သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဓါတုႏိုဘယ္ဆု မ်ိဳး႐ိုးဗီဇဓါတ္ခြဲတည္းျဖတ္နည္းတီထြင္သူ ၂ ဦးရရွိ


ျပင္သစ္ႏိုင္ငံသူ Emmanuelle Chapenter နဲ႔ အေမရိကန္ ႏိုင္ငံသူ Jenniver Doudna။ (ဓာတ္ပံု - TT News Agency/Henrik Montgomery/Pool via REUTERS - ေအာက္တိုဘာ ၇၊ ၂၀၂၀)

[Zawgyi/Unicode]

ဓာတုေဗဒဆိုင္ရာ ႏိုဘယ္ဆုကို မ်ိဳးရိုးဗီဇ ဓာတ္ခြဲတည္းျဖတ္နည္းတီထြင္ေပးတဲ့ အမ်ိဳးသမီး ႏွစ္ ဦးကို ပူးတြဲေပးအပ္လိုက္ေၾကာင္း၊ ဆီြဒင္သိပၸံအကယ္ဒမီက ေၾကညာလိုက္ပါၿပီ။

ဒီသိပၸံအကယ္ဒမီရဲ့ အတြင္းေရးမွဴးခ်ဳပ္ Goran Hansson က ဒီေန႔ ေၾကညာရာမွာ၊ ျပင္သစ္ႏိုင္ငံသူ Emmanuelle Chapenter နဲ႔ အေမရိကန္ ႏိုင္ငံသူ Jenniver Doudna တို႔ကို၊ မ်ိဳးရိုးဗီဇဓာတ္ခြဲတည္းျဖတ္မႈ နည္းလမ္းသစ္ ပူူးေပါင္းေဖာ္ထုတ္ႏိုင္မႈအတြက္ ခုလိုဆုေပးအပ္လိုက္တာလို႔ ဆိုပါတယ္။

ဒီနည္းသစ္ေၾကာင့္ တေန႔ေန႔မွာ၊ မ်ိဳးရိုးလိုက္တဲ့ ေရာဂါေတြအျပင္၊ ကင္ဆာကိုေတာင္ ကုသႏိုင္ဖို႔ လမ္းစဖြင့္ေပးလိုက္တယ္လို႔ သိပၸံပညာရွင္ေတြက ဆိုပါတယ္။

ဓာတုေဗဒဆိုင္ရာ ႏိုဘယ္ေကာ္မတီ ဥကၠ႒ Cales Gustafsson ကလည္း ဒီ မ်ိဳးရိုးဗီဇနည္းသစ္က တကယ့္ကိုအစြမ္းထက္ၿပီး၊ အေျခခံသိပၸံပညာကို ေတာ္လွန္ဆန္းသစ္လိုက္တာအျပင္၊ ကုထံုးသစ္ႀကီးေတြနဲဲ႔ ေကာက္ပဲသီးႏွံမ်ိဳးသစ္ တီထြင္မႈေတြ ဆက္ျဖစ္ေစမယ္လို႔ ဆိုပါတယ္။

ဒီ တန္ဖိုးျမင့္မားတဲ့ ႏိုဘယ္ဆုအတြက္ ေရြတံဆိပ္နဲ႔ ဆုေၾကးတန္ဖိုး အေမရိကန္ေဒၚလာ ၁.၁ သန္းေက်ာ္တဲ့ ခရိုနာ ၁၀ သန္းလက္ခံရရွိမွာျဖစ္ၿပီး၊ ဒီဆုေၾကးပမာဏက မၾကာခင္ကပဲ ေငြေၾကးေဖာင္းပြမႈကို ထည့္တြက္ၿပီး ျမွင့္ေပးခဲ့တာပါ။

ဒီဆုေၾကးအတြက္ ဒီဆုကိုဖန္တီးခဲ့တဲ့ ဆီြဒင္လူမ်ိဳး သိပၸံပညာရွင္ Alfred Nobel အေနနဲ႔၊ ခုလိုထူးခၽြန္သူေတြအတြက္ လြန္ခဲ့တဲရာစုႏွစ္ေက်ာ္က လွဴဒါန္းခဲ့တဲ့အထဲက ေပးမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဓါတုနိုဘယ်ဆု မျိုးရိုးဗီဇဓါတ်ခွဲတည်းဖြတ်နည်းတီထွင်သူ ၂ ဦးရရှိ

ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကို မျိုးရိုးဗီဇ ဓာတ်ခွဲတည်းဖြတ်နည်းတီထွင်ပေးတဲ့ အမျိုးသမီး နှစ် ဦးကို ပူးတွဲပေးအပ်လိုက်ကြောင်း၊ ဆွီဒင်သိပ္ပံအကယ်ဒမီက ကြေညာလိုက်ပါပြီ။

ဒီသိပ္ပံအကယ်ဒမီရဲ့ အတွင်းရေးမှူးချုပ် Goran Hansson က ဒီနေ့ ကြေညာရာမှာ၊ ပြင်သစ်နိုင်ငံသူ Emmanuelle Chapenter နဲ့ အမေရိကန် နိုင်ငံသူ Jenniver Doudna တို့ကို၊ မျိုးရိုးဗီဇဓာတ်ခွဲတည်းဖြတ်မှု နည်းလမ်းသစ် ပူူးပေါင်းဖော်ထုတ်နိုင်မှုအတွက် ခုလိုဆုပေးအပ်လိုက်တာလို့ ဆိုပါတယ်။

ဒီနည်းသစ်ကြောင့် တနေ့နေ့မှာ၊ မျိုးရိုးလိုက်တဲ့ ရောဂါတွေအပြင်၊ ကင်ဆာကိုတောင် ကုသနိုင်ဖို့ လမ်းစဖွင့်ပေးလိုက်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဓာတုဗေဒဆိုင်ရာ နိုဘယ်ကော်မတီ ဥက္ကဋ္ဌ Cales Gustafsson ကလည်း ဒီ မျိုးရိုးဗီဇနည်းသစ်က တကယ့်ကိုအစွမ်းထက်ပြီး၊ အခြေခံသိပ္ပံပညာကို တော်လှန်ဆန်းသစ်လိုက်တာအပြင်၊ ကုထုံးသစ်ကြီးတွေနဲ့ ကောက်ပဲသီးနှံမျိုးသစ် တီထွင်မှုတွေ ဆက်ဖြစ်စေမယ်လို့ ဆိုပါတယ်။

ဒီ တန်ဖိုးမြင့်မားတဲ့ နိုဘယ်ဆုအတွက် ရွေတံဆိပ်နဲ့ ဆုကြေးတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၁ သန်းကျော်တဲ့ ခရိုနာ ၁၀ သန်းလက်ခံရရှိမှာဖြစ်ပြီး၊ ဒီဆုကြေးပမာဏက မကြာခင်ကပဲ ငွေကြေးဖောင်းပွမှုကို ထည့်တွက်ပြီး မြှင့်ပေးခဲ့တာပါ။

ဒီဆုကြေးအတွက် ဒီဆုကိုဖန်တီးခဲ့တဲ့ ဆွီဒင်လူမျိုး သိပ္ပံပညာရှင် Alfred Nobel အနေနဲ့၊ ခုလိုထူးချွန်သူတွေအတွက် လွန်ခဲ့တဲရာစုနှစ်ကျော်က လှူဒါန်းခဲ့တဲ့အထဲက ပေးမှာဖြစ်ပါတယ်။

XS
SM
MD
LG