သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသည်းရောင် အသားဝါစီပိုး ကုသဆေးသစ်


Sovaldi pills for Hepatitis C treatment
Sovaldi pills for Hepatitis C treatment
အသည်းရောင် အသားဝါစီပိုး ကုသဆေးသစ်
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံဟာ အသည်းရောင်စီပိုးကြောင့် အသည်းရောဂါအဖြစ်များတဲ့ နိုင်ငံဖြစ်ပြီး၊ ဒီကုသဆေးသစ် Sofosbuvir ဟာ အလွန်ထိရာက်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုကြပါတယ်။

ဒီဆေးသစ်ဟာ ဈေးသက်သာပြီး၊ ကာလတိုမှာသာ လွယ်လွယ်သောက်သုံးရကာ၊ ပိုးကို တိုက်ရိုက်သေစေတာမို့ အလွန်ထိရောက်မှု ရှိပါတယ်။ ဒါကြောင့်မို့ ဒီရောဂါအဖြစ်များတဲ့ မြန်မာနိုင်ငံမှာ လူတိုင်း ဒီပိုးရှိမရှိ စစ်ဆေးမှုခံယူသင့်ပြီး၊ ပိုးရှိသူတိုင်း ဒီဆေးသစ် သောက်သုံးခြင်းအားဖြင့် အသည်းခြောက်တာကို ပျောက်အောင်ကုသေပေးနိုင်တာအပြင် အသည်းကင်ဆာကနေ ကာကွယ်ပေးနိုင်ပါတယ်။

ဒီ စီပိုးမကူးစက်အောင် ကာကွယ်ရေးအတွက် အခြားသူတစ်ဦးရဲ့ သွေးနဲ့ မထိတွေအောင် ကာကွယ်နိုင်ဖို့ တစ်ခါသုံး ဆေးထိုးအပ်အသစ်ပဲသုံးတာ၊ ဆံပင်ညှပ်ဓါးအသစ်နဲ့ မုတ်ဆိတ်ရိတ်ဓါး၊ သွားတိုက်တံ လက်သဲညှပ် တစ်ကိုယ်ရေ သီးသန့်သုံးတာ၊ တစ်ခါသုံး ဆေးမှင်ကြောင်ထိုး အပ်သုံးတာတွေ လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် လက်ရှိကူးစက်မှုများနေစေတဲ့ ကလေးမွေးမိခင် သွေးစင်တာက မကူးအောင် အထူးကြပ်မတ်ပြီး၊ သွားဆေးခန်းကတစ်ဆင့် ကူးဆက်တာ မဖြစ်အောင် သွားဆေးခန်းကရိယာတွေ ပိုးသန့်စင်မှုကို တိုးမြှင့်လုပ်ဆောင်သင့်ပါတယ်။

ဒီအသည်းရောဂါ ကူးဆက်မှုအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အထူးကုဆရာဝန်ကြီးနဲ့ ဆေးတက္ကသိုလ် (၁) ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG