သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မရိန္းတပ္ဖြဲ႔တြင္း လိင္ပိုင္းဆိုင္ရာေစာ္ကားမႈ တံု႔ျပန္ကိုင္တြယ္ပံု


(Zawgyi/Unicode)

အေမရိကန္စစ္တပ္အတြင္း လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္ေစာ္ကားမႈေတြ၊ မတရားျပဳက်င့္မႈေတြဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္း ပိုမ်ားလာခဲ့တယ္လို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးဌာန ပင္တဂြန္စစ္ဌာနခ်ဳပ္က ဧၿပီလထဲထုတ္ျပန္တဲ့ ၂၀၁၉ ခုႏွစ္အတြက္ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္အတြင္း လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ ျဖစ္ရပ္ေပါင္း ၇,၈၂၅ ခုရွိခဲ့ၿပီး ဒါဟာ ဒီ့အရင္ ၂၀၁၈ ခုႏွစ္ကထက္ ၃ % ပို မ်ားလာတာျဖစ္တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ အေမရိကန္စစ္တပ္အတြင္း လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္ေစာ္ကားမႈေတြ ျဖစ္လာရင္ ဘယ္လို အေရးယူ ကိုင္တြယ္ပါလဲ။ မျဖစ္ခင္ ႀကိဳတင္ကာကြယ္ဖို႔ ဘယ္လိုလုပ္ငန္းစဥ္ေတြ ခ်မွတ္ေဆာင္႐ြက္ပါလဲ။ အေမရိကန္ မရိန္းတပ္ဖြဲ႕အတြင္း လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္ေစာ္ကားမႈ တိုင္ၾကားခ်က္ေတြနဲ႔ ပတ္သက္လို႔ မရိန္းတပ္ဖြဲ႕ ေျပာခြင့္ရ ဗိုလ္ႀကီး Casey Littesy ကို ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

“က်မအေနနဲ႔ စစ္တပ္ တခုလုံးကိုယ္စား ေျပာတာမဟုတ္သလို၊ ကာကြယ္ေရး ဝန္ႀကီးဌာန အေနနဲ႔လည္း ေျပာခြင့္မရွိပါဘူး။ မရိန္းတပ္ဖြဲ႕ထဲက အေျခအေနကိုပဲ ေျပာႏိုင္ပါတယ္။ ကာကြယ္ေရးဌာနကထုတ္ျပန္တဲ့ စစ္တပ္အတြင္း လိင္ပိုင္းဆိုင္ရာ မတရားျပဳက်င့္မႈေတြနဲ႔ပတ္သက္လို႔ ၂၀၁၉ ခုႏွစ္ ႏွစ္ပတ္လည္ အစီရင္ခံစာကိုၾကည့္ရင္ေတာ့ မရိန္းတပ္ဖြဲ႕ဝင္ေတြၾကား ဒီလိုျဖစ္ရပ္ေတြက က်ဆင္းသြားတာကို ေတြ႕ရပါလိမ့္မယ္။ ဒါေပမဲ့လည္း လိင္ပိုင္းဆိုင္ရာ မတရားျပဳမႈေတြနဲ႔ပတ္သက္လာရင္ အသိေပးတိုင္ၾကားမႈေတြ နည္းပါးတယ္ဆိုတဲ့အခ်က္ကို က်မတို႔ နားလည္ လက္ခံထားတာေၾကာင့္ အစီရင္ခံစာထဲမွာ ဒီလိုျဖစ္ရပ္ေတြ က်ဆင္းသြားတယ္ဆိုတာကို ၾကည့္ၿပီး ဒါေတြ တကယ္ပဲ က်ဆင္းလာတာလို႔ေတာ့ က်မတို႔ တထစ္ခ် ခံယူလို႔မရပါဘူး။ မရိန္းတပ္ဖြဲ႕အေနနဲ႔ လိင္ပိုင္းဆိုင္ရာ မတရားျပဳက်င့္မႈေတြ၊ ေႏွာက္ယွက္ေစာ္ကားမႈေတြကို တိုက္ဖ်က္ဖို႔ သႏၷိဌာန္ အခိုင္အမာ ခ်မွတ္ လုပ္ေဆာင္ေနတယ္ ဆိုတာကိုေတာ့ ေျပာႏိုင္ပါတယ္။"

မရိန္းတပ္ဖြဲ႔က အမႈထမ္းတေယာက္ လိင္ပိုင္းဆုိင္ရာ မတရားျပဳက်င့္ ခံရတယ္ဆိုရင္ သူ႔အေနနဲ႔ ဘယ္လို တိုင္ၾကားႏိုင္ပါလဲ။ ဘယ္လို အကူအညီ အေထာက္အပံ့ေတြ ရႏုိင္ပါသလဲ။

“မရိန္းတပ္ဖြဲ႕တြင္းမွာ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ၊ မတရားျပဳက်င့္မႈ တခုခုျဖစ္တယ္ဆိုရင္ ၿပီးခဲ့တဲ့ နာရီပိုင္းကပဲျဖစ္ျဖစ္၊ လြန္ခဲ့တဲ့ ႏွစ္ပိုင္းကပဲျဖစ္ျဖစ္ ကိုင္တြယ္တဲ့ေနရာမွာ လုပ္ငန္းစဥ္ကေတာ့ အတူတူပါပဲ။ လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္ေစာ္ကားမႈ ကာကြယ္ေရးနဲ႔ တုံ႔ျပန္ကိုင္တြယ္ေရး အစီအစဥ္အတိုင္း ေဆာင္႐ြက္ပါတယ္။ မတရားျပဳက်င့္ခံရသူအေနနဲ႔ အကန႔္အသတ္ထား တိုင္ၾကားမႈ၊ ဒါမွမဟုတ္ ဘာကန႔္သတ္ခ်က္မွမထားဘဲ တိုင္ၾကားမႈဆိုတဲ့ တိုင္ၾကားႏိုင္တဲ့ နည္းလမ္းႏွစ္မ်ိဳး ရွိပါတယ္။ ဆိုလိုတာကေတာ့ တိုင္ၾကားမႈတခု ရွိလာတယ္ဆိုရင္ တိုင္ၾကားသူအေနနဲ႔ လိုအပ္တဲ့ က်န္းမာေရးဆိုင္ရာ ေစာင့္ေရွာက္မႈ ခံယူတာ၊ ေဆြးေႏြး အႀကံဉာဏ္ ရယူတာ၊ တရားဥပေဒအရ အေရးယူကိုင္တြယ္မႈ ေတာင္းဆိုတာေတြ လုပ္ႏိုင္ပါတယ္။ အဲ့ဒီအတြက္ လိင္ပိုင္းဆိုင္ရာ မတရားျပဳမႈ တုံ႔ျပန္ကိုင္တြယ္ေရး တာဝန္ခံတေယာက္နဲ႔ ခံရသူဘက္ကေန ေရွ႕ထြက္လိုက္ပါ ကူညီေဆာင္႐ြက္ေပးသူ တေယာက္ ခန႔္ထားေပးပါတယ္။ ဒီတိုင္ၾကားမႈ ပုံစံႏွစ္ခုမွာ အဓိက ကြဲလြဲတာကေတာ့ တိုင္ၾကားသူ အေနနဲ႔ တရားဝင္ စုံစမ္းစစ္ေဆးမႈကို လက္ခံသလား။ လက္မခံဘူးလားဆိုတာပါပဲ။ တိုင္ၾကားသူက သူ႔ရဲ႕ ကိုယ္ေရးအခ်က္အလက္ အေသးစိတ္၊ ျဖစ္စဥ္အေျခအေနေတြကို သက္ဆိုင္သူေတြကလြဲၿပီး ဘယ္သူ႔ကိုမွ သိခြင့္မျပဳဘူး၊ တရားဝင္ စုံစမ္းစစ္ေဆးမႈကို လက္မခံခ်င္ဘူး ဆိုရင္ေတာ့ ဒါက အကန႔္အသတ္နဲ႔ တိုင္ၾကားတာမ်ိဳး ျဖစ္ပါတယ္။ မရိန္းတပ္ဖြဲ႕ အေနနဲ႔ကေတာ့ ဒီလိုျဖစ္ရပ္ေတြ ျဖစ္လာရင္ တရားဝင္ စုံစမ္းစစ္ေဆးတာကို လက္ခံတဲ့ အကန႔္အသတ္မထားတဲ့ တိုင္ၾကားမႈမ်ိဳးကို အားေပးပါတယ္။ ဒါမွသာ အျပစ္က်ဴးလြန္သူကို ထိထိေရာက္ေရာက္ ေဖာ္ထုတ္ အေရးယူႏိုင္မွာျဖစ္ပါတယ္။”

ျမန္မာ-အေမရိကန္တေယာက္ျဖစ္တဲ့ မရိန္းတပ္ဖြဲ႕က တပ္ၾကပ္ မသဲဥ ဆိုရင္ လြန္ခဲ့တဲ့ ၅ ႏွစ္ေလာက္က မရိန္းတပ္တြင္းမွာပဲ တျခားမရိန္းတပ္သားတေယာက္က လိင္ပိုင္းဆိုင္ရာ ေစာ္ကားတာကို ခံခဲ့ရတယ္လို႔ ေျပာပါတယ္။ အဲ့ဒီအခ်ိန္တုန္းက သူ ဒီလို အေထာက္အပံ့ေတြ ရခဲ့သလားဆိုတာေတာ့ သူ႔ရဲ႕အမႈျဖစ္စဥ္ အျပည့္အစံု သိခြင့္မရေသးတာေၾကာင့္ က်မတို႔ ေသခ်ာ မသိရေသးပါဘူး။ အကယ္၍ ခံရသူတေယာက္အေနနဲ႔ စစ္ဘက္ အကူအညီအျပင္ အရပ္ဘက္ ဥပေဒအက်ိဳးေဆာင္ေတြရဲ႕ အကူအညီ ရယူခ်င္တယ္ဆိုရင္ေရာ ဒါကို စစ္ဘက္တရားေရးစနစ္မွာ ခြင့္ျပဳထားပါသလား။

“တပ္ၾကပ္ ဥ ျဖစ္ရပ္နဲ႔ပတ္သက္လို႔ အခု ေမးတာမွာ အေျခအေန ႏွစ္ရပ္ရွိပါတယ္။ က်မ နားလည္သေလာက္ သူဟာ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရတယ္လို႔ ေျပာထားတာ နားလည္ပါတယ္။ ဒီအေပၚမွာ သူ႔ဘက္က စုံစမ္းမႈေတြလုပ္ဖို႔ တရားဝင္ တိုင္ၾကားထားတယ္ဆိုရင္ သူလည္း တျခားလူေတြလိုပဲ လိုအပ္တဲ့ ကူညီေထာက္ပံ့မႈေတြ ခ်က္ခ်င္း ရ ရမွာပါ။ ဒီအတြက္ ေစာေစာကေျပာတဲ့ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ တုံ႔ျပန္ကိုင္တြယ္ေရး တာဝန္ခံတေယာက္နဲ႔ သူ႔ဘက္ကေန ေရွ႕ထြက္ လိုက္ပါ ကူညီေပးမယ့္သူေတြ ရွိပါတယ္။ သူတို႔က လိုအပ္တာေတြကို လိုက္ပါကူညီေပးပါတယ္။ ဒါက တပိုင္းပါ။ တဘက္မွာလည္း သူ႔အေနနဲ႔ တရားေရးဆိုင္ရာ ကြၽမ္းက်င္တဲ့ အရပ္ဘက္ ပညာရွင္ ငွားရမ္းခ်င္တယ္ ဆိုရင္လည္း ရပါတယ္။ စစ္ဘက္က ဥပေဒအက်ိဳးေဆာင္ပဲ ရယူမယ္ဆိုရင္လည္း ရပါတယ္။”

လိင္ပိုင္းဆိုင္ရာေစာ္ကားခံရၿပီး အေျခအေနတခုကို ဆိုးဆိုး႐ြား႐ြား ျဖတ္သန္းခဲ့ရတဲ့အတြက္ PTSD လို႔ေခၚတဲ့ စိတ္ဖိစီးမႈေ၀ဒနာ ခံစားရတဲ့ အေျခအေနမ်ိဳး ျဖစ္လာရင္ေရာ ဘယ္လိုကိုင္တြယ္ပါသလဲ။

“လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေၾကာင့္ပဲျဖစ္ျဖစ္၊ တိုက္ပြဲေတြအတြင္း ႀကဳံေတြ႕ရတဲ့ အျဖစ္ဆိုးေတြေၾကာင့္ပဲျဖစ္ျဖစ္ စိတ္ဖိစီးမႈေ၀ဒနာ PTSD ျဖစ္လာတယ္ဆိုရင္ေတာ့ ဒီအတြက္ လိုအပ္တဲ့အကူအညီေတြ ေပးတာကေတာ့ အတူတူပါပဲ။ စိတ္ဖိစီးမႈေဝဒနာ ခံစားရတဲ့သူတိုင္းအတြက္ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရး ျပဳစုေစာင့္ေရွာက္မႈေတြနဲ႔ တျခားလိုအပ္တဲ့ အေထာက္အပံ့ေ့တြ ေပးပါတယ္။”

ဧၿပီလ ၃၀ ရက္ေန႔က ထုတ္ျပန္တဲ့ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈျဖစ္ရပ္ေတြနဲ႔ပတ္သက္တဲ့ ပင္တဂြန္စစ္ဌာနခ်ဳပ္ရဲ႕ ၂၀၁၉ ခုႏွစ္ အစီရင္ခံစာအရဆိုရင္ ၿပီးခဲ့တဲ့ႏွစ္အတြင္း အေမရိကန္စစ္တပ္မွာ ဒီလိုျဖစ္ရပ္ေပါင္း ၇,၈၂၅ ခု ရွိခဲ့တယ္လိုေျပာပါတယ္။ ဒီျဖစ္ရပ္ေတြထဲက ဘယ္ႏွစ္ရာခိုင္ႏႈန္းေလာက္ ေျဖရွင္းကိုင္တြယ္ႏိုင္ခဲ့ျပီးပါၿပီလဲ။

“အဲ့ဒါေတာ့ က်မ အတိအက် မသိပါဘူး။ မရိန္းတပ္ဖြဲ႕ဝင္တိုင္းဟာ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြ မရွိတဲ့ ပတ္ဝန္းက်င္မွာ ေကာင္းေကာင္း ေနထိုင္ အလုပ္ လုပ္ႏိုင္ခြင့္ ရွိရပါမယ္။ ဒါေပမဲ့ စိတ္မေကာင္းစရာကေတာ့ ဒီလို ျဖစ္ရပ္ေတြ ရွိေနေသးတာပါ။ ဒီလိုျဖစ္ရပ္ၾကံဳရသူတိုင္းက တရား၀င္ တိုင္ၾကားတမ်ိဳး မရွိတဲ့ အတြက္လည္း ဒီျဖစ္ရပ္ေတြနဲ႔ပတ္သက္လို႔ စာရင္းအတိအက် သိရဖို႔ခက္ပါတယ္။”

စစ္တပ္အတြင္းမွာ လိင္ပိုင္းဆိုင္ရာေစာ္ကားခံရတာႀကဳံရတယ္လို႔ ေျပာတဲ့ စစ္မႈထမ္းတေယာက္နဲ႔ သိပ္မၾကာခင္တုန္းကပဲ က်မ ဆက္သြယ္ စကားေျပာခြင့္ရခဲ့တာ ရွိပါတယ္။ သူေျပာတဲ့အထဲမွာ ခံရသူအမ်ားစုဟာ တိုင္ၾကားဖို႔ လက္တြန႔္ၾကတယ္ေျပာပါတယ္။ အဓိက ကေတာ့ သူတို႔တိုင္ၾကားေပမဲ့ မ ွ်တတဲ့ တရားစီရင္မႈ မရဘဲ လက္တုံ႔ျပန္ခံရမွာကို ပိုျပီးေတာ့ စိုးရိမ္ရတယ္လို႔ ေျပာပါတယ္။ ဆိုေတာ့ ဒါေတြကိုၾကည့္ရင္ စစ္တပ္ရဲ႕တရားစီရင္ေရးစနစ္ကို လူေတြက ယုံၾကည္မႈကင္းမဲ့လာတဲ့ သေဘာပါလား။

“သူတို႔ ဘာေၾကာင့္ တရားဝင္ မတိုင္ၾကားတာလဲ ဆိုတာ တေယာက္ခ်င္းစီရဲ႕ အေျခအေနကို က်မ ခန႔္မွန္းေျပာလို႔ မရပါဘူး။ မရိန္းတပ္ဖြဲ႕အေနနဲ႔ကေတာ့ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈ ႀကဳံရရင္ တရားဝင္ အသိေပးတိုင္ၾကားတာမ်ိဳး ျဖစ္ေစခ်င္ပါတယ္။ ဒါမွသာ အျပစ္ရွိသူကို ေဖာ္ထုတ္ အေရးယူႏိုင္မွာပါ။ တိုင္ၾကားမႈမရွိဘဲ အေရးယူလို႔မရပါဘူး။ မရိန္းတပ္ဖြဲ႕အေနနဲ႔ကေတာ့ ေရွ႕တန္း တိုက္ခိုက္မႈေတြမွာ၊ လုပ္ငန္းခြင္မွာ တေယာက္နဲ႔တေယာက္ အျပန္အလွန္ ယုံၾကည္မႈရွိၿပီး စည္းလုံးညီၫြတ္ေနဖို႔ သိပ္အေရးႀကီးပါတယ္။ ဒါမွသာ တိုင္းျပည္ကေပးအပ္တဲ့ တာဝန္ကို ထိထိေရာက္ေရာက္ ထမ္းေဆာင္ႏိုင္မွာျဖစ္ပါတယ္။ ဒါေတြကို ထိခိုက္ႏိုင္မယ့္ အေျခအေနကို မရိန္းတပ္ဖြဲ႕က မလိုလားပါဘူး။”

ဒါေပမဲ့ ဒီလိုျဖစ္ရပ္မ်ိဳးေတြ ႀကဳံရတဲ့သူအတြက္ကလည္း အလြယ္တကူ ထုတ္ေျပာဖို႔၊ တိုင္ၾကားဖို႔ဆိုတာ ခက္ႏိုင္ပါတယ္။ သူတို႔ေတြအတြက္ စိုးရိမ္မႈမရွိ ေရွ႕ထြက္ေျပာရဲလာေအာင္ အဲ့ဒီလိုေျပာလို႔ သူတို႔အတြက္ နစ္နာမႈမျဖစ္ေစရပါဘူး၊ လက္တံု႔ျပန္မႈေတြ မၾကံဳေစရဘူး ဆိုတာမ်ိဳး အာမခံေပးႏိုင္ေပးတဲ့ အားေပးတိုက္တြန္းမႈေတြေရာ ရွိပါသလား။ ဒီအတြက္ လုံေလာက္တဲ့ ေဆာင္႐ြက္မႈေတြ မရွိတာေရာ မျဖစ္ႏိုင္ဘူးလားရွင့္။

“က်မတို႔ရဲ႕ လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္ေစာ္ကားမႈ တိုက္ဖ်က္ေရး အစီအစဥ္က ထိေရာက္တဲ့အစီအစဥ္တခုလို႔ ယုံၾကည္လက္ခံထားပါတယ္။ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြ မျဖစ္ရေအာင္ ႀကိဳတင္ ကာကြယ္တဲ့ အစီအစဥ္ေတြ ရွိသလို၊ မရိန္းတပ္ဖြဲ႕ဝင္တိုင္း ႏွစ္စဥ္ မျဖစ္မေန တက္ရတဲ့ သင္တန္းေတြ ရွိပါတယ္။ ကိုယ္တာဝန္ထမ္းေဆာင္တဲ့ ရာထူး၊ လုပ္ငန္းခြင္ေပၚ မူတည္ၿပီး လိုအပ္တဲ့ သက္ဆိုင္ရာ သင္တန္းေတြကို မျဖစ္မေန တက္ရပါတယ္။ ဗိုလ္မႉးႀကီး တေယာက္ တက္ရတဲ့သင္တန္းနဲ႔ ဗိုလ္ခ်ဳပ္ႀကီးတေယာက္ တက္ရတဲ့သင္တန္း အနည္းငယ္ ကြာတာ ရွိေပမဲ့ အားလုံးကေတာ့ သူ႔ရာထူး လုပ္ငန္းခြင္အလိုက္ မျဖစ္မေန ဒီသင္တန္းေတြကို တက္သြားၾကရမွာပါ။ က်မ ကိုယ္တိုင္လည္း သိပ္မၾကာခင္ကပဲ ဗိုလ္ႀကီးေတြ အတြက္ သင္တန္း မျဖစ္မေန တက္ရပါတယ္။ မရိန္းတပ္ဖြဲ႕ထဲမွာေတာ့ ေျပာဖို႔ခက္ခဲတယ္ဆိုတဲ့ အေၾကာင္းအရာေတြကိုပါ စိုးရိမ္ ေၾကာက္႐ြံ႕မႈ မရွိ ေျပာႏိုင္တဲ့ အေလ့အက်င့္ ျဖစ္လာေအာင္ ဖန္တီးေပးပါတယ္။ ကိုယ့္မွာ ဆိုး႐ြားတဲ့ အေတြ႕အႀကဳံေတြ ခံစားရတယ္ဆိုရင္ အဲ့ဒီလူေတြ လိုအပ္တဲ့ ျပဳစုေစာင့္ေရွာက္မႈေတြ၊ ကူညီေထာက္ပံ့မႈေတြ ရရွိေအာင္ လုပ္ေပးတဲ့ အစီအစဥ္ေတြ အခိုင္အမာရွိပါတယ္။”

လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြ၊ မတရားျပဳက်င့္မႈေတြ အမ်ားစုကိုၾကည့္ရင္ အမ်ိဳးသမီးစစ္မႈထမ္းေတြ ႀကဳံရတာ ပိုမ်ားပါတယ္။ အဲ့ဒါ ဘာေၾကာင့္ပါလဲ။ ဒါကို ဘယ္လို တားဆီးႏိုင္ပါမလဲရွင့္။

“ဒီျပႆနာ ကေတာ့ စစ္ဘက္လုပ္ငန္းခြင္ေတြမွာတင္ ျဖစ္ေနတဲ့ကိစၥ မဟုတ္ပါဘူး။ ဒါနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို ၾကည့္ရင္ အရပ္ဘက္ လုပ္ငန္းခြင္ေတြမွာလည္း အမ်ိဳးသမီးေတြဟာ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြကို အမ်ားဆုံးႀကဳံရသူေတြ ျဖစ္ပါတယ္။ စစ္ဘက္ေခါင္းေဆာင္ေတြ၊ မရိန္းတပ္ဖြဲ႕ေခါင္းေဆာင္ေတြ ကေတာ့ ဒါကို လုံး၀ မရွိေစခ်င္ပါဘူး။ ဒါေတြက က်မေျပာခဲ့သလိုပဲ က်မတို႔လုပ္ငန္းခြင္အတြက္ အေရးႀကီးတဲ့ အျပန္အလွန္ ယုံၾကည္မႈနဲ႔ စည္းလုံးညီၫြတ္မႈကို နည္းမ်ိဳးစုံနဲ႔ ထိခိုက္ေစလို႔ပါပဲ။ ခုထိ ဒီအေျခအေနေတြ အၿပီးတိုင္ ရပ္တန႔္သြားေအာင္ မလုပ္ႏိုင္ေသးတာကေတာ့ တကယ့္ကို စိတ္မေကာင္းစရာပါ။ ကိုင္တြယ္ရခက္ခဲတဲ့ ကိစၥျဖစ္တာမို႔လည္း ဒါကို ႀကိဳတင္ ကာကြယ္ႏိုင္မယ့္နည္းလမ္းေတြ၊ မတရားျပဳခံရသူအတြက္ တရားမ ွ်တမႈ ရေစဖို႔အတြက္ အစီအစဥ္ေတြ၊ သင္တန္းေတြကို ဘက္ေပါင္းစုံကေန အေလးအနက္ထား လုပ္ေဆာင္ေနပါတယ္။ ဒီအတိုင္း အခိုင္အမာ ဆက္လုပ္သြားမယ္ဆိုရင္ အေျပာင္းအလဲေတြ ပိုၿပီး ျဖစ္လာမွာပါ။”

တိုက္႐ိုက္ လင့္ခ္

==================================

[Unicode Version]

အမေရိကန်မရိန်းတပ်ဖွဲ့တွင်း လိင်ပိုင်းဆိုင်ရာစော်ကားမှု တုံ့ပြန်ကိုင်တွယ်ပုံ

အမေရိကန်စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှုတွေ၊ မတရားပြုကျင့်မှုတွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ပိုများလာခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်စစ်ဌာနချုပ်က ဧပြီလထဲထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ်အတွက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်ရပ်ပေါင်း ၇,၈၂၅ ခုရှိခဲ့ပြီး ဒါဟာ ဒီ့အရင် ၂၀၁၈ ခုနှစ်ကထက် ၃ % ပို များလာတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အမေရိကန်စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှုတွေ ဖြစ်လာရင် ဘယ်လို အရေးယူ ကိုင်တွယ်ပါလဲ။ မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ ဘယ်လိုလုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်ပါလဲ။ အမေရိကန် မရိန်းတပ်ဖွဲ့အတွင်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှု တိုင်ကြားချက်တွေနဲ့ပတ်သက်လို့ မရိန်းတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်ကြီး Casey Littesy ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

“ကျမအနေနဲ့ စစ်တပ် တခုလုံးကိုယ်စား ပြောတာမဟုတ်သလို၊ ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့လည်း ပြောခွင့်မရှိပါဘူး။ မရိန်းတပ်ဖွဲ့ထဲက အခြေအနေကိုပဲ ပြောနိုင်ပါတယ်။ ကာကွယ်ရေးဌာနကထုတ်ပြန်တဲ့ စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေနဲ့ပတ်သက်လို့ ၂၀၁၉ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာကိုကြည့်ရင်တော့ မရိန်းတပ်ဖွဲ့ဝင်တွေကြား ဒီလိုဖြစ်ရပ်တွေက ကျဆင်းသွားတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့လည်း လိင်ပိုင်းဆိုင်ရာ မတရားပြုမှုတွေနဲ့ပတ်သက်လာရင် အသိပေးတိုင်ကြားမှုတွေ နည်းပါးတယ်ဆိုတဲ့အချက်ကို ကျမတို့ နားလည် လက်ခံထားတာကြောင့် အစီရင်ခံစာထဲမှာ ဒီလိုဖြစ်ရပ်တွေ ကျဆင်းသွားတယ်ဆိုတာကို ကြည့်ပြီး ဒါတွေ တကယ်ပဲ ကျဆင်းလာတာလို့တော့ ကျမတို့ တထစ်ချ ခံယူလို့မရပါဘူး။ မရိန်းတပ်ဖွဲ့အနေနဲ့ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေ၊ နှောက်ယှက်စော်ကားမှုတွေကို တိုက်ဖျက်ဖို့ သန္နိဌာန် အခိုင်အမာ ချမှတ် လုပ်ဆောင်နေတယ် ဆိုတာကိုတော့ ပြောနိုင်ပါတယ်။"

မရိန်းတပ်ဖွဲ့က အမှုထမ်းတယောက် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့် ခံရတယ်ဆိုရင် သူ့အနေနဲ့ ဘယ်လို တိုင်ကြားနိုင်ပါလဲ။ ဘယ်လို အကူအညီ အထောက်အပံ့တွေ ရနိုင်ပါသလဲ။

“မရိန်းတပ်ဖွဲ့တွင်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မတရားပြုကျင့်မှု တခုခုဖြစ်တယ်ဆိုရင် ပြီးခဲ့တဲ့ နာရီပိုင်းကပဲဖြစ်ဖြစ်၊ လွန်ခဲ့တဲ့ နှစ်ပိုင်းကပဲဖြစ်ဖြစ် ကိုင်တွယ်တဲ့နေရာမှာ လုပ်ငန်းစဉ်ကတော့ အတူတူပါပဲ။ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှု ကာကွယ်ရေးနဲ့ တုံ့ပြန်ကိုင်တွယ်ရေး အစီအစဉ်အတိုင်း ဆောင်ရွက်ပါတယ်။ မတရားပြုကျင့်ခံရသူအနေနဲ့ အကန့်အသတ်ထား တိုင်ကြားမှု၊ ဒါမှမဟုတ် ဘာကန့်သတ်ချက်မှမထားဘဲ တိုင်ကြားမှုဆိုတဲ့ တိုင်ကြားနိုင်တဲ့ နည်းလမ်းနှစ်မျိုး ရှိပါတယ်။ ဆိုလိုတာကတော့ တိုင်ကြားမှုတခု ရှိလာတယ်ဆိုရင် တိုင်ကြားသူအနေနဲ့ လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ခံယူတာ၊ ဆွေးနွေး အကြံဉာဏ် ရယူတာ၊ တရားဥပဒေအရ အရေးယူကိုင်တွယ်မှု တောင်းဆိုတာတွေ လုပ်နိုင်ပါတယ်။ အဲ့ဒီအတွက် လိင်ပိုင်းဆိုင်ရာ မတရားပြုမှု တုံ့ပြန်ကိုင်တွယ်ရေး တာဝန်ခံတယောက်နဲ့ ခံရသူဘက်ကနေ ရှေ့ထွက်လိုက်ပါ ကူညီဆောင်ရွက်ပေးသူ တယောက် ခန့်ထားပေးပါတယ်။ ဒီတိုင်ကြားမှု ပုံစံနှစ်ခုမှာ အဓိက ကွဲလွဲတာကတော့ တိုင်ကြားသူ အနေနဲ့ တရားဝင် စုံစမ်းစစ်ဆေးမှုကို လက်ခံသလား။ လက်မခံဘူးလားဆိုတာပါပဲ။ တိုင်ကြားသူက သူ့ရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်၊ ဖြစ်စဉ်အခြေအနေတွေကို သက်ဆိုင်သူတွေကလွဲပြီး ဘယ်သူ့ကိုမှ သိခွင့်မပြုဘူး၊ တရားဝင် စုံစမ်းစစ်ဆေးမှုကို လက်မခံချင်ဘူး ဆိုရင်တော့ ဒါက အကန့်အသတ်နဲ့ တိုင်ကြားတာမျိုး ဖြစ်ပါတယ်။ မရိန်းတပ်ဖွဲ့ အနေနဲ့ကတော့ ဒီလိုဖြစ်ရပ်တွေ ဖြစ်လာရင် တရားဝင် စုံစမ်းစစ်ဆေးတာကို လက်ခံတဲ့ အကန့်အသတ်မထားတဲ့ တိုင်ကြားမှုမျိုးကို အားပေးပါတယ်။ ဒါမှသာ အပြစ်ကျူးလွန်သူကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူနိုင်မှာဖြစ်ပါတယ်။”

မြန်မာ-အမေရိကန်တယောက်ဖြစ်တဲ့ မရိန်းတပ်ဖွဲ့က တပ်ကြပ် မသဲဥ ဆိုရင် လွန်ခဲ့တဲ့ ၅ နှစ်လောက်က မရိန်းတပ်တွင်းမှာပဲ တခြားမရိန်းတပ်သားတယောက်က လိင်ပိုင်းဆိုင်ရာ စော်ကားတာကို ခံခဲ့ရတယ်လို့ ပြောပါတယ်။ အဲ့ဒီအချိန်တုန်းက သူ ဒီလို အထောက်အပံ့တွေ ရခဲ့သလားဆိုတာတော့ သူ့ရဲ့အမှုဖြစ်စဉ် အပြည့်အစုံ သိခွင့်မရသေးတာကြောင့် ကျမတို့ သေချာ မသိရသေးပါဘူး။ အကယ်၍ ခံရသူတယောက်အနေနဲ့ စစ်ဘက် အကူအညီအပြင် အရပ်ဘက် ဥပဒေအကျိုးဆောင်တွေရဲ့ အကူအညီ ရယူချင်တယ်ဆိုရင်ရော ဒါကို စစ်ဘက်တရားရေးစနစ်မှာ ခွင့်ပြုထားပါသလား။

“တပ်ကြပ် ဥ ဖြစ်ရပ်နဲ့ပတ်သက်လို့ အခု မေးတာမှာ အခြေအနေ နှစ်ရပ်ရှိပါတယ်။ ကျမ နားလည်သလောက် သူဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ်လို့ ပြောထားတာ နားလည်ပါတယ်။ ဒီအပေါ်မှာ သူ့ဘက်က စုံစမ်းမှုတွေလုပ်ဖို့ တရားဝင် တိုင်ကြားထားတယ်ဆိုရင် သူလည်း တခြားလူတွေလိုပဲ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ချက်ချင်း ရ ရမှာပါ။ ဒီအတွက် စောစောကပြောတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု တုံ့ပြန်ကိုင်တွယ်ရေး တာဝန်ခံတယောက်နဲ့ သူ့ဘက်ကနေ ရှေ့ထွက် လိုက်ပါ ကူညီပေးမယ့်သူတွေ ရှိပါတယ်။ သူတို့က လိုအပ်တာတွေကို လိုက်ပါကူညီပေးပါတယ်။ ဒါက တပိုင်းပါ။ တဘက်မှာလည်း သူ့အနေနဲ့ တရားရေးဆိုင်ရာ ကျွမ်းကျင်တဲ့ အရပ်ဘက် ပညာရှင် ငှားရမ်းချင်တယ် ဆိုရင်လည်း ရပါတယ်။ စစ်ဘက်က ဥပဒေအကျိုးဆောင်ပဲ ရယူမယ်ဆိုရင်လည်း ရပါတယ်။”

လိင်ပိုင်းဆိုင်ရာစော်ကားခံရပြီး အခြေအနေတခုကို ဆိုးဆိုးရွားရွား ဖြတ်သန်းခဲ့ရတဲ့အတွက် PTSD လို့ခေါ်တဲ့ စိတ်ဖိစီးမှုဝေဒနာ ခံစားရတဲ့ အခြေအနေမျိုး ဖြစ်လာရင်ရော ဘယ်လိုကိုင်တွယ်ပါသလဲ။

“လိင်ပိုင်းဆိုင်ရာ စော်ကားမှုကြောင့်ပဲဖြစ်ဖြစ်၊ တိုက်ပွဲတွေအတွင်း ကြုံတွေ့ရတဲ့ အဖြစ်ဆိုးတွေကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုဝေဒနာ PTSD ဖြစ်လာတယ်ဆိုရင်တော့ ဒီအတွက် လိုအပ်တဲ့အကူအညီတွေ ပေးတာကတော့ အတူတူပါပဲ။ စိတ်ဖိစီးမှုဝေဒနာ ခံစားရတဲ့သူတိုင်းအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုတွေနဲ့ တခြားလိုအပ်တဲ့ အထောက်အပံ့ေ့တွ ပေးပါတယ်။”

ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြစ်ရပ်တွေနဲ့ပတ်သက်တဲ့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာအရဆိုရင် ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်စစ်တပ်မှာ ဒီလိုဖြစ်ရပ်ပေါင်း ၇,၈၂၅ ခု ရှိခဲ့တယ်လိုပြောပါတယ်။ ဒီဖြစ်ရပ်တွေထဲက ဘယ်နှစ်ရာခိုင်နှုန်းလောက် ဖြေရှင်းကိုင်တွယ်နိုင်ခဲ့ပြီးပါပြီလဲ။

“အဲ့ဒါတော့ ကျမ အတိအကျ မသိပါဘူး။ မရိန်းတပ်ဖွဲ့ဝင်တိုင်းဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ မရှိတဲ့ ပတ်ဝန်းကျင်မှာ ကောင်းကောင်း နေထိုင် အလုပ် လုပ်နိုင်ခွင့် ရှိရပါမယ်။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ ဒီလို ဖြစ်ရပ်တွေ ရှိနေသေးတာပါ။ ဒီလိုဖြစ်ရပ်ကြုံရသူတိုင်းက တရားဝင် တိုင်ကြားတမျိုး မရှိတဲ့ အတွက်လည်း ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စာရင်းအတိအကျ သိရဖို့ခက်ပါတယ်။”

စစ်တပ်အတွင်းမှာ လိင်ပိုင်းဆိုင်ရာစော်ကားခံရတာကြုံရတယ်လို့ ပြောတဲ့ စစ်မှုထမ်းတယောက်နဲ့ သိပ်မကြာခင်တုန်းကပဲ ကျမ ဆက်သွယ် စကားပြောခွင့်ရခဲ့တာ ရှိပါတယ်။ သူပြောတဲ့အထဲမှာ ခံရသူအများစုဟာ တိုင်ကြားဖို့ လက်တွန့်ကြတယ်ပြောပါတယ်။ အဓိက ကတော့ သူတို့တိုင်ကြားပေမဲ့ မ ျှတတဲ့ တရားစီရင်မှု မရဘဲ လက်တုံ့ပြန်ခံရမှာကို ပိုပြီးတော့ စိုးရိမ်ရတယ်လို့ ပြောပါတယ်။ ဆိုတော့ ဒါတွေကိုကြည့်ရင် စစ်တပ်ရဲ့တရားစီရင်ရေးစနစ်ကို လူတွေက ယုံကြည်မှုကင်းမဲ့လာတဲ့ သဘောပါလား။

“သူတို့ ဘာကြောင့် တရားဝင် မတိုင်ကြားတာလဲ ဆိုတာ တယောက်ချင်းစီရဲ့ အခြေအနေကို ကျမ ခန့်မှန်းပြောလို့ မရပါဘူး။ မရိန်းတပ်ဖွဲ့အနေနဲ့ကတော့ လိင်ပိုင်းဆိုင်ရာစော်ကားမှု ကြုံရရင် တရားဝင် အသိပေးတိုင်ကြားတာမျိုး ဖြစ်စေချင်ပါတယ်။ ဒါမှသာ အပြစ်ရှိသူကို ဖော်ထုတ် အရေးယူနိုင်မှာပါ။ တိုင်ကြားမှုမရှိဘဲ အရေးယူလို့မရပါဘူး။ မရိန်းတပ်ဖွဲ့အနေနဲ့ကတော့ ရှေ့တန်း တိုက်ခိုက်မှုတွေမှာ၊ လုပ်ငန်းခွင်မှာ တယောက်နဲ့တယောက် အပြန်အလှန် ယုံကြည်မှုရှိပြီး စည်းလုံးညီညွတ်နေဖို့ သိပ်အရေးကြီးပါတယ်။ ဒါမှသာ တိုင်းပြည်ကပေးအပ်တဲ့ တာဝန်ကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါတွေကို ထိခိုက်နိုင်မယ့် အခြေအနေကို မရိန်းတပ်ဖွဲ့က မလိုလားပါဘူး။”

ဒါပေမဲ့ ဒီလိုဖြစ်ရပ်မျိုးတွေ ကြုံရတဲ့သူအတွက်ကလည်း အလွယ်တကူ ထုတ်ပြောဖို့၊ တိုင်ကြားဖို့ဆိုတာ ခက်နိုင်ပါတယ်။ သူတို့တွေအတွက် စိုးရိမ်မှုမရှိ ရှေ့ထွက်ပြောရဲလာအောင် အဲ့ဒီလိုပြောလို့ သူတို့အတွက် နစ်နာမှုမဖြစ်စေရပါဘူး၊ လက်တုံ့ပြန်မှုတွေ မကြုံစေရဘူး ဆိုတာမျိုး အာမခံပေးနိုင်ပေးတဲ့ အားပေးတိုက်တွန်းမှုတွေရော ရှိပါသလား။ ဒီအတွက် လုံလောက်တဲ့ ဆောင်ရွက်မှုတွေ မရှိတာရော မဖြစ်နိုင်ဘူးလားရှင့်။

“ကျမတို့ရဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှု တိုက်ဖျက်ရေး အစီအစဉ်က ထိရောက်တဲ့အစီအစဉ်တခုလို့ ယုံကြည်လက်ခံထားပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ မဖြစ်ရအောင် ကြိုတင် ကာကွယ်တဲ့ အစီအစဉ်တွေ ရှိသလို၊ မရိန်းတပ်ဖွဲ့ဝင်တိုင်း နှစ်စဉ် မဖြစ်မနေ တက်ရတဲ့ သင်တန်းတွေ ရှိပါတယ်။ ကိုယ်တာဝန်ထမ်းဆောင်တဲ့ ရာထူး၊ လုပ်ငန်းခွင်ပေါ် မူတည်ပြီး လိုအပ်တဲ့ သက်ဆိုင်ရာ သင်တန်းတွေကို မဖြစ်မနေ တက်ရပါတယ်။ ဗိုလ်မှူးကြီး တယောက် တက်ရတဲ့သင်တန်းနဲ့ ဗိုလ်ချုပ်ကြီးတယောက် တက်ရတဲ့သင်တန်း အနည်းငယ် ကွာတာ ရှိပေမဲ့ အားလုံးကတော့ သူ့ရာထူး လုပ်ငန်းခွင်အလိုက် မဖြစ်မနေ ဒီသင်တန်းတွေကို တက်သွားကြရမှာပါ။ ကျမ ကိုယ်တိုင်လည်း သိပ်မကြာခင်ကပဲ ဗိုလ်ကြီးတွေ အတွက် သင်တန်း မဖြစ်မနေ တက်ရပါတယ်။ မရိန်းတပ်ဖွဲ့ထဲမှာတော့ ပြောဖို့ခက်ခဲတယ်ဆိုတဲ့ အကြောင်းအရာတွေကိုပါ စိုးရိမ် ကြောက်ရွံ့မှု မရှိ ပြောနိုင်တဲ့ အလေ့အကျင့် ဖြစ်လာအောင် ဖန်တီးပေးပါတယ်။ ကိုယ့်မှာ ဆိုးရွားတဲ့ အတွေ့အကြုံတွေ ခံစားရတယ်ဆိုရင် အဲ့ဒီလူတွေ လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေ၊ ကူညီထောက်ပံ့မှုတွေ ရရှိအောင် လုပ်ပေးတဲ့ အစီအစဉ်တွေ အခိုင်အမာရှိပါတယ်။”

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ မတရားပြုကျင့်မှုတွေ အများစုကိုကြည့်ရင် အမျိုးသမီးစစ်မှုထမ်းတွေ ကြုံရတာ ပိုများပါတယ်။ အဲ့ဒါ ဘာကြောင့်ပါလဲ။ ဒါကို ဘယ်လို တားဆီးနိုင်ပါမလဲရှင့်။

“ဒီပြဿနာ ကတော့ စစ်ဘက်လုပ်ငန်းခွင်တွေမှာတင် ဖြစ်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကြည့်ရင် အရပ်ဘက် လုပ်ငန်းခွင်တွေမှာလည်း အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို အများဆုံးကြုံရသူတွေ ဖြစ်ပါတယ်။ စစ်ဘက်ခေါင်းဆောင်တွေ၊ မရိန်းတပ်ဖွဲ့ခေါင်းဆောင်တွေ ကတော့ ဒါကို လုံး၀ မရှိစေချင်ပါဘူး။ ဒါတွေက ကျမပြောခဲ့သလိုပဲ ကျမတို့လုပ်ငန်းခွင်အတွက် အရေးကြီးတဲ့ အပြန်အလှန် ယုံကြည်မှုနဲ့ စည်းလုံးညီညွတ်မှုကို နည်းမျိုးစုံနဲ့ ထိခိုက်စေလို့ပါပဲ။ ခုထိ ဒီအခြေအနေတွေ အပြီးတိုင် ရပ်တန့်သွားအောင် မလုပ်နိုင်သေးတာကတော့ တကယ့်ကို စိတ်မကောင်းစရာပါ။ ကိုင်တွယ်ရခက်ခဲတဲ့ ကိစ္စဖြစ်တာမို့လည်း ဒါကို ကြိုတင် ကာကွယ်နိုင်မယ့်နည်းလမ်းတွေ၊ မတရားပြုခံရသူအတွက် တရားမ ျှတမှု ရစေဖို့အတွက် အစီအစဉ်တွေ၊ သင်တန်းတွေကို ဘက်ပေါင်းစုံကနေ အလေးအနက်ထား လုပ်ဆောင်နေပါတယ်။ ဒီအတိုင်း အခိုင်အမာ ဆက်လုပ်သွားမယ်ဆိုရင် အပြောင်းအလဲတွေ ပိုပြီး ဖြစ်လာမှာပါ။”

XS
SM
MD
LG