သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အဂၤါျဂိဳဟ္ ရဟတ္ယာဥ္စီမံကိန္း ဦးေဆာင္ခဲ့သူ မမီမီေအာင္


အေမရိကန္အာကာသ စူးစမ္းေလ့လာေရးေအဂ်င္စီ (NASA) က ျမန္မာအင္ဂ်င္နီယာ မမီမီေအာင္ (ယာ) ကို ဗြီအိုေအသတင္းေထာက္ မခင္ျဖဴေထြး (၀ဲ) ဆက္သြယ္ေမးျမန္းစဥ္။ (ဓာတ္ပုံ - ဗြီအိုေအျမန္မာဌာန)

(Zawgyi/Unicode)

Red Planet ျဂိဳဟ္နီၾကီးလို႔ တင္စားေခၚၾကတဲ့ အဂၤါျဂိဳဟ္ကို စူးစမ္းေလ့လာဖို႔အတြက္ ကမၻာ့ျပင္ပ ျဂိဳဟ္တခုေပၚမွာ ပထမဆံုး စမ္းသပ္ပ်ံသန္းမယ့္ Ingenuity လို႔နာမည္ေပးထားတဲ့ ရဟတ္ယာဥ္ကို ဖန္တီးခဲ့ၾက ရာမွာ ျမန္မာအမ်ိဳးသမီး အင္ဂ်င္နီယာ မမီမီေအာင္ ဦးေဆာင္ ပါ၀င္ခဲ့ပါတယ္။ မမီမီေအာင္ဟာ အေမရိကန္ အာကာသစူးစမ္းေလ့လာေရး ေအဂ်င္စီ NASA ရဲ႕ JPL ဌာနခြဲမွာ အဂၤါျဂိဳဟ္ စူးစမ္းေလ့လာေရး ရဟတ္ယာဥ္ စီမံကိန္းမန္ေနဂ်ာအျဖစ္ တာ၀န္ယူထားသူပါ။ သမိုင္း၀င္ Ingenuity ရဟတ္ယာဥ္ ဖန္တီးမႈ အေတြ႔အၾကံဳေတြနဲ႔အတူ အဂၤါျဂိဳဟ္စူးစမ္းေလ့လာမႈေတြအေၾကာင္း မမီမီေအာင္ကို ဆက္သြယ္ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္းတင္ဆက္ထားပါတယ္။

“က်မတို႔ အဆင့္ဆင့္ ေနာက္ဆံုး ပံုစံထုတ္ ဖန္တီးခဲ့ၾကတဲ့ အဂၤါျဂိဳလ္ေပၚ ပ်ံသန္းမယ့္ Ingenuity ရဟတ္ယာဥ္ ငယ္ေလးဟာ အခုေနာက္ဆံုး ပတ္၀န္းက်င္သစ္တခုမွာ ပ်ံသန္းေတာ့မယ္။ သူ႔အတြက္ က်မတို႔ ရည္မွန္း ဖန္တီးခဲ့တဲ့ ပတ္၀န္းက်င္သစ္ကို သူတကယ္ ေတြ႔ရေတာ့မယ္။ အာကသထဲ ေလဟာနယ္ထဲ ျဖတ္သန္းရေတာ့မယ္ ဆိုေတာ့ ၀မ္းသာမိပါတယ္။”

ဒါကေတာ့ Ingenuity ရဟတ္ယာဥ္စီမံကိန္း မန္ေနဂ်ာ မမီမီေအာင္ ေျပာသြားတာပါ။ မမီမီေအာင္နဲ႔အဖြဲ႔ တီထြင္ဖန္တီးလိုက္တဲ့ Inegnuity ရဟတ္ယာဥ္ဟာ ဇူလိုင္လ ၃၀ ရက္ေန႔ကပဲ ဇြဲလံု႔လ Perseverance လို႔နာမည္ေပးထားတဲ့ စက္႐ုပ္ကားနဲ႔အတူ Atlas 5 ေရာ့ကတ္ဒံုးပ်ံနဲ႔ အာကာသထဲ ေအာင္ေအာင္ျမင္ျမင္ ခရီးႏွင္သြားခဲ့ပါျပီ။ ၂၀၂၁ ခုႏွစ္ ေဖေဖာ္၀ါရီလေလာက္မွာ အဂၤါျဂိဳဟ္ မ်က္ႏွာျပင္ေပၚ ေျခခ်ႏိုင္ဖို႔ ေမ ွ်ာ္လင့္ထားျပီး အဲ့ဒီေနာက္ ရက္ေပါင္း ၃၀ စမ္းသပ္ ပ်ံသန္းမႈေတြ လုပ္သြြားမွာပါ။

လူသားေတြအေနနဲ႔ ကမၻာ့အျပင္ဘက္ ဘယ္ျဂိဳလ္တခုေပၚမွာမွ အခုလို ရဟတ္ယာဥ္ စမ္းသပ္ မပ်ံသန္းဖူးေသးပါဘူး။ အဂၤါျဂိဳဟ္ရဲ႕ ေလထုဟာ သိပ္ပါးလႊာျပီး ကမၻာ့ေလထုနဲ႔ႏိႈင္းစာရင္ ၁ % သာ ရွိပါတယ္။ ရာသီဥတုကလည္း အမ်ားၾကီးပိုေအးပါတယ္။ ကမၻာေျမပတ္၀န္းက်င္ ရာသီဥတုနဲ႔မတူတဲ့ တျခားျဂိဳဟ္တခုေပၚမွာ ရဟတ္ယာဥ္ပ်ံသန္းဖို႔အတြက္ သုေတသနလုပ္ငန္းေတြ၊ စူးစမ္းေလ့လာ စမ္းသပ္မႈေတြ ႏွစ္ေေတြနဲ႔ခ်ီ အခ်ိန္ယူျပီး လုပ္ခဲ့ဲၾကရတာျဖစ္ပါတယ္။ အဂၤါျဂိဳဟ္ေပၚမွာရွိတဲ့ ပတ္၀န္းက်င္ပံုစံဖန္တီးျပီး စမ္းသပ္မႈေတြ အဆင့္ဆင့္လုပ္ေဆာင္ခဲ့ရတာျဖစ္တယ္လို႔ မမီမီေအာင္က ရွင္းျပပါတယ္။

“ေျပာရမယ္ဆိုရင္ေတာ့ ၁၉ ၉ ၀ ခုႏွစ္ေလာက္ကတည္းက လုပ္လာခဲ့တဲ့ သုေတသနလုပ္ငန္းေတြ အရ ေလထုပါးလႊာတဲ့ အဂၤါျဂိဳလ္ေပၚမွာ ရဟတ္ယာဥ္ပ်ံဖို႔ ျဖစ္ႏိုင္တယ္ဆုိတာ ေတြ႔ထားျပီးသားပါ။ ေလပန္ကာကို အၾကိမ္မ်ားမ်ား ျမန္ျမန္လည္ႏုိင္မယ္၊ ယာဥ္ရဲ႕အေလးခ်ိန္ကလည္း ေပါ့မယ္ဆိုရင္ ပ်ံႏုိင္တယ္ဆိုတာကို ေလ့လာသံုးသပ္မႈေတြမွာေတြ႔ထားတာပါ။ ဆိုေတာ့ ေနာက္တဆင့္ ေမးခြန္းက ပ်ံႏိုင္တယ္ဆုိတာ က်မတို႔သိျပီ။ အဲ့ဒီေတာ့ အဂၤါျဂိဳလ္ေပၚမွာ ပ်ံလို႔ရႏို္င္တဲ့ အေလးခ်ိန္ ေပါ့ပါးတဲ့ယာဥ္ကို ဖန္တီးလို႔ ရႏုိင္မွာလား။ က်မတို႔သြားမွာ အဂၤါျဂိဳလ္ေလ ဟုတ္တယ္မလား။ ဒီေတာ့ ဒီယာဥ္ တခုလံုးကို လည္ပတ္ဖို႔အတြက္ လိုအပ္တဲ့ ဘက္ထရီ၊ ဆုိလာျပား၊ လည္ပတ္မယ့္စက္၊ ကြန္ပ်ဴတာ၊ ရဟတ္ယာဥ္ဆင္းသတ္ႏုိင္မယ့္ ဂီယာ၊ ဆက္သြယ္ေရးစက္၊ အပူအေအး ထိန္းညွိေပးမယ့္စက္ စသျဖင့္ ပစၥည္းကိ႐ိယာေတြ အားလံုး ပါေအာင္ သယ္ႏိုင္ဖုိ႔၊ အရြယ္အစားအားျဖင့္ဆိုရင္လည္း ၁.၂ မီတာ ပတ္လည္ပဲရွိတဲ့စက္ထဲမွာ လည္ပတ္မယ့္စနစ္ေတြ အားလံုးပါျပီး အေလးခ်ိန္အားျဖင့္လည္း ၂ ကီလိုဂရမ္ထက္ မပိုေအာင္ ဖန္တီးရတာျဖစ္ပါတယ္။ ေပါင္ခ်ိန္အားျဖင့္ ၄ ေပါင္ေတာင္မျပည့္ပါဘူး။ ဆိုေတာ့ ဒါကို ဘယ္လိုလုပ္ၾကမလဲဆိုတဲ့ ေမးခြန္းျဖစ္လာတယ္။ ဒီေနရာမွာ က်မတို႔ အဖြဲ႔သားေတြရဲ႕ ပူးေပါင္း လုပ္ေဆာင္မႈေတြက တကယ့္ အေတြ႔အၾကံဳတခု ျဖစ္လာတာပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ဒါက ေလထဲပ်ံေအာင္ ဘယ္လိုလုပ္မလဲ၊ ရဟတ္ယာဥ္ကို ဘယ္လို ထိန္းခ်ဳပ္မလဲ စက္ပိုင္းဆိုင္ရာသက္သက္ မဟုတ္ဘဲ၊ စက္ရဲ႕ ပါ၀ါ၊ ေဆာ့ဖ္၀ဲလ္၊ အပူအေအး ထိန္းညွိဖို႔ သာမိုစက္ စသျဖင့္ အားလံုးက ကုိယ့္ရဲ႕ကၽြမ္းက်င္မႈေတြ စုေပါင္းျပီး လုပ္ရတာျဖစ္ပါတယ္။ တကယ့္ကို ဘာနဲ႔မွမတူတဲ့ ေပါင္းစု အင္အား အေတြ႔အၾကံဳ တခုပါပဲ။”

ေရွ႕ႏွစ္ ၂၀၂၁ ခုႏွစ္ ဧျပီနဲ႔ေမလေတြမွာ Ingenuity ရဟတ္ယာဥ္ကို အဂၤါျဂိဳဟ္ေပၚမွာ စမ္းသပ္ပ်ံသန္းဖုိ႔ စီစဥ္ထားတာပါ။ ဒီစမ္းသပ္မႈေအာင္ျမင္ရင္ေတာ့ အခု ဒီဇိုင္းလုပ္ ပံုစံထုတ္ ဖန္တီးထားတဲ့ ရဟတ္ယာဥ္အတိုင္း ပိုၾကီးတဲ့ ရဟတ္ယာဥ္ေနာက္ထပ္ ၄ စင္းအထိ စမ္းသပ္သြားဦးမွာျဖစ္တယ္လို႔လည္း မမီမီေအာင္က ေျပာပါတယ္။ ဒါဟာ လူသားေတြ ကိုယ္တိုင္ တေန႔ အဂၤါျဂိဳဟ္ေပၚ သြားေရာက္ ေလ့လာႏိုင္မယ့္လမ္းစလည္း ျဖစ္ပါတယ္။ ဒီအတြက္ကိုပဲ အေမရိကန္ အာကာသစူးစမ္းေလ့လာေရး ေအဂ်င္စီ NASA က အျပင္းအထန္ ၾကိဳးစားေနတာပါ။

အခုေနာက္ဆံုး အဂၤါျဂိဳဟ္ေပၚမွာ ပ်ံသန္းမယ့္ Ingenuity ရဟတ္ယာဥ္ကို ဖန္တီးႏုိင္ခဲ့တာ၊ အာကာသထဲ လႊတ္တင္ႏုိင္ခဲ့တာ ေတြဟာ ဒီရည္မွန္းခ်က္အတြက္ အေရးပါတဲ့ သမုိင္းမွတ္တုိင္တခုပဲျဖစ္ပါတယ္။ ဒီလို သမိုင္း၀င္ အာကာသစူးစမ္းေလ့လာေရး စီမံကိန္းမွာ ဦးေဆာင္ ပါ၀င္ေနသူ တဦးျဖစ္တဲ့ မမီမီေအာင္ဟာ ျမန္မာႏြယ္ဖြားတေယာက္ပါ။ အေမရိကန္ျပည္ေထာင္စုမွာ ေမြးဖြားခဲ့ျပီး လြန္ခဲ့တဲ့ႏွစ္ ၅၀ ေလာက္က ကေလးဘ၀အရြယ္မွာပဲ မိဘေတြနဲ႔အတူ ျမန္မာျပည္ကို ျပန္ေရာက္လာခဲ့ေပမဲ့၊ ျမန္မာျပည္တြင္းမွာ ၾကာၾကာေနခဲ့ဖူးသူေတာ့ မဟုတ္ပါဘူး။ တိုင္းျပည္တြင္း အေျခအေန မ်ိဳးစံုေၾကာင့္ မိသားစုလိုက္ ျမန္မာႏုိင္ငံကေန ထြက္ခြာခဲ့ၾကျပီး ႏုိင္ငံရပ္ျခားမွာ ၾကီးျပင္းခဲ့တာပါ။ အသက္ ၁၆ ႏွစ္အရြယ္မွာေတာ့ အေမရိကန္ျပည္ေထာင္စုကို တဦးတည္း ျပန္လာခဲ့ျပီး အထက္တန္းနဲ႔ တကၠသိုလ္ပညာေတြ သင္ယူလ့လာခဲ့ပါတယ္။ လ ွ်ပ္စစ္ အင္ဂ်င္နီယာဘာသာရပ္ကို အထူးျပဳ ေလ့လာခဲ့တဲ့ မမီမီေအာင္ဟာ ဒီကေန႔မွာေတာ့ ေအာင္ျမင္တဲ့ သိပၸံပညာရွင္တေယာက္ ျဖစ္ေနပါျပီ။ ၂၀၁၉ ခုႏွစ္က ထုတ္ေ၀တဲ့ “အာကာသဘုရင္မမ်ား” လို႔ဆိုတဲ့ Space Queens မွတ္တမ္း႐ုပ္သံမွာ တျခားေသာ အာကာသ သိပၸံပညာရွင္အမ်ိဳးသမီးေတြနဲ႔အတူ အေလးေပး ေဖာ္ျပခံခဲ့ရပါတယ္။ ဒီလိုေအာင္ျမင္တဲ့ ပညာရွင္တေယာက္ျဖစ္ေအာင္ ဘယ္လို ၾကိဳးပမ္းအားထုတ္ခဲ့တာပါလဲ။

“အကုန္လံုးအားလံုးကို နားလည္ျပီး သိျပီး လုပ္ခဲ့တာမ်ိဳးထက္ ကိုယ္လုပ္စရာရွိတာကို လုပ္ရမယ့္အဆင့္တုိင္းမွာ အေကာင္းဆံုး အားထုတ္ၾကိဳးပမ္းခဲ့တာေၾကာင့္ အခုလို အေျခအေန ေရာက္လာတာလို႔ က်မ ထင္တယ္။ ကိုယ္ျဖတ္သန္းခဲ့တာနဲ႔ပတ္သက္လို႔ ခက္ခဲပင္ပန္းတယ္လုိ႔ က်မ ထင္သလားလို႔ စဥ္းစားၾကည့္ရင္ ဒါကို ႐ုန္းကန္မႈလို႔ေတာ့ က်မ မေျပာခ်င္ဘူး။ အဲ့ဒီလိုမယူဆဘူး။ ၾကိဳးၾကိဳးစားစား လုပ္ေဆာင္ရတဲ့ အေျခအေနလို႔ပဲ သတ္မွတ္တယ္။ တခုခုကို လုပ္ဖို႔အတြက္ စိတ္အားထက္သန္မႈေတာ့ လိုပါတယ္။ ကိုယ္ဘာလုပ္ခ်င္တာလဲ ဘာျဖစ္ခ်င္တာလဲ ဆုိတာကို ရွာေဖြရပါမယ္။ ျဖတ္သန္းမႈအဆင့္တုိင္းမွာ ကံေကာင္းတဲ့သူတေယာက္ ျဖစ္ခဲ့တယ္လုိ႔လည္း က်မ ထင္ပါတယ္။ ဒီပတ္၀န္းက်င္မွာ ကိုယ္စိတ္၀င္စားတာဘာလဲ။ ကိုယ္ဘာလုပ္ခ်င္တာက ဘာလဲ။ ကိုယ္ကေရာ ဘယ္လိုေနရာမွာ အားသာသလဲ။ အဲ့ဒီအခ်ိန္မွာ ကိုယ္ရွိေနတဲ့ ပတ္၀န္းက်င္အတြက္ ဘာေတြက အေရးၾကီးေနလဲ စသျဖင့္ ဘာလုပ္မလဲဆုိတဲ့ ဆံုးျဖတ္ခ်က္ ခ်ရတာက လြယ္တဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ဆံုးျဖတ္ရပါတယ္။ ဆိုေတာ့ က်မ အၾကံေပးခ်င္တာကေတာ့ ကမၻာၾကီးက အၾကီးၾကီးပါ။ ကိုယ္ျဖတ္သန္းတဲ့ အဆင့္တိုင္းမွာ ကိုယ့္အတြက္ အေကာင္းဆံုး အားထုတ္ၾကိဳးပမ္းပါ။ ၾကိဳးစားရင္ တက္လမ္းေတြရွိတယ္ဆိုတာကို ယံုၾကည္ထားလိုက္ပါ။”

ဘ၀မွာ ေအာင္ျမင္ခ်င္ရင္ ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိဖို႔ အေရးၾကီးသလို၊ ၾကိဳးပမ္းအားထုတ္မႈေတြ အမ်ားၾကီး လုပ္ရတယ္ဆုိတာကိုေတာ့ မမီမီေအာင္က သူ႔အေတြ႔အၾကံဳနဲ႔ ယွဥ္ျပီး ေျပာျပပါတယ္။

“ကိုယ့္ကို လူေတြက လက္ခံပါ့မလား။ ကိုယ္နဲ႔ အဆင္ေျပပါ့မလား ဆိုတာထက္ ကိုယ္ဟာ ဘယ္လိုရည္မွန္းခ်က္အတြက္ ၾကိဳးစားလုပ္ေဆာင္ေနတာလဲ ဆိုတာကို အဓိက ၾကည့္သင့္ပါတယ္။ အဖြဲ႔လိုက္လုပ္ေဆာင္မႈေတြမွာဆိုရင္ ကိုယ့္အဖြဲ႔ရဲ႕ ရည္မွန္းခ်က္က ဘာလဲ ကိုယ္လုပ္ႏုိင္တာက ဘာလဲဆုိတာကို သိျပီးလုပ္ရပါမယ္။ အဓိက ကေတာ့ ေျပာရဲဆုိရဲ ရပါမယ္။ ကိုယ့္ကိုယ္ကို ေနာက္က်ခ်န္ မထားသင့္ပါဘူး။ ကိုယ္က ငယ္လုိ႔၊ အမ်ိဳးသမီးျဖစ္ေနလို႔၊ ဆင္းရဲလို႔ စသျဖင့္ ကိုယ့္ရဲ႕ ေနာက္ခံအေျခအေနေတြကို ေတြးျပီး သိမ္ငယ္ျပီး ႏုတ္ဆိတ္မေနဖို႔ပါပဲ။ အဲ့ဒီလိုအရာေတြ အားလံုးကို ထားခဲ့ပါ။ ေျပာစရာရွိတာကို ရဲရဲ၀့ံ၀ံ့ေျပာပါ။ ရည္မွန္းခ်က္ထားပါ။ သူမို႔ ငါမို႔ဆိုတာေတ ြ မေတြးဘဲ ရည္မွန္းခ်က္ကိုၾကည့္ျပီး အလုပ္လုပ္ပါ။ ဒီလိုဆုိရင္ေတာ့ လူတိုင္းအတြက္ ေနရာတခု ရလာလိမ့္မယ္ဆိုတာ အၾကံေပးခ်င္ပါတယ္။”

သိပၸံနဲ႔အင္ဂ်င္နီယာ ပညာရပ္နဲ႔ လုပ္ငန္းခြင္ေတြမွာ အမ်ိဳးသမီးေတြ ပိုမို ပါ၀င္လာရင္ မတူညီတဲ့ အေတြးအေခၚေတြ၊ တီထြင္ၾကံဆမႈေတြနဲ႔ တိုးတက္မႈေတြ ပိုျဖစ္လာႏိုင္တယ္လို႔လည္း မမီမီေအာင္က ယံုၾကည္ထားပါတယ္။

“အမ်ိဳးသားနဲ႔ အမ်ိဳးသမီးေတြၾကားမွာ မတူညီတဲ့ ကြဲျပားမႈေတြ ရွိပါတယ္။ ဒါက သိပ္ကိုအေရးပါတဲ့အရာေတြပါ။ က်မ အေစာပိုင္းက ေျပာခဲ့တာလိုပဲ။ က်မတို႔ေတြ ခုလိုအေျခအေနေရာက္ေအာက္ အမ်ားၾကီး ၾကိဳးစားခဲ့ရတယ္။ ခရီးလည္း ေရာက္ခဲ့ပါတယ္။ တခ်ိန္တည္းမွာလည္း က်မတို႔ေမ ွ်ာ္မွန္းတဲ့ သိပၸံဆိုင္ရာ စူးစမ္းရွာေဖြမႈေတြ၊ က်မတို႔သိခ်င္တဲ့ သိပၸံဆိုင္ရာ အေျဖေတြရဖို႔ အာကာသစူးစမ္းေလ့လာမႈေတြမွ မဟုတ္ပါဘူး။ ေျမျပင္ေပၚမွာကိုပဲ က်မတို႔ စူးစမ္းေနတဲ့ သိပၸံဆိုင္ရာရွာေဖြမႈေတြ အမ်ားၾကီး ရွိပါတယ္။ ဒါေတြ ပိုသိလာဖို႔ ေနာက္ထပ္ အမ်ားၾကီး ၾကိဳးစားရဦးမွာပါ။ ဒါေပမဲ့ ဒါေတြကိုလုပ္ေဆာင္တဲ့ေနရာမွာ ေရွး႐ိုးပံုစံနဲ႔ သြားလို႔မရပါဘူး။ အားလံုး တေယာက္ခ်င္းစီရဲ႕ မတူကြဲျပားတဲ့ တတ္သိ ကၽြမ္းက်င္မႈေတြ စုေပါင္းျပီး လုပ္ရတာပါ။ အျပန္အလွန္ ညွိႏိႈင္း ပူးေပါင္း ေဆာင္ရြက္မႈေတြ လိုပါတယ္။ က်မတို႔ အဂၤါျဂိဳဟ္အတြက္ ရဟတ္ယာဥ္ ဖန္တီးတုန္းကလိုေပါ့။ စက္ေသးေသးေလးထဲမွာ လိုအပ္တဲ့စြမ္းရည္ေတြ အားလံုးပါေအာင္ ဖန္တီးရတယ္။ က်မတို႔အားလံုး ပူးေပါင္း မေဆာင္ရြက္ႏုိင္ဘူး ဆိုရင္ အဲ့ဒီအေျဖရခဲ့မွာ မဟုတ္ပါဘူး။ အစဥ္အလာစည္းေတြကိုဖ်က္၊ ေနရာအမ်ိဳးမ်ိဳး အေျခအေနအမ်ိဳးမ်ိဳးကေန လာၾကတဲ့ မတူကြဲျပားတဲ့ အေတြးအျမင္ေတြ၊ အေတြးအေခၚေတြ စုေပါင္းျပီး လုပ္ခဲ့ရတာပါ။ အဲ့ဒီအခ်ိန္မွာ က်ားမ၊ သူငါ ဆိုတာေတြ မရွိဘူး။ ဒါေၾကာင့္ အမ်ိဳးသား၊ အမ်ိဳးသမီး ဘယ္သူျဖစ္ျဖစ္ သိပၸံနဲ႔ အင္ဂ်င္နီယာ ပညာရပ္ေတြမွာ သူ႔အပိုင္းနဲ႔သူ တတ္ကၽြမ္းၾကတဲ့သူေတြ၊ မတူကြဲျပားတဲ့ အေတြးအေခၚေတြ အားလံုး ဆက္စပ္ စုေပါင္း ရပါတယ္။ ကိုယ့္ကိုယ္ကို ျဖစ္ႏိုင္ပါ့မလား လုပ္ႏုိင္ပါ့မလားလို႔ သံသယမျဖစ္ပါနဲ႔လို႔ အဓိက ေျပာခ်င္ပါတယ္။”

အမ်ိဳးသားပဲျဖစ္ျဖစ္ အမ်ိဳးသမီးပဲျဖစ္ျဖစ္ ဇြဲလံု႔လရွိရွိနဲ႔ ၾကိဳးပမ္းအားထုတ္ၾကမယ္ဆိုရင္ ကိုယ္လိုရာပန္းတုိင္ကို ေရာက္ႏုိင္တယ္ဆုိတာကို မမီမီေအာင္ရဲ႕ အေတြ႔အၾကံဳက သက္ေသျပေနပါတယ္။ ကိုယ့္ရဲ႕ စြမ္းရည္နဲ႔ တီထြင္ၾကံႏုိင္မႈေတြကို ေလ ွ်ာ့တြက္ခဲ့ၾကရင္ ဒီကေန႔ လူသားေတြ လေပၚေရာက္ခဲ့ၾကမွာမဟုတ္သလုိ၊ အဂၤါျဂိဳဟ္ေပၚ ရဟတ္ယာဥ္ ေစလႊတ္ႏိုင္တာမ်ိဳးေတြလည္း ျဖစ္လာမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ကိုယ္လုပ္ႏုိင္တာကို ယံုယံုၾကည္ၾကည္နဲ႔ မဆုတ္မနစ္ ၾကိဳးပမ္းအားထုတ္ဖို႔သာ အေရးၾကီးတယ္ဆိုတာ တင္ျပရင္းနဲ႔ပဲ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါရွင္။

တိုက္႐ိုက္ လင့္ခ္

===================================

[Unicode Version]

အင်္ဂါဂြိုဟ် ရဟတ်ယာဉ်စီမံကိန်း ဦးဆောင်ခဲ့သူ မမီမီအောင် (အမျိုးသမီးကဏ္ဍ)

Red Planet ဂြိုဟ်နီကြီးလို့ တင်စားခေါ်ကြတဲ့ အင်္ဂါဂြိုဟ်ကို စူးစမ်းလေ့လာဖို့အတွက် ကမ္ဘာ့ပြင်ပ ဂြိုဟ်တခုပေါ်မှာ ပထမဆုံး စမ်းသပ်ပျံသန်းမယ့် Ingenuity လို့နာမည်ပေးထားတဲ့ ရဟတ်ယာဉ်ကို ဖန်တီးခဲ့ကြ ရာမှာ မြန်မာအမျိုးသမီး အင်ဂျင်နီယာ မမီမီအောင် ဦးဆောင် ပါဝင်ခဲ့ပါတယ်။ မမီမီအောင်ဟာ အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ NASA ရဲ့ JPL ဌာနခွဲမှာ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး ရဟတ်ယာဉ် စီမံကိန်းမန်နေဂျာအဖြစ် တာဝန်ယူထားသူပါ။ သမိုင်းဝင် Ingenuity ရဟတ်ယာဉ် ဖန်တီးမှု အတွေ့အကြုံတွေနဲ့အတူ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာမှုတွေအကြောင်း မမီမီအောင်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ဆက်ထားပါတယ်။

“ကျမတို့ အဆင့်ဆင့် နောက်ဆုံး ပုံစံထုတ် ဖန်တီးခဲ့ကြတဲ့ အင်္ဂါဂြိုလ်ပေါ် ပျံသန်းမယ့် Ingenuity ရဟတ်ယာဉ် ငယ်လေးဟာ အခုနောက်ဆုံး ပတ်ဝန်းကျင်သစ်တခုမှာ ပျံသန်းတော့မယ်။ သူ့အတွက် ကျမတို့ ရည်မှန်း ဖန်တီးခဲ့တဲ့ ပတ်ဝန်းကျင်သစ်ကို သူတကယ် တွေ့ရတော့မယ်။ အာကသထဲ လေဟာနယ်ထဲ ဖြတ်သန်းရတော့မယ် ဆိုတော့ ဝမ်းသာမိပါတယ်။”

ဒါကတော့ Ingenuity ရဟတ်ယာဉ်စီမံကိန်း မန်နေဂျာ မမီမီအောင် ပြောသွားတာပါ။ မမီမီအောင်နဲ့အဖွဲ့ တီထွင်ဖန်တီးလိုက်တဲ့ Inegnuity ရဟတ်ယာဉ်ဟာ ဇူလိုင်လ ၃၀ ရက်နေ့ကပဲ ဇွဲလုံ့လ Perseverance လို့နာမည်ပေးထားတဲ့ စက်ရုပ်ကားနဲ့အတူ Atlas 5 ရော့ကတ်ဒုံးပျံနဲ့ အာကာသထဲ အောင်အောင်မြင်မြင် ခရီးနှင်သွားခဲ့ပါပြီ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ် ခြေချနိုင်ဖို့ မေ ျှာ်လင့်ထားပြီး အဲ့ဒီနောက် ရက်ပေါင်း ၃၀ စမ်းသပ် ပျံသန်းမှုတွေ လုပ်သွားမှာပါ။

လူသားတွေအနေနဲ့ ကမ္ဘာ့အပြင်ဘက် ဘယ်ဂြိုလ်တခုပေါ်မှာမှ အခုလို ရဟတ်ယာဉ် စမ်းသပ် မပျံသန်းဖူးသေးပါဘူး။ အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ သိပ်ပါးလွှာပြီး ကမ္ဘာ့လေထုနဲ့နှိုင်းစာရင် ၁ % သာ ရှိပါတယ်။ ရာသီဥတုကလည်း အများကြီးပိုအေးပါတယ်။ ကမ္ဘာမြေပတ်ဝန်းကျင် ရာသီဥတုနဲ့မတူတဲ့ တခြားဂြိုဟ်တခုပေါ်မှာ ရဟတ်ယာဉ်ပျံသန်းဖို့အတွက် သုတေသနလုပ်ငန်းတွေ၊ စူးစမ်းလေ့လာ စမ်းသပ်မှုတွေ နှစ်ေတွေနဲ့ချီ အချိန်ယူပြီး လုပ်ခဲ့ဲကြရတာဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်ပေါ်မှာရှိတဲ့ ပတ်ဝန်းကျင်ပုံစံဖန်တီးပြီး စမ်းသပ်မှုတွေ အဆင့်ဆင့်လုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့ မမီမီအောင်က ရှင်းပြပါတယ်။

“ပြောရမယ်ဆိုရင်တော့ ၁၉ ၉ ၀ ခုနှစ်လောက်ကတည်းက လုပ်လာခဲ့တဲ့ သုတေသနလုပ်ငန်းတွေ အရ လေထုပါးလွှာတဲ့ အင်္ဂါဂြိုလ်ပေါ်မှာ ရဟတ်ယာဉ်ပျံဖို့ ဖြစ်နိုင်တယ်ဆိုတာ တွေ့ထားပြီးသားပါ။ လေပန်ကာကို အကြိမ်များများ မြန်မြန်လည်နိုင်မယ်၊ ယာဉ်ရဲ့အလေးချိန်ကလည်း ပေါ့မယ်ဆိုရင် ပျံနိုင်တယ်ဆိုတာကို လေ့လာသုံးသပ်မှုတွေမှာတွေ့ထားတာပါ။ ဆိုတော့ နောက်တဆင့် မေးခွန်းက ပျံနိုင်တယ်ဆိုတာ ကျမတို့သိပြီ။ အဲ့ဒီတော့ အင်္ဂါဂြိုလ်ပေါ်မှာ ပျံလို့ရနိုင်တဲ့ အလေးချိန် ပေါ့ပါးတဲ့ယာဉ်ကို ဖန်တီးလို့ ရနိုင်မှာလား။ ကျမတို့သွားမှာ အင်္ဂါဂြိုလ်လေ ဟုတ်တယ်မလား။ ဒီတော့ ဒီယာဉ် တခုလုံးကို လည်ပတ်ဖို့အတွက် လိုအပ်တဲ့ ဘက်ထရီ၊ ဆိုလာပြား၊ လည်ပတ်မယ့်စက်၊ ကွန်ပျူတာ၊ ရဟတ်ယာဉ်ဆင်းသတ်နိုင်မယ့် ဂီယာ၊ ဆက်သွယ်ရေးစက်၊ အပူအအေး ထိန်းညှိပေးမယ့်စက် စသဖြင့် ပစ္စည်းကိရိယာတွေ အားလုံး ပါအောင် သယ်နိုင်ဖို့၊ အရွယ်အစားအားဖြင့်ဆိုရင်လည်း ၁.၂ မီတာ ပတ်လည်ပဲရှိတဲ့စက်ထဲမှာ လည်ပတ်မယ့်စနစ်တွေ အားလုံးပါပြီး အလေးချိန်အားဖြင့်လည်း ၂ ကီလိုဂရမ်ထက် မပိုအောင် ဖန်တီးရတာဖြစ်ပါတယ်။ ပေါင်ချိန်အားဖြင့် ၄ ပေါင်တောင်မပြည့်ပါဘူး။ ဆိုတော့ ဒါကို ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မေးခွန်းဖြစ်လာတယ်။ ဒီနေရာမှာ ကျမတို့ အဖွဲ့သားတွေရဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေက တကယ့် အတွေ့အကြုံတခု ဖြစ်လာတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒါက လေထဲပျံအောင် ဘယ်လိုလုပ်မလဲ၊ ရဟတ်ယာဉ်ကို ဘယ်လို ထိန်းချုပ်မလဲ စက်ပိုင်းဆိုင်ရာသက်သက် မဟုတ်ဘဲ၊ စက်ရဲ့ ပါဝါ၊ ဆော့ဖ်ဝဲလ်၊ အပူအအေး ထိန်းညှိဖို့ သာမိုစက် စသဖြင့် အားလုံးက ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေ စုပေါင်းပြီး လုပ်ရတာဖြစ်ပါတယ်။ တကယ့်ကို ဘာနဲ့မှမတူတဲ့ ပေါင်းစု အင်အား အတွေ့အကြုံ တခုပါပဲ။”

ရှေ့နှစ် ၂၀၂၁ ခုနှစ် ဧပြီနဲ့မေလတွေမှာ Ingenuity ရဟတ်ယာဉ်ကို အင်္ဂါဂြိုဟ်ပေါ်မှာ စမ်းသပ်ပျံသန်းဖို့ စီစဉ်ထားတာပါ။ ဒီစမ်းသပ်မှုအောင်မြင်ရင်တော့ အခု ဒီဇိုင်းလုပ် ပုံစံထုတ် ဖန်တီးထားတဲ့ ရဟတ်ယာဉ်အတိုင်း ပိုကြီးတဲ့ ရဟတ်ယာဉ်နောက်ထပ် ၄ စင်းအထိ စမ်းသပ်သွားဦးမှာဖြစ်တယ်လို့လည်း မမီမီအောင်က ပြောပါတယ်။ ဒါဟာ လူသားတွေ ကိုယ်တိုင် တနေ့ အင်္ဂါဂြိုဟ်ပေါ် သွားရောက် လေ့လာနိုင်မယ့်လမ်းစလည်း ဖြစ်ပါတယ်။ ဒီအတွက်ကိုပဲ အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ NASA က အပြင်းအထန် ကြိုးစားနေတာပါ။

အခုနောက်ဆုံး အင်္ဂါဂြိုဟ်ပေါ်မှာ ပျံသန်းမယ့် Ingenuity ရဟတ်ယာဉ်ကို ဖန်တီးနိုင်ခဲ့တာ၊ အာကာသထဲ လွှတ်တင်နိုင်ခဲ့တာ တွေဟာ ဒီရည်မှန်းချက်အတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင်တခုပဲဖြစ်ပါတယ်။ ဒီလို သမိုင်းဝင် အာကာသစူးစမ်းလေ့လာရေး စီမံကိန်းမှာ ဦးဆောင် ပါဝင်နေသူ တဦးဖြစ်တဲ့ မမီမီအောင်ဟာ မြန်မာနွယ်ဖွားတယောက်ပါ။ အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားခဲ့ပြီး လွန်ခဲ့တဲ့နှစ် ၅၀ လောက်က ကလေးဘဝအရွယ်မှာပဲ မိဘတွေနဲ့အတူ မြန်မာပြည်ကို ပြန်ရောက်လာခဲ့ပေမဲ့၊ မြန်မာပြည်တွင်းမှာ ကြာကြာနေခဲ့ဖူးသူတော့ မဟုတ်ပါဘူး။ တိုင်းပြည်တွင်း အခြေအနေ မျိုးစုံကြောင့် မိသားစုလိုက် မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ကြပြီး နိုင်ငံရပ်ခြားမှာ ကြီးပြင်းခဲ့တာပါ။ အသက် ၁၆ နှစ်အရွယ်မှာတော့ အမေရိကန်ပြည်ထောင်စုကို တဦးတည်း ပြန်လာခဲ့ပြီး အထက်တန်းနဲ့ တက္ကသိုလ်ပညာတွေ သင်ယူလ့လာခဲ့ပါတယ်။ လ ျှပ်စစ် အင်ဂျင်နီယာဘာသာရပ်ကို အထူးပြု လေ့လာခဲ့တဲ့ မမီမီအောင်ဟာ ဒီကနေ့မှာတော့ အောင်မြင်တဲ့ သိပ္ပံပညာရှင်တယောက် ဖြစ်နေပါပြီ။ ၂၀၁၉ ခုနှစ်က ထုတ်ဝေတဲ့ “အာကာသဘုရင်မများ” လို့ဆိုတဲ့ Space Queens မှတ်တမ်းရုပ်သံမှာ တခြားသော အာကာသ သိပ္ပံပညာရှင်အမျိုးသမီးတွေနဲ့အတူ အလေးပေး ဖော်ပြခံခဲ့ရပါတယ်။ ဒီလိုအောင်မြင်တဲ့ ပညာရှင်တယောက်ဖြစ်အောင် ဘယ်လို ကြိုးပမ်းအားထုတ်ခဲ့တာပါလဲ။

“အကုန်လုံးအားလုံးကို နားလည်ပြီး သိပြီး လုပ်ခဲ့တာမျိုးထက် ကိုယ်လုပ်စရာရှိတာကို လုပ်ရမယ့်အဆင့်တိုင်းမှာ အကောင်းဆုံး အားထုတ်ကြိုးပမ်းခဲ့တာကြောင့် အခုလို အခြေအနေ ရောက်လာတာလို့ ကျမ ထင်တယ်။ ကိုယ်ဖြတ်သန်းခဲ့တာနဲ့ပတ်သက်လို့ ခက်ခဲပင်ပန်းတယ်လို့ ကျမ ထင်သလားလို့ စဉ်းစားကြည့်ရင် ဒါကို ရုန်းကန်မှုလို့တော့ ကျမ မပြောချင်ဘူး။ အဲ့ဒီလိုမယူဆဘူး။ ကြိုးကြိုးစားစား လုပ်ဆောင်ရတဲ့ အခြေအနေလို့ပဲ သတ်မှတ်တယ်။ တခုခုကို လုပ်ဖို့အတွက် စိတ်အားထက်သန်မှုတော့ လိုပါတယ်။ ကိုယ်ဘာလုပ်ချင်တာလဲ ဘာဖြစ်ချင်တာလဲ ဆိုတာကို ရှာဖွေရပါမယ်။ ဖြတ်သန်းမှုအဆင့်တိုင်းမှာ ကံကောင်းတဲ့သူတယောက် ဖြစ်ခဲ့တယ်လို့လည်း ကျမ ထင်ပါတယ်။ ဒီပတ်ဝန်းကျင်မှာ ကိုယ်စိတ်ဝင်စားတာဘာလဲ။ ကိုယ်ဘာလုပ်ချင်တာက ဘာလဲ။ ကိုယ်ကရော ဘယ်လိုနေရာမှာ အားသာသလဲ။ အဲ့ဒီအချိန်မှာ ကိုယ်ရှိနေတဲ့ ပတ်ဝန်းကျင်အတွက် ဘာတွေက အရေးကြီးနေလဲ စသဖြင့် ဘာလုပ်မလဲဆိုတဲ့ ဆုံးဖြတ်ချက် ချရတာက လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆုံးဖြတ်ရပါတယ်။ ဆိုတော့ ကျမ အကြံပေးချင်တာကတော့ ကမ္ဘာကြီးက အကြီးကြီးပါ။ ကိုယ်ဖြတ်သန်းတဲ့ အဆင့်တိုင်းမှာ ကိုယ့်အတွက် အကောင်းဆုံး အားထုတ်ကြိုးပမ်းပါ။ ကြိုးစားရင် တက်လမ်းတွေရှိတယ်ဆိုတာကို ယုံကြည်ထားလိုက်ပါ။”

ဘဝမှာ အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ အရေးကြီးသလို၊ ကြိုးပမ်းအားထုတ်မှုတွေ အများကြီး လုပ်ရတယ်ဆိုတာကိုတော့ မမီမီအောင်က သူ့အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပြပါတယ်။

“ကိုယ့်ကို လူတွေက လက်ခံပါ့မလား။ ကိုယ်နဲ့ အဆင်ပြေပါ့မလား ဆိုတာထက် ကိုယ်ဟာ ဘယ်လိုရည်မှန်းချက်အတွက် ကြိုးစားလုပ်ဆောင်နေတာလဲ ဆိုတာကို အဓိက ကြည့်သင့်ပါတယ်။ အဖွဲ့လိုက်လုပ်ဆောင်မှုတွေမှာဆိုရင် ကိုယ့်အဖွဲ့ရဲ့ ရည်မှန်းချက်က ဘာလဲ ကိုယ်လုပ်နိုင်တာက ဘာလဲဆိုတာကို သိပြီးလုပ်ရပါမယ်။ အဓိက ကတော့ ပြောရဲဆိုရဲ ရပါမယ်။ ကိုယ့်ကိုယ်ကို နောက်ကျချန် မထားသင့်ပါဘူး။ ကိုယ်က ငယ်လို့၊ အမျိုးသမီးဖြစ်နေလို့၊ ဆင်းရဲလို့ စသဖြင့် ကိုယ့်ရဲ့ နောက်ခံအခြေအနေတွေကို တွေးပြီး သိမ်ငယ်ပြီး နုတ်ဆိတ်မနေဖို့ပါပဲ။ အဲ့ဒီလိုအရာတွေ အားလုံးကို ထားခဲ့ပါ။ ပြောစရာရှိတာကို ရဲရဲဝံ့ဝံ့ပြောပါ။ ရည်မှန်းချက်ထားပါ။ သူမို့ ငါမို့ဆိုတာတေ ွ မတွေးဘဲ ရည်မှန်းချက်ကိုကြည့်ပြီး အလုပ်လုပ်ပါ။ ဒီလိုဆိုရင်တော့ လူတိုင်းအတွက် နေရာတခု ရလာလိမ့်မယ်ဆိုတာ အကြံပေးချင်ပါတယ်။”

သိပ္ပံနဲ့အင်ဂျင်နီယာ ပညာရပ်နဲ့ လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေ ပိုမို ပါဝင်လာရင် မတူညီတဲ့ အတွေးအခေါ်တွေ၊ တီထွင်ကြံဆမှုတွေနဲ့ တိုးတက်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့လည်း မမီမီအောင်က ယုံကြည်ထားပါတယ်။

“အမျိုးသားနဲ့ အမျိုးသမီးတွေကြားမှာ မတူညီတဲ့ ကွဲပြားမှုတွေ ရှိပါတယ်။ ဒါက သိပ်ကိုအရေးပါတဲ့အရာတွေပါ။ ကျမ အစောပိုင်းက ပြောခဲ့တာလိုပဲ။ ကျမတို့တွေ ခုလိုအခြေအနေရောက်အောက် အများကြီး ကြိုးစားခဲ့ရတယ်။ ခရီးလည်း ရောက်ခဲ့ပါတယ်။ တချိန်တည်းမှာလည်း ကျမတို့မေ ျှာ်မှန်းတဲ့ သိပ္ပံဆိုင်ရာ စူးစမ်းရှာဖွေမှုတွေ၊ ကျမတို့သိချင်တဲ့ သိပ္ပံဆိုင်ရာ အဖြေတွေရဖို့ အာကာသစူးစမ်းလေ့လာမှုတွေမှ မဟုတ်ပါဘူး။ မြေပြင်ပေါ်မှာကိုပဲ ကျမတို့ စူးစမ်းနေတဲ့ သိပ္ပံဆိုင်ရာရှာဖွေမှုတွေ အများကြီး ရှိပါတယ်။ ဒါတွေ ပိုသိလာဖို့ နောက်ထပ် အများကြီး ကြိုးစားရဦးမှာပါ။ ဒါပေမဲ့ ဒါတွေကိုလုပ်ဆောင်တဲ့နေရာမှာ ရှေးရိုးပုံစံနဲ့ သွားလို့မရပါဘူး။ အားလုံး တယောက်ချင်းစီရဲ့ မတူကွဲပြားတဲ့ တတ်သိ ကျွမ်းကျင်မှုတွေ စုပေါင်းပြီး လုပ်ရတာပါ။ အပြန်အလှန် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှုတွေ လိုပါတယ်။ ကျမတို့ အင်္ဂါဂြိုဟ်အတွက် ရဟတ်ယာဉ် ဖန်တီးတုန်းကလိုပေါ့။ စက်သေးသေးလေးထဲမှာ လိုအပ်တဲ့စွမ်းရည်တွေ အားလုံးပါအောင် ဖန်တီးရတယ်။ ကျမတို့အားလုံး ပူးပေါင်း မဆောင်ရွက်နိုင်ဘူး ဆိုရင် အဲ့ဒီအဖြေရခဲ့မှာ မဟုတ်ပါဘူး။ အစဉ်အလာစည်းတွေကိုဖျက်၊ နေရာအမျိုးမျိုး အခြေအနေအမျိုးမျိုးကနေ လာကြတဲ့ မတူကွဲပြားတဲ့ အတွေးအမြင်တွေ၊ အတွေးအခေါ်တွေ စုပေါင်းပြီး လုပ်ခဲ့ရတာပါ။ အဲ့ဒီအချိန်မှာ ကျားမ၊ သူငါ ဆိုတာတွေ မရှိဘူး။ ဒါကြောင့် အမျိုးသား၊ အမျိုးသမီး ဘယ်သူဖြစ်ဖြစ် သိပ္ပံနဲ့ အင်ဂျင်နီယာ ပညာရပ်တွေမှာ သူ့အပိုင်းနဲ့သူ တတ်ကျွမ်းကြတဲ့သူတွေ၊ မတူကွဲပြားတဲ့ အတွေးအခေါ်တွေ အားလုံး ဆက်စပ် စုပေါင်း ရပါတယ်။ ကိုယ့်ကိုယ်ကို ဖြစ်နိုင်ပါ့မလား လုပ်နိုင်ပါ့မလားလို့ သံသယမဖြစ်ပါနဲ့လို့ အဓိက ပြောချင်ပါတယ်။”

အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် ဇွဲလုံ့လရှိရှိနဲ့ ကြိုးပမ်းအားထုတ်ကြမယ်ဆိုရင် ကိုယ်လိုရာပန်းတိုင်ကို ရောက်နိုင်တယ်ဆိုတာကို မမီမီအောင်ရဲ့ အတွေ့အကြုံက သက်သေပြနေပါတယ်။ ကိုယ့်ရဲ့ စွမ်းရည်နဲ့ တီထွင်ကြံနိုင်မှုတွေကို လေ ျှာ့တွက်ခဲ့ကြရင် ဒီကနေ့ လူသားတွေ လပေါ်ရောက်ခဲ့ကြမှာမဟုတ်သလို၊ အင်္ဂါဂြိုဟ်ပေါ် ရဟတ်ယာဉ် စေလွှတ်နိုင်တာမျိုးတွေလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်လုပ်နိုင်တာကို ယုံယုံကြည်ကြည်နဲ့ မဆုတ်မနစ် ကြိုးပမ်းအားထုတ်ဖို့သာ အရေးကြီးတယ်ဆိုတာ တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG