သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးပညာရပ်ဆိုင်ရာနိုဘယ်ဆု Hepatitis C ပိုးလေ့လာခဲ့သူ ပညာရှင်သုံးဦးရရှိ


အမေရိကန်သိပ္ပံပညာရှင် Harvey J. Alter၊ Charles M. Rice နဲ့ ဗြိတိသ ျှသိပ္ပံပညာရှင် Michael Houghton။ (အောက်တိုဘာ ၀၅၊ ၂၀၂၀)
အမေရိကန်သိပ္ပံပညာရှင် Harvey J. Alter၊ Charles M. Rice နဲ့ ဗြိတိသ ျှသိပ္ပံပညာရှင် Michael Houghton။ (အောက်တိုဘာ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာဆိုင်ရာ ၂၀၂၀ ခုနှစ်အတွက် Nobel ဆုကို Hepatitis C ဗိုင်းရပ်စ်ပိုးကို တေ့ွရှိခဲ့ကြတဲ့ အမေရိကန်သိပ္ပံပညာရှင် ၂ ယောက်နဲ့ ဗြိတိန်သိပ္ပံပညာရှင်တယောက်တို့ ပူးတွဲ ရရှိသွားကြပါတယ်။

အမေရိကန်သိပ္ပံပညာရှင် Harvey J. Alter၊ Charles M. Rice နဲ့ ဗြိတိသ ျှသိပ္ပံပညာရှင် Michael Houghton တို့ကို ၂၀၂၀ ခုနှစ် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာဆိုင်ရာ Nobel ဆုချီးမြှင့်ကြောင်း ဒီဘာသာရပ်ဆိုင်ရာ ဆုရွေးချယ်ရေး Karolinska Institute ရဲ့ အတွင်းရေးမှူးချုပ် Thomas Perlmann ကကြေညာသွားပါတယ်။

ဒီသိပ္ပံပညာရှင် ၃ ယောက်ရဲ့ လေ့လာမှုကြောင့် သွေးကနေ ကူးစက်နိုင်တဲ့ Hepatitis C ဗိုင်းရပ်စ်ပိုးအကြောင်း သိရှိ နားလည်ခဲ့ရတယ်လို့ Nobel ဆုရွေးချယ်ရေး ကော်မတီက Stockholm မြို့မှာ ဒီနေ့လုပ်တဲ့ ဆုကြေညာပွဲမှာ ပြောကြားပါတယ်။ သူတို့ရဲ့ ရှာဖွေတေ့ွရှိမှုကနေ သွေးစစ်ဆေးကုသတာနဲ့ ဆေးဝါးသစ်တွေကို ဖော်စပ်တာတွေ လုပ်နိုင်ခဲ့ပြီး လူသန်းပေါင်းများရဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ Hepatitis A ပိုးနဲ့ B ပိုးတွေမှာ မသိနိုင်ခဲ့တာတွေကို C ပိုးကနေ သိရှိအောင် သိပ္ပံပညာရှင်တွေ လေ့လာဖော်ထုတ်နိုင်ခဲ့တာကြောင့် Hepatitis C ပိုးရှိသူတွေကို ကုသနိုင်မယ့် နည်းလမ်းသစ်တွေ ပေါ်လာခဲ့တာဖြစ်ပါတယ်။

Nobel ဆုရတဲ့ သိပ္ပံပညာရှင် ၃ ယောက်အနေနဲ့ ဆုငွေ ဒေါ်လာ ၁.၁ သန်းကို အညီအမ ျှ ခွဲဝေ ရကြမှာဖြစ်ပါတယ်။ သိပ္ပံ၊ ဓါတု၊ စာပေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ Nobel ဆုရှင်တွေကို အခုသီတင်းပတ်အတွင်း ကြေညာသွားမှာဖြစ်ပြီး စီးပွားရေးဆိုင်ရာ Nobel ဆုရှင်ကိုတော့ အောက်တိုဘာ ၁၂ ရက် တနင်္လာနေ့မှာ ကြေညာမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG