေတြကို ေရြးခ်ယ္ႏိုင္မယ္လို႔ တြက္ဆထားတာပါ။ ဒါ့အျပင္
တျခားၿဂိဳဟ္ေတြမွာပါ ပ်ံသန္းမႈေတြ လုပ္ႏိုင္တယ္ ဆိုတာကို သက္ေသျပဖို႔ စမ္းသပ္တာျဖစ္ေၾကာင္း နာဆာက ေျပာပါတယ္။
နာဆာက Perseverance စက္ရုပ္ယာဥ္ ကို အဂၤါၿဂိဳဟ္ေျမာက္ပိုင္းက ႀကီးမားတဲ့ (Jezero Crater) မီးေတာင္ဝ ေနရာမွာ ဆင္းသက္ဖို႔ စီစဥ္ထားပါတယ္။ နာဆာက အခုလို အဂၤါၿဂိဳဟ္စူးစမ္းေရး ယာဥ္
လႊတ္တင္တာနဲ႔ တခ်ိန္ထဲလိုလိုမွာပဲ အဂၤါၿဂိဳလ္ေပၚကို တျခားႏိုင္ငံေတြကလည္း အာကာသစူးစမ္းေရးယာဥ္ေတြ လႊတ္တင္ခဲ့ၾကတာပါ။ ဘာေၾကာင့္ပါလဲ။
ေဒါက္တာပေဒသာတင္။. ။“အဂၤါၿဂိဳဟ္ကို တရုတ္ျပည္သူ႔သမၼတႏိုင္ငံ ေနာက္ UAE (United Arab Emirates) သမၼတႏိုင္ငံ ကေနလည္း လႊတ္တင္လိုက္ပါတယ္။ သိသေလာက္ဆိုရင္ အီးယူနဲ႔ ရုရွားႏိုင္ငံေတြကလည္း လႊတ္တင္လိုက္တယ္လုိ႔ ၾကားပါတယ္။ တၿပိင္နက္ထဲ ၿပိဳင္တူ ဘာေၾကာင့္ လႊတ္တင္ရသလဲဆိုေတာ့၊ သူက တလပဲ အခ်ိန္ရတယ္။ ဇူလိုင္လ ၁၅ ကေန ၾသဂုတ္လ ၁၅ ရက္ အတြင္းမွာပဲ လႊတ္ရင္လႊတ္၊ အဲဒီအခ်ိန္မွာ မလႊတ္ျဖစ္လို႔ရွိရင္ ေနာက္ထပ္ လႊတ္ဖို႔အတြက္ ေနာက္ ၂ ႏွစ္ ေစာင့္ရမယ္။ ကမာၻနဲ႔ အဂၤါၿဂိဳဟ္နဲ႔ ဒီကလႊတ္လိုက္တဲ့ဟာနဲ႔ အဂၤါၿဂိဳဟ္ေပၚကို ဆင္းႏိုင္တဲ့ ဟာနဲ႔က ကြက္တိ လမ္းေၾကာင္းက အတိုဆံုးလဲ ျဖစ္မယ္၊ အျမန္ဆံုးလည္း ေရာက္မယ္။ ဒါမွ မဟုတ္လို႔ရွိရင္ ၄ ႏွစ္ေလာက္ ၾကာလိမ့္မယ္။ အဲဒါေၾကာင့္ ဒီအခ်ိန္ေကာင္းကို ေစာင့္ၿပီး၊ အဲဒီ ႏိုင္ငံ သံုးေလး ႏိုင္ငံက ၿပိဳင္တူ လႊတ္တင္ၾကတာပါ။”
ေဒါက္တာပေဒသာတင္ရဲ့ ေျပာၾကားခ်က္နဲ႔ပဲ ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔ နည္းပညာက႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။
UNICODE
အမေရိကန် အာကာသစူးစမ်းလေ့လာရေးအဖွဲ့ NASA ရဲ့ ၂၀၂၀ အတွက် အောင်မြင်မှု တခုကတော့ ဇူလိုင်လ ၃၀ ရက်နေ့မှာ အင်္ဂါဂြိုဟ်ဆီကို စူးစမ်းလေ့လာရေး စက်ရုပ် နောက်တခု အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ နာဆာသိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပါတယ်။
ဒေါက်တာပဒေသာတင်။. ။“ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး စီမံကိန်း ချထားတာကြာပါပြီ။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် အစိတ်လောက် ကတည်းကပါ။ အင်္ဂါဂြိုဟ်ကို ပထမ ကင်းထောက် ဂြိုဟ်တုတွေ လွှတ်တယ်။ အင်္ဂါဂြိုဟ်ရဲ့ ရာသီဥတုတွေ တိုင်းရတာပေါ့။ ကိုယ်သွားမယ့် နေရာက ပူသလား အေးသလား မသိပဲနဲ့ သွားလို့ မရဘူးလေ။ နောက် အင်္ဂါဂြိုဟ် ပတ်လမ်းထဲကနေပြီးတော့မှ စက်ရုပ်ကလေးတွေ ပထမဦးဆုံး ၂ ခု လွှတ်ပါတယ်။ တခုကတော့ ဘက်ထရီ ဒေါင်းပြီး ပျက်သွားတယ်။ နောက်တခုကတော့ တရွေ့ရွေ့နဲ့ သွားတုန်းပဲ။ ပြီးခဲ့တဲ့ ၂၀၁၂ ကလွှတ်လိုက်တဲ့ curiosity ပေါ့နော်။ သူက အခုထိလည်း အလုပ်လုပ်တုန်းပါပဲ။ အဲဒီ စက်ရုပ်ကလေး ဆင်းသွားတာ အောင်မြင်ပြီးတဲ့ အခါ ဘူမိဗေဒ၊ ရူပဗေဒ၊ ရေမြေ ရာသီဥတု၊ တိုင်းလို့ရတဲ့ သိတဲ့ အချက်တွေကို ဒီမှာ ရှိတဲ့ သိပ္ပံပညာရှင်တွေ က သေသေချာချာ လေ့လာပြီး ဒီတခေါက်တော့ တတန်လောက် လေးတဲ့၊ ကား အသေးစားလေး တစီးကို ဇူလိုင်လ ၃၀ တုန်းက အမေရိကန်နိုင်ငံက ဒုံးယာဉ်နဲ့ ပဲ လွှတ်တင်ခဲ့ပါတယ်။”
အမေရိကန်ကုမ္ပဏီကြီး ၂ ခုဖြစ်တဲ့ Boeing နဲ့ Lockheed Martin တို့ရဲ့ United Launch Alliance က တည်ဆောက်တဲ့ Atlas 5 ရော့ကက်ဒုံးပျံနဲ့ (ဖလော်ရီဒါပြည်နယ် Cape Canaveral အငူကနေ) လွှတ်တင်ခဲ့တာပါ။ အရင်က လွှတ်တင်ခဲ့တဲ့ Spirit ၊ Opportunity နဲ့ Curiosity ယာဉ်လေးတွေဆီက ရတဲ့ အချက်အလက်တွေ ပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ ဘီး ၆ ဘီးပါ စူးစမ်းလေ့လာရေး စက်ရုပ်ယာဉ်ကလေးကို လွှတ်တင်ခဲ့တာပါ။
ဒေါက်တာပဒေသာတင်။. ။“ဒီတခေါက်က အရင်တခေါက်လိုပဲ စက်ရုပ်ကားလေးပဲ။ ဒီတခေါက် စက်ရုပ်ကားလေးက Perseverance လို့ ခေါ်ပါတယ်။ မြန်မာလိုအဓိပ္ပါယ်ပြန်ရင်တော့ ဇွဲ၊ လုံ့လ၊ ဝီရိယ ပေါ့နော်။ အဲဒီစက်ရုပ် ကားကလေးက တတန်လောက် လေးတယ်။ သူက တနာရီကို မီတာ တရားငါးဆယ်လောက် ကိုက် သုံး- လေးရာလောက်ပဲ သွားနိုင်ပါတယ်။”
ဒီစက်ရုပ်ယာဉ် မှာ တပ်ဆင်ထားတဲ့ စူးစမ်း တိုင်းတာရေး စက်ကရိယာတွေက နောက်ဆုံးပေါ် ပစ္စည်းတွေဖြစ်ပါတယ်။
ဒေါက်တာပဒေသာတင်။. ။“အဓိက အားဖြင့်ကတော့ သိပ္ပံအချက်အလက်တွေကို စုဆောင်းပေးနိုင်တဲ့ စက်အားလုံးပေါင်း ၇ မျိုး ပါပါတယ်။ အပ်စရေး x-ray lithochemistry – x-ray flourescence ပေါ့နော်။ သူ့ရဲ့ မျက်နှာပြင်ကနေ အိပ်စရေး ရောင်ခြည် လွှတ်လိုက်ပြီးတော့ ထွက်လာတဲ့ ရောင်ခြည် ကနေမှ ပြန်တိုင်းတာ။ နောက် မီတာကတော့ အင်္ဂါဂြိုဟ်ရဲ့ အပူချိန်၊ နောက် လေထဲမှာ ရှိတဲ့ အမှုန်လေးတွေရဲ့ အရွယ်စား ဘယ်လောက်ရှိသလဲ၊ ဘယ်လောက် သိပ်သည်းမှု ရှိသလဲ၊ ပြီးတော့ ရေငွေ့စိုထိုင်းဆ၊ relative humidity နောက်ပြီးတော့ ဓါတ်ရောင်ခြည် ရှိမရှိ၊ အဲဒါတွေကို တိုင်းတဲ စက်တခု ပါပါတယ်။
နောက်တခုက အင်္ဂါဂြိုဟ်ပေါ်မှာ အောက်ဆီဂျင် လုံးဝ မရှိဘူး။ ကာဗွန်ဒိုင်အောက်ဆိုဒ်ပဲ ရှိတယ်။ အဲဒီတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်က ကာဗွန်ရယ်၊ အောက်ဆီဂျင် ၂ လုံး ပါတဲ့အတွက် သူ့ကို crack လုပ်တယ် ပေါ့နော်။ သန့်စင်ပြီးတော့မှ အောက်ဆီဂျင် ထုတ်လိုက်တယ်။ MOXIE လို့ခေါ်ပါတယ်။
နောက် Supercam ဆိုတာ တခု ပါပါတယ်။ သူကတော့ လေဆာရောင်ခြည် ၂ ခုနဲ့ Spectrometer အလင်းသန့်စင်စက် ပေါ့နော်။ သူက လေဆာရောင်ခြည်နဲ့ အဝေးကို လှမ်းပစ်လိုက်ပြီးတော့ အဝေးကနေပြီးတော့မှ ကျောက်သားတို့ ဘာတို့ရဲ့ ဓါတုပေါင်းစပ်မှု၊ ဘူမိဗေဒသဘာဝ အဲဒါကို တိုင်းတာပါ။ နောက် Mass spec (Mass spectrometer) ဆိုတာ ရှိပါတယ်။ သူက stereoscopic ပေါ့။ ကြည့်လိုက်တဲ့ အခါ ၃ ဘက်မြင် ဟာမျိုးလောက်ကို ကောင်းတဲ့ stereoscopic ကင်မရာ တခုပါပါတယ်။ နောက်တခုက RIMFAX ဆိုတာ ပါပါတယ်။ ရေဒါ (RAdio Detection And Ranging - RADAR) ပေါ့နော်။ မြေမျက်နှာပြင်ရဲ့ အောက် ပေ လေးငါးဆယ် လောက်အထိကို ရေဒါနဲ့ တိုင်းပြီး ဓါတ်သဘာဝ၊ ရေရှိသလား၊ ကျောက်ရှိသလား။ ဘယ်လိုကျောက်အမျိုးအစား လဲ ဆိုတာကို သိနိုင်တဲ့ စက်တခု ပါပါတယ်။
နောက်တခုက SHERLOC ခရမ်းလွန်ရောင်ခြည်နဲ့ လေဆာရောင်ခြည်သုံးတဲ့ Raman စက်ပစ္စည်း တခုပါ။ မော်လီကျူးတွေ ဘယ်လိုဖွဲ့ထားလဲ ဆိုတဲ့ဟာကို သေသေချာချာ တိုင်းလို့ရပါတယ်။ ဒီ့အပြင် မိုက်ခရိုဖုံး ၂ လုံးလည်း ပါပါတယ်။ စက်က ဘယ်နေရာမှာ ချို့ယွင်းနေသလဲ ဆိုတာ နားထောင်လို့ ရအောင် မိုက်ခရိုဖုံးလေး ၂ လုံး ထည့်ပေးလိုက်တာပါ။”
နောက်ဆုံးပေါ် စက်ကရိယာတွေနဲ့ အင်္ဂါဂြိုဟ်ပေါ်က ကျောက်တွေ မြေသားတွေနဲ့ ဘူမိဗေဒကို နားလည်နိုင်ဖို့ အပြင် သက်ရှိတွေ ရှင်သန်နိုင်မှု ရှိမရှိ အထောက်အထားတွေ ရှာဖွေဆန်းစစ်မှာလည်း ဖြစ်ပါတယ်။ ဒီစက်ရုပ်ယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ အနည်းဆုံး တနှစ်လောက် - ကမ္ဘာ့အချိန်နဲ့ တွက်ရင်တော့ ၂ နှစ်လောက်- သွားလာပြီး သတ်မှတ်နေရာက ကျောက်နမူနာတွေ ကောက်ယူမှာဖြစ်ပါတယ်
အခုလို သိပ္ပံအချက်လက် တိုင်းထွာမယ့် စက်တွေ အပြင် ဒီ တခေါက် ခရီးစဉ်မှာ အထူးခြားဆုံးက Perseverance စက်ရုပ်ယာဉ်ဟာ နာဆာက မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင် ဦးဆောင်တဲ့အဖွဲ့က တည်ဆောက်တဲ့ Ingenuity လို့နံမယ်ပေးထားတဲ့ ရဟတ်ယာဉ်လေးကို သယ်ဆောင် သွားတာ ဖြစ်ပါတယ်။ လစ်သီယံ ဘက်ထရီသုံး ဒီရဟတ်ယာဉ်ကို ဆိုလာပြားတွေနဲ့ အားဖြည့်ပေးတာပါ။
ဒေါက်တာပဒေသာတင်။. ။“နာဆာရဲ့ အခု စက်ရုပ်ကားကလေး တင်ပြီးလွှတ်လိုက်တဲ့ Jet Propulsion Lab က မြန်မာပြည်မှာ မွေးတဲ့ ဒေါ်မီမီအောင်၊ သူက ပရောဂျက်မန်နေဂျာ အနေနဲ့ ဦးဆောင်ပြီးတော့ ဟယ်လီကော်ပတာလေး ဆင်လိုက်ပါတယ်။ အဲဒီ ဟယ်လီကော်ပတာလေးက ခုန ကားလေးရဲ့ ဘိုက်ထဲမှာ ထည့်ပေးလိုက်ပါတယ်။ လောလောဆယ် ကတော့ အင်္ဂါဂြိုဟ်ရဲ့ မြေမျက်နှာပြင်နဲ့ ဘူမိဗေဒ စိတ်ဝင်စားစရာ အကောင်းဆုံး နေရာကို ဒီကားကလေးကို ချပေးလိုက်တာပါ။ ဒါပေမယ့် ကားလေးက ဘယ်သွားရမလဲ ဆိုတာကို မသိဘူး။ အဲဒီတော့ စမ်းတဝါးဝါး သွားခိုင်းမယ့်အစား ဒီဟယ်လီကော်ပတာလေးနဲ့ ထောက်လှန်းရေး လုပ်ပါတယ်။ အချက်အလက် စူးစမ်းမှုတော့ မပါဘူး။ ဒါပေမယ့် သိပ္ပံအချက်အလက်တွေ သွားပြီး စူးစမ်းပေးမယ့် ဒီကား ဘယ်သွားရမလဲ ဆိုတာကို ကင်းထောက် အနေနဲ့ လွှတ်ပေးတဲ့ ဟယ်လီကော်ပတာ ဖြစ်တဲ့အတွက် အလွန် အသုံးဝင်ပါတယ်။”
ဒီရဟတ်ယာဉ်ပျံသန်းတဲ့ အခါမှာ စက်ရုပ်ယာဉ်က မှတ်တမ်းရိုက်ကူးထားမှာလည်းဖြစ်ပါတယ်။
အခု လွှတ်တင်တဲ့ Ingenuity ရဟတ်ယာဉ်ကနေ အနာဂတ်မှာ အင်္ဂါဂြိုဟ်မှာ စူးစမ်းလေ့လာရေး လုပ်ရမယ့် နေရာတွေကို ရွေးချယ်နိုင်မယ်လို့ တွက်ဆထားတာပါ။ ဒါ့အပြင်
တခြားဂြိုဟ်တွေမှာပါ ပျံသန်းမှုတွေ လုပ်နိုင်တယ် ဆိုတာကို သက်သေပြဖို့ စမ်းသပ်တာဖြစ်ကြောင်း နာဆာက ပြောပါတယ်။
နာဆာက Perseverance စက်ရုပ်ယာဉ် ကို အင်္ဂါဂြိုဟ်မြောက်ပိုင်းက ကြီးမားတဲ့ (Jezero Crater) မီးတောင်ဝ နေရာမှာ ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။ နာဆာက အခုလို အင်္ဂါဂြိုဟ်စူးစမ်းရေး ယာဉ်
လွှတ်တင်တာနဲ့ တချိန်ထဲလိုလိုမှာပဲ အင်္ဂါဂြိုလ်ပေါ်ကို တခြားနိုင်ငံတွေကလည်း အာကာသစူးစမ်းရေးယာဉ်တွေ လွှတ်တင်ခဲ့ကြတာပါ။ ဘာကြောင့်ပါလဲ။
ဒေါက်တာပဒေသာတင်။. ။“အင်္ဂါဂြိုဟ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ နောက် UAE (United Arab Emirates) သမ္မတနိုင်ငံ ကနေလည်း လွှတ်တင်လိုက်ပါတယ်။ သိသလောက်ဆိုရင် အီးယူနဲ့ ရုရှားနိုင်ငံတွေကလည်း လွှတ်တင်လိုက်တယ်လို့ ကြားပါတယ်။ တပြိင်နက်ထဲ ပြိုင်တူ ဘာကြောင့် လွှတ်တင်ရသလဲဆိုတော့၊ သူက တလပဲ အချိန်ရတယ်။ ဇူလိုင်လ ၁၅ ကနေ သြဂုတ်လ ၁၅ ရက် အတွင်းမှာပဲ လွှတ်ရင်လွှတ်၊ အဲဒီအချိန်မှာ မလွှတ်ဖြစ်လို့ရှိရင် နောက်ထပ် လွှတ်ဖို့အတွက် နောက် ၂ နှစ် စောင့်ရမယ်။ ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်နဲ့ ဒီကလွှတ်လိုက်တဲ့ဟာနဲ့ အင်္ဂါဂြိုဟ်ပေါ်ကို ဆင်းနိုင်တဲ့ ဟာနဲ့က ကွက်တိ လမ်းကြောင်းက အတိုဆုံးလဲ ဖြစ်မယ်၊ အမြန်ဆုံးလည်း ရောက်မယ်။ ဒါမှ မဟုတ်လို့ရှိရင် ၄ နှစ်လောက် ကြာလိမ့်မယ်။ အဲဒါကြောင့် ဒီအချိန်ကောင်းကို စောင့်ပြီး၊ အဲဒီ နိုင်ငံ သုံးလေး နိုင်ငံက ပြိုင်တူ လွှတ်တင်ကြတာပါ။”
ဒေါက်တာပဒေသာတင်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။