သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ်ိဳးသမီးနဲ႔ ႏိုင္ငံေရးဦးေဆာင္မႈ


New Myanmar Foundation ေရြးေကာက္ပြဲအၾကံေပး မျမနႏၵာသင္း။ (ဓာတ္ပံု - New Myanmar Foundation)

(Zawgyi/Unicode)

ျပီးခဲ့တဲ့သီတင္းပတ္တုန္းက လာမယ့္ေရြးေကာက္ပြြဲနဲ႔ ပတ္သက္လို႔ အမ်ိဳးသမီးေတြရဲ႕ စိတ္၀င္စားမႈ၊ ပါ၀င္လႈပ္ရွားမႈေတြကို ေလ့လာေစာင့္ၾကည့္ စစ္တမ္းေကာက္ယူေနတဲ့ အေျခအေနကို New Myanmar Foundation အဖြဲ႔က ေရြးေကာက္ပြဲ အၾကံေပး မျမနႏၵာသင္းနဲ႔ ဆက္သြယ္ ေမးျမန္းခ်က္ကို ထုတ္လႊင့္ေပးခဲ့ပါတယ္။ ဒီလို ေရြးေကာက္ပြဲနဲ႔ အမ်ိဳးသမီးေတြ ပါ၀င္မႈအျပင္ ျမန္မာ့ႏုိင္ငံေရးမွာ၊ ဦးေဆာင္အခန္းက႑ေတြမွာ အမ်ိဳးသမီးေတြ ဘယ္ေလာက္အတိုင္းအတာအထိ ေနရာ ရလာၾကျပီလဲ။ အမ်ိဳးသမီးေတြ ပိုမို ပါ၀င္လာဖို႔ ဘယ္လိုအေျခအေနေတြ ရွိဖို႔ လိုအပ္ေနသလဲ ဆုိတာနဲ႔ အနာဂတ္ႏုိင္ငံေရးမွာ အမ်ိဳးသမီး ေခါင္းေဆာင္ေတြ ပိုမိုေပၚထြက္လာဖို႔ အလားအလာေတြနဲ႔ပတ္သက္လို႔လည္း မျမနႏၵာသင္းနဲ႔ ဆက္သြယ္ေမးျမန္းျပီး ဒီသီတင္းပတ္အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

မျမနႏၵာသင္းေရ အမ်ိဳးသမီေတြနဲ႔ ဒီလာမယ့္ ေရြးေကာက္ပြဲမွာ ပါ၀င္မႈ အျပင္ အမ်ိဳးသမီးေတြ ႏိုင္ငံေရး ဦးေဆာင္မႈက႑ေတြမွာ ပါ၀င္လာဖို႔ အေျခအေနနဲ႔ပတ္သက္ျပီးေတာ့လည္း ေမးခ်င္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ လူဦးေရတ၀က္ေက်ာ္ဟာ အမ်ိဳးသမီးေတြပါ။ ဆိုေတာ့ ဒီအမ်ိဳးသမီးေတြအေနနဲ႔ ႏိုင္ငံေရး၊ စီးပြားေရး လူမႈေရး က႑အသီးသီးမွာ ဆံုးျဖတ္ပိုင္ခြင့္ ရွိတဲ့ဦးေဆာင္မႈ ေနရာေတြမွာ ပါ၀င္သင့္တယ္ဆိုတာကေတာ့ က်မတို႔အခုအခ်ိန္မွာ ေျပာဖို႔မလိုေတာ့ေအာင္ အေတာ္မ်ားမ်ားကလည္း လက္ခံတဲ့ အေျခအေနျဖစ္လာေနျပီလို႔ ထင္ပါတယ္။ ဒါေပမဲ့ တကယ္တမ္း ဦးေဆာင္မႈေနရာေတြမွာ အမ်ိဳးသမီးေတြပါ၀င္မႈဟာ ျဖစ္သင့္တဲ့ အတိုင္းအတာတခု အထိ ေရာက္ေနျပီလို႔ ထင္ပါသလားရွင့္။

“က်မတို႔ ဥပမာအားျဖင့္ဆိုရင္ အမ်ိဳးသမီးေတြ ကေတာ့ ႏုိင္ငံေရးျဖစ္စဥ္ေတြမွာ ပါ၀င္လာျပီေပါ့ေနာ္။ ကိုယ္စားလွယ္ေတြလည္း ျဖစ္ျပီးေတာ့ လႊတ္ေတာ္ထဲမွာလည္း ေမးခြန္းေတြေမး၊ အဆိုေတြ ျပဳတဲ့ဟာေတြ ရွိျပီေပါ့ေနာ္။ အစိုးရ အဖြဲ႔ထဲမွာ ဆိုရင္လည္း ဒါ ပါ၀င္လာျပီေပါ့ေနာ္။ ၀န္ၾကီးခ်ဳပ္ အေနနဲ႔ ပါ၀င္လာတာမ်ိဳးေတြလည္း ရွိတယ္။ ျပည္နယ္နဲ႔တုိင္းေတြမွာ။ ဒါေပမဲ့ သို႔ေသာ္လည္းပဲ က်မတို႔ ရာခိုင္ႏႈန္းအားျဖင့္ ၾကည့္မယ္ဆိုရင္ေတာ့ နည္းေနေသးတာေပါ့ေနာ္။ ဥပမာအားျဖင့္ တခုေျပာမယ္ဆိုရင္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္မွာဆိုရင္ အားလံုး ၁၅ ဦးရွိတယ္။ ဥကၠ႒ အပါအ၀င္ အကုန္လံုးက အမ်ိဳးသားေတြခ်ည္းပဲေပါ့ေနာ္။ အဲ့ဒီလို ပံုစံမ်ိဳးေလးေတြ က်မတို႔ ေတြ႔ရတယ္။ ေနာက္ျပီးေတာ့ ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ ျမိဳ႕နယ္အဆင့္တုိ႔ ခ႐ိုင္အဆင့္ေတြမွာ ဆိုလို႔ရွိရင္လည္း ဒါက အမ်ိဳးသမီး အရာရွိေတြ၊ ဥကၠ႒ေတြေပါ့ေနာ္။ ျမိဳ႕နယ္ ဥကၠ႒လို ဟာေတြမွာလည္း ပါ၀င္မႈက နည္းေနေသးတယ္ေပါ့ေနာ္။ အစိုးရအဖြဲ႔ေတြမွာဆိုရင္ေတာ့ ပိုျပီးေတာ့မွ သိသာထင္ရွားတာကေတာ့ ေခါင္းေဆာင္ပိုင္းက႑ေတြမွာ အမ်ိဳးသမီးေတြ အေနနဲ႔ကေတာ့ ရာခိုင္ႏႈန္းအားျဖင့္ေတာ့ လံုေလာက္မႈ မရွိေသးဘူးလို႔ေတာ့ ေျပာရမွာေပါ့ေနာ္။”

ဟုတ္ကဲ့။ အဲ့ဒီလိုမရွိေသးတာက ဘယ္လို အေျခအေနေတြေၾကာင့္ပါလဲရွင့္။

“မျဖစ္ေသးတာဆိုတဲ့အပိုင္းက က်ေတာ့ အေၾကာင္းရင္းကေတာ့ အမ်ားၾကီး ရွိတယ္ေပါ့ေနာ္။ ပထမ တေၾကာင္းကက်ေတာ့ အမ်ိဳးသမီးေတြမွာ ႏုိင္ငံေရးလုပ္ဖို႔ဆုိရင္ စဥ္းစားရတဲ့ ဟာေတြရွိတယ္။ ဥပမာ ကိုယ့္ခေလးကို ခေလးထိန္းမလား။ ႏုိင္ငံေရးလုပ္မလားေပါ့။ ဒါမွမဟုတ္ရင္လည္း သူတို႔မွာ မ်ားေသာအားျဖင့္က ျမန္မာျပည္မွာဆိုရင္ေတာ့ အမ်ိဳးသမီးေတြက ကိုယ့္မိဘကို ျပဳစုတာတို႔၊ ကိုယ့္ရဲ႕ အိမ္ေထာင္ေရးမွာ ဆိုရင္လည္း ကိုယ့္အမ်ိဳးသားကို ဦးစားေပးလိုက္တာမ်ိဳးေတြေပါ့ေနာ္။ ဒီလိုမ်ိဳး စြန္႔လႊတ္ျပီးေတာ့ အနစ္နာခံတာမ်ားတဲ့ အခါမွာက်ေတာ့၊ ကေလးေမြးတာပဲျဖစ္ျဖစ္။ တခုခုေပါ့။ က်န္းမာေရးကိစၥနဲ႔ယွဥ္လာျပီဆိုရင္လည္း ကိုယ့္ရဲ႕ယံုၾကည္ခ်က္၊ အထူးသျဖင့္ကေတာ့ ႏုိင္ငံေရးဆိုင္ရာ လုပ္ငန္းေတြကို စြန္႔လႊတ္လိုက္ၾကတဲ့ ဟာေတြလည္း ရွိတယ္။ ဒါကေတာ့ တပိုင္းပါ။ ေနာက္တပိုင္းကေတာ့ က်မတို႔ ပညာေရးပိုင္းေပါ့။ ပညာေရးပိုင္းမွာလည္း အမ်ိဳးသမီးေတြ။ အထူးသျဖင့္ သမီးနဲ႔သားနဲ႔ ယွဥ္တယ္ဆိုရင္ တခ်ိဳ႕မိသားစုေတြမွာဆိုရင္ သားကို ပိုျပီးေတာ့ ဦးစားေပးတယ္ေပါ့ေနာ္။ သမီးက်ေတာ့ အခ်ိန္တန္လို႔ အိမ္ေထာင္ျပဳတယ္ဆိုရင္ သူ ေယာက္်ားကေန သူ႔ကို ရွာေဖြ ေကၽြးေမြးလိမ့္မယ္။ ပညာမတတ္ရင္လည္း ျဖစ္တယ္ေပါ့။ အိမ္မႈကိစၥကိုပဲ ႏုိင္ေအာင္လုပ္ ဆုိတာမ်ိဳးေတြနဲ႔ ဒီလိုမ်ိဳး အယူအဆေလးေတြကေတာ့ ရွိေနတုန္းပဲေပါ့ေနာ္။ ရွိေနေသးတဲ့ အခ်ိန္မွာက်ေတာ့ အထူးသျဖင့္ကေတာ့ ႏုိင္ငံေရးျဖစ္စဥ္လိုဟာမ်ိဳးမွာဆုိရင္ တခ်ိဳ႕မိသားစုေတြက ဒါ မိန္းခေလးနဲ႔ ႏုိင္ငံေရးနဲ႔ ဘာဆိုင္လို႔လဲ။ ဒါ မသင့္ေတာ့ဘူးေပါ့။ အတိုက္အခိုက္ေတြ မ်ားတယ္ေပါ့။ မလုပ္ပါနဲ႔ ဆိုျပီး သိပ္ျပီးေတာ့ အားေပးေလ့ မရွိဘူးေပါ့ေနာ္။ အဲ့လိုမိသားစုေတြကလည္း က်မတို႔ဆီမွာ ရွိေနတုန္းပဲေပါ့ေနာ္။ ေျပာရမယ္ဆိုရင္ေတာ့ ယဥ္ေက်းမႈ ဓေလ့ထံုးတမ္းေတြ အရေရာ၊ ေရွး႐ိုးစြဲေနတဲ့ အစဥ္အလာေတြ ရွိတယ္။ ဒီလို အသိုင္းအ၀ိုင္းေတြမွာေတာ့ အမ်ိဳးသမီးေတြ ႏုိင္ငံေရးမွာ ပါ၀င္ဖို႔ ဆိုတာကေတာ့ အဟန္႔အတားေတြ ကေတာ့ ရွိေနဆဲေပါ့ေနာ္။”

ဒီလို အဟန္႔အတားေတြနည္းသြားေအာင္၊ ေစာေစာကေျပာတဲ့ ထံုးတမ္းစဥ္လာ အတားအဆီးေတြ ေျပာင္းလဲျပီး အမ်ိဳးသမီးေတြ ႏုိင္ငံေရးဦးေဆာင္မႈမွာ ပိုမိုပါ၀င္လာဖို႔ဆိုရင္ အစိုးရ၊ မျမနႏၵာသင္းတို႔လို အဖြဲ႔ေတြ အပါအ၀င္ အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြ၊ ေနာက္ လူတဦးခ်င္းစီကေရာ ဘာေတြ အဓိက လုပ္ေဆာင္ဖို႔ လိုအပ္ေနတယ္လို႔ ထင္ပါသလဲရွင့္။

“အဓိက ကေတာ့ အမ်ိဳးသမီးေတြ ပါ၀င္လာႏိုင္ဖို႔ကို အားေပးရမယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်မတို႔ စစ္တမ္းလုပ္တဲ့ေနရာမွာ ေမးခြန္းေလးတခုမွာေပါ့ေနာ္။ အမ်ိဳးသမီးေတြ ေရြးေကာက္ပဲြ ျဖစ္စဥ္ေတြမွာ ပါ၀င္လာဖို႔ ႏုိင္ငံေရးသမားေတြ ကိုယ္ႏွိက္ကေရာ လုိလိုလားလားနဲ႔ ၾကိဳဆိုလက္ခံရဲ႕လားဆိုတဲ့ ေမးခြန္းမွာ - သူတို႔က လုိလားတယ္။ ၾကိဳဆိုတယ္လို႔ ေျဖတာက ၄၀ % ေက်ာ္ပဲ ရွိတယ္ေပါ့ေနာ္။ ဆိုေတာ့ ဒီသေဘာက က်ေတာ့ အမ်ိဳးသမီးေတြ ပါ၀င္တာကိုေတာ့ သူတို႔ၾကိဳဆိုတယ္။ သို႔ေသာ္လည္းပဲ တကယ့္ကို ေခါင္းေဆာင္ပိုင္းဆိုင္ရာ ေနရာမ်ိဳးေတြမွာ ထဲထဲ၀င္၀င္ေပါ့။ ဥပမာအားျဖင့္ ဆိုရင္ ႏုိင္ငံေရးပါတီ တခုရဲ႕ ဥကၠ႒ဆိုရင္ ဘယ္ႏွစ္ေယာက္ ရွိမလဲေပါ့ေနာ္။ ပါတီဥကၠ႒အေနနဲ႔ အမိ်ဳးသမီးက သိပ္အမ်ားၾကီးလည္း မရွိဘူးေပါ့ေနာ္။ ဒီဟာက က်ေတာ့ သိသာ ထင္ရွား တယ္ေပါ့ေနာ္။ သိသာထင္ရွားတယ္ဆိုတာ ကေတာ့ အမ်ိဳးသမီးေတြကေတာ့ ပါပါ။ ပါတီ၀င္ပါ လုပ္ပါ။ ဒီလိုေတာ့ ဖိတ္ေခၚတာေတြ ရွိတယ္။ ဒါေပမဲ့ တကယ္တမ္း ထိပ္ပိုင္းဆုိင္ရာ ေခါင္းေဆာင္မႈပိုင္းကို ေရာက္ဖို႔အတြက္က်ေတာ့ အဟန္႔အတားေတြ အားေပးမႈေတြ ကေတာ့ နည္းေနတုန္းပဲေပါ့ေနာ္။ အမ်ိဳးသမီးအခ်င္းခ်င္း ကေတာ့ ေဖးမတာ ပံ့ပိုးတာေတြေတာ့ ရွိပါတယ္။ ဒါေပမဲ့လည္းပဲ သူတို႔မွာ တခ်ိဳ႕အပိုင္းေလးေတြမွာေတာ့ လုိအပ္ခ်က္ေတြေတာ့ ရွိေနေသးတယ္ေပါ့ေနာ္။ ေနာက္ဆံုး မဲေပးတာက အစေပါ့ေလ။ ဥပမာ အမ်ိဳးသမီးေတြ အေနနဲ႔ ကိုယ့္ရဲ႕ကိုယ္ပိုင္ စိတ္ဆႏၵနဲ႔ လြတ္လြြတ္လပ္လပ္ မဲေပးခြင့္ရွိလား လို႔ ေမးတဲ့ေမးခြန္းမွာေတာင္မွ ၉ ၄ % ေလာက္ကပဲ ဒါ လြတ္လြတ္လပ္လပ္နဲ႔ မဲေပးလို႔ရတယ္လို႔ ေျဖျပီးေတာ့ က်န္တဲ့ ၆ % ေလာက္က က်ေတာ့ အိမ္က မိသားစုက ေျပာတယ္။ ေယာက္်ားထည့္ခိုင္းတဲ့ပါတီကို ထည့္လိုက္တယ္တုိ႔။ အေဖက ဒီပါတီကို ထည့္ပါဆိုျပီးေတာ့မွေျပာလို႔ ထည့္လိုက္တယ္ဆိုတဲ့ လႊမ္းမိုးမႈေတြ ေပါ့ေနာ္။ တခါတေလ က်ေတာ့လည္း အမ်ိဳးသမီးေတြ ကိုယ္ႏွိက္ကိုယ္က ဒီဟာက လႊမ္းမိုးေနတဲ့ဟာ၊ ဒါ တို႔ရဲ႕အခြင့္အေရ ျဖစ္တယ္ ဆိုတဲ့ဟာမိ်ဳးကို သိေနရင္ေတာင္မွ အလြယ္တကူနဲ႔ပဲ လက္ခံလိုက္တဲ့ဟာမ်ိဳးေပါ့ေနာ္။ ေနာက္ ေခါင္းေဆာင္မႈပိုင္းဆိုရင္လည္းပဲ သူ ေခါင္းေဆာင္ႏုိင္တယ္ဆုိတာ သူ႔ကိုယ္သူေတာ့ သိတယ္။ ဒါေပမဲ့လည္း အမ်ားနဲ႔ ျဖစ္လာတဲ့အခါက်ေတာ့ အမ်ားကို ဦးစားေပး လိုက္တာမ်ိဳးတို႔။ လက္ေ လ ွ်ာ့ေပးလိုက္ရတာမ်ိဳးတို႔။ အဲ့ဒါမ်ိဳး အေျခအနေတြကေတာ့ အမ်ိဳးသမီးေတြမွာ ရွိေနတာေပါ့ေနာ္။”

အပိတ္အေနနဲ႔ က်မ တခုေမးခ်င္တာကေတာ့ အနာဂတ္မွာ အမ်ိဳးသမီးေတြ ႏုိင္ငံေရးမွာ ပိုမို ပါ၀င္လာႏိုင္မယ့္ အေျခအေန အလားအလာ ဘယ္လို ေတြ႔ရပါသလဲ။ လူ႔အခြင့္အေရး အမ်ိဳးသမီးအခြင့္အေရး တက္ၾကြလႈပ္ရွားသူ တေယာက္အေနနဲ႔ မျမနႏၵာသင္းရဲ႕ အျမင္ေပါ့။ ျမန္မာ့ႏုိင္ငံေရးမွာ အမ်ိဳးသမီးေခါင္းေဆာင္ေတြ ပိုျပီး ေပၚထြက္လာဖို႔ ဘယ္ေလာက္ အားရစရာ အေျခအေန၊ အလားအလာေတြ ေတြ႔ေနရပါျပီလဲရွင့္။

“က်မ ကေတာ့ က်မ တေယာက္တည္းအျမင္ကေတာ့ က်မ အေကာင္းဘက္ကိုျမင္တယ္။ ဘာလို႔လဲဆိုေတာ့ အခုဆိုရင္ အမ်ိဳးသမီးေတြထဲမွာပဲ ႏုိင္ငံေရးကို professional တခုလို၊ carrier life တခုလို သြားခ်င္တဲ့ အမ်ိဳးသမီးေတြကို က်မတို႔ ေတြ႔လာရတယ္ေပါ့ေနာ္။ ဒီဟာဆိုလို႔ရွိရင္ ဒါက ေကာင္းတဲ့ လကၡဏာေပါ့ေနာ္။ သို႔ေသာ္လည္းပဲ က်မတို႔က ဘာတခုေတာ့ ရွိလဲ ဆိုေတာ့ အမ်ိဳးသမီးေတြက ႏိုင္ငံေရး လုပ္တဲ့အခါမွာ ကိုယ္စားလွယ္ေလာင္းေတြ အေနနဲ႔ပဲျဖစ္ျဖစ္၊ ပါတီတခုခုမွာ ၀င္ျပီးေတာ့ မဲဆြယ္စည္း႐ံုးေရး လုပ္ငန္းေတြ ေသာ္လည္းေကာင္းေပါ့။ တာ၀န္ယူရတဲ့အခါမွာ သူတို႔မွာ အတိုက္အခိုက္ေတြ ရွိႏိုင္တယ္။ ဒီ အတုိက္အခိုက္လို႔ ဆိုတဲ့ေနရာမွာေတာ့ အဓိက ကေတာ့ အခုဆိုရင္ လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာ အမ်ိဳးသမီး ကိုယ္စားလွယ္ေလာင္းေတြကို ပုဂၢိဳလ္ေရးအရ တိုက္ခိုက္တာမ်ိဳးေတြ၊ ဒါမွမဟုတ္ ဆဲဆိုတဲ့ ကြန္းမန္႔ေတြေပါ့ေနာ္။ ဒါမ်ိဳးေတြကို က်မတို႔ ေတြ႔ေနရတယ္။ ေနာက္တခုက အမ်ိဳးသမီး ကိုယ္စားလွယ္ေလာင္းေတြရဲ႕ ဗီႏိုင္းေတြ၊ ဆိုင္းဘုတ္ေတြ ဖ်က္ဆီးခံရတဲ့ အေျခအေနမ်ိဳးေတြ။ ဒါမွမဟုတ္ရင္လည္း ကန္႔ကြက္တယ္ဆိုတဲ့ အေျခအေနမ်ိဳးေတြကို ၾကံဳရတယ္ေပါ့ေနာ္။ ၾကံဳရတယ္ဆိုတာက သူတို႔က အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္း မိုလို႔ ဆိုျပီး ျဖစ္တာမ်ိဳးေတာ့ ဟုတ္ခ်င္မွဟုတ္မယ္။ ဒါေပမဲ့လည္းပဲ ဒီလိုတိုက္ခိုက္မႈေတြေပါ့ေနာ္။ အမ်ိဳးသမီးျဖစ္ျခင္းေၾကာင့္ ခြဲျခား ဆက္ဆံမႈေပါ့။ ဥပမာ ၾကက္မတြန္လို႔ မိုးမလင္းဘူးဆိုတဲ့ ဟာမ်ိဳး။ မင္းက ဘယ္ေလာက္ လုပ္ႏုိင္မွာမို႔လို႔ ဒီဟာက ပိုေကာင္းလာမွာ မဟုတ္ဘူးဆိုတဲ့ ဒီလိုမ်ိဳး တိုက္ခိုက္မႈေတြ ရွိလာတဲ့အခါမွာ အထူးသျဖင့္ က်မတို႔က ၾကံ့ၾကံ့ခံႏုိင္ရမယ္ေပါ့ေနာ္။ ထိုနည္းတူစြာပဲ ပတ္၀န္းက်င္ေပါ့။ အထူးသျဖင့္ကေတာ့ ပတ္၀န္းက်င္ မိသားစုရဲ႕ အားေပးမႈကလည္းပဲ အမ်ားၾကီး အေရးၾကီးပါတယ္။ အမ်ိဳးသမီးတေယာက္က ေခါင္းေဆာင္ တေယာက္ျဖစ္လာဖို႔ဆိုတာ ခ်က္ခ်င္းၾကီး ၀ုန္းခနဲ ေခါင္းေဆာင္မႈ အရည္အေသြးေတြ ျပည့္၀လာတယ္ဆိုတာမ်ိဳး မဟုတ္ဘဲနဲ႔ ပထမဆံုးကေတာ့ မိသားစုတြင္း ပံ့ပိုးမႈ။ ဒုတိယအဆင့္ အေနနဲ႔ဆိုရင္ေတာ့ ပါတီတြင္းေပါ့။ ပါတီတြင္းမွာ အမ်ိဳးသမီးေတြ အေပၚမွာ ပံ့ပိုးမႈေတြ၊ ရင္းႏွီးျမွဳပ္ႏွံမႈေတြ၊ ပညာရပ္ပိုင္းဆိုင္ရာ အရည္အေသြး ျဖည့္ဖို႔အတြက္ကို ရင္းႏွီးျမွဳပ္ႏွံတဲ့ အေျခအေနမ်ိဳးေတြ ေပါ့ေနာ္။ ဒါမ်ိဳးေတြကုိ က်မတို႔ လုပ္ေဆာင္ေပးဖို႔ လိုတယ္။ ပါတီ ေတြ အေနနဲ႔ကလည္း အမ်ိဳးသမီးေတြကို အားေပးတဲ့ ကိုယ္စားလွယ္ေလာင္းေတြ ၀င္ေရာက္ယွဥ္ျပိဳင္တဲ့ ေနရာမွာ ရာခိုင္ႏႈန္းတခု အေနနဲ႔ ထည့္ျပီးေတာ့မွ စဥ္းစားေပးတဲ့ ပံုစံမိ်ဳးေတြေပ့ါ။ ဒါမ်ိဳးေတြကိုလည္း က်မတို႔က လုပ္ေဆာင္သင့္ပါတယ္။ ဒီလိုမ်ိဳး ကိုယ့္ရဲ႕ ပတ္၀န္းက်င္ကေနျပီးေတာ့မွ အမ်ိဳးသမီးေတြကို ပံ့ပိုးေပးမွသာလ ွ်င္ သူတို႔အေနနဲ႔ တာ၀န္ယူလာႏုိင္မယ္။ ေခါင္းေဆာင္ေတြ ျဖစ္လာႏုိင္မယ္။ အမ်ိဳးသမီးေတြကလည္း ကိုယ့္တာ၀န္ကိုယ္ ယူျပီးေတာ့ ေခါင္းေဆာင္မႈပိုင္း ဆိုင္ရာမွာ ပါ၀င္လာႏုိင္မွလည္းပဲ က်မတို႔ ႏုိင္ငံတခုလံုး အေနနဲ႔ဆုိရင္ေတာ့ ပိုမိုျပီးေတာ့မွ တိုးတက္လာမယ္ေပါ့ေနာ္။ ဆိုေတာ့ အကုန္လံုးကေတာ့ ဒီပတ္၀န္းက်င္ အသိုင္းအ၀ိုင္း တခုလံုးကေတာ့ ၀ိုင္း၀န္းျပီးေတာ့မွ ေထာက္ပ့ံ့ေပးဖို႔၊ အားေပးဖို႔ လိုတယ္ဆိုတာကိုလည္း ေျပာခ်င္ပါတယ္။”

ဟုတ္ကဲ့ ေက်းဇူးအမ်ားၾကီးတင္ပါတယ္ရွင့္ မျမနႏၵာသင္း။

အမ်ိဳးသမီးနဲ႔ ႏိုင္ငံေရးဦးေဆာင္မႈ
please wait

No media source currently available

0:00 0:10:40 0:00
တိုက္႐ိုက္ လင့္ခ္

===================================

[Unicode Version]

အမျိုးသမီးနဲ့ နိုင်ငံရေးဦးဆောင်မှု (အမျိုးသမီးကဏ္ဍ)

ပြီးခဲ့တဲ့သီတင်းပတ်တုန်းက လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှု၊ ပါဝင်လှုပ်ရှားမှုတွေကို လေ့လာစောင့်ကြည့် စစ်တမ်းကောက်ယူနေတဲ့ အခြေအနေကို New Myanmar Foundation အဖွဲ့က ရွေးကောက်ပွဲ အကြံပေး မမြနန္ဒာသင်းနဲ့ ဆက်သွယ် မေးမြန်းချက်ကို ထုတ်လွှင့်ပေးခဲ့ပါတယ်။ ဒီလို ရွေးကောက်ပွဲနဲ့ အမျိုးသမီးတွေ ပါဝင်မှုအပြင် မြန်မာ့နိုင်ငံရေးမှာ၊ ဦးဆောင်အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ဘယ်လောက်အတိုင်းအတာအထိ နေရာ ရလာကြပြီလဲ။ အမျိုးသမီးတွေ ပိုမို ပါဝင်လာဖို့ ဘယ်လိုအခြေအနေတွေ ရှိဖို့ လိုအပ်နေသလဲ ဆိုတာနဲ့ အနာဂတ်နိုင်ငံရေးမှာ အမျိုးသမီး ခေါင်းဆောင်တွေ ပိုမိုပေါ်ထွက်လာဖို့ အလားအလာတွေနဲ့ပတ်သက်လို့လည်း မမြနန္ဒာသင်းနဲ့ ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

မမြနန္ဒာသင်းရေ အမျိုးသမီတွေနဲ့ ဒီလာမယ့် ရွေးကောက်ပွဲမှာ ပါဝင်မှု အပြင် အမျိုးသမီးတွေ နိုင်ငံရေး ဦးဆောင်မှုကဏ္ဍတွေမှာ ပါဝင်လာဖို့ အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း မေးချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေတဝက်ကျော်ဟာ အမျိုးသမီးတွေပါ။ ဆိုတော့ ဒီအမျိုးသမီးတွေအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး ကဏ္ဍအသီးသီးမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ဦးဆောင်မှု နေရာတွေမှာ ပါဝင်သင့်တယ်ဆိုတာကတော့ ကျမတို့အခုအချိန်မှာ ပြောဖို့မလိုတော့အောင် အတော်များများကလည်း လက်ခံတဲ့ အခြေအနေဖြစ်လာနေပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဦးဆောင်မှုနေရာတွေမှာ အမျိုးသမီးတွေပါဝင်မှုဟာ ဖြစ်သင့်တဲ့ အတိုင်းအတာတခု အထိ ရောက်နေပြီလို့ ထင်ပါသလားရှင့်။

“ကျမတို့ ဥပမာအားဖြင့်ဆိုရင် အမျိုးသမီးတွေ ကတော့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်လာပြီပေါ့နော်။ ကိုယ်စားလှယ်တွေလည်း ဖြစ်ပြီးတော့ လွှတ်တော်ထဲမှာလည်း မေးခွန်းတွေမေး၊ အဆိုတွေ ပြုတဲ့ဟာတွေ ရှိပြီပေါ့နော်။ အစိုးရ အဖွဲ့ထဲမှာ ဆိုရင်လည်း ဒါ ပါဝင်လာပြီပေါ့နော်။ ဝန်ကြီးချုပ် အနေနဲ့ ပါဝင်လာတာမျိုးတွေလည်း ရှိတယ်။ ပြည်နယ်နဲ့တိုင်းတွေမှာ။ ဒါပေမဲ့ သို့သော်လည်းပဲ ကျမတို့ ရာခိုင်နှုန်းအားဖြင့် ကြည့်မယ်ဆိုရင်တော့ နည်းနေသေးတာပေါ့နော်။ ဥပမာအားဖြင့် တခုပြောမယ်ဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာဆိုရင် အားလုံး ၁၅ ဦးရှိတယ်။ ဥက္ကဋ္ဌ အပါအဝင် အကုန်လုံးက အမျိုးသားတွေချည်းပဲပေါ့နော်။ အဲ့ဒီလို ပုံစံမျိုးလေးတွေ ကျမတို့ တွေ့ရတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ မြို့နယ်အဆင့်တို့ ခရိုင်အဆင့်တွေမှာ ဆိုလို့ရှိရင်လည်း ဒါက အမျိုးသမီး အရာရှိတွေ၊ ဥက္ကဋ္ဌတွေပေါ့နော်။ မြို့နယ် ဥက္ကဋ္ဌလို ဟာတွေမှာလည်း ပါဝင်မှုက နည်းနေသေးတယ်ပေါ့နော်။ အစိုးရအဖွဲ့တွေမှာဆိုရင်တော့ ပိုပြီးတော့မှ သိသာထင်ရှားတာကတော့ ခေါင်းဆောင်ပိုင်းကဏ္ဍတွေမှာ အမျိုးသမီးတွေ အနေနဲ့ကတော့ ရာခိုင်နှုန်းအားဖြင့်တော့ လုံလောက်မှု မရှိသေးဘူးလို့တော့ ပြောရမှာပေါ့နော်။”

ဟုတ်ကဲ့။ အဲ့ဒီလိုမရှိသေးတာက ဘယ်လို အခြေအနေတွေကြောင့်ပါလဲရှင့်။

“မဖြစ်သေးတာဆိုတဲ့အပိုင်းက ကျတော့ အကြောင်းရင်းကတော့ အများကြီး ရှိတယ်ပေါ့နော်။ ပထမ တကြောင်းကကျတော့ အမျိုးသမီးတွေမှာ နိုင်ငံရေးလုပ်ဖို့ဆိုရင် စဉ်းစားရတဲ့ ဟာတွေရှိတယ်။ ဥပမာ ကိုယ့်ခလေးကို ခလေးထိန်းမလား။ နိုင်ငံရေးလုပ်မလားပေါ့။ ဒါမှမဟုတ်ရင်လည်း သူတို့မှာ များသောအားဖြင့်က မြန်မာပြည်မှာဆိုရင်တော့ အမျိုးသမီးတွေက ကိုယ့်မိဘကို ပြုစုတာတို့၊ ကိုယ့်ရဲ့ အိမ်ထောင်ရေးမှာ ဆိုရင်လည်း ကိုယ့်အမျိုးသားကို ဦးစားပေးလိုက်တာမျိုးတွေပေါ့နော်။ ဒီလိုမျိုး စွန့်လွှတ်ပြီးတော့ အနစ်နာခံတာများတဲ့ အခါမှာကျတော့၊ ကလေးမွေးတာပဲဖြစ်ဖြစ်။ တခုခုပေါ့။ ကျန်းမာရေးကိစ္စနဲ့ယှဉ်လာပြီဆိုရင်လည်း ကိုယ့်ရဲ့ယုံကြည်ချက်၊ အထူးသဖြင့်ကတော့ နိုင်ငံရေးဆိုင်ရာ လုပ်ငန်းတွေကို စွန့်လွှတ်လိုက်ကြတဲ့ ဟာတွေလည်း ရှိတယ်။ ဒါကတော့ တပိုင်းပါ။ နောက်တပိုင်းကတော့ ကျမတို့ ပညာရေးပိုင်းပေါ့။ ပညာရေးပိုင်းမှာလည်း အမျိုးသမီးတွေ။ အထူးသဖြင့် သမီးနဲ့သားနဲ့ ယှဉ်တယ်ဆိုရင် တချို့မိသားစုတွေမှာဆိုရင် သားကို ပိုပြီးတော့ ဦးစားပေးတယ်ပေါ့နော်။ သမီးကျတော့ အချိန်တန်လို့ အိမ်ထောင်ပြုတယ်ဆိုရင် သူ ယောက်ျားကနေ သူ့ကို ရှာဖွေ ကျွေးမွေးလိမ့်မယ်။ ပညာမတတ်ရင်လည်း ဖြစ်တယ်ပေါ့။ အိမ်မှုကိစ္စကိုပဲ နိုင်အောင်လုပ် ဆိုတာမျိုးတွေနဲ့ ဒီလိုမျိုး အယူအဆလေးတွေကတော့ ရှိနေတုန်းပဲပေါ့နော်။ ရှိနေသေးတဲ့ အချိန်မှာကျတော့ အထူးသဖြင့်ကတော့ နိုင်ငံရေးဖြစ်စဉ်လိုဟာမျိုးမှာဆိုရင် တချို့မိသားစုတွေက ဒါ မိန်းခလေးနဲ့ နိုင်ငံရေးနဲ့ ဘာဆိုင်လို့လဲ။ ဒါ မသင့်တော့ဘူးပေါ့။ အတိုက်အခိုက်တွေ များတယ်ပေါ့။ မလုပ်ပါနဲ့ ဆိုပြီး သိပ်ပြီးတော့ အားပေးလေ့ မရှိဘူးပေါ့နော်။ အဲ့လိုမိသားစုတွေကလည်း ကျမတို့ဆီမှာ ရှိနေတုန်းပဲပေါ့နော်။ ပြောရမယ်ဆိုရင်တော့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ အရရော၊ ရှေးရိုးစွဲနေတဲ့ အစဉ်အလာတွေ ရှိတယ်။ ဒီလို အသိုင်းအဝိုင်းတွေမှာတော့ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ ဆိုတာကတော့ အဟန့်အတားတွေ ကတော့ ရှိနေဆဲပေါ့နော်။”

ဒီလို အဟန့်အတားတွေနည်းသွားအောင်၊ စောစောကပြောတဲ့ ထုံးတမ်းစဉ်လာ အတားအဆီးတွေ ပြောင်းလဲပြီး အမျိုးသမီးတွေ နိုင်ငံရေးဦးဆောင်မှုမှာ ပိုမိုပါဝင်လာဖို့ဆိုရင် အစိုးရ၊ မမြနန္ဒာသင်းတို့လို အဖွဲ့တွေ အပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ နောက် လူတဦးချင်းစီကရော ဘာတွေ အဓိက လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ထင်ပါသလဲရှင့်။

“အဓိက ကတော့ အမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့ကို အားပေးရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ စစ်တမ်းလုပ်တဲ့နေရာမှာ မေးခွန်းလေးတခုမှာပေါ့နော်။ အမျိုးသမီးတွေ ရွေးကောက်ပွဲ ဖြစ်စဉ်တွေမှာ ပါဝင်လာဖို့ နိုင်ငံရေးသမားတွေ ကိုယ်နှိက်ကရော လိုလိုလားလားနဲ့ ကြိုဆိုလက်ခံရဲ့လားဆိုတဲ့ မေးခွန်းမှာ - သူတို့က လိုလားတယ်။ ကြိုဆိုတယ်လို့ ဖြေတာက ၄၀ % ကျော်ပဲ ရှိတယ်ပေါ့နော်။ ဆိုတော့ ဒီသဘောက ကျတော့ အမျိုးသမီးတွေ ပါဝင်တာကိုတော့ သူတို့ကြိုဆိုတယ်။ သို့သော်လည်းပဲ တကယ့်ကို ခေါင်းဆောင်ပိုင်းဆိုင်ရာ နေရာမျိုးတွေမှာ ထဲထဲဝင်ဝင်ပေါ့။ ဥပမာအားဖြင့် ဆိုရင် နိုင်ငံရေးပါတီ တခုရဲ့ ဥက္ကဋ္ဌဆိုရင် ဘယ်နှစ်ယောက် ရှိမလဲပေါ့နော်။ ပါတီဥက္ကဋ္ဌအနေနဲ့ အမျိုးသမီးက သိပ်အများကြီးလည်း မရှိဘူးပေါ့နော်။ ဒီဟာက ကျတော့ သိသာ ထင်ရှား တယ်ပေါ့နော်။ သိသာထင်ရှားတယ်ဆိုတာ ကတော့ အမျိုးသမီးတွေကတော့ ပါပါ။ ပါတီဝင်ပါ လုပ်ပါ။ ဒီလိုတော့ ဖိတ်ခေါ်တာတွေ ရှိတယ်။ ဒါပေမဲ့ တကယ်တမ်း ထိပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်မှုပိုင်းကို ရောက်ဖို့အတွက်ကျတော့ အဟန့်အတားတွေ အားပေးမှုတွေ ကတော့ နည်းနေတုန်းပဲပေါ့နော်။ အမျိုးသမီးအချင်းချင်း ကတော့ ဖေးမတာ ပံ့ပိုးတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့လည်းပဲ သူတို့မှာ တချို့အပိုင်းလေးတွေမှာတော့ လိုအပ်ချက်တွေတော့ ရှိနေသေးတယ်ပေါ့နော်။ နောက်ဆုံး မဲပေးတာက အစပေါ့လေ။ ဥပမာ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ရဲ့ကိုယ်ပိုင် စိတ်ဆန္ဒနဲ့ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိလား လို့ မေးတဲ့မေးခွန်းမှာတောင်မှ ၉ ၄ % လောက်ကပဲ ဒါ လွတ်လွတ်လပ်လပ်နဲ့ မဲပေးလို့ရတယ်လို့ ဖြေပြီးတော့ ကျန်တဲ့ ၆ % လောက်က ကျတော့ အိမ်က မိသားစုက ပြောတယ်။ ယောက်ျားထည့်ခိုင်းတဲ့ပါတီကို ထည့်လိုက်တယ်တို့။ အဖေက ဒီပါတီကို ထည့်ပါဆိုပြီးတော့မှပြောလို့ ထည့်လိုက်တယ်ဆိုတဲ့ လွှမ်းမိုးမှုတွေ ပေါ့နော်။ တခါတလေ ကျတော့လည်း အမျိုးသမီးတွေ ကိုယ်နှိက်ကိုယ်က ဒီဟာက လွှမ်းမိုးနေတဲ့ဟာ၊ ဒါ တို့ရဲ့အခွင့်အရေ ဖြစ်တယ် ဆိုတဲ့ဟာမျိုးကို သိနေရင်တောင်မှ အလွယ်တကူနဲ့ပဲ လက်ခံလိုက်တဲ့ဟာမျိုးပေါ့နော်။ နောက် ခေါင်းဆောင်မှုပိုင်းဆိုရင်လည်းပဲ သူ ခေါင်းဆောင်နိုင်တယ်ဆိုတာ သူ့ကိုယ်သူတော့ သိတယ်။ ဒါပေမဲ့လည်း အများနဲ့ ဖြစ်လာတဲ့အခါကျတော့ အများကို ဦးစားပေး လိုက်တာမျိုးတို့။ လက်ေ လ ျှာ့ပေးလိုက်ရတာမျိုးတို့။ အဲ့ဒါမျိုး အခြေအနတွေကတော့ အမျိုးသမီးတွေမှာ ရှိနေတာပေါ့နော်။”

အပိတ်အနေနဲ့ ကျမ တခုမေးချင်တာကတော့ အနာဂတ်မှာ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမို ပါဝင်လာနိုင်မယ့် အခြေအနေ အလားအလာ ဘယ်လို တွေ့ရပါသလဲ။ လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ တယောက်အနေနဲ့ မမြနန္ဒာသင်းရဲ့ အမြင်ပေါ့။ မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးခေါင်းဆောင်တွေ ပိုပြီး ပေါ်ထွက်လာဖို့ ဘယ်လောက် အားရစရာ အခြေအနေ၊ အလားအလာတွေ တွေ့နေရပါပြီလဲရှင့်။

“ကျမ ကတော့ ကျမ တယောက်တည်းအမြင်ကတော့ ကျမ အကောင်းဘက်ကိုမြင်တယ်။ ဘာလို့လဲဆိုတော့ အခုဆိုရင် အမျိုးသမီးတွေထဲမှာပဲ နိုင်ငံရေးကို professional တခုလို၊ carrier life တခုလို သွားချင်တဲ့ အမျိုးသမီးတွေကို ကျမတို့ တွေ့လာရတယ်ပေါ့နော်။ ဒီဟာဆိုလို့ရှိရင် ဒါက ကောင်းတဲ့ လက္ခဏာပေါ့နော်။ သို့သော်လည်းပဲ ကျမတို့က ဘာတခုတော့ ရှိလဲ ဆိုတော့ အမျိုးသမီးတွေက နိုင်ငံရေး လုပ်တဲ့အခါမှာ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ပဲဖြစ်ဖြစ်၊ ပါတီတခုခုမှာ ဝင်ပြီးတော့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ သော်လည်းကောင်းပေါ့။ တာဝန်ယူရတဲ့အခါမှာ သူတို့မှာ အတိုက်အခိုက်တွေ ရှိနိုင်တယ်။ ဒီ အတိုက်အခိုက်လို့ ဆိုတဲ့နေရာမှာတော့ အဓိက ကတော့ အခုဆိုရင် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာမျိုးတွေ၊ ဒါမှမဟုတ် ဆဲဆိုတဲ့ ကွန်းမန့်တွေပေါ့နော်။ ဒါမျိုးတွေကို ကျမတို့ တွေ့နေရတယ်။ နောက်တခုက အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေရဲ့ ဗီနိုင်းတွေ၊ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတဲ့ အခြေအနေမျိုးတွေ။ ဒါမှမဟုတ်ရင်လည်း ကန့်ကွက်တယ်ဆိုတဲ့ အခြေအနေမျိုးတွေကို ကြုံရတယ်ပေါ့နော်။ ကြုံရတယ်ဆိုတာက သူတို့က အမျိုးသမီးကိုယ်စားလှယ်လောင်း မိုလို့ ဆိုပြီး ဖြစ်တာမျိုးတော့ ဟုတ်ချင်မှဟုတ်မယ်။ ဒါပေမဲ့လည်းပဲ ဒီလိုတိုက်ခိုက်မှုတွေပေါ့နော်။ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြား ဆက်ဆံမှုပေါ့။ ဥပမာ ကြက်မတွန်လို့ မိုးမလင်းဘူးဆိုတဲ့ ဟာမျိုး။ မင်းက ဘယ်လောက် လုပ်နိုင်မှာမို့လို့ ဒီဟာက ပိုကောင်းလာမှာ မဟုတ်ဘူးဆိုတဲ့ ဒီလိုမျိုး တိုက်ခိုက်မှုတွေ ရှိလာတဲ့အခါမှာ အထူးသဖြင့် ကျမတို့က ကြံ့ကြံ့ခံနိုင်ရမယ်ပေါ့နော်။ ထိုနည်းတူစွာပဲ ပတ်ဝန်းကျင်ပေါ့။ အထူးသဖြင့်ကတော့ ပတ်ဝန်းကျင် မိသားစုရဲ့ အားပေးမှုကလည်းပဲ အများကြီး အရေးကြီးပါတယ်။ အမျိုးသမီးတယောက်က ခေါင်းဆောင် တယောက်ဖြစ်လာဖို့ဆိုတာ ချက်ချင်းကြီး ဝုန်းခနဲ ခေါင်းဆောင်မှု အရည်အသွေးတွေ ပြည့်ဝလာတယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ ပထမဆုံးကတော့ မိသားစုတွင်း ပံ့ပိုးမှု။ ဒုတိယအဆင့် အနေနဲ့ဆိုရင်တော့ ပါတီတွင်းပေါ့။ ပါတီတွင်းမှာ အမျိုးသမီးတွေ အပေါ်မှာ ပံ့ပိုးမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ ပညာရပ်ပိုင်းဆိုင်ရာ အရည်အသွေး ဖြည့်ဖို့အတွက်ကို ရင်းနှီးမြှုပ်နှံတဲ့ အခြေအနေမျိုးတွေ ပေါ့နော်။ ဒါမျိုးတွေကို ကျမတို့ လုပ်ဆောင်ပေးဖို့ လိုတယ်။ ပါတီ တွေ အနေနဲ့ကလည်း အမျိုးသမီးတွေကို အားပေးတဲ့ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နေရာမှာ ရာခိုင်နှုန်းတခု အနေနဲ့ ထည့်ပြီးတော့မှ စဉ်းစားပေးတဲ့ ပုံစံမျိုးတွေပေ့ါ။ ဒါမျိုးတွေကိုလည်း ကျမတို့က လုပ်ဆောင်သင့်ပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကနေပြီးတော့မှ အမျိုးသမီးတွေကို ပံ့ပိုးပေးမှသာလ ျှင် သူတို့အနေနဲ့ တာဝန်ယူလာနိုင်မယ်။ ခေါင်းဆောင်တွေ ဖြစ်လာနိုင်မယ်။ အမျိုးသမီးတွေကလည်း ကိုယ့်တာဝန်ကိုယ် ယူပြီးတော့ ခေါင်းဆောင်မှုပိုင်း ဆိုင်ရာမှာ ပါဝင်လာနိုင်မှလည်းပဲ ကျမတို့ နိုင်ငံတခုလုံး အနေနဲ့ဆိုရင်တော့ ပိုမိုပြီးတော့မှ တိုးတက်လာမယ်ပေါ့နော်။ ဆိုတော့ အကုန်လုံးကတော့ ဒီပတ်ဝန်းကျင် အသိုင်းအဝိုင်း တခုလုံးကတော့ ဝိုင်းဝန်းပြီးတော့မှ ထောက်ပံ့ပေးဖို့၊ အားပေးဖို့ လိုတယ်ဆိုတာကိုလည်း ပြောချင်ပါတယ်။”

ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ရှင့် မမြနန္ဒာသင်း။

XS
SM
MD
LG