သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အဂၤါၿဂိဳဟ္ စူးစမ္းေလ့လာေရးယာဥ္ ဒီကေန႔ NASA လႊတ္တင္မယ္


ဘီး ေျခာက္ ဘီးပါတဲ့ Perseverance အာကာသ စူးစမ္းေလ့လာေရးယာဥ္ကို ဖေလာ္ရီဒါျပည္နယ္ Cape Canaveral မွာ ေတြ႔ရ။ (ဇူလိုင္ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ အာကာသစူးစမ္းေလ့လာေရး ေအဂ်င္စီ NASA ရဲ႕ မ်ိဳးဆက္သစ္ အဂၤါၿဂိဳလ္ စူးစမ္းေလ့လာေရးယာဥ္ Perseverance ကို ဒီကေန႔ ၾကာသပေတးေန႔မွာ ဖေလာ္ရီဒါျပည္နယ္ Cape Canaveral ကေနလႊတ္တင္မွာ ျဖစ္ပါတယ္။

အဂၤါၿဂိဳလ္ေပၚမွာ သက္ရွိ သတၱဝါေတြ ရွိခဲ့သလားဆိုတာကို ဒီယာဥ္ကို အသုံးျပဳ စူးစမ္းေလ့လာသြားဖို႔ စီစဥ္ထားပါတယ္။ အေမရိကန္ ေဒၚလာ ၂.၄ ဘီလီယံ အကုန္က်ခံထားတဲ့ ဒီယာဥ္ငယ္ကို ၾကာသပေတးေန႔ ေဒသစံေတာ္ခ်ိန္ မနက္ ၇ နာရီ မိနစ္ ၅၀ မွာ လႊတ္တင္မွာျဖစ္ၿပီး အဂၤါၿဂိဳလ္ေပၚကို ေနာက္ႏွစ္ ေဖေဖာ္ဝါရီလေလာက္မွာ ေရာက္မယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။

ဘီး ေျခာက္ ဘီးပါတဲ့ Perseverance အာကာသ စူးစမ္းေလ့လာေရးယာဥ္ကို ဖေလာ္ရီဒါျပည္နယ္ Cape Canaveral မွာ ေတြ႔ရ။ (ဇူလိုင္ ၂၉၊ ၂၀၂၀)
ဘီး ေျခာက္ ဘီးပါတဲ့ Perseverance အာကာသ စူးစမ္းေလ့လာေရးယာဥ္ကို ဖေလာ္ရီဒါျပည္နယ္ Cape Canaveral မွာ ေတြ႔ရ။ (ဇူလိုင္ ၂၉၊ ၂၀၂၀)

ကားတစီး အ႐ြယ္ရွိၿပီး ဘီး ေျခာက္ ဘီးပါတဲ့ Perseverance အာကာသ စူးစမ္းေလ့လာေရးယာဥ္ကို Atlas 5 ေရာ့ကက္ဒုံးပ်ံနဲ႔ ပစ္လႊတ္မွာျဖစ္ပါတယ္။ အဲဒီ ဒုံးပ်ံကို Boeing နဲ႔ Lockheed Martin ကုမၸဏီပူးတြဲတည္ေထာင္ထားတဲ့ United Launch Alliance ကတည္ေဆာက္ထားတာပါ။ ဒီ Perseverance ယာဥ္နဲ႔အတူ Ingenuity လို႔အမည္ေပးထားတဲ့ ရဟတ္ယာဥ္ငယ္တစီးကို သယ္ေဆာင္သြားမွာျဖစ္ၿပီး အနာဂါတ္ကာလ အဂၤါၿဂိဳလ္ခရီးစဥ္ေတြအတြက္ စူးစမ္းေလ့လာမႈေတြကို ျပဳလုပ္သြားမွာျဖစ္ပါတယ္။

အဲဒီ Ingenuity ရဟတ္ယာဥ္ငယ္ကို ျမန္မာႏြယ္ဖြား အာကာသသိပၸံပညာရွင္ ေဒါက္တာမီမီေအာင္ ဦးေဆာင္တဲ့အဖြဲ႔က ဖန္တီးတည္ေဆာက္ထားတာပါ။

ဒီကေန႔ စူးစမ္းေလ့လာေရးယာဥ္ကို လႊတ္တင္ဖို႔ ရာသီဥတု အေျခအေနလည္း ၈၀ ရာႏႈန္းေကာင္းမြန္တယ္လို႔လည္း ခန္႔မွန္းထားပါတယ္။ အဂၤါၿဂိဳလ္ေပၚကို United Arab Emirates နဲ႔ တ႐ုတ္ႏိုင္ငံတို႔က တင္လႊတ္ခဲ့တဲ့ အာကာသစူးစမ္းေရးယာဥ္ေတြ ၿပီးေနာက္ အခု ဒီ Perseverance က ေနာက္ဆုံးတင္လႊတ္တဲ့ အာကာသ ေလ့လာေရး ယာဥ္ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် ဒီကနေ့ NASA လွှတ်တင်မယ်

အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ NASA ရဲ့ မျိုးဆက်သစ် အင်္ဂါဂြိုလ် စူးစမ်းလေ့လာရေးယာဉ် Perseverance ကို ဒီကနေ့ ကြာသပတေးနေ့မှာ ဖလော်ရီဒါပြည်နယ် Cape Canaveral ကနေလွှတ်တင်မှာ ဖြစ်ပါတယ်။

အင်္ဂါဂြိုလ်ပေါ်မှာ သက်ရှိ သတ္တဝါတွေ ရှိခဲ့သလားဆိုတာကို ဒီယာဉ်ကို အသုံးပြု စူးစမ်းလေ့လာသွားဖို့ စီစဉ်ထားပါတယ်။ အမေရိကန် ဒေါ်လာ ၂.၄ ဘီလီယံ အကုန်ကျခံထားတဲ့ ဒီယာဉ်ငယ်ကို ကြာသပတေးနေ့ ဒေသစံတော်ချိန် မနက် ၇ နာရီ မိနစ် ၅၀ မှာ လွှတ်တင်မှာဖြစ်ပြီး အင်္ဂါဂြိုလ်ပေါ်ကို နောက်နှစ် ဖေဖော်ဝါရီလလောက်မှာ ရောက်မယ်လို့ မျှော်မှန်းထားပါတယ်။

ကားတစီး အရွယ်ရှိပြီး ဘီး ခြောက် ဘီးပါတဲ့ Perseverance အာကာသ စူးစမ်းလေ့လာရေးယာဉ်ကို Atlas 5 ရော့ကက်ဒုံးပျံနဲ့ ပစ်လွှတ်မှာဖြစ်ပါတယ်။ အဲဒီ ဒုံးပျံကို Boeing နဲ့ Lockheed Martin ကုမ္ပဏီပူးတွဲတည်ထောင်ထားတဲ့ United Launch Alliance ကတည်ဆောက်ထားတာပါ။ ဒီ Perseverance ယာဉ်နဲ့အတူ Ingenuity လို့အမည်ပေးထားတဲ့ ရဟတ်ယာဉ်ငယ်တစီးကို သယ်ဆောင်သွားမှာဖြစ်ပြီး အနာဂါတ်ကာလ အင်္ဂါဂြိုလ်ခရီးစဉ်တွေအတွက် စူးစမ်းလေ့လာမှုတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီ Ingenuity ရဟတ်ယာဉ်ငယ်ကို မြန်မာနွယ်ဖွား အာကာသသိပ္ပံပညာရှင် ဒေါက်တာမီမီအောင် ဦးဆောင်တဲ့အဖွဲ့က ဖန်တီးတည်ဆောက်ထားတာပါ။

ဒီကနေ့ စူးစမ်းလေ့လာရေးယာဉ်ကို လွှတ်တင်ဖို့ ရာသီဥတု အခြေအနေလည်း ၈၀ ရာနှုန်းကောင်းမွန်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ အင်္ဂါဂြိုလ်ပေါ်ကို United Arab Emirates နဲ့ တရုတ်နိုင်ငံတို့က တင်လွှတ်ခဲ့တဲ့ အာကာသစူးစမ်းရေးယာဉ်တွေ ပြီးနောက် အခု ဒီ Perseverance က နောက်ဆုံးတင်လွှတ်တဲ့ အာကာသ လေ့လာရေး ယာဉ်ဖြစ်ပါတယ်။

XS
SM
MD
LG