သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖန္တီးအိမ္အဖြဲ႔နဲ႔ "Vote for Women" လႈပ္ရွားမႈ


ဖန္တီးအိမ္အဖြဲ႔ရဲ႕ "Vote for Women" လႈပ္ရွားမႈ ျမင္ကြင္းတစ္ခု။ (ဓာတ္ပံု - ဖန္တီးအိမ္)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အေထြေထြေ ေရြးေကာက္ပြဲက်င္းပဖို႔ လပိုင္းပဲ လိုပါေတာ့တယ္။ ဒီေရြးေကာက္ပြဲမွာ အမ်ိဳးသမီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ေထာက္ခံမဲေပးၾကဖို႔ လႈပ္ရွားမႈတခုကိုေတာ့ ဖန္တီးအိမ္ အဖြဲ႔က ျပီးခဲ့တဲ့လပိုင္းေတြကတည္းက စတင္ေနခဲ့တာပါ။ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈေတြေၾကာင့္ အကန္႔အသတ္ေတြၾကားမွာပဲ ''Vote for Women'' အမ်ိဳးသမီးေတြကို မဲေပးၾကပါ ဆိုတဲ့ လႈပ္ရွားမႈကို သူတို႔ ဘယ္လို စတင္ခဲ့ၾကသလဲ။ ေရြးေကာက္ပြဲနီးလာခ်ိန္မွာေရာ ဘယ္လိုပံုစံနဲ႔ ဆက္လက္ လုပ္ေဆာင္ေနပါလဲ။ အမ်ိဳးသမီးေတြ ႏုိင္ငံေရးမွာ ပိုမိုပါ၀င္လာဖို႔ ဘာေၾကာင့္ အေရးၾကီးရတာလဲ ဆိုတာေတြကို ဖန္တီးအိမ္အဖြဲ႔ရဲ႕ ညႊန္ၾကားေရးမွဴး မခင္ေလးငယ္ကို ဆက္သြယ္ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

မခင္ေလးငယ္တို႔ ဖန္တီးအိမ္အဖြဲ႔ကေန "Vote for Women" အမ်ိဳးသမီးေတြကို မဲေပးၾကပါ - ဆိုတဲ့ လႈပ္ရွားမႈေလး လုပ္ေနတာေတြ႔ပါတယ္။ ဒီလႈပ္ရွားမႈကို ဘယ္အခ်ိန္မွာစျပီး လုပ္ျဖစ္ခဲ့ၾကသလဲ။ ဘာေၾကာင့္ လုပ္ျဖစ္ခဲ့တယ္ဆုိတာ ေျပာျပေပးပါလားရွင့္။

“ဟုတ္ကဲ့ရွင့္။ ေျပာရရင္ေတာ့ က်မတို႔ ၂၀၁၅ ေရြးကာက္ပြဲမွာကတည္းက ဒီ "Vote for Women" လႈပ္ရွားမႈေပါ့ေနာ္။ အမ်ိဳးသမီးေတြကို မဲေပးဖို႔ဆိုတာ လုပ္ခဲ့ဖူးတယ္ရွင့္။ အဲ့ဒီတုန္းကေတာ့ က်မတို႔ ၂ ေနရာပဲေပါ့ေနာ္။ ရန္ကုန္မွာက ျပည္သူ႔ရင္ျပင္ထဲမွာ တစ္ေခါက္နဲ႔ လား႐ိႈးမွာတစ္ေခါက္ လုပ္ခဲ့ဖူးတယ္။ အခု ၂၀၂၀ က်ေတာ့လည္း က်မတို႔ ဒါကိုလုပ္မယ္ေပါ့ေနာ္။ ဒါေပမဲ့ အဲ့ဒီမွာ က်မတို႔ တစ္ခု စဥ္းစားတာကေတာ့ လုပ္တဲ့အခါမွာ က်မတုိ႔ ကန္ပိန္းပံုစံေပါ့ေနာ္။ နယ္ေျမေတြမွာလွည့္ျပီးေတာ့ ျပဇာတ္၊ ဇာတ္လမ္းေလးေတြနဲ႔ ေဖ်ာ္ေျဖဖုိ႔ စဥ္းစားတယ္။ နယ္ေျမ ၉ ေနရာေပါ့ေနာ္။ ရွမ္းျပည္တို႔ ကယားျပည္တို႔လည္း ပါတယ္။ ရန္ကုန္မွာလည္း ပါတယ္။ အဲ့ဒီလိုလွည့္ျပီးေတာ့ ျပဇာတ္ကေလးေတြနဲ႔ ကမယ္။ ကန္ပိန္းေပါ့။ အမ်ိဳးသမီးေတြကို ယံုၾကည္မႈ ရွိလာဖို႔ေပါ့ေနာ္။ ေရြးေကာက္ပြဲက်ရင္ မဲထည့္ဖို႔ဆိုတာကို သတင္းစကားေပးမယ္ေပါ့။ အဲ့ဒီလိုလုပ္မယ့္ဟာကို ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ကိုလည္း တင္ျပတယ္။ ကိုယ္စားလွယ္ေလာင္း အမည္စာရင္း မထြက္ခင္အထိပဲ လုပ္ဖို႔လည္း နဂိုကတည္းက စီစဥ္ထားတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္စားလွယ္ေလာင္း အမည္စာရင္း ထြက္လို႔ က်မတို႔က နယ္ေျမေတြမွာ သြားလုပ္ခဲ့တယ္ဆိုရင္ က်မတို႔ကေတာ့ အမ်ိဳးသမီးေတြကို မဲေပးဖို႔ မဲဆြယ္တာ။ ဒါေပမဲ့ အဲ့ဒီအခ်ိန္က်ရင္ ပါတီေတြမွာ၊ တခ်ိဳ႕ပါတီေတြက အမ်ိဳးသားျဖစ္မယ္။ တခ်ိဳ႕ ပါတီက အမ်ိဳးသမီး ျဖစ္မယ္ဆိုရင္ က်မတို႔က ပါတီေတြအေပၚ ဘက္လိုက္ျပီး မဲဆြယ္သလို ျဖစ္မယ္စိုးလို႔ေပါ့ေနာ္။ အဲ့ဒီေတာ့ ကိုယ္စားလွယ္ေလာင္း အမည္စာရင္းမထြက္ခင္ လုပ္မယ္လုိ႔ ရည္ရြယ္ျပီးေတာ့ အစီအစဥ္ဆြဲခဲ့တယ္။ ဒါေပမဲ့ ဒီကိုဗစ္ျဖစ္လာတဲ့အခါက်ေတာ့ အဲ့ဒီလို ျပဇာတ္တိုေလးေတြနဲ႔ လူေတြကို ေဖ်ာ္ေျဖဖို႔က သိပ္အဆင္မေျပေတာ့ က်မတို႔အစီအစဥ္ ေျပာင္းလိုက္ျပီးေတာ့ က်မတုိ႔ အဲ့ဒါကို ဇာတ္လမ္းေလးေတြ ႐ိုက္တယ္။ သီခ်င္းလည္း စပ္တယ္ေပါ့ေနာ္။ အမ်ိဳးသမီးေတြ ႏုိင္ငံေရးမွာပါဖို႔ သီခ်င္းေလးေတြ စပ္တယ္။ အဲ့ဒါကို LED ကားၾကီးေတြနဲ႔ လုပ္ျပီးေတာ့ ျပတာေတာ့ လုပ္ခဲ့တယ္ရွင့္။

မဲေပးပါ ဆိုတာတင္မဟုတ္ဘဲနဲ႔ အမ်ိဳးသမီးေတြကို မဲေပးပါ ေပါ့ေနာ္။ အမ်ိဳးသမီး ဆုိတာကိုပါ ထည့္ျပီးေတာ့ ဘာေၾကာင့္ အထူးျပဳျပီးေတာ့ အမ်ိဳးသမီးေတြကို မဲေပးဖို႔ လိုအပ္တယ္လို႔ ယူဆျပီးေတာ့ ဒီလႈပ္ရွားမႈကို လုပ္တာပါလဲရွင့္။

“ဟုတ္ကဲ့ရွင့္။ ၂၀၀၈ နာဂစ္ျဖစ္ေတာ့ ဒီ ဖန္တီးအိမ္ကို စတည္ေထာင္တဲ့သူေတြက နာဂစ္မွာခံခဲ့ရတဲ့သူေတြကို ကူညီၾကရင္းနဲ႔ ဘာကိုသြားေတြ႔လာလဲဆိုေတာ့ တကယ့္ တုိင္းျပည္ကို စီမံခန္႔ခြဲတဲ့ေနရာမွာ အမ်ိဳးသမီးေတြ မပါတဲ့အခါက်ေတာ့ တကယ့္လက္ေတြ႔ ေအာက္ေျခမွာ အမ်ိဳးသမီးထု ဒုကၡေရာက္ေနတဲ့အခါမွာ ကူညီတဲ့အခါမွာ၊ ကူညီေထာက္ပံ့တာေတာ့ ဟုတ္တယ္။ သို႔ေသာ္ အမ်ိဳးသမီးေတြ အတြက္ သီးသန္႔လိုအပ္ခ်က္ေတြကို စဥ္းစားတာမ်ိဳး မရွိတဲ့အခါမွာ။ ဒီကိစၥတင္မကဘဲ ဆက္စဥ္းစားတဲ့အခါ တျခား အၾကမ္းဖက္ခံရမႈေတြပဲ ျဖစ္ျဖစ္ ဘာပဲျဖစ္ျဖစ္ ေအာက္ေျခက အမ်ိဳးသမီးေတြ အတြက္က ေခါင္းေဆာင္ပိုင္းမွာ အမ်ိဳးသမီးတေယာက္ မပါျခင္းအားျဖင့္ လုိအပ္ခ်က္ေတြကို ေကာင္းေကာင္း မျဖည့္ဆည္းေပးႏုိင္ဘူးဆိုတာ ေတြ႔လာတယ္ေပါ့ေနာ္။ ေနာက္ျပီးေတာ့ တိုင္းျပည္တစ္ခု၊ အိမ္တစ္ခု၊ မိသားစုတစ္ခုပဲျဖစ္ျဖစ္ မ ွ်မ ွ်တတဖြံ႔ျဖိဳးဖို႔ဆိုရင္ စဥ္းစားဆံုးျဖတ္တဲ့ေနရာမွာ အမ်ိဳးသမီးေရာ အမ်ိဳးသားေရာ ႏွစ္ေယာက္ရဲ႕ အေတြးအေခၚ သဘာ၀ စိတ္ေနစိတ္ထားေတြ ပူးေပါင္းျပီးလုပ္မွ ေအာင္ျမင္မယ္ဆိုတာကိုလည္း ေတြ႔လာတယ္ေပါ့ေနာ္။ အဲ့ဒီအခါမွာ သူတို႔က ဖန္တီးအိမ္အဖြဲ႔ကို တည္ေထာင္ခဲ့ျပီးေတာ့ ဒီအမ်ိဳးသမီးေတြအတြက္ အထူးသျဖင့္ ႏုိင္ငံေရးမွာ အမ်ိဳးသမီးေခါင္းေဆာင္ေတြ ပိုေပၚလာဖို႔ဆိုျပီး လုပ္ခဲ့တယ္ေပါ့ေနာ္။ အဲ့ဒါကေတာ့ ၂၀၀၉ ခုႏွစ္မွာ ဒီဖန္တီးအိမ္ကို တည္ေထာင္ခဲ့တယ္။ ၂၀၁၀ ေရြးေကာက္ပြဲမွာ ေလ့လာတဲ့အခါက်ေတာ့ အမ်ိဳးသမီး ပါ၀င္မႈက အရမ္းနည္းတယ္ေပါ့ေနာ္။ ၃ % ေလာက္ပဲရွိေတာ့ သူတို႔က ၂၀၁၂ ခုႏွစ္ကေနစျပီး အမ်ိဳးသမီးႏိုင္ငံေရး ေခါင္းေဆာင္မႈ ဆုိတဲ့ စီမံကိန္းေတြလုပ္ျပီး ႏိုင္ငံေရးပါတီစံုနဲ႔ ဆက္သြယ္ျပီးေတာ့ ေခါင္းေဆာင္မႈသင္တန္းေတြ ေပးခဲ့တယ္ရွင့္။ အဲ့ဒီကေနျပီးေတာ့ ၂၀၁၅ ေရြးေကာက္ပြဲက်ေတာ့ ေရြးေကာက္ပြဲမွာ အမ်ိဳးသမီးပါ၀င္မႈ ပိုမ်ားလာရမယ္ဆိုတဲ့ စီမံကိန္းရဲ႕ ရည္ရြြယ္ခ်က္အတိုင္း သူတို႔က ပိုျပီးေတာ့ လံႈ႔ေဆာ္ျပီးေတာ့ အမ်ိဳးသမီးေတြကို မဲေပးပါ ဆိုတာေတြ လုပ္လာတယ္။ အဓိက ကေတာ့ ႏုိင္ငံေရးပါတီေတြကိုလည္း ပိုျပီးေတာ့ ဦးတည္ခ်က္ ထားတယ္ေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ ႏုိင္ငံေရးပါတီေတြကတဆင့္ အမ်ိဳးသမီး ကိုယ္စားလွယ္ေလာင္းေတြ ေရြးေတာ့မွသာ ဒီေရြးေကာက္ပြဲမွာ အမ်ိဳးသမီး ပါ၀င္ခြင့္ ပိုမ်ားမယ္ဆုိေတာ့ ႏုိင္ငံေရးပါတီေတြက သူတို႔ အမ်ိဳးသမီး ကိုယ္စားလွယ္ေလာင္းေတြကို သူတို႔ ပိုျပီး မ်ားမ်ားထည့္လာဖို႔ကိုလည္း ဦးတည္ျပီးေတာ့ လုပ္ပါတယ္ရွင့္။”

ဟုတ္ကဲ့ အခု ေရြးေကာက္ပြြဲရက္ တျဖည္းျဖည္းနီးလာခ်ိန္မွာေရာ ဒီလႈပ္ရွားမႈက ဘယ္လိုပံုစံ ဆက္ရွိေနပါလဲရွင့္။

“ေရြးေကာက္ပြဲနား အရမ္းနီးကပ္လာတဲ့အခ်ိန္မွာ က်မတို႔က ဒီ ''Vote for Women'' ကန္ပိန္းကိုေလ ွ်ာ့လိုက္ျပီး ပံုစံေျပာင္းလိုက္တယ္။ Vote by Women ေပါ့။ အမ်ိဳးသမီးေတြက မဲေပးၾကပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ တခ်ိဳ႕ ေ၀းလံေခါင္ဖ်ားတဲ့ေဒသေတြမွာက်ေတာ့ အမ်ိဳးသမီးေတြက မဲ႐ံုကိုသြားျပီး မဲေပးႏုိင္ဖို႔ခက္ခဲတဲ့အခါ မေပးၾကတာမ်ိဳးေတြလည္း ရွိေတာ့ က်မတို႔က အမ်ိဳးသမီးေတြလည္း ကိုယ့္ဆႏၵမဲကိုေပးဖို႔ဆိုတဲ့ ပံုစံနဲ႔ ကန္ပိန္းေလးကို ေျပာင္းလိုက္တယ္။ မဲဆႏၵရွင္ေတြကို ေလးစားတဲ့အေနနဲ႔ မိမိႏွစ္သက္တဲ့ ကိုယ္စားလွယ္ေလာင္းကို ေရြးခ်ယ္ဖို႔ အခြင့္အေရး ေပးခ်င္ပါတယ္။ အမ်ိဳးသမီးေတြကိုမွ ေပးရမယ္ဆိုတဲ့ဟာမ်ိဳးကိုေတာ့ ေရြးေကာက္ပြဲနီးတဲ့အခ်ိန္မွာ မလုပ္ေတာ့ဘူးရွင့္။”

ဟုတ္ကဲ့။ ဖန္တီးအိမ္ နာမည္နဲ႔ ဒီလိုအစုအဖြဲ႔ေလး ဖြဲ႔စည္းဖို႔ ဘယ္လို စဥ္းစားမိျပီးေတာ့ စတင္ခဲ့တာလဲ ဆုိတာကိုလည္း ေျပာျပပါဦးရွင့္။

“က်မ ကေတာ့ အခုလက္ရွိ ဖန္တီးအိမ္မွာ ဒါ႐ိုက္တာ (ညႊန္ၾကားေရးမွဴး) တာ၀န္ယူထားပါတယ္။ ဒါေပမဲ့ စျပီးေတာ့ တည္ေထာင္ခဲ့တဲ့ အမ်ိဳးသမီး ၅ ဦးေပါ့ေနာ္။ အဲ့ဒီအထဲမွာေတာ့ က်မ မပါခဲ့ပါဘူးရွင့္။ က်မက ဖန္တီးအိမ္ကို လက္လႊဲျပီး တာ၀န္ယူခဲ့တာပါရွင့္။ ဒါေပမဲ့ သူတို႔ေတြ ရည္ရြယ္ခဲ့တဲ့ ဖန္တီးအိမ္လို႔ နာမည္ေပးခဲ့တဲ့ဟာကေတာ့ က်မ သိပါတယ္။ အဲ့ဒါက ဘာလဲဆိုေတာ့ အမ်ိဳးသမီးေတြသည္ ကိုယ့္ဘ၀ကိုဖန္တီးဖို႔။ အမ်ိဳးသမီးေတြဆိုတာ သူမ်ားရဲ႕ ျပဌာန္းခံအျဖစ္ မဟုတ္ဘဲနဲ႔ ကိုယ့္ကိုယ္ကို ကိုယ့္ဘ၀ကို ျပဌာန္းႏုိင္ဖို႔၊ ကိုယ္ေနမယ့္အိမ္ေပါ့ေနာ္၊ တနည္းအားျဖင့္ ႏိုင္ငံေပါ့ေနာ္။ အဲ့ဒါကို ကိုယ္ ကိုယ္တိုင္ ဖန္တီးႏုိင္ဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ သူတို႔က ဒီနာမည္ေလး ေပးခဲ့တယ္လို႔ ေျပာခဲ့ဖူးပါတယ္ရွင့္။

ဟုတ္ကဲ့။ အခု ဒီ ၂၀၂၀ ေရြးေကာက္ပြဲမွာ အရင္ ၂၀၁၅ ေရြးေကာက္ပြဲနဲ႔ ႏိႈင္းယွဥ္မယ္ဆိုလို႔ရွိရင္ အမ်ိဳးသမီးေတြရဲ႕ပါ၀င္မႈက ပိုမ်ားလာတာကိုေရာ ေတြ႔ရပါသလားရွင့္။

“မ်ားလာပါတယ္။ မ်ားလာတယ္ဆုိတာက က်မတို႔ စာရင္းဇယားေတြအရေပါ့။ အခု ေရြးေကာက္ပြဲ ကိုယ္စားလွယ္ေလာင္း စာရင္းေတြလည္း ထြက္ျပီဆိုေတာ့ က်မတို႔ အဲ့ဒါေတြကို ေလ့လာတဲ့အခါမွာ၊ ေျပာရရင္ေတာ့ ၂၀၁၀ တုန္းကဆိုရင္ ၀င္ျပီးေတာ့ယွဥ္ျပိဳင္ဖို႔ ကိုယ္စားလွယ္ေလာင္းက ၁၅၀ ပတ္၀န္းက်င္ပဲ ရွိတယ္။ ၂၀၁၅ မွာေတာ့ ၈၀၀ ေလာက္ရွိတယ္ေပါ့ေနာ္။ တိုးလာတယ္။ အခု ၂၀၂၀ မွာ အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္း ဦးေရက ၁,၁၀၀ ရွိပါတယ္ရွင့္။ အဲ့ဒီေတာ့ ေျပာရရင္ စုစုေပါင္း ၀င္ေရာက္ယွဥ္ျပိဳင္တဲ့ ဦးေရက ၆,၉ ၆၉ ဆိုေတာ့ အမ်ိဳးသမီး ရာခိုင္ႏႈန္း ကေတာ့ ၁၆ % ေလာက္ ရွိတယ္ရွင့္။ အဲ့ဒီေတာ့ အေရြးခံရရင္ေတာ့ က်မတုိ႔ ထပ္ျပီးေတာ့ စာရင္းဇယား အသစ္ထြက္မွာေပါ့ေနာ္။ ဘာပဲေျပာေျပာ အမ်ိဳးသမီးေတြက ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိလာျပီးေတာ့ ၀င္ေရာက္ယွဥ္ျပိဳင္ဖို႔ ဆံုးျဖတ္တယ္။ ေနာက္ ႏိုင္ငံေရးပါတီ အသီးသီးကလည္း ဒီေရြးေကာက္ပြဲမတိုင္ခင္ သူတို႔ မီဒီယာေတြနဲ႔ အင္တာဗ်ဴးရင္လည္း သူတို႔ပါတီေတြကေတာ့ အမ်ိဳးသမီးပါ၀င္မႈကို ဘယ္ႏွစ္ရာခိုင္ႏႈန္းအထိကို သူတုိ႔ၾကိဳးစားထားတယ္ စသျဖင့္ ထည့္ေျပာၾကတာေတြရွိတဲ့အခါမွာ က်မတို႔ကေတာ့ ဒီအေျခအေနအရ အမ်ိဳးသမီးပါ၀င္မႈကို လူေတြ အေလးထားလာတယ္ ဆုိတာကိုေတာ့ သံုးသပ္မိတယ္ရွင့္။ ဒါေပမဲ့ ပါ၀င္မႈကေတာ့ နည္းေနေသးတယ္ေပါ့ေနာ္။ အခု ၀င္ျပိဳင္တာေတာင္ ၁၆ % ပဲရွိေသးတယ္ဆိုေတာ့ ကိုယ္စားျပဳမႈကေတာ့ နည္းေနပါေသးတယ္ရွင့္။

ဟုတ္ကဲ့။ ႏိုင္ငံေရးပါတီေတြကလည္း သူတို႔မွာ အမ်ိဳးသမီးေတြနဲ႔ပတ္သက္ျပီးေတာ့ ရည္မွန္းခ်က္ထားတာေတြ ရွိတယ္လို႔ ေျပာတယ္ဆိုေတာ့ သူတို႔ တကယ္တမ္း ရည္မွန္းတဲ့အတိုင္း၊ သူတို႔ေျပာတဲ့အတိုင္းေရာ တကယ္တမ္း အခု ကိုယ္စားလွယ္ေလာင္းေတြ ထြက္လာတဲ့အခါမွာေရာ သူတို႔ရည္မွန္းခ်က္ေတြ ျပည့္မီေအာင္ လုပ္တာမ်ိဳးေတြေရာ ေတြ႔မိပါလားရွင့္။

“ဟုတ္ကဲ့။ သူတို႔ ၾကိဳးေတာ့ၾကိဳးစားတယ္ေပါ့။ ဒါေပမဲ့ တကယ္တမ္း လက္ေတြ႔လုပ္ရတဲ့အခါမွာ အမ်ိဳးသမီးေတြပါဖို႔ ရွာရေဖြရတာ ဆိုတာမ်ိဳးေတြလည္း သူတို႔ေျပာၾကတာမ်ိဳးေတြ ရွိတယ္ဆိုေတာ့။ အမ်ိဳးသမီးေတြ ႏုိင္ငံေရးမွာ ပါ၀င္ဖို႔ဆိုတာကေတာ့ အလြယ္တကူ လြယ္ကူတဲ့ကိစၥေတာ့ မဟုတ္ဘူး။ ေနာက္တခုကေတာ့ အမ်ိဳးသမီးျဖစ္ရင္ ျပီးေရာ ပါ၀င္လိုက္မယ္ဆိုရင္လည္း ဒါက က်မတို႔သိပ္ျပီးေတာ့ ျပည့္စံုေကာင္းမြန္တဲ့ ပါ၀င္မႈမဟုတ္တဲ့အခါမွာ အရည္အခ်င္းလည္း ျပည့္တယ္။ တကယ္ အေတြးအေခၚလည္း ေကာင္းတယ္။ ႏိုင္ငံေရးစြမ္းရည္လည္း ျပည့္၀တဲ့ အမ်ိဳးသမီးေတြ ပိုျပီးပါ၀င္လာဖို႔ကေတာ့ အားလံုးအတူတူ ႏုိင္ငံေရးပါတီေတြေရာ၊ က်မတို႔ အရပ္ဖက္အဖြဲ႔အစည္းေတြေရာ၊ အမ်ိဳးသမီးေတြကိုယ္တိုင္ကေရာ ၾကိဳးစားရဦးမယ္ရွင့္။ အမ်ိဳးသားေတြရဲ႕ စိတ္ထဲမွာလည္း တကယ္အမ်ိဳးသမီးပါ၀င္မႈက အေရးပါ ပါတယ္ ဆိုတဲ့ ႏွစ္ႏွစ္ကာကာယံုၾကည္မႈေလးေတြလည္း ရွိလာဖို႔ေတာ့ လုိလိမ့္ဦးမယ္လို႔ေတာ့ ထင္ပါတယ္။”

ဟုတ္ကဲ့။ ျမန္မာႏုိင္ငံမွာ ႏုိင္ငံေရးမွာ အမ်ိဳးသမီးေတြ ပါ၀င္ဖို႔က ဘာေၾကာင့္ အေရးၾကီးရတာပါလဲရွင့္။

“အဓိက ကေတာ့ ျမန္မာႏိုင္ငံ အေျခအေနတင္ မကဘူး။ ႏုိင္ငံတကာအေျခအေနေတြေရာ ၾကည့္ရင္ ျငိမ္းခ်မ္းေရးျဖစ္စဥ္ေတြေပါ့ေနာ္။ မျငိမ္းခ်မ္းတဲ့ႏုိင္ငံေတြမွာ ျငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ လုပ္ၾကတဲ့အခါမွာ အမ်ိဳးသမီးေတြ ပါလာရင္ ပိုျပီးေတာ့ ဒီျဖစ္စဥ္ေတြက ေအာင္ျမင္တယ္ဆိုတဲ့ အေတြ႔အၾကံဳေတြ ရွိတယ္။ အဲ့ဒီေတာ့ ျမန္မာႏိုင္ငံမွာလည္း အခုဟာက ျငိမ္းခ်မ္းေရးလုပ္ေနတယ္။ လုပ္ေနတဲ့အခါမွာ ညွိႏိႈင္းေဆြးေႏြးတဲ့အခါမွာ ေဆြးေႏြးတဲ့ အဖြဲ႔အစည္း အသီးသီးမွာလည္း ကိုယ္စားျပဳတဲ့ အမ်ိဳးသမီးေတြလည္း ပိုျပီး ပါလာေစခ်င္ပါတယ္ရွင့္။ ေနာက္တခါ ႏိုင္ငံရဲ႕ စီမံခန္႔ခြဲတဲ့ ေနရာမွာ အမ်ိဳးသမီးေတြ ပါ၀င္ျခင္းအားျဖင့္ ေအာက္ေျခမွာ ခံစားေနရတဲ့ အမ်ိဳးသမီးေတြကို ကိုယ္တိုင္ ကိုယ္ခ်င္းစာတတ္တယ္။ ျပီးလို႔ရွိရင္ အမ်ိဳးသမီးေတြရဲ႕ စဥ္းစားေတြးေခၚပံုနဲ႔ အမ်ိဳးသားေတြရဲ႕ စဥ္းစားေတြးေခၚပံုနဲ႔ အားသာခ်က္ေတြကို ေပါင္းျပီးေတာ့ လုပ္ႏိုင္မယ္ဆုိရင္ ပိုျပီးေတာ့ ေထာင့္ေစ့တဲ့ စီမံကိန္းေတြ ျဖစ္လာမယ္ေပါ့ေနာ္။ ေအာင္ျမင္တဲ့ စီမံကိန္းေတြလည္း ျဖစ္လာျပီး တိုင္းျပည္လည္း ပို ဖြံ႔ျဖိဳးမယ္ေပါ့။ အဲ့ဒါေတာ့ က်မတို႔ တကယ္ ႏွစ္ႏွစ္ကာကာယံုၾကည္တာပါရွင့္။ အဲ့ဒါေၾကာင့္ က်မတို႔က ဒီ အမ်ိဳးသမီးေတြ ပါ၀င္ဖို႔ကို ပိုျပီး ၾကိဳးစားေနတာပါ။ ဒါေပမဲ့ အဲ့ဒီမွာ က်မတို႔ သတိျပဳရမွာက အမ်ိဳးသမီးေတြ ပါလာျပီး အမ်ိဳးသားေတြ ေနရာကို တြန္းဖယ္လိုက္မယ္ဆိုတဲ့ ပံုစံမ်ိဳး မဟုတ္ဘဲနဲ႔ အတူတူပူးေပါင္းျပီး လုပ္ၾကဖို႔ေပါ့ေနာ္။ အမ်ိဳးသမီးေတြရဲ႕ အေတြးအေခၚေတြ စဥ္းစားပံုေတြကိုလည္း အမ်ိဳးသားေတြက အားေပးဖုိ႔၊ ေနာက္တခုက အမ်ိဳးသမီးေတြ ပို ပါလာျခင္းသည္ ဒီတိုင္းျပည္မွာ စစ္အာဏာရွင္ အေငြ႔အသက္ေတြ တျဖည္းျဖည္းကင္းစင္လာျပီ ဆိုတာကို အမ်ိဳးသမီး ပါ၀င္မႈႏႈန္းကေန ေဖာ္ျပေပးႏုိင္တယ္လို႔လည္း က်မ ယံုၾကည္ပါတယ္ရွင့္။

ဖန္တီးအိမ္အဖြဲ႔နဲ႔ "Vote for Women" လႈပ္ရွားမႈ
please wait

No media source currently available

0:00 0:10:43 0:00
တိုက္႐ိုက္ လင့္ခ္

====================================

[Unicode Version]

ဖန်တီးအိမ်အဖွဲ့နဲ့ "Vote for Women" လှုပ်ရှားမှု (အမျိုးသမီးကဏ္ဍ)

မြန်မာနိုင်ငံမှာ အထွေထွေေ ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းပဲ လိုပါတော့တယ်။ ဒီရွေးကောက်ပွဲမှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံမဲပေးကြဖို့ လှုပ်ရှားမှုတခုကိုတော့ ဖန်တီးအိမ် အဖွဲ့က ပြီးခဲ့တဲ့လပိုင်းတွေကတည်းက စတင်နေခဲ့တာပါ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေကြောင့် အကန့်အသတ်တွေကြားမှာပဲ ''Vote for Women'' အမျိုးသမီးတွေကို မဲပေးကြပါ ဆိုတဲ့ လှုပ်ရှားမှုကို သူတို့ ဘယ်လို စတင်ခဲ့ကြသလဲ။ ရွေးကောက်ပွဲနီးလာချိန်မှာရော ဘယ်လိုပုံစံနဲ့ ဆက်လက် လုပ်ဆောင်နေပါလဲ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်လာဖို့ ဘာကြောင့် အရေးကြီးရတာလဲ ဆိုတာတွေကို ဖန်တီးအိမ်အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး မခင်လေးငယ်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

မခင်လေးငယ်တို့ ဖန်တီးအိမ်အဖွဲ့ကနေ "Vote for Women" အမျိုးသမီးတွေကို မဲပေးကြပါ - ဆိုတဲ့ လှုပ်ရှားမှုလေး လုပ်နေတာတွေ့ပါတယ်။ ဒီလှုပ်ရှားမှုကို ဘယ်အချိန်မှာစပြီး လုပ်ဖြစ်ခဲ့ကြသလဲ။ ဘာကြောင့် လုပ်ဖြစ်ခဲ့တယ်ဆိုတာ ပြောပြပေးပါလားရှင့်။

“ဟုတ်ကဲ့ရှင့်။ ပြောရရင်တော့ ကျမတို့ ၂၀၁၅ ရွေးကာက်ပွဲမှာကတည်းက ဒီ "Vote for Women" လှုပ်ရှားမှုပေါ့နော်။ အမျိုးသမီးတွေကို မဲပေးဖို့ဆိုတာ လုပ်ခဲ့ဖူးတယ်ရှင့်။ အဲ့ဒီတုန်းကတော့ ကျမတို့ ၂ နေရာပဲပေါ့နော်။ ရန်ကုန်မှာက ပြည်သူ့ရင်ပြင်ထဲမှာ တစ်ခေါက်နဲ့ လားရှိုးမှာတစ်ခေါက် လုပ်ခဲ့ဖူးတယ်။ အခု ၂၀၂၀ ကျတော့လည်း ကျမတို့ ဒါကိုလုပ်မယ်ပေါ့နော်။ ဒါပေမဲ့ အဲ့ဒီမှာ ကျမတို့ တစ်ခု စဉ်းစားတာကတော့ လုပ်တဲ့အခါမှာ ကျမတို့ ကန်ပိန်းပုံစံပေါ့နော်။ နယ်မြေတွေမှာလှည့်ပြီးတော့ ပြဇာတ်၊ ဇာတ်လမ်းလေးတွေနဲ့ ဖျော်ဖြေဖို့ စဉ်းစားတယ်။ နယ်မြေ ၉ နေရာပေါ့နော်။ ရှမ်းပြည်တို့ ကယားပြည်တို့လည်း ပါတယ်။ ရန်ကုန်မှာလည်း ပါတယ်။ အဲ့ဒီလိုလှည့်ပြီးတော့ ပြဇာတ်ကလေးတွေနဲ့ ကမယ်။ ကန်ပိန်းပေါ့။ အမျိုးသမီးတွေကို ယုံကြည်မှု ရှိလာဖို့ပေါ့နော်။ ရွေးကောက်ပွဲကျရင် မဲထည့်ဖို့ဆိုတာကို သတင်းစကားပေးမယ်ပေါ့။ အဲ့ဒီလိုလုပ်မယ့်ဟာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း တင်ပြတယ်။ ကိုယ်စားလှယ်လောင်း အမည်စာရင်း မထွက်ခင်အထိပဲ လုပ်ဖို့လည်း နဂိုကတည်းက စီစဉ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်း ထွက်လို့ ကျမတို့က နယ်မြေတွေမှာ သွားလုပ်ခဲ့တယ်ဆိုရင် ကျမတို့ကတော့ အမျိုးသမီးတွေကို မဲပေးဖို့ မဲဆွယ်တာ။ ဒါပေမဲ့ အဲ့ဒီအချိန်ကျရင် ပါတီတွေမှာ၊ တချို့ပါတီတွေက အမျိုးသားဖြစ်မယ်။ တချို့ ပါတီက အမျိုးသမီး ဖြစ်မယ်ဆိုရင် ကျမတို့က ပါတီတွေအပေါ် ဘက်လိုက်ပြီး မဲဆွယ်သလို ဖြစ်မယ်စိုးလို့ပေါ့နော်။ အဲ့ဒီတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်းမထွက်ခင် လုပ်မယ်လို့ ရည်ရွယ်ပြီးတော့ အစီအစဉ်ဆွဲခဲ့တယ်။ ဒါပေမဲ့ ဒီကိုဗစ်ဖြစ်လာတဲ့အခါကျတော့ အဲ့ဒီလို ပြဇာတ်တိုလေးတွေနဲ့ လူတွေကို ဖျော်ဖြေဖို့က သိပ်အဆင်မပြေတော့ ကျမတို့အစီအစဉ် ပြောင်းလိုက်ပြီးတော့ ကျမတို့ အဲ့ဒါကို ဇာတ်လမ်းလေးတွေ ရိုက်တယ်။ သီချင်းလည်း စပ်တယ်ပေါ့နော်။ အမျိုးသမီးတွေ နိုင်ငံရေးမှာပါဖို့ သီချင်းလေးတွေ စပ်တယ်။ အဲ့ဒါကို LED ကားကြီးတွေနဲ့ လုပ်ပြီးတော့ ပြတာတော့ လုပ်ခဲ့တယ်ရှင့်။

မဲပေးပါ ဆိုတာတင်မဟုတ်ဘဲနဲ့ အမျိုးသမီးတွေကို မဲပေးပါ ပေါ့နော်။ အမျိုးသမီး ဆိုတာကိုပါ ထည့်ပြီးတော့ ဘာကြောင့် အထူးပြုပြီးတော့ အမျိုးသမီးတွေကို မဲပေးဖို့ လိုအပ်တယ်လို့ ယူဆပြီးတော့ ဒီလှုပ်ရှားမှုကို လုပ်တာပါလဲရှင့်။

“ဟုတ်ကဲ့ရှင့်။ ၂၀၀၈ နာဂစ်ဖြစ်တော့ ဒီ ဖန်တီးအိမ်ကို စတည်ထောင်တဲ့သူတွေက နာဂစ်မှာခံခဲ့ရတဲ့သူတွေကို ကူညီကြရင်းနဲ့ ဘာကိုသွားတွေ့လာလဲဆိုတော့ တကယ့် တိုင်းပြည်ကို စီမံခန့်ခွဲတဲ့နေရာမှာ အမျိုးသမီးတွေ မပါတဲ့အခါကျတော့ တကယ့်လက်တွေ့ အောက်ခြေမှာ အမျိုးသမီးထု ဒုက္ခရောက်နေတဲ့အခါမှာ ကူညီတဲ့အခါမှာ၊ ကူညီထောက်ပံ့တာတော့ ဟုတ်တယ်။ သို့သော် အမျိုးသမီးတွေ အတွက် သီးသန့်လိုအပ်ချက်တွေကို စဉ်းစားတာမျိုး မရှိတဲ့အခါမှာ။ ဒီကိစ္စတင်မကဘဲ ဆက်စဉ်းစားတဲ့အခါ တခြား အကြမ်းဖက်ခံရမှုတွေပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အောက်ခြေက အမျိုးသမီးတွေ အတွက်က ခေါင်းဆောင်ပိုင်းမှာ အမျိုးသမီးတယောက် မပါခြင်းအားဖြင့် လိုအပ်ချက်တွေကို ကောင်းကောင်း မဖြည့်ဆည်းပေးနိုင်ဘူးဆိုတာ တွေ့လာတယ်ပေါ့နော်။ နောက်ပြီးတော့ တိုင်းပြည်တစ်ခု၊ အိမ်တစ်ခု၊ မိသားစုတစ်ခုပဲဖြစ်ဖြစ် မ ျှမ ျှတတဖွံ့ဖြိုးဖို့ဆိုရင် စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ အမျိုးသမီးရော အမျိုးသားရော နှစ်ယောက်ရဲ့ အတွေးအခေါ် သဘာ၀ စိတ်နေစိတ်ထားတွေ ပူးပေါင်းပြီးလုပ်မှ အောင်မြင်မယ်ဆိုတာကိုလည်း တွေ့လာတယ်ပေါ့နော်။ အဲ့ဒီအခါမှာ သူတို့က ဖန်တီးအိမ်အဖွဲ့ကို တည်ထောင်ခဲ့ပြီးတော့ ဒီအမျိုးသမီးတွေအတွက် အထူးသဖြင့် နိုင်ငံရေးမှာ အမျိုးသမီးခေါင်းဆောင်တွေ ပိုပေါ်လာဖို့ဆိုပြီး လုပ်ခဲ့တယ်ပေါ့နော်။ အဲ့ဒါကတော့ ၂၀၀၉ ခုနှစ်မှာ ဒီဖန်တီးအိမ်ကို တည်ထောင်ခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ လေ့လာတဲ့အခါကျတော့ အမျိုးသမီး ပါဝင်မှုက အရမ်းနည်းတယ်ပေါ့နော်။ ၃ % လောက်ပဲရှိတော့ သူတို့က ၂၀၁၂ ခုနှစ်ကနေစပြီး အမျိုးသမီးနိုင်ငံရေး ခေါင်းဆောင်မှု ဆိုတဲ့ စီမံကိန်းတွေလုပ်ပြီး နိုင်ငံရေးပါတီစုံနဲ့ ဆက်သွယ်ပြီးတော့ ခေါင်းဆောင်မှုသင်တန်းတွေ ပေးခဲ့တယ်ရှင့်။ အဲ့ဒီကနေပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲကျတော့ ရွေးကောက်ပွဲမှာ အမျိုးသမီးပါဝင်မှု ပိုများလာရမယ်ဆိုတဲ့ စီမံကိန်းရဲ့ ရည်ရွယ်ချက်အတိုင်း သူတို့က ပိုပြီးတော့ လှုံ့ဆော်ပြီးတော့ အမျိုးသမီးတွေကို မဲပေးပါ ဆိုတာတွေ လုပ်လာတယ်။ အဓိက ကတော့ နိုင်ငံရေးပါတီတွေကိုလည်း ပိုပြီးတော့ ဦးတည်ချက် ထားတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးပါတီတွေကတဆင့် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ရွေးတော့မှသာ ဒီရွေးကောက်ပွဲမှာ အမျိုးသမီး ပါဝင်ခွင့် ပိုများမယ်ဆိုတော့ နိုင်ငံရေးပါတီတွေက သူတို့ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကို သူတို့ ပိုပြီး များများထည့်လာဖို့ကိုလည်း ဦးတည်ပြီးတော့ လုပ်ပါတယ်ရှင့်။”

ဟုတ်ကဲ့ အခု ရွေးကောက်ပွဲရက် တဖြည်းဖြည်းနီးလာချိန်မှာရော ဒီလှုပ်ရှားမှုက ဘယ်လိုပုံစံ ဆက်ရှိနေပါလဲရှင့်။

“ရွေးကောက်ပွဲနား အရမ်းနီးကပ်လာတဲ့အချိန်မှာ ကျမတို့က ဒီ ''Vote for Women'' ကန်ပိန်းကိုလေ ျှာ့လိုက်ပြီး ပုံစံပြောင်းလိုက်တယ်။ Vote by Women ပေါ့။ အမျိုးသမီးတွေက မဲပေးကြပါ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာကျတော့ အမျိုးသမီးတွေက မဲရုံကိုသွားပြီး မဲပေးနိုင်ဖို့ခက်ခဲတဲ့အခါ မပေးကြတာမျိုးတွေလည်း ရှိတော့ ကျမတို့က အမျိုးသမီးတွေလည်း ကိုယ့်ဆန္ဒမဲကိုပေးဖို့ဆိုတဲ့ ပုံစံနဲ့ ကန်ပိန်းလေးကို ပြောင်းလိုက်တယ်။ မဲဆန္ဒရှင်တွေကို လေးစားတဲ့အနေနဲ့ မိမိနှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ဖို့ အခွင့်အရေး ပေးချင်ပါတယ်။ အမျိုးသမီးတွေကိုမှ ပေးရမယ်ဆိုတဲ့ဟာမျိုးကိုတော့ ရွေးကောက်ပွဲနီးတဲ့အချိန်မှာ မလုပ်တော့ဘူးရှင့်။”

ဟုတ်ကဲ့။ ဖန်တီးအိမ် နာမည်နဲ့ ဒီလိုအစုအဖွဲ့လေး ဖွဲ့စည်းဖို့ ဘယ်လို စဉ်းစားမိပြီးတော့ စတင်ခဲ့တာလဲ ဆိုတာကိုလည်း ပြောပြပါဦးရှင့်။

“ကျမ ကတော့ အခုလက်ရှိ ဖန်တီးအိမ်မှာ ဒါရိုက်တာ (ညွှန်ကြားရေးမှူး) တာဝန်ယူထားပါတယ်။ ဒါပေမဲ့ စပြီးတော့ တည်ထောင်ခဲ့တဲ့ အမျိုးသမီး ၅ ဦးပေါ့နော်။ အဲ့ဒီအထဲမှာတော့ ကျမ မပါခဲ့ပါဘူးရှင့်။ ကျမက ဖန်တီးအိမ်ကို လက်လွှဲပြီး တာဝန်ယူခဲ့တာပါရှင့်။ ဒါပေမဲ့ သူတို့တွေ ရည်ရွယ်ခဲ့တဲ့ ဖန်တီးအိမ်လို့ နာမည်ပေးခဲ့တဲ့ဟာကတော့ ကျမ သိပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ အမျိုးသမီးတွေသည် ကိုယ့်ဘဝကိုဖန်တီးဖို့။ အမျိုးသမီးတွေဆိုတာ သူများရဲ့ ပြဌာန်းခံအဖြစ် မဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကို ကိုယ့်ဘဝကို ပြဌာန်းနိုင်ဖို့၊ ကိုယ်နေမယ့်အိမ်ပေါ့နော်၊ တနည်းအားဖြင့် နိုင်ငံပေါ့နော်။ အဲ့ဒါကို ကိုယ် ကိုယ်တိုင် ဖန်တီးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့က ဒီနာမည်လေး ပေးခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်ရှင့်။

ဟုတ်ကဲ့။ အခု ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ အရင် ၂၀၁၅ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် အမျိုးသမီးတွေရဲ့ပါဝင်မှုက ပိုများလာတာကိုရော တွေ့ရပါသလားရှင့်။

“များလာပါတယ်။ များလာတယ်ဆိုတာက ကျမတို့ စာရင်းဇယားတွေအရပေါ့။ အခု ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စာရင်းတွေလည်း ထွက်ပြီဆိုတော့ ကျမတို့ အဲ့ဒါတွေကို လေ့လာတဲ့အခါမှာ၊ ပြောရရင်တော့ ၂၀၁၀ တုန်းကဆိုရင် ဝင်ပြီးတော့ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းက ၁၅၀ ပတ်ဝန်းကျင်ပဲ ရှိတယ်။ ၂၀၁၅ မှာတော့ ၈၀၀ လောက်ရှိတယ်ပေါ့နော်။ တိုးလာတယ်။ အခု ၂၀၂၀ မှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ဦးရေက ၁,၁၀၀ ရှိပါတယ်ရှင့်။ အဲ့ဒီတော့ ပြောရရင် စုစုပေါင်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးရေက ၆,၉ ၆၉ ဆိုတော့ အမျိုးသမီး ရာခိုင်နှုန်း ကတော့ ၁၆ % လောက် ရှိတယ်ရှင့်။ အဲ့ဒီတော့ အရွေးခံရရင်တော့ ကျမတို့ ထပ်ပြီးတော့ စာရင်းဇယား အသစ်ထွက်မှာပေါ့နော်။ ဘာပဲပြောပြော အမျိုးသမီးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်တယ်။ နောက် နိုင်ငံရေးပါတီ အသီးသီးကလည်း ဒီရွေးကောက်ပွဲမတိုင်ခင် သူတို့ မီဒီယာတွေနဲ့ အင်တာဗျူးရင်လည်း သူတို့ပါတီတွေကတော့ အမျိုးသမီးပါဝင်မှုကို ဘယ်နှစ်ရာခိုင်နှုန်းအထိကို သူတို့ကြိုးစားထားတယ် စသဖြင့် ထည့်ပြောကြတာတွေရှိတဲ့အခါမှာ ကျမတို့ကတော့ ဒီအခြေအနေအရ အမျိုးသမီးပါဝင်မှုကို လူတွေ အလေးထားလာတယ် ဆိုတာကိုတော့ သုံးသပ်မိတယ်ရှင့်။ ဒါပေမဲ့ ပါဝင်မှုကတော့ နည်းနေသေးတယ်ပေါ့နော်။ အခု ဝင်ပြိုင်တာတောင် ၁၆ % ပဲရှိသေးတယ်ဆိုတော့ ကိုယ်စားပြုမှုကတော့ နည်းနေပါသေးတယ်ရှင့်။

ဟုတ်ကဲ့။ နိုင်ငံရေးပါတီတွေကလည်း သူတို့မှာ အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ ရည်မှန်းချက်ထားတာတွေ ရှိတယ်လို့ ပြောတယ်ဆိုတော့ သူတို့ တကယ်တမ်း ရည်မှန်းတဲ့အတိုင်း၊ သူတို့ပြောတဲ့အတိုင်းရော တကယ်တမ်း အခု ကိုယ်စားလှယ်လောင်းတွေ ထွက်လာတဲ့အခါမှာရော သူတို့ရည်မှန်းချက်တွေ ပြည့်မီအောင် လုပ်တာမျိုးတွေရော တွေ့မိပါလားရှင့်။

“ဟုတ်ကဲ့။ သူတို့ ကြိုးတော့ကြိုးစားတယ်ပေါ့။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့လုပ်ရတဲ့အခါမှာ အမျိုးသမီးတွေပါဖို့ ရှာရဖွေရတာ ဆိုတာမျိုးတွေလည်း သူတို့ပြောကြတာမျိုးတွေ ရှိတယ်ဆိုတော့။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ဆိုတာကတော့ အလွယ်တကူ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူး။ နောက်တခုကတော့ အမျိုးသမီးဖြစ်ရင် ပြီးရော ပါဝင်လိုက်မယ်ဆိုရင်လည်း ဒါက ကျမတို့သိပ်ပြီးတော့ ပြည့်စုံကောင်းမွန်တဲ့ ပါဝင်မှုမဟုတ်တဲ့အခါမှာ အရည်အချင်းလည်း ပြည့်တယ်။ တကယ် အတွေးအခေါ်လည်း ကောင်းတယ်။ နိုင်ငံရေးစွမ်းရည်လည်း ပြည့်ဝတဲ့ အမျိုးသမီးတွေ ပိုပြီးပါဝင်လာဖို့ကတော့ အားလုံးအတူတူ နိုင်ငံရေးပါတီတွေရော၊ ကျမတို့ အရပ်ဖက်အဖွဲ့အစည်းတွေရော၊ အမျိုးသမီးတွေကိုယ်တိုင်ကရော ကြိုးစားရဦးမယ်ရှင့်။ အမျိုးသားတွေရဲ့ စိတ်ထဲမှာလည်း တကယ်အမျိုးသမီးပါဝင်မှုက အရေးပါ ပါတယ် ဆိုတဲ့ နှစ်နှစ်ကာကာယုံကြည်မှုလေးတွေလည်း ရှိလာဖို့တော့ လိုလိမ့်ဦးမယ်လို့တော့ ထင်ပါတယ်။”

ဟုတ်ကဲ့။ မြန်မာနိုင်ငံမှာ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်ဖို့က ဘာကြောင့် အရေးကြီးရတာပါလဲရှင့်။

“အဓိက ကတော့ မြန်မာနိုင်ငံ အခြေအနေတင် မကဘူး။ နိုင်ငံတကာအခြေအနေတွေရော ကြည့်ရင် ငြိမ်းချမ်းရေးဖြစ်စဉ်တွေပေါ့နော်။ မငြိမ်းချမ်းတဲ့နိုင်ငံတွေမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ကြတဲ့အခါမှာ အမျိုးသမီးတွေ ပါလာရင် ပိုပြီးတော့ ဒီဖြစ်စဉ်တွေက အောင်မြင်တယ်ဆိုတဲ့ အတွေ့အကြုံတွေ ရှိတယ်။ အဲ့ဒီတော့ မြန်မာနိုင်ငံမှာလည်း အခုဟာက ငြိမ်းချမ်းရေးလုပ်နေတယ်။ လုပ်နေတဲ့အခါမှာ ညှိနှိုင်းဆွေးနွေးတဲ့အခါမှာ ဆွေးနွေးတဲ့ အဖွဲ့အစည်း အသီးသီးမှာလည်း ကိုယ်စားပြုတဲ့ အမျိုးသမီးတွေလည်း ပိုပြီး ပါလာစေချင်ပါတယ်ရှင့်။ နောက်တခါ နိုင်ငံရဲ့ စီမံခန့်ခွဲတဲ့ နေရာမှာ အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့် အောက်ခြေမှာ ခံစားနေရတဲ့ အမျိုးသမီးတွေကို ကိုယ်တိုင် ကိုယ်ချင်းစာတတ်တယ်။ ပြီးလို့ရှိရင် အမျိုးသမီးတွေရဲ့ စဉ်းစားတွေးခေါ်ပုံနဲ့ အမျိုးသားတွေရဲ့ စဉ်းစားတွေးခေါ်ပုံနဲ့ အားသာချက်တွေကို ပေါင်းပြီးတော့ လုပ်နိုင်မယ်ဆိုရင် ပိုပြီးတော့ ထောင့်စေ့တဲ့ စီမံကိန်းတွေ ဖြစ်လာမယ်ပေါ့နော်။ အောင်မြင်တဲ့ စီမံကိန်းတွေလည်း ဖြစ်လာပြီး တိုင်းပြည်လည်း ပို ဖွံ့ဖြိုးမယ်ပေါ့။ အဲ့ဒါတော့ ကျမတို့ တကယ် နှစ်နှစ်ကာကာယုံကြည်တာပါရှင့်။ အဲ့ဒါကြောင့် ကျမတို့က ဒီ အမျိုးသမီးတွေ ပါဝင်ဖို့ကို ပိုပြီး ကြိုးစားနေတာပါ။ ဒါပေမဲ့ အဲ့ဒီမှာ ကျမတို့ သတိပြုရမှာက အမျိုးသမီးတွေ ပါလာပြီး အမျိုးသားတွေ နေရာကို တွန်းဖယ်လိုက်မယ်ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ အတူတူပူးပေါင်းပြီး လုပ်ကြဖို့ပေါ့နော်။ အမျိုးသမီးတွေရဲ့ အတွေးအခေါ်တွေ စဉ်းစားပုံတွေကိုလည်း အမျိုးသားတွေက အားပေးဖို့၊ နောက်တခုက အမျိုးသမီးတွေ ပို ပါလာခြင်းသည် ဒီတိုင်းပြည်မှာ စစ်အာဏာရှင် အငွေ့အသက်တွေ တဖြည်းဖြည်းကင်းစင်လာပြီ ဆိုတာကို အမျိုးသမီး ပါဝင်မှုနှုန်းကနေ ဖော်ပြပေးနိုင်တယ်လို့လည်း ကျမ ယုံကြည်ပါတယ်ရှင့်။”

XS
SM
MD
LG