သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၁၉ ရူပေဗဒ ႏိုဘယ္ဆု


၂၀၁၉ ခုႏွစ္ ရူပေဗဒ ႏိုဘယ္ဆုရွင္မ်ား - James Peebles/ Michel Mayor/ Didier Queloz

“ဆြီဒင္ေတာ္ဝင္သိပၸံက ၂၀၁၉ ခုႏွစ္အတြက္ ရူပေဗဒ ႏိုဘယ္ဆုကို စၾကဝဠာ ျဖစ္တည္မႈ ဆိုင္ရာ သီအိုရီကို ေဖၚထုတ္ခဲ့တဲ့ James Peebles ကို တဝက္ေပးၿပီး က်န္တဝက္ကိုေတာ့ ေျမကမာၻႀကီးရွိေနတဲ့ ေနစၾကာဝဠာကို တျခားစၾကာဝဠာေတြက ပတ္ေနတယ္ဆိုတာကို ေတြ႔ရွိခဲ့တဲ့ Michel Mayor နဲ႔ Didier Queloz တို႔ကို ေပးအပ္ဖို႔ ဆံုးျဖတ္ပါတယ္။” ၂၀၁၉ ေအာက္တိုဘာ ၈ ရက္ေန႔က ဆြီဒင္ေတာ္ဝင္သိပၸံ အေထြေထြအတြင္းေရးမႈး ပါေမာကၡ Göran K. Hansson က ေၾကညာသြားတာပါ။ သူတုိ႔ ၃ ဦးကို ဘာေၾကာင့္ ရူပေဗဒ ႏိုဘယ္ဆုေပးတယ္ ဆိုတာကို ရူပေဗဒပညာရွင္ ေဒါက္တာ ပေဒသာတင္က ေျပာျပေပးမွာပါ။

၂၀၁၉ ရူပေဗဒ ႏိုဘယ္ဆု
please wait

No media source currently available

0:00 0:07:18 0:00
တိုက္႐ိုက္ လင့္ခ္


ေဒါက္တာ ပေဒသာတင္။ “စၾကဝဠာႀကီးရဲ့ အစ ဘယ္တုန္းက စၾကဝဠာႀကီး ျဖစ္လာလို႔၊ ဘယ္လိုေျပာင္းသလဲ ဆိုတာကို သီအိုရီ အရ တြက္ခ်က္ ျပႏိုင္ခဲ့တဲ့ အေမရိကန္ႏုိင္ငံ Princeton တကၠသိုလ္က အသက္ ၈၅ ႏွစ္ ေက်ာ္ၿပီျဖစ္တဲ့ ပါေမာကၡ Peebles ကရပါတယ္။ ေနာက္ သူနဲ႔အတူပဲ ဒီေနစၾကဝဠာ အျပင္မွာ သက္ရွိသတၱဝါမ်ား ရွိႏုိင္သလား၊ ရွိတယ္လို႔ မေျပာေသးပါဘူး။ ဒါကို တနည္း တလမ္းနဲ႔ တိုင္းခဲ့တဲ့ ဆြစ္ဇလန္ႏိုင္ငံ ဂ်နီဗာ တကၠသိုလ္က ပါေမာကၡ Michel Mayor နဲ႔ Didier Queloz တို႔ရၾကပါတယ္”

ပါေမာကၡ James Peebles ကို ဘာေၾကာင့္ ဆုေပးဖို႔ေရြးခဲ့တာပါလဲ။

ေဒါက္တာ ပေဒသာတင္။ “က်ေနာ္တုိ႔ Big Bang လို႔ တင္စားေခၚတဲ့ စၾကဝဠာရဲ့အစ ေပါက္ကြဲမႈ အႀကီးႀကီးတခု လြန္ခဲ့တဲ့ႏွစ္ သန္းေပါင္း ၁၄ ေထာင္မွာ စျဖစ္ခဲ့တယ္ ဆိုၿပီးေတာ့ သူက ေဟာကိန္းထုတ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္က အပူခ်ိန္က စင္တီဂရိတ္အားျဖင့္ ၅၀၀၀ ေက်ာ္ အထက္မွာ ရွိတဲ့အတြက္ အႏုျမဴအေနနဲ႔ စၾကဝဠာႀကီးထဲမွာ မရွိေသးတဲ့အခ်ိန္မွာ အဲဒီအခ်ိန္မွာ ပရမာအႏုျမဴ လို႔ေခၚတဲ့ ပရိုတြန္တို႔၊ အီလက္ထရြန္တို႔ အဲဒီအမႈန္ေတြပဲ ရွိပါတယ္။ ေနာက္ႏွစ္ ၄ သိန္းေလာက္ ၾကာမွာေပါ့ေနာ္၊ သူတို႔ တြက္ၾကည့္လိုက္တဲ့အခါ အပူခ်ိန္၅ ေထာင္ကေန ၃ ေထာင္ေလာက္အထိ ေရာက္လာတယ္။ အဲဒီလုိ အပူခ်ိန္ ၂ ေထာင္ေလာက္ ေလ်ာ့သြားတဲ့ အခ်ိန္က်ေတာ့ ပရိုတြန္ေတြ၊ အီလက္ထရြန္ေတြ ေပါင္းၿပီးေတာ့ ဟိုက္ဒရိုဂ်င္ ဆုိတဲ့ အေပါ့ဆံုး အႏုျမဴစျဖစ္တယ္။ အဲဒီျဖစ္တဲ့ အခ်ိန္ကို ျပန္ေပါင္းထုပ္တဲ့အခ်ိန္၊ Recombination Era လို႔ ေခၚတာေပါ့။ အဲဒီမွာ ပရိုတြန္ေတြ၊ အီလက္ထရြန္ေတြ ေပါင္းထားတဲ့အတြက္ mass balance - energy balance စြမ္းအင္မွ်ေျခကို တြက္လိုက္တဲ့ အခါက်ေတာ့ ေရာင္ျခည္ ထြက္လာတယ္။ အဲဒီေရာင္ျခည္က အလင္းေရာင္ေပါ့။ ဒါေပမယ့္ ဒီအလင္းေရာင္က မိုက္ခရိုေဝ့ဖ္ microwave လႈိင္းနဲ႔ ထြက္တဲ့ ေရာင္ျခည္ပါ။ ဒီေရာင္ျခည္က စၾကဝဠာ အႏွံ႔မွာ တေျပးညီပဲ ျဖစ္မယ္၊ ျဖစ္ေနရမယ္၊ ဒီေရာင္ျခည္ ရွိတဲ့အတြက္ ဒီေရာင္ျခည္ မတိုင္ခင္က ဒီေပါင္းစည္းမႈနဲ႔ Big Bang ႀကီးျဖစ္ခဲ့တယ္။ ဒီ radiation ကို Cosmic background radiation လို႔ေခၚတယ္။ အဲဒါ ၃ ဒီဂရီ ကယ္လ္ဗင္ ေရဒီေရးရွင္းလို႔ ေခၚပါတယ္။ အဲဒီဟာ ရွိရမယ္၊ ရွိႏိုင္တယ္ ဆိုတာကို လြန္ခဲ့တဲ့ အႏွစ္ ၅၀ - ၆၀ ေလာက္က သူေဟာကိန္း ထုတ္ခဲ့တာပါ။ ေဟာကိန္းထုတ္တဲ့ သူေတြ အမ်ားႀကီးထဲမွာ သူလည္း တေယာက္ အပါအဝင္ ျဖစ္တဲ့အတြက္ သူ႔ကို ႏိုဘယ္ဆု ဒီႏွစ္ထဲမွာ ေပးတာျဖစ္ပါတယ္။

CMB -Cosmic microwave background radiation ရွိတယ္ဆိုတာကို တိုင္းတာႏိုင္ခဲ့ပါတယ္။

ေဒါက္တာ ပေဒသာတင္။ “စၾကဝဠာထဲမွာ ဒီ ေကာ့စမစ္ ဘက္ဂေရာင္း ေရဒီေရးရွင္း - ၃ ဒီဂရီ ကယ္လ္ဗင္ေရဒီေရးရွင္း ဆိုတဲ့ မိုက္ခရိုေဝ့ဖ္ လႈိင္းက ရွိရမယ္။ အဲဒါကို ဘယ္ေနရာမွာ တုိင္းတိုင္း စၾကဝဠာထဲမွာ ႀကိဳက္တဲ့့ေနရာမွာတိုင္း ဒီေရာင္ျခည္လႈိင္းက မိုက္ခရိုေဝ့ဖ္ လႈိင္းက ဒီတသမတ္ထဲ ရွိရမယ္ဆိုတာကို ေဟာကိန္းထုတ္ခဲ့ၿပီးေတာ့ ၁၉၇၈ ႏွစ္ေလာက္က်မွ Panzias နဲ႔ Wilson တို႔က နယူးဂ်ာစီမွာ ရွိတဲ့ AT&T အေမရိကန္ တယ္လီဂရပ္ဖ္နဲ႔ တယ္လီကြန္ျမဴနီေကးရွင္း မွာ အလုပ္လုပ္ခဲ့တဲ့ သုေတသန ပညာရွင္ ၂ ေယာက္က တိုင္းၿပီး ေတြ႔တာ။ သူတို႔က မိုက္ခရိုေဝ့ဖ္ အင္တင္နာေပါ့ေနာ္။ မိုက္ခရိုေဝ့ဖ္ တိုင္းတဲ့ဟာ တခုကို သူတို႔ဆင္ေနတဲ့ အခ်ိန္မွာ အေနာက္ကေန လႈိင္းက အၿမဲတမ္း ေပၚေနတယ္။ ေဖ်ာက္လုိ႔ မရဘူး။ အဲဒီေတာ့ သူတို႔ တိုင္းတဲ့ စက္ေတြ အကုန္လံုးပိတ္၊ ေခါင္မိုးေပၚက ခိုေတြလုပ္တဲ့အသံလား ဆိုၿပီးေတာ့ ခိုေတြရဲ့ အသိုက္ေတြကိုဖယ္၊ အဲဒီလို ဖယ္ေပမယ့္လည္း ဒါပဲ အၿမဲတမ္း ျပန္ေတြ႔တယ္။ ေနာက္ဆံုး က်ေတာ့မွ အဲဒါဘာလဲ ဆိုေတာ့ ပါေမာကၡ Peebles တို႔ ေဟာကိန္း ထုတ္ခဲ့တဲ့ဟာနဲ႔ အကိုက္ကို သြားျဖစ္ေနတဲ့အတြက္ သူတို႔ ၁၉၇၈ ခုႏွစ္မွာ အဲဒီ CMB - ေကာ့စမစ္ဘက္ဂေရာင္း Cosmic Microwave background radiation ကို စၿပီးေတာ့ ေတြ႔ခဲ့တိုင္းခဲ့တဲ့သူေတြ ဆိုၿပီးသူတို႔လည္း ႏိုဘယ္လ္ဆု ရခဲ့ပါတယ္။

ပါေမာကၡ Peebles ရဲ့ ေတြးဆခ်က္ နဲ႔ တြက္ခ်က္မႈေတြရဲ့ အက်ိဳးေက်းဇူးက မ်ားလွပါတယ္။ စၾကဝဠာ ဘယ္လိုစျဖစ္လာတယ္ ဆိုတာကို နားလည္လာသလို ေတြ႔ရွိခ်က္အသစ္ေတြလည္း မေရမတြက္ႏုိင္ေအာင္ ရွိလာခဲ့တာပါ။ ဒါေပမယ့္ စၾကဝဠာႀကီးရဲ့ ၅ % ေလာက္ကိုသာ သိေသးတာမို႔ ေလ့လာစရာေတြ အမ်ားႀကီးက်န္ေနပါေသးတယ္။ ၁၉၉၅ ခုႏွစ္မွာေတာ့ ဆြီဒင္က ရူပေဗဒပညာရွင္ ၂ ဦး ျဖစ္တဲ့ Michel Mayor နဲ႔ Didier Queloz တို႔က ေနာက္စၾကဝဠာေတြ ရွိေနတယ္ ဆိုတာကိုေတြ႔ရွိခဲ့တာပါ။ ဒီလိုေတြ႔ရွိမႈက ဒီေျမကမာၻလို သက္ရွိေတြ တျခားေနရာမွာ ရွိေနသလားဆိုတာကို ရွာဖို႔ လမ္းစရလာ ေစပါတယ္။

ေဒါက္တာ ပေဒသာတင္။ “က်ေနာ္တုိ႔ ကမာၻေပၚမွာ သက္ရွိသတၱဝါေတြ ရွိေနသလို ဒီေနစၾကဝဠာ မဟုတ္ပဲ တျခားအနႏၱစၾကဝဠာႀကီး ထဲမွာေရာ သက္ရွိေတြ ရွိႏိုင္သလား ဆိုတဲ့ဟာကို တိုင္းဖို႔ လြန္ခဲ့တဲ့ အႏွစ္ ၂၀ အစိတ္ေလာက္က သူတို႔စၿပီး ႀကိဳးစားခဲ့ၾကပါတယ္။ ျဖစ္ဖုိ႔ မ်ားတာက ဒီ ေနကို ပတ္ေနတဲ့ ၿဂိဳဟ္ေတြ ရွိလို႔ရွိရင္ သက္ရွိသတၱဝါေတြ ရွိဖို႔ လမ္းစရွိတယ္ ဆိုတဲ့ဟာကို အေျခခံၿပီးေတာ့ သူတုိ႔ တိုင္းပါတယ္။ တိုင္းပံုတိုင္းနည္းကေတာ့ အခုလက္ရွိလည္း ဒီလိုပဲ တုိင္းပါတယ္။ အဲဒါကို exoplanet measurement လို႔ေခၚပါတယ္။ အဲဒါက ဘာလဲဆိုေတာ့ ဥပမာ ဒီကေန က်ေနာ္တုိ႔ရဲ့ milky way လို႔ေခၚတဲ့ နဂါးေငြ႔တန္းႀကီးထဲမွာ ရွိတဲ့ ၾကယ္ေပါ့ေနာ္။ အလင္းႏွစ္ေပါင္း သန္းေပါင္း ၅၀ ေလာက္ ေနရာမွာရွိတဲ့ အဲ့ဒီက လာတဲ့ ေရာင္ျခည္ကို လွမ္း တိုင္းလိုက္တဲ့ အခါက်ရင္ က်ေနာ္တုိ႔ ေနစၾကဝဠာလို ေနကို ပတ္ေနတဲ့ ၿဂိဳဟ္ေတြသာ ရွိလို႔ရွိရင္ အဲဒီၾကယ္ (ေန) ကို လွမ္းၾကည့္ေနတဲ့အခ်ိန္မွာ တခ်ိန္မွာ အဲဒီအလင္းေရာင္က ပိတ္သြားတယ္၊ ဒါမွမဟုတ္ မွိန္သြားတယ္၊ ၿပီးတဲ့အခါ ျပန္လင္းလာတယ္။ ျပန္လင္းလာလိုက္- မွိတ္သြားလိုက္ ဟာေလးက ၆ လတခါ၊ တႏွစ္တခါ၊ ၄ ႏွစ္တခါ ျဖစ္လို႔ရွိရင္ ဒါ- ေနစၾကဝဠာ ပံုစံမ်ိဳး အဲဒီတေနရာမွာ ရွိၿပီ။ ရွိလို႔ရွိရင္ ကမာၻေပၚမွာ ရွိတဲ့ လူေတြလိုပဲ သက္ရွိသတၱဝါေတြ ရွိမယ္ ဆိုတာကို သူတုိ႔ စၿပီး တိုင္းခဲ့ပါတယ္။ အခုအခ်ိန္မွာ ဆိုရင္ စၾကဝဠာမွာ သက္ရွိသတၱဝါေတြ ရွိမရွိနဲ႔ ဒီ exoplanet ေတြ ရွိမရွိကို တိုင္းခဲ့တဲ့တာေပါင္း၊ ဒီလိုေနစၾကဝဠာလို ၿဂိဳဟ္ေတြ ပတ္ေနတာေပါင္း ၄ ေထာင္ေက်ာ္ကို တိုင္းႏိုင္ခဲ့ပါၿပီ။”

ကမာၻစျဖစ္တည္လာခ်ိန္မွာ သက္ရွိသတၱဝါေတြပါ ပါလာတာေတာ့ မဟုတ္ပါဘူး။

ေဒါက္တာ ပေဒသာတင္။ “လြန္ခဲ့တဲ့ အႏွစ္ သန္းေထာင္ေပါင္း ၁၄ ေထာင္တုန္းက ေပါက္ကြဲမႈႀကီး ျဖစ္ၿပီး၊ လြန္ခဲ့တဲ့ အႏွစ္ သန္းေပါင္း ၅ ေထာင္ေလာက္ကမွ စၾကဝဠာ စျဖစ္ပါတယ္။ ေနနဲ႔ ၿဂိဳဟ္ေတြ ပတ္တဲ့ စၾကဝဠာပါ။ ျဖစ္ၿပီး ႏွစ္ သန္းေပါင္း ၅၀၀ ေလာက္က်မွ သက္ရွိသတၱဝါေတြ ကမာၻေပၚမွာ စ ေပၚလာတယ္လို႔ ေျပာပါတယ္။ အဲဒါေၾကာင့္ ဘယ္အခ်ိန္ေလာက္ကမ်ား ရွိခဲ့လဲ ဆိုတာ ေသခ်ာ လက္ေတြ႔တိုင္းၾကည့္တဲ့အခါ က်ေတာ့ ဒီ Greenland ဆိုလို႔ရွိရင္ ႏွစ္ သန္းေပါင္း ၄ ေထာင္က ကာဗြန္ေတြ အဓိက စုေနတဲ့ ေက်ာက္ေတြကို ေတြ႔ခဲ့တာပါ။ ဒါဟာ ပထမဆံုး စၿပီးေတာ့ သက္ရွိသတၱဝါ ျဖစ္ႏုိင္တယ္ ဆိုတဲ့ဟာကို မွတ္တမ္း တင္ထားတာ ရွိပါတယ္။ အဲဒီေတာ့ အခု ႏိုဘယ္လ္ဆု ရတဲ့ သုေတသန ပညာရွင္ေတြကေတာ့ သက္ရွိသတၱဝါမ်ား ကမာၻ႔အျပင္မွာ တျခားစၾကဝဠာမွာမ်ား ရွိမလား၊ ဒီစၾကဝဠာႀကီးေရာ ဘယ္ကစသလဲ ဆိုတာကို စူးစမ္းခဲ့သူေတြကို ဂုဏ္ျပဳတဲ့ အေနနဲ႔ ႏိုဘယ္လ္ဆု ေပးတာ ျဖစ္ပါတယ္။”

ေဒါက္တာပေဒသာတင္ရဲ့ ေျပာၾကားခ်က္နဲ႔ပဲ ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔နည္းပညာက႑ကို အဆံုးသတ္ပါရေစ။

(Unicode)

“ဆွီဒင်တော်ဝင်သိပ္ပံက ၂၀၁၉ ခုနှစ်အတွက် ရူပဗေဒ နိုဘယ်ဆုကို စကြဝဠာ ဖြစ်တည်မှု ဆိုင်ရာ သီအိုရီကို ဖေါ်ထုတ်ခဲ့တဲ့ James Peebles ကို တဝက်ပေးပြီး ကျန်တဝက်ကိုတော့ မြေကမ္ဘာကြီးရှိနေတဲ့ နေစကြာဝဠာကို တခြားစကြာဝဠာတွေက ပတ်နေတယ်ဆိုတာကို တွေ့ရှိခဲ့တဲ့ Michel Mayor နဲ့ Didier Queloz တို့ကို ပေးအပ်ဖို့ ဆုံးဖြတ်ပါတယ်။” ၂၀၁၉ အောက်တိုဘာ ၈ ရက်နေ့က ဆွီဒင်တော်ဝင်သိပ္ပံ အထွေထွေအတွင်းရေးမှုး ပါမောက္ခ Göran K. Hansson က ကြေညာသွားတာပါ။ သူတို့ ၃ ဦးကို ဘာကြောင့် ရူပဗေဒ နိုဘယ်ဆုပေးတယ် ဆိုတာကို ရူပဗေဒပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။

ဒေါက်တာ ပဒေသာတင်။ “စကြဝဠာကြီးရဲ့ အစ ဘယ်တုန်းက စကြဝဠာကြီး ဖြစ်လာလို့၊ ဘယ်လိုပြောင်းသလဲ ဆိုတာကို သီအိုရီ အရ တွက်ချက် ပြနိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံ Princeton တက္ကသိုလ်က အသက် ၈၅ နှစ် ကျော်ပြီဖြစ်တဲ့ ပါမောက္ခ Peebles ကရပါတယ်။ နောက် သူနဲ့အတူပဲ ဒီနေစကြဝဠာ အပြင်မှာ သက်ရှိသတ္တဝါများ ရှိနိုင်သလား၊ ရှိတယ်လို့ မပြောသေးပါဘူး။ ဒါကို တနည်း တလမ်းနဲ့ တိုင်းခဲ့တဲ့ ဆွစ်ဇလန်နိုင်ငံ ဂျနီဗာ တက္ကသိုလ်က ပါမောက္ခ Michel Mayor နဲ့ Didier Queloz တို့ရကြပါတယ်”

ပါမောက္ခ James Peebles ကို ဘာကြောင့် ဆုပေးဖို့ရွေးခဲ့တာပါလဲ။

ဒေါက်တာ ပဒေသာတင်။ “ကျနော်တို့ Big Bang လို့ တင်စားခေါ်တဲ့ စကြဝဠာရဲ့အစ ပေါက်ကွဲမှု အကြီးကြီးတခု လွန်ခဲ့တဲ့နှစ် သန်းပေါင်း ၁၄ ထောင်မှာ စဖြစ်ခဲ့တယ် ဆိုပြီးတော့ သူက ဟောကိန်းထုတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က အပူချိန်က စင်တီဂရိတ်အားဖြင့် ၅၀၀၀ ကျော် အထက်မှာ ရှိတဲ့အတွက် အနုမြူအနေနဲ့ စကြဝဠာကြီးထဲမှာ မရှိသေးတဲ့အချိန်မှာ အဲဒီအချိန်မှာ ပရမာအနုမြူ လို့ခေါ်တဲ့ ပရိုတွန်တို့၊ အီလက်ထရွန်တို့ အဲဒီအမှုန်တွေပဲ ရှိပါတယ်။ နောက်နှစ် ၄ သိန်းလောက် ကြာမှာပေါ့နော်၊ သူတို့ တွက်ကြည့်လိုက်တဲ့အခါ အပူချိန်၅ ထောင်ကနေ ၃ ထောင်လောက်အထိ ရောက်လာတယ်။ အဲဒီလို အပူချိန် ၂ ထောင်လောက် လျော့သွားတဲ့ အချိန်ကျတော့ ပရိုတွန်တွေ၊ အီလက်ထရွန်တွေ ပေါင်းပြီးတော့ ဟိုက်ဒရိုဂျင် ဆိုတဲ့ အပေါ့ဆုံး အနုမြူစဖြစ်တယ်။ အဲဒီဖြစ်တဲ့ အချိန်ကို ပြန်ပေါင်းထုပ်တဲ့အချိန်၊ Recombination Era လို့ ခေါ်တာပေါ့။ အဲဒီမှာ ပရိုတွန်တွေ၊ အီလက်ထရွန်တွေ ပေါင်းထားတဲ့အတွက် mass balance - energy balance စွမ်းအင်မျှခြေကို တွက်လိုက်တဲ့ အခါကျတော့ ရောင်ခြည် ထွက်လာတယ်။ အဲဒီရောင်ခြည်က အလင်းရောင်ပေါ့။ ဒါပေမယ့် ဒီအလင်းရောင်က မိုက်ခရိုဝေ့ဖ် microwave လှိုင်းနဲ့ ထွက်တဲ့ ရောင်ခြည်ပါ။ ဒီရောင်ခြည်က စကြဝဠာ အနှံ့မှာ တပြေးညီပဲ ဖြစ်မယ်၊ ဖြစ်နေရမယ်၊ ဒီရောင်ခြည် ရှိတဲ့အတွက် ဒီရောင်ခြည် မတိုင်ခင်က ဒီပေါင်းစည်းမှုနဲ့ Big Bang ကြီးဖြစ်ခဲ့တယ်။ ဒီ radiation ကို Cosmic background radiation လို့ခေါ်တယ်။ အဲဒါ ၃ ဒီဂရီ ကယ်လ်ဗင် ရေဒီရေးရှင်းလို့ ခေါ်ပါတယ်။ အဲဒီဟာ ရှိရမယ်၊ ရှိနိုင်တယ် ဆိုတာကို လွန်ခဲ့တဲ့ အနှစ် ၅၀ - ၆၀ လောက်က သူဟောကိန်း ထုတ်ခဲ့တာပါ။ ဟောကိန်းထုတ်တဲ့ သူတွေ အများကြီးထဲမှာ သူလည်း တယောက် အပါအဝင် ဖြစ်တဲ့အတွက် သူ့ကို နိုဘယ်ဆု ဒီနှစ်ထဲမှာ ပေးတာဖြစ်ပါတယ်။

CMB -Cosmic microwave background radiation ရှိတယ်ဆိုတာကို တိုင်းတာနိုင်ခဲ့ပါတယ်။

ဒေါက်တာ ပဒေသာတင်။ “စကြဝဠာထဲမှာ ဒီ ကော့စမစ် ဘက်ဂရောင်း ရေဒီရေးရှင်း - ၃ ဒီဂရီ ကယ်လ်ဗင်ရေဒီရေးရှင်း ဆိုတဲ့ မိုက်ခရိုဝေ့ဖ် လှိုင်းက ရှိရမယ်။ အဲဒါကို ဘယ်နေရာမှာ တိုင်းတိုင်း စကြဝဠာထဲမှာ ကြိုက်တဲ့့နေရာမှာတိုင်း ဒီရောင်ခြည်လှိုင်းက မိုက်ခရိုဝေ့ဖ် လှိုင်းက ဒီတသမတ်ထဲ ရှိရမယ်ဆိုတာကို ဟောကိန်းထုတ်ခဲ့ပြီးတော့ ၁၉၇၈ နှစ်လောက်ကျမှ Panzias နဲ့ Wilson တို့က နယူးဂျာစီမှာ ရှိတဲ့ AT&T အမေရိကန် တယ်လီဂရပ်ဖ်နဲ့ တယ်လီကွန်မြူနီကေးရှင်း မှာ အလုပ်လုပ်ခဲ့တဲ့ သုတေသန ပညာရှင် ၂ ယောက်က တိုင်းပြီး တွေ့တာ။ သူတို့က မိုက်ခရိုဝေ့ဖ် အင်တင်နာပေါ့နော်။ မိုက်ခရိုဝေ့ဖ် တိုင်းတဲ့ဟာ တခုကို သူတို့ဆင်နေတဲ့ အချိန်မှာ အနောက်ကနေ လှိုင်းက အမြဲတမ်း ပေါ်နေတယ်။ ဖျောက်လို့ မရဘူး။ အဲဒီတော့ သူတို့ တိုင်းတဲ့ စက်တွေ အကုန်လုံးပိတ်၊ ခေါင်မိုးပေါ်က ခိုတွေလုပ်တဲ့အသံလား ဆိုပြီးတော့ ခိုတွေရဲ့ အသိုက်တွေကိုဖယ်၊ အဲဒီလို ဖယ်ပေမယ့်လည်း ဒါပဲ အမြဲတမ်း ပြန်တွေ့တယ်။ နောက်ဆုံး ကျတော့မှ အဲဒါဘာလဲ ဆိုတော့ ပါမောက္ခ Peebles တို့ ဟောကိန်း ထုတ်ခဲ့တဲ့ဟာနဲ့ အကိုက်ကို သွားဖြစ်နေတဲ့အတွက် သူတို့ ၁၉၇၈ ခုနှစ်မှာ အဲဒီ CMB - ကော့စမစ်ဘက်ဂရောင်း Cosmic Microwave background radiation ကို စပြီးတော့ တွေ့ခဲ့တိုင်းခဲ့တဲ့သူတွေ ဆိုပြီးသူတို့လည်း နိုဘယ်လ်ဆု ရခဲ့ပါတယ်။

ပါမောက္ခ Peebles ရဲ့ တွေးဆချက် နဲ့ တွက်ချက်မှုတွေရဲ့ အကျိုးကျေးဇူးက များလှပါတယ်။ စကြဝဠာ ဘယ်လိုစဖြစ်လာတယ် ဆိုတာကို နားလည်လာသလို တွေ့ရှိချက်အသစ်တွေလည်း မရေမတွက်နိုင်အောင် ရှိလာခဲ့တာပါ။ ဒါပေမယ့် စကြဝဠာကြီးရဲ့ ၅ % လောက်ကိုသာ သိသေးတာမို့ လေ့လာစရာတွေ အများကြီးကျန်နေပါသေးတယ်။ ၁၉၉၅ ခုနှစ်မှာတော့ ဆွီဒင်က ရူပဗေဒပညာရှင် ၂ ဦး ဖြစ်တဲ့ Michel Mayor နဲ့ Didier Queloz တို့က နောက်စကြဝဠာတွေ ရှိနေတယ် ဆိုတာကိုတွေ့ရှိခဲ့တာပါ။ ဒီလိုတွေ့ရှိမှုက ဒီမြေကမ္ဘာလို သက်ရှိတွေ တခြားနေရာမှာ ရှိနေသလားဆိုတာကို ရှာဖို့ လမ်းစရလာ စေပါတယ်။

ဒေါက်တာ ပဒေသာတင်။ “ကျနော်တို့ ကမ္ဘာပေါ်မှာ သက်ရှိသတ္တဝါတွေ ရှိနေသလို ဒီနေစကြဝဠာ မဟုတ်ပဲ တခြားအနန္တစကြဝဠာကြီး ထဲမှာရော သက်ရှိတွေ ရှိနိုင်သလား ဆိုတဲ့ဟာကို တိုင်းဖို့ လွန်ခဲ့တဲ့ အနှစ် ၂၀ အစိတ်လောက်က သူတို့စပြီး ကြိုးစားခဲ့ကြပါတယ်။ ဖြစ်ဖို့ များတာက ဒီ နေကို ပတ်နေတဲ့ ဂြိုဟ်တွေ ရှိလို့ရှိရင် သက်ရှိသတ္တဝါတွေ ရှိဖို့ လမ်းစရှိတယ် ဆိုတဲ့ဟာကို အခြေခံပြီးတော့ သူတို့ တိုင်းပါတယ်။ တိုင်းပုံတိုင်းနည်းကတော့ အခုလက်ရှိလည်း ဒီလိုပဲ တိုင်းပါတယ်။ အဲဒါကို exoplanet measurement လို့ခေါ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဥပမာ ဒီကနေ ကျနော်တို့ရဲ့ milky way လို့ခေါ်တဲ့ နဂါးငွေ့တန်းကြီးထဲမှာ ရှိတဲ့ ကြယ်ပေါ့နော်။ အလင်းနှစ်ပေါင်း သန်းပေါင်း ၅၀ လောက် နေရာမှာရှိတဲ့ အဲ့ဒီက လာတဲ့ ရောင်ခြည်ကို လှမ်း တိုင်းလိုက်တဲ့ အခါကျရင် ကျနော်တို့ နေစကြဝဠာလို နေကို ပတ်နေတဲ့ ဂြိုဟ်တွေသာ ရှိလို့ရှိရင် အဲဒီကြယ် (နေ) ကို လှမ်းကြည့်နေတဲ့အချိန်မှာ တချိန်မှာ အဲဒီအလင်းရောင်က ပိတ်သွားတယ်၊ ဒါမှမဟုတ် မှိန်သွားတယ်၊ ပြီးတဲ့အခါ ပြန်လင်းလာတယ်။ ပြန်လင်းလာလိုက်- မှိတ်သွားလိုက် ဟာလေးက ၆ လတခါ၊ တနှစ်တခါ၊ ၄ နှစ်တခါ ဖြစ်လို့ရှိရင် ဒါ- နေစကြဝဠာ ပုံစံမျိုး အဲဒီတနေရာမှာ ရှိပြီ။ ရှိလို့ရှိရင် ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေလိုပဲ သက်ရှိသတ္တဝါတွေ ရှိမယ် ဆိုတာကို သူတို့ စပြီး တိုင်းခဲ့ပါတယ်။ အခုအချိန်မှာ ဆိုရင် စကြဝဠာမှာ သက်ရှိသတ္တဝါတွေ ရှိမရှိနဲ့ ဒီ exoplanet တွေ ရှိမရှိကို တိုင်းခဲ့တဲ့တာပေါင်း၊ ဒီလိုနေစကြဝဠာလို ဂြိုဟ်တွေ ပတ်နေတာပေါင်း ၄ ထောင်ကျော်ကို တိုင်းနိုင်ခဲ့ပါပြီ။”

ကမ္ဘာစဖြစ်တည်လာချိန်မှာ သက်ရှိသတ္တဝါတွေပါ ပါလာတာတော့ မဟုတ်ပါဘူး။

ဒေါက်တာ ပဒေသာတင်။ “လွန်ခဲ့တဲ့ အနှစ် သန်းထောင်ပေါင်း ၁၄ ထောင်တုန်းက ပေါက်ကွဲမှုကြီး ဖြစ်ပြီး၊ လွန်ခဲ့တဲ့ အနှစ် သန်းပေါင်း ၅ ထောင်လောက်ကမှ စကြဝဠာ စဖြစ်ပါတယ်။ နေနဲ့ ဂြိုဟ်တွေ ပတ်တဲ့ စကြဝဠာပါ။ ဖြစ်ပြီး နှစ် သန်းပေါင်း ၅၀၀ လောက်ကျမှ သက်ရှိသတ္တဝါတွေ ကမ္ဘာပေါ်မှာ စ ပေါ်လာတယ်လို့ ပြောပါတယ်။ အဲဒါကြောင့် ဘယ်အချိန်လောက်ကများ ရှိခဲ့လဲ ဆိုတာ သေချာ လက်တွေ့တိုင်းကြည့်တဲ့အခါ ကျတော့ ဒီ Greenland ဆိုလို့ရှိရင် နှစ် သန်းပေါင်း ၄ ထောင်က ကာဗွန်တွေ အဓိက စုနေတဲ့ ကျောက်တွေကို တွေ့ခဲ့တာပါ။ ဒါဟာ ပထမဆုံး စပြီးတော့ သက်ရှိသတ္တဝါ ဖြစ်နိုင်တယ် ဆိုတဲ့ဟာကို မှတ်တမ်း တင်ထားတာ ရှိပါတယ်။ အဲဒီတော့ အခု နိုဘယ်လ်ဆု ရတဲ့ သုတေသန ပညာရှင်တွေကတော့ သက်ရှိသတ္တဝါများ ကမ္ဘာ့အပြင်မှာ တခြားစကြဝဠာမှာများ ရှိမလား၊ ဒီစကြဝဠာကြီးရော ဘယ်ကစသလဲ ဆိုတာကို စူးစမ်းခဲ့သူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ နိုဘယ်လ်ဆု ပေးတာ ဖြစ်ပါတယ်။”

ဒေါက်တာပဒေသာတင်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို အဆုံးသတ်ပါရစေ။

XS
SM
MD
LG