သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NASA ယာဉ်မှုးတွေ Space X တည်ဆောက်တဲ့ယာဉ်နဲ့ ပထမဆုံးအာကာသခရီးသွားပြီ


NASA's historic SpaceX mission launches
NASA's historic SpaceX mission launches

၂၀၂၀ မေလ ၃၀ စနေနေ့ နေ့လည်မှာ Space X ကုမ္ပဏီက တည်ဆောက်တဲ့ Falcon 9 ဒုံးပျံနဲ့ နာဆာ အာကာသယာဉ်မှုး ၂ ဦးကို ISS  အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို အောင်အောင် မြင်မြင် လွှတ်တင်လိုက်ပါပြီ။   

တိုက်ရိုက် လင့်ခ်


Unicode/ Zawgyi

(Zawgyi)

၂၀၂၀ မေလ ၃၀ စနေနေ့ နေ့လည်မှာ Space X ကုမ္ပဏီက တည်ဆောက်တဲ့ Falcon 9 ဒုံးပျံနဲ့ နာဆာ အာကာသယာဉ်မှုး ၂ ဦးကို ISS အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို အောင်အောင် မြင်မြင် လွှတ်တင်လိုက်ပါပြီ။

ဖလော်ရီဒါပြည်နယ် ကနေဒီ အာကာသ စင်တာကနေ အမြင့်ပေ ၂၃၀ ရှိတဲ့ Falcon 9 ဒုံးပျံလွှတ်တင်တာကို အမေရိကန်သမ္မတနဲ့ ဒုသမ္မတတို့ ကိုယ်တိုင် သွားရောက်ပြီး အားပေးခဲ့သလို အွန်လိုင်းက ကြည့်ရှုသူကလည်း ၃ သန်းလောက် ရှိပါတယ်။ နာဆာ အာကာသယာဉ်မှုး Doug Hurley နဲ့ Bob Behnken တို့ဟာ Dragon 2 အာကာသယာဉ်ထဲမှာ လိုက်ပါသွားတာ ဖြစ်ပြီး ဒီအာကာသယာဉ်ကို Falcon 9 ဒုံးပျံထိပ်မှာ တပ်ပြီး လွှတ်တင်ခဲ့တာပါ။ ဒါဟာ အမေရိကန် သမိုင်းမှာ နာဆာက ပုဂ္ဂလိက ကုမ္ပဏီထုတ် ယာဉ်တွေကို သုံးပြီး အာကာသထဲ လူလွှတ်တင်တာ ပထမဆုံးအကြိမ် လို့ နာဆာ သိပ္ပွံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။

ဒေါက်တာ ပဒေသာတင်။. ။“ပုဂ္ဂလိကပိုင် အာကာသဒုံးပျံ အာကာသယဉ်ကိုသုံးပြီးတော့ အပြည်ပြည်ဆိုင်ရာ အာကသစခန်းကို လူလွှတ်တင်တယ် ဆိုတာ ဒါ ပထမဆုံးပါဘဲ၊ အရင်တုန်းက

အာကသယဉ်မှူးတွေကို အမေရိကန်လွန်းပျံ အာကာသယဉ်နဲ့တင်ပို့လေ့ရှိပါတယ်။ အဲဒါ ၂၀၁၁ ခုနှစ်မှာ လွန်ခဲ့တဲ့ ၉ နှစ်လောက်ကမှစပြီး သူတို့ရပ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွန်ပျံအာကာသယာဉ်ရဲ့ expiration date က သက်တန်းက ကျော်သွားပြီ။ ပျက်ကျတာလည်းနှစ်ခါရှိပြီဆိုတဲ့ အခါကြတော လူ့အသက်ကိုရင်းပြီး လုပ်ရတဲ့ လုပ်ငန်းကြီး တခုဖြစ်တဲ့ အတွက် လွန်းပျံအာကာသယာဉ်အစား နောက်အာသယဉ်တခုကို တည်ဆောက်ဖို့ အတွက်သူတို့ ကျိုးစားပါတယ်။ ကျိုးစားနေတဲ့ အချိန်မှာဘဲ လွန်ပျံအာသယာဉ် ကို သုံးမရတာကြောင့် ရုရှားနိုင်ငံက ဆိုယုဇ် အာကာသယ ဉ်ကို သုံးနေရတာ ၉ နှစ်လောက်ရှိပါပြီ။ အဲ့ဒီအချိန်မှာဘဲ ၂၀၀၂ခုနှစ်မှာ Space X ဆိုတဲ့ Tesla လျှပ်စစ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီကနေ အာကာသခရီးသွားလုပ်ငန်း အတွက်ကိုစပြီး တည်ထောင်ပါတယ်။ မေလ ၃၀ရက်နေ့က အဲ့ဒီ Space X ရဲ့ အာကသယဉ်နဲ့ Falcon 9ဆိုတဲ့ ဒုံးပျံရဲထိပ်ဖူးမှာ Dragon- 2 ဆိုတဲ့ အာသယဉ်ကို ဆင်ပြီးလွှတ်တင်ခဲ့ပါတယ်။”

အာကာသ ထဲကို လူတွေပို့ဖို့၊ ပစ္စည်းတွေ ပို့ဖို့အတွက် ဒုံးပျံတွေ တည်ဆောက်တာနဲ့ အာကာသ ခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ အများအပြား ရှိပါတယ်။

ဒေါက်တာ ပဒေသာတင်။. ။“ ပစ္စည်းတင်ဘို့ Space Xရယ် Orbital ဆိုတဲ့ ပုဂ္ဂိုလိကပိုင် အာကာသ ခရီးသွားဒုံးပျံတည်ဆောက်တဲ့ ကုမ္ပဏီ Northrop Grumman နောက် Sierra Nevada Corp. သူတို့က ကုန်ပစ္စည်းတင်ဘို့ အတွက် ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေ တည်ထောင်ထား ပါတယ်။ နောက်လူစီးဘို့အတွက် ကတော့ Blue Origin၊ ဘိုရင်း Boeing၊ Sierra Nevada နဲ့ အခုမနေ့တနေ့က အပြည်ပြည်ဆိုင်ရာအာကသစခန်းကို ရောက်တဲ Space X ကုမ္ပဏီက လူစီး အာကာသယာဉ်တွေကို စီစဉ်ထားပါတယ်။ အဲ့ဒီတော့ လူပါတဲ့ အာကသယာဉ်ထဲမှာ စီစဉ်ထားတာက Blue Origin ဆိုရင်အာကာသ အပန်းဖြေခရီး ထွက်ဖို့အတွက်၊ အာကာသယာဉ် အသေးပေါ့နော်။ လွန်းပျံအာကာသယဉ်လိုဘဲ ပြေးလမ်းကနေတန်းတက်၊ ပြေးလမ်းပေါ်ပဲ ပြန်ဆင်း အဲ့လိုလုပ်လို့ရတယ်။

ဒီ Space X ကလည်း သူစီစဉ်ထားတဲ့ ပုံစံအရဆိုရင် အင်္ဂါဂြိုဟ်ကို ၂၀၂၄ ကျော်ကျော်လောက်ဆို

သွားနိုင်အောင် ဒုံးပျံတွေကို အပြီးသတ်ဖို့ အစီအစဉ်ရှိပါတယ်။ Elon Mask ရဲ့ Space X က ၂၀၂၄မှာ Star ship ဆိုတဲ့ ဒုံးပျံအကြီးကြီးဆောက်ပြီး လပေါ်လည်းသွားမယ် အင်္ဂါဂြိုဟ်ကိုလည်း သွားမယ်၊ အဂါဂြိုလ်ကို ဒီတိုင်းအလိုအလေ ျှာက် လွှတ်လိုက်ပြီး ဒုံးပျံက အလိုလိုညင်သာစွာ ဆင်းလို့ရအောင် အခုစပြီးသူတို့ ကြိုးပမ်းနေပါတယ်။ ဒါကြောင့်လည်း အာကာသယဉ် Dragon 2 ရဲ့ ထိပ်မှာ ထိမ်းချုပ်ရေး ဒုံးပျံ အသေးစားတွေတပ်ပြီး၊ အလိုအလျောက်ထိမ်းချုပ်စနစ်တွေ စီစဉ်ထားတာဖြစ်ပါတယ်။”

အာကာသယာဉ်တွေ တည်ဆောက်ရာမှာ တခြားသူတွေထက် ဒီ Space X ကုမ္ပဏီက နည်းပညာမှာ တပန်းသာနေတာပါ။

ဒေါက်တာပဒေသာတင်။. ။“ဒီ Space X ရဲ့ ထူးခြားမူ တပန်းသာမူက အရင်တုန်းက ဒုံးပျံကို ပစ်တင်လိုက်လို့ရှိရင် ပထမအဆင့် လောင်စာ ကုန်သွားတာနဲ့ မီးလောင်ပြီး ပျက်ကျသွားတယ်၊ ပြန်သုံးလို့မရတော့ဘူးပေါ့။ ပြန်သုံးလို့ရတယ်ဆိုရင် စားရိတ်က အရမ်းသက်သာ သွားမယ် ဘယ်လောက်သက်သာသလဲဆိုလိုရှိရင် လွန်းပျံအာကသယဉ်နဲ့ အာကာသထဲကိုရောက်ဘို့ တစ်ကီလိုဂရမ်လောက်ရှိတဲ့ ပစ္စည်းကို တင်ဘို့ စားရိတ်က အမေရိကန်ဒေါ်လာ ကုန်ကျစားရိတ်က ၄သောင်းခွဲကျတယ်လို့ တွက်ပြီးခန့်မှန်းလိုက် တော့အခု Space X ရဲ့ ကုန်ကျစားရိတ်က တစ်ကီလိုမှာမှ ၃ ထောင်လောက်ပဲကျပါတယ်။ စာရိတ်အရမ်း သက်သာသွားပါတယ်။”

ဒီလို ပြန်သုံးလို့ ရအောင် တီထွင်နိုင်တဲ့ Space X ရဲ့ နည်းပညာကြောင့် ကုန်ပစ္စည်း တင်ပို့တာတင်မကပဲ အာကာသယာဉ်မှုးတွေကို ပို့ဆောင်ရာမှာလည်း အကုန်အကျ သိပ်ကို သက်သာ သွားတာပါ။

ဒေါက်တာပဒေသာတင်။. ။“ Space X ကတည်ဆောက်တဲ့ Dragon ကတော့ အာကာသယာဉ်။ ဒီအာကာသယာဉ် ပစ်တင်ဖို့ အတွက်က သူ့မှာ အောက်မှာ ဒုံးပျံကြီး ရှိရပါတယ်။ ဒီဒုံးပျံအတွက် အရည် လောင်စာကို သုံးရပါတယ်။ Falcon 9 ဒုံးယာဉ်က အရည် လောင်စာကို သုံးတယ်။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို ဒီ Falcon အမှတ် ၉ အပြင် အရင် Falcon တွေ အမှတ် ၇ - ၈ တို့နဲ့ လွှတ်တင်ထားတဲ့ အကြိမ် ၂၂ ကြိမ်တောင်ရောက်ပြီးပါပြီ။

ထူးခြားတာက ဒီ Falcon ဒုံးယာဉ်ရော Dragon အမှတ် ၂ အာကာသယာဉ်ရော အဲ့ဒီနှစ်ခုလုံးဟာ reusable သူ့ကိုပြန်သုံးလို့ ရပါတယ်။ ယာဉ်မှူးတယောက်သွားဘို့အတွက်ကို ကုန်ကျစားရိတ် က အရမ်းကုန်ပါတယ်။ အပြည်ပြည်ဆိုင်ရာအာကာသစခန်းကိုသွားဘို့ လွှတ်တင်တဲ့စားရိတ်က ယှဉ်ကြည့်လိုက်မယ်ဆိုရင် အပြည်ပြည်ဆိုင်ရာအာကာသ စခန်းကို ရောက်ဘို့လွန်ပျံယာဉ်ကို မသုံးတော့တဲ့ အချိန်မှာ ရုရှားနိုင်ငံက ဆိုယုဇ် အာကာသယာဉ်ကို သုံးတိုင်း သုံးတိုင်းယာဉ်မှူးတယောက်အတွက်ကို အမေရိကန်ဒေါ်လာ ၈၅ သန်း ပေးရပါတယ်။ အခု Space X - Dragon အမှတ်၂ ကို သုံးတဲ့အခါကျတော့ အမေရိကန်ဒေါ်လာ ၆၅သန်း ပဲကျပါတယ်။ အဲဒီတော့ စားရိတ်ကတော်တော်လေးကို သက်သာ သွားတယ်။ နောက်တခုက တခြားနိုင်ငံသွားပြီးတော့ ရုရှားနိုင်ငံတို့ တခြားနိုင်ငံတို့က ဒုံံး ကို သုံး ရတယ်ဆိုလိုရှိရင်၊ ပြည်တွင်းဖြစ်ကို သုံတာက တိုင်းပြည်အတွက်အလုပ်အကိုင် စီးပွားရေးမှာ အများကြီးကို အထောက် အကူပြုသွားပါတယ်။ အမေရိကန်ဒေါ်လာ ၆၅သန်း ဒီကုမ္ပဏီ ကိုပေးလိုက်ရင် ကုမ္ပဏီက အင်ဂျင်နီယာတွေ သိပ္ပံပညာရှင်တွေ အကုန်လုံးပြန်ငှားတဲ့ အတွက် ပြည်သူပြည်သားတွေအတွက် အရမ်းအထောက်အကူဖြစ်သွားပါတယ်။ တိုင်းပြည် အတွက်လည်း ဂုဏ်ရှိပါတယ်ခင်ဗျာ့။”

ဒေါက်တာပဒေသာတင်ပါ။

Unicode












XS
SM
MD
LG