သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္အမ်ိဳးသမီးေတြ မဲေပးခြင့္ ႏွစ္ ၁၀၀ ျပည့္


(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ အမ်ိဳးသမီးေတြ မဲေပးခြင့္ကို ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒမွာ တရားဝင္ သတ္မွတ္ ျပဌာန္းႏိုင္ခဲ့တာ ဒီသီတင္းပတ္ထဲမွာပဲ ႏွစ္ ၁၀၀ ျပည့္ခဲ့ပါၿပီ။ ဒီလို အေမရိကန္ အမ်ိဳးသမီးေတြ တရားဝင္မဲေပးခြင့္ရဖို႔ကိုေတာ့ အမ်ိဳးသမီးေရး တက္ႂကြလႈပ္ရွားသူေတြ ဆယ္စုႏွစ္မ်ားစြာ ခက္ခက္ခဲခဲ ႐ုန္းကန္ လႈပ္ရွားခဲ့ၾကရတာပါ။ အေမရိကန္ အမ်ိဳးသမီးေတြရဲ႕ သမိုင္းဝင္ မဲေပးခြင့္နဲ႔အတူ တန္းတူ အခြင့္အေရးအတြက္ တိုက္ပြဲဝင္ လႈပ္ရွားမႈေတြအေၾကာင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

ဒီကေန႔အခ်ိန္မွာ အေမရိကန္အမ်ိဳးသမီးေတြကို လႊတ္ေတာ္တြင္းမွာ၊ ႏိုင္ငံ့အုပ္ခ်ဳပ္ေရး၊ စီးပြားေရး၊ လူမႈေရး က႑အသီးသီးမွာ ပါဝင္လႈပ္ရွားေနတာ ေတြ႕ႏိုင္ေပမဲ့လို႔ လြန္ခဲ့တဲ့ ႏွစ္ ၁၀၀ ခုလိုအခ်ိန္တုန္းကေတာ့ အမ်ိဳးသမီးေတြဟာ မဲေပးခြင့္ေတာင္ မရခဲ့ၾကပါဘူး။ ၁၉ ရာစုေႏွာင္းပိုင္းနဲ႔ ၂၀ ရာစု အေစာပိုင္းကာလေတြမွာ အမ်ိဳးသမီးေတြဟာ သူတို႔အေပၚ အထင္ေသး ေလွာင္ေျပာင္မႈေတြ၊ ဖိႏွိပ္မႈေတြကို တြန္းလွန္ၿပီး အမ်ိဳးသားေတြနဲ႔ တန္းတူ မဲေပးခြင့္ရဖို႔အတြက္ ခက္ခဲၾကမ္းတမ္းတဲ့ ခရီးရွည္ႀကီးကို ျဖတ္သန္းခဲ့ၾကရတာျဖစ္ပါတယ္။

ဒီလို တခ်ိန္က အမ်ိဳးသမီးေရး တက္ၾကြလႈပ္ရွားသူေတြ သူတို႔ရဲ႕ စည္းလံုး ညီညြတ္မႈအင္အားနဲ႔ တို္င္းျပည္မွာ အေျပာင္းအလဲျဖစ္ေအာင္ လုပ္ေဆာင္ခဲ့တာကိုေတာ့ ၂၀၁၆ ခုႏွစ္က ဒီမိုကရက္တစ္ပါတီရဲ႕ သမၼတေလာင္းအျဖစ္ ယွဥ္ျပိဳင္ခဲ့သူလည္းျဖစ္၊ ႏုိင္ငံျခားေရး၀န္ၾကီးေဟာင္းလည္းျဖစ္တဲ့ ဟီလာရီကလင္တန္က ဒီလ ၁၉ ရက္ေန႔တုန္းကပဲ ဒီမိုကရက္တစ္ပါတီရဲ႕ ႏုိင္ငံလံုးဆိုင္ရာ ညီလာခံ မိန္႔ခြန္းမွာ ေထာက္ျပ ေျပာဆိုသြားပါတယ္။

“မေန႔က ခုလိုအခ်ိန္၊ လြန္ခဲ့တဲ့ႏွစ္ ၁၀၀ တုန္းက ၁၉ ၾကိမ္ေျမာက္ ဖြဲ႔စည္းပံုျပင္ဆင္ေရးကို အတည္ျပဳႏုိင္ခဲ့ပါတယ္။ အမ်ိဳးသမီးေတြဟာ ခ်ီတက္ပြဲေတြ၊ ဆႏၵျပပြဲေတြနဲ႔ အက်ဥ္းခ်ခံရတဲ့ အေျခအေနေတြကို ရင္ဆိုင္ျပီး ပိုျပီး စုစည္း ညီညြတ္တဲ့အေျခအေနတခု ရလာဖို႔အတြက္ ဆယ္စုႏွစ္ ၇ စု ရုန္းကန္လႈပ္ရွားခဲ့ၾကရပါတယ္။”

အေမရိကန္ျပည္ေထာင္စုမွာ အမ်ိဳးသမီးေတြရဲ႕ မဲေပးခြင့္ ေတာင္းဆိုမႈဟာ ျပည္တြင္းစစ္မတိုင္ခင္ ၁၈၂၀ ျပည့္လြန္ ကာလေတြကတည္းက စတင္ခဲ့တာျဖစ္ၿပီး တႏိုင္ငံလုံးအတိုင္းအတာနဲ႔ အမ်ိဳးသမီးေရးလႈပ္ရွားမႈေတြကေတာ့ ၁၈၄၈ ခုႏွစ္ေနာက္ပိုင္းမွာမွ အရွိန္ျမင့္လာခဲ့တာျဖစ္ပါတယ္။ အမ်ိဳးသမီးေခါင္းေဆာင္ေတြဦးေဆာင္ၿပီး နယူးေယာက္ျပည္နယ္ Seneca Falls ၿမိဳ႕မွာ ပထမဆုံးအႀကိမ္ အမ်ိဳးသမီးအခြင့္အေရးညီလာခံကို ၁၈၄၈ ခုႏွစ္ ဇူလိုင္လမွာ က်င္းပခဲ့ပါတယ္။

ဒီညီလာခံမွာ အမ်ိဳးသမီး အမ်ိဳးသား ခြဲျခားမႈမရွိ လူသားအားလုံးမွာ တန္းတူအခြင့္အေရးရွိတယ္ဆိုတာကို ေထာက္ျပၿပီး အမ်ိဳးသမီးေတြ ဟာလည္း အမ်ိဳးသားေတြလိုပဲ ႏိုင္ငံသားတေယာက္ရဲ႕ အခြင့္အေရး အျပည့္အ၀ ခံစားခြင့္ရွိရမယ္၊ အမ်ိဳးသမီးေတြ ႏိုင္ငံေရးမွာပါဝင္ခြင့္၊ မဲေပးခြင့္ ရွိရမယ္ဆိုတဲ့ “Declaration of Sentiments” အခြင့္အေရး ေၾကညာစာတမ္းတေစာင္ ကို အမ်ိဳးသမီးေရး လႈပ္ရွားသူေတြက လက္မွတ္ေရးထိုး ထုတ္ျပန္ခဲ့ၾကပါတယ္။ ဒီညီလာခံနဲ႔အတူ အမ်ိဳးသမီးေတြ မဲေပးခြင့္ကို ေလွာင္ေျပာင္တဲ့ ေရးသားေျပာဆိုတာေတြ၊ ဖိႏွိပ္တာေတြ ရွိခဲ့ေပမဲ့လို႔၊ အမ်ိဳးသမီးေခါင္းေဆာင္ေတြကေတာ့ သူတို႔လႈပ္ရွားမႈေတြကို ေနာက္မဆုတ္ခဲ့ၾကပါဘူး။

ဒီလို႐ုန္းကန္မႈေတြကို ဆယ္စုႏွစ္မ်ားစြာ ျဖတ္သန္းခဲ့ၿပီးေတာ့မွ အမ်ိဳးသမီးေတြအတြက္ မဲေပးခြင့္ဆိုတဲ့ သမိုင္းဝင္ အခြင့္အေရးတခု ရရွိခဲ့တာျဖစ္ပါတယ္။
အမ်ိဳးသမီးေတြ မဲေပးခြင့္ကို ဖြဲ႕စည္းပုံမွာ တရားဝင္ သတ္မွတ္ျပဌာန္းေပးဖို႔ အဆိုျပဳခ်က္ကို ကြန္ဂရက္စ္လႊတ္ေတာ္မွာ ၁၈၇၈ ခုႏွစ္မွာ စတင္ တင္သြင္းခဲ့ၿပီး ၁၉ ၁၈ ခုႏွစ္ကိုေရာက္မွ ေအာက္လႊတ္ေတာ္မွာ ပထမဆုံးအႀကိမ္ အတည္ျပဳခဲ့ၿပီး အဲ့ဒီေနာက္ အထက္လႊတ္ေတာ္မွာ အတည္ျပဳဖို႔အတြက္ ေနာက္ထပ္တစ္ႏွစ္ေလာက္ အခ်ိန္ယူခဲ့ရပါတယ္။ ၁၉၁၉ ခုႏွစ္ ဇြန္လ ၄ ရက္ေန႔မွာမွ အမ်ိဳးသမီးေတြအတြက္ မဲေပးခြင့္ကို အထက္လႊတ္ေတာ္က အတည္ျပဳခဲ့တာပါ။ ဒီလိုလႊတ္ေတာ္ႏွစ္ရပ္လုံးမွာ အတည္ျပဳႏိုင္ခဲ့တာေၾကာင့္ ၁၉၂၀ ခုႏွစ္ ၾသဂုတ္လ ၁၈ ရက္ေန႔မွာေတာ့ အမ်ိဳးသမီးေတြအတြက္ မဲေပးခြင့္ကို The 19th Amendment လို႔ေခၚတဲ့ ၁၉ ႀကိမ္ေျမာက္ ဥပေဒျပင္ဆင္ခ်က္ တရပ္အေနနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ တရားဝင္ ထည့္သြင္း ျပဌာန္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီလို သမိုင္းဝင္ အခြင့္အေရးတခုရလာဖို႔ အတြက္ အမ်ိဳးသမီးေတြကိုယ္တိုင္ ဦးေဆာင္ ပါဝင္ တိုက္ပြဲဝင္ခဲ့ၾကရတာ ျဖစ္တယ္လို႔ ဒီကေန႔ အေမရိကန္လႊတ္ေတာ္တြင္း ထင္ရွားတဲ့ အမ်ိဳးသမီး ေခါင္းေဆာင္တစ္ေယာက္ျဖစ္တဲ့ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi က ေျပာပါတယ္။

“က်မတို႔ႏိုင္ငံမွာ လြတ္လပ္ခြင့္ေတြ ပိုမို ရရွိလာေအာင္ အမ်ိဳးသမီးေတြကိုယ္တိုင္ ခြန္အားစိုက္ထုတ္ၿပီး တြန္းလွန္ ဆႏၵျပၾက၊ အစာအငတ္ခံ၊ စြန႔္လႊတ္အနစ္နာခံၿပီး တိုက္ပြဲဝင္ခဲ့ၾကရပါတယ္။ ဒီမိုကေရစီစနစ္ စတင္ေပါက္ဖြားလာခ်ိန္ကစလို႔ အမ်ိဳးသမီးေတြဟာ အေျပာင္းအလဲကို ထိုင္ေစာင့္ေနခဲ့ၾကတာ မဟုတ္ပါဘူး။ အေျပာင္းအလဲေတြ ျဖစ္လာေအာင္ ကိုယ္တိုင္ အားထုတ္ ႀကိဳးပမ္းခဲ့ၾကတာပါ။”

အမ်ိဳးသမီးေတြ မဲေပးခြင့္ လႊတ္ေတာ္မွာ အတည္ျပဳခဲ့တဲ့ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္ အခမ္းအနားတရပ္ကို ၿပီးခဲ့တဲ့၂၀၁၉ ခုႏွစ္ ေမလ ၂၁ ရက္ေန႔က ေအာက္လႊတ္ေတာ္မွာ က်င္းပခဲ့ခ်ိန္၊ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ေျပာခဲ့တာပါ။

အမ်ိဳးသမီးေတြအတြက္ အခြင့္အေရးနဲ႔ အခြင့္အလမ္းေတြဟာ လြန္ခဲ့တဲ့ ႏွစ္ ၁၀၀ ကနဲ႔ ႏႈိင္းစာရင္ အမ်ားႀကီး ကြာျခား ေျပာင္းလဲလာခဲ့ေပမဲ့လို႔ ရာႏႈန္းျပည့္ တန္းတူညီမ ွ်မႈ ရဖို႔ကေတာ့ ဆက္လက္ တိုက္ပြဲ ဝင္ရဦးမယ္လို႔ အေမရိကန္ကာကြယ္ေရးဌာန လက္ေအာက္ Hawaii ျပည္နယ္ အေျခစိုက္ Asia-Pacific Center for Security Studies (APCSS) လုံၿခဳံေရးဘာသာရပ္ဆိုင္ရာ အာရွပစိဖိတ္ဌာနက ပါေမာကၡလည္းျဖစ္၊ အေမရိကန္စစ္မႈထမ္းေဟာင္း တေယာက္လည္းျဖစ္တဲ့ ေဒၚမီမီဝင္းဘတ္ ကေျပာပါတယ္။

“အမ်ိဳးသမီးေတြ ပါေတာ့ ပါဝင္လာၿပီ။ ဒါေပမဲ့ အခုအခ်ိန္မွာ ေခါင္းေဆာင္ေနရာမွာ အမ်ိဳးေတြ ေတာ္ေတာ္ နည္းေနေသးတယ္။ အခုဆိုလို႔ရွိရင္ အေမရိကန္က ေက်ာင္းေတြမွာေပါ့ေနာ္။ တကၠသိုလ္ေတြ ေကာလိပ္ေတြမွာ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ ဘြဲ႕ရတာ ပိုမ်ားတယ္။ ဒါေပမဲ့ အလုပ္ထဲမွာ ၾကည့္လိုက္လို႔ရွိရင္ ေအာက္ေျခမွာေတာ့ အမ်ားႀကီး ရွိတယ္။ ဒါေပမဲ့ အေပၚေရာက္သြားလို႔ရွိရင္ နည္းသြားေရာ။ အခုဆိုလို႔ရွိရင္ အေမရိကန္ကုမၸဏီေတြမွာ ၅ % ေလာက္ပဲ အမ်ိဳးသမီး CEO ေတြ ရွိတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒီဥစၥာက အညီအမ ွ် မရွိေသးလို႔။ ေနာက္ၿပီးေတာ့လည္း လစာ။ လစာဆိုလို႔ရွိရင္လည္း အမ်ိဳးသမီးရတဲ့လစာနဲ႔ အမ်ိဳးသားရတဲ့လစာ ကြာေနေသးတယ္။ အမ်ိဳးသမီးက ၂၀ % ေလာက္ နည္းေနေသးတယ္။ ဆိုေတာ့ အဲ့ဒီဥစၥာ မညီမ ွ်တာ မမ ွ်တတာေတြ အမ်ားႀကီးရွိေနေသးတယ္ဆိုေတာ့ေလ အမ်ိဳးသမီးေတြ၊ အေမရိကန္အမ်ိဳးသမီးေတြ အတြက္က အမ်ားႀကီး ခ်ီတက္ရဦးမယ္။ တန္းတူညီမ ွ်မႈရဖို႔အတြက္ သူတို႔အမ်ားႀကီး ႀကိဳးစားရဦးမယ္။

“ႏွစ္ ၁၀၀ နဲ႔စာရင္ေတာ့ အမ်ားႀကီး တိုးတက္တာေတြ ရွိပါတယ္။ ဒါေပမဲ့လည္း ၁၀၀ % ေလာက္ေတာ့ မရေသးဘူး။ ၈၀ % ေလာက္ေတာ့ ေတာ္ေတာ္မ်ားမ်ား တိုးတက္လာၿပီလို႔ ေျပာလို႔ရတယ္။ ဒါေပမဲ့လည္း ဒီႏိုင္ငံ ပိုတိုးတက္ဖို႔အတြက္၊ ပိုေအာင္ျမင္ဖို႔အတြက္၊ ပိုၿပီးေတာ့ ခိုင္မာဖို႔အတြက္ေပါ့ေနာ္ အမ်ိဳးသမီးေတြ အနည္းဆုံး ၅၀ % ဒီအထဲမွာ ပါလာလို႔ရွိရင္ အေမရိကန္ျပည္ေထာင္စု ပိုၿပီးေတာ့ တိုးတက္မယ္။ ပိုၿပီးေတာ့လုံၿခဳံမယ္။ ပိုၿပီးေတာ့ တည္ၿငိမ္မယ္လို႔ထင္ပါတယ္။”

အလားတူ ျမန္မာႏိုင္ငံမွာလည္း လက္ရွိ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ၊ တိုင္းျပည္ဖြံ႕ၿဖိဳး တိုးတက္ေရး လုပ္ငန္းေတြမွာ အမ်ိဳးသမီးေတြပိုၿပီး ပါဝင္လာမယ္ဆိုရင္ တိုင္းျပည္ ေရရွည္ ဖြံ႕ၿဖိဳး တိုးတက္ေရး အတြက္ အမ်ားႀကီး အေထာက္အကူ ျဖစ္ႏိုင္တယ္လို႔ ေဒၚမီမီဝင္းဘတ္က ေျပာပါတယ္။

“ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီးေတာ့ ပညာရွင္ေတြ လိုက္ၿပီးေတာ့ ေလ့လာထားတာေပါ့ေနာ္။ သူတို႔ ေျပာတာက အနည္းဆုံး အမ်ိဳးသမီးေတြ ၃၀ % အနည္းဆုံးေပါ့ေနာ္။ ၅၀ % ဆိုရင္ေတာ့ ပိုေကာင္းတာေပါ့။ အနည္းဆုံး ၃၀ % ပါလာလို႔ရွိရင္တဲ့ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္တဲ့ လုပ္ငန္းစဥ္ေတြဟာ ပိုၿပီးေတာ့ ေအာင္ျမင္တယ္တဲ့။ အနည္းဆုံး ၂၀ % ပိုၿပီးေတာ့ ေအာင္ျမင္ႏိုင္တယ္လို႔ သူတို႔ပညာရွင္ေတြက ေတြ႕ထားတယ္။ ဆိုေတာ့ ျမန္မာႏိုင္ငံမွာ အခုဆိုလို႔ရွိရင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ပိုၿပီးေတာ့ ေအာင္ျမင္ခ်င္တယ္ဆိုရင္ အမ်ိဳးသမီးေတြကို ပိုၿပီးေတာ့ ထည့္လိုက္ရင္ ပိုေအာင္ျမင္မယ္လို႔ ထင္ပါတယ္။ ေနာက္ၿပီးေတာ့လည္း ျမန္မာရဲ႕သမိုင္းကို ျပန္ၾကည့္လိုက္လို႔ရွိရင္ ကိုလိုနီစနစ္ကို ျပန္ၿပီးေတာ့ ေတာ္လွန္တဲ့ေနရာမွာ အမ်ိဳးသမီးေတြ အမ်ားႀကီးပါတယ္ေလ။ အမ်ိဳးသမီးေတြ ပါေတာ့မွ လြတ္လပ္ေရးကို ပိုၿပီးေတာ့ ေအာင္ျမင္ေအာင္ လုပ္ႏိုင္ခဲ့တယ္ဆိုတာ ျမန္မာရဲ႕ သမိုင္းကို ျပန္ၾကည့္ရင္လည္း ေတြ႕ရတယ္။ ဆိုေတာ့ ဒီေန႔မွာ ဗမာ့လြတ္လပ္ေရးေတာ့ လုပ္စရာမလိုဘူး။ ဒါေပမဲ့လည္း ျမန္မာႏိုင္ငံကို ပိုၿပီးေတာ့ တိုးတက္ေအာင္ ပိုၿပီးေတာ့ ၿငိမ္းခ်မ္းေအာင္ လုပ္ဖို႔အတြက္ အမ်ိဳးသမီးေတြ ပါလာေလေလ ပိုၿပီးေတာ့ ေအာင္ျမင္လာႏိုင္တယ္လို႔ အန္တီထင္ပါတယ္။”

တကယ္ေတာ့ အမ်ိဳးသမီးေတြဟာ အရည္အခ်င္း မရွိလို႔ မဟုတ္ပါဘူး။ သူတို႔ရဲ႕ အရည္အေသြးေတြ၊ ကြၽမ္းက်င္ ပညာေတြကို အသုံးခ်ခြင့္ အျပည့္အ၀ မရတဲ့အခါ သူတို႔ရဲ႕လူမႈပတ္ဝန္းက်င္ အတြက္၊ တိုင္းျပည္အတြက္ပါ ဆုံးရႈံးမႈေတြ ျဖစ္လာေစတယ္လို႔လည္း ပါေမာကၡ ေဒၚမီမီဝင္းဘတ္က ေထာက္ျပပါတယ္။

“တကမာၻလုံးမွာ ၾကည့္လိုက္လို႔ရွိရင္ ေတာ္ေတာ္မ်ားမ်ား အမ်ိဳးသမီးေတြ ပါလာလို႔ရွိရင္ ေအာင္ျမင္တာေတြ မ်ားလာတယ္။ ဒါေၾကာင့္မိုလို႔လဲ UN မွာလည္း အၿမဲတမ္း ေျပာတယ္။ အမ်ိဳးသမီးေတြ ပိုၿပီးေတာ့ပါလာလို႔ရွိရင္၊ အမ်ိဳးသမီးေတြကို ပါဝင္ႏိုင္ေအာင္လုပ္ေပးတဲ့ ႏိုင္ငံေတြဆိုလို႔ရွိရင္ ပိုၿပီးေတာ့ တိုးတက္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ အမ်ိဳးသမီးေတြက မလုပ္ႏိုင္တာ မဟုတ္ဘူး။ သူတို႔ေတြကို လူ႔အခြင့္အစည္းက ေနရာေပးတာကို မခံရတာ။ ဘာေၾကာင့္လဲဆိုေတာ့ အခုဆိုလို႔ရွိရင္ တကၠသိုလ္ေတြ ေကာလိပ္ေတြမွာ ၾကည့္လိုက္လို႔ရွိရင္ အမ်ိဳးသမီးေတြက ပိုၿပီးေတာ့ေတာင္ ဘြဲ႕ရၾကတယ္။ ဒါေပမဲ့ လုပ္ငန္းထဲကို ဝင္သြားတဲ့အခါမွာ သူတို႔ ေနရာေပး မခံၾကရဘူး။ ေနရာ မရတဲ့အခါက်ေတာ့ သူတို႔လည္း ဆုံးရႈံးတယ္။ ေနာက္ၿပီးေတာ့ ျပည္သူလူထုလည္း ဆုံးရႈံးတယ္။
“ဘာလို႔လဲဆိုေတာ့ သူတို႔မွာရွိေနတဲ့ အသိဉာဏ္ေတြ၊ သူတို႔ရဲ႕စြမ္းရည္ေတြ အဲ့ဒီဥစၥာေတြကို သူတို႔လုပ္ေနတဲ့အဖြဲ႕အစည္းျဖစ္ျဖစ္၊ ႏိုင္ငံေတာ္ျဖစ္ျဖစ္ မသုံးလိုက္ရတဲ့အခါက်ေတာ့ အလကားျဖစ္သြားတယ္။ ျဖစ္သြားၿပီးေတာ့ အဖြဲ႕အစည္းေတြ ႏိုင္ငံေတြဟာ မတိုးတက္လာဘူး။ ဒါက ဆုံးရႈံးသြားတယ္။ သူတို႔ ဒီအင္အားေတြကို ဆုံးရႈံးသြားတယ္။ အဲ့ဒါေၾကာင့္မိုလို႔ အမ်ိဳးသမီးေတြ ကိုယ္တိုင္လည္း ကိုယ့္ဟာကိုယ္ မဖယ္ထားနဲ႔။ သူမ်ားေတြက ဖယ္လိုက္လို႔ရွိရင္လည္း အဖယ္မခံနဲ႔လို႔ အန္တီက ေျပာခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီ အေမရိကားမွာဆိုရင္လည္း အမ်ိဳးသမီးေတြ ႀကိဳးပမ္းလာခဲ့တာ။ သူတို႔ တကယ္လို႔ မလုပ္ခဲ့ဘူးဆိုရင္ ဒီေန႔ အန္တီတို႔လည္း မဲေပးခြင့္ ရွိမွာမဟုတ္ေသးဘူး။”

အမ်ိဳးသမီးေတြအေနနဲ႔ ကိုယ့္ရဲ႕ အရည္အခ်င္းနဲ႔ လုပ္ႏုိင္စြမ္းအားေတြကို ေလွ်ာ့မတြက္ဘဲ ကိုယ့္ရပ္႐ြာ လူမႈပတ္ဝန္းက်င္၊ ကိုယ့္တိုင္းျပည္ တိုးတက္ေျပာင္းလဲမႈေတြအတြက္ ကိုယ္တိုင္ ဦးေဆာင္ႀကိဳးပမ္းၾကမယ္ဆိုရင္ အေျပာင္းအလဲေတြ ျဖစ္လာႏိုင္တယ္ဆိုတာကို အေမရိကန္အမ်ိဳးသမီးေတြရဲ႕ မဲေပးခြင့္ လႈပ္ရွားမႈက သက္ေသျပေနတယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ရဲ႕ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါရွင္။

တိုက္႐ိုက္ လင့္ခ္

===================================

[Unicode Version]
အမေရိကန်အမျိုးသမီးတွေ မဲပေးခွင့် နှစ် ၁၀၀ ပြည့် (အမျိုးသမီးကဏ္ဍ)

အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေ မဲပေးခွင့်ကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ တရားဝင် သတ်မှတ် ပြဌာန်းနိုင်ခဲ့တာ ဒီသီတင်းပတ်ထဲမှာပဲ နှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။ ဒီလို အမေရိကန် အမျိုးသမီးတွေ တရားဝင်မဲပေးခွင့်ရဖို့ကိုတော့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေ ဆယ်စုနှစ်များစွာ ခက်ခက်ခဲခဲ ရုန်းကန် လှုပ်ရှားခဲ့ကြရတာပါ။ အမေရိကန် အမျိုးသမီးတွေရဲ့ သမိုင်းဝင် မဲပေးခွင့်နဲ့အတူ တန်းတူ အခွင့်အရေးအတွက် တိုက်ပွဲဝင် လှုပ်ရှားမှုတွေအကြောင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

ဒီကနေ့အချိန်မှာ အမေရိကန်အမျိုးသမီးတွေကို လွှတ်တော်တွင်းမှာ၊ နိုင်ငံ့အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးမှာ ပါဝင်လှုပ်ရှားနေတာ တွေ့နိုင်ပေမဲ့လို့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ခုလိုအချိန်တုန်းကတော့ အမျိုးသမီးတွေဟာ မဲပေးခွင့်တောင် မရခဲ့ကြပါဘူး။ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစု အစောပိုင်းကာလတွေမှာ အမျိုးသမီးတွေဟာ သူတို့အပေါ် အထင်သေး လှောင်ပြောင်မှုတွေ၊ ဖိနှိပ်မှုတွေကို တွန်းလှန်ပြီး အမျိုးသားတွေနဲ့ တန်းတူ မဲပေးခွင့်ရဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့ ခရီးရှည်ကြီးကို ဖြတ်သန်းခဲ့ကြရတာဖြစ်ပါတယ်။

ဒီလို တချိန်က အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေ သူတို့ရဲ့ စည်းလုံး ညီညွတ်မှုအင်အားနဲ့ တိုင်းပြည်မှာ အပြောင်းအလဲဖြစ်အောင် လုပ်ဆောင်ခဲ့တာကိုတော့ ၂၀၁၆ ခုနှစ်က ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဟီလာရီကလင်တန်က ဒီလ ၁၉ ရက်နေ့တုန်းကပဲ ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ မိန့်ခွန်းမှာ ထောက်ပြ ပြောဆိုသွားပါတယ်။

“မနေ့က ခုလိုအချိန်၊ လွန်ခဲ့တဲ့နှစ် ၁၀၀ တုန်းက ၁၉ ကြိမ်မြောက် ဖွဲ့စည်းပုံပြင်ဆင်ရေးကို အတည်ပြုနိုင်ခဲ့ပါတယ်။ အမျိုးသမီးတွေဟာ ချီတက်ပွဲတွေ၊ ဆန္ဒပြပွဲတွေနဲ့ အကျဉ်းချခံရတဲ့ အခြေအနေတွေကို ရင်ဆိုင်ပြီး ပိုပြီး စုစည်း ညီညွတ်တဲ့အခြေအနေတခု ရလာဖို့အတွက် ဆယ်စုနှစ် ၇ စု ရုန်းကန်လှုပ်ရှားခဲ့ကြရပါတယ်။”

အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေရဲ့ မဲပေးခွင့် တောင်းဆိုမှုဟာ ပြည်တွင်းစစ်မတိုင်ခင် ၁၈၂၀ ပြည့်လွန် ကာလတွေကတည်းက စတင်ခဲ့တာဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသမီးရေးလှုပ်ရှားမှုတွေကတော့ ၁၈၄၈ ခုနှစ်နောက်ပိုင်းမှာမှ အရှိန်မြင့်လာခဲ့တာဖြစ်ပါတယ်။ Elizabeth Cady Stanton နဲ့ Lucretia Mott တို့လို အမျိုးသမီးခေါင်းဆောင်တွေဦးဆောင်ပြီး နယူးယောက်ပြည်နယ် Seneca Falls မြို့မှာ ပထမဆုံးအကြိမ် အမျိုးသမီးအခွင့်အရေးညီလာခံကို ၁၈၄၈ ခုနှစ် ဇူလိုင်လမှာ ကျင်းပခဲ့ပါတယ်။

ဒီညီလာခံမှာ အမျိုးသမီး အမျိုးသား ခွဲခြားမှုမရှိ လူသားအားလုံးမှာ တန်းတူအခွင့်အရေးရှိတယ်ဆိုတာကို ထောက်ပြပြီး အမျိုးသမီးတွေ ဟာလည်း အမျိုးသားတွေလိုပဲ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေး အပြည့်အ၀ ခံစားခွင့်ရှိရမယ်၊ အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်ခွင့်၊ မဲပေးခွင့် ရှိရမယ်ဆိုတဲ့ “Declaration of Sentiments” အခွင့်အရေး ကြေညာစာတမ်းတစောင် ကို အမျိုးသမီးရေး လှုပ်ရှားသူတွေက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြပါတယ်။ ဒီညီလာခံနဲ့အတူ အမျိုးသမီးတွေ မဲပေးခွင့်ကို လှောင်ပြောင်တဲ့ ရေးသားပြောဆိုတာတွေ၊ ဖိနှိပ်တာတွေ ရှိခဲ့ပေမဲ့လို့၊ အမျိုးသမီးခေါင်းဆောင်တွေကတော့ သူတို့လှုပ်ရှားမှုတွေကို နောက်မဆုတ်ခဲ့ကြပါဘူး။ ဒီလိုရုန်းကန်မှုတွေကို ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့ပြီးတော့မှ အမျိုးသမီးတွေအတွက် မဲပေးခွင့်ဆိုတဲ့ သမိုင်းဝင် အခွင့်အရေးတခု ရရှိခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးတွေ မဲပေးခွင့်ကို ဖွဲ့စည်းပုံမှာ တရားဝင် သတ်မှတ်ပြဌာန်းပေးဖို့ အဆိုပြုချက်ကို ကွန်ဂရက်စ်လွှတ်တော်မှာ ၁၈၇၈ ခုနှစ်မှာ စတင် တင်သွင်းခဲ့ပြီး ၁၉ ၁၈ ခုနှစ်ကိုရောက်မှ အောက်လွှတ်တော်မှာ ပထမဆုံးအကြိမ် အတည်ပြုခဲ့ပြီး အဲ့ဒီနောက် အထက်လွှတ်တော်မှာ အတည်ပြုဖို့အတွက် နောက်ထပ်တစ်နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ ၁၉၁၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာမှ အမျိုးသမီးတွေအတွက် မဲပေးခွင့်ကို အထက်လွှတ်တော်က အတည်ပြုခဲ့တာပါ။ ဒီလိုလွှတ်တော်နှစ်ရပ်လုံးမှာ အတည်ပြုနိုင်ခဲ့တာကြောင့် ၁၉၂၀ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာတော့ အမျိုးသမီးတွေအတွက် မဲပေးခွင့်ကို The 19th Amendment လို့ခေါ်တဲ့ ၁၉ ကြိမ်မြောက် ဥပဒေပြင်ဆင်ချက် တရပ်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင် ထည့်သွင်း ပြဌာန်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလို သမိုင်းဝင် အခွင့်အရေးတခုရလာဖို့ အတွက် အမျိုးသမီးတွေကိုယ်တိုင် ဦးဆောင် ပါဝင် တိုက်ပွဲဝင်ခဲ့ကြရတာ ဖြစ်တယ်လို့ ဒီကနေ့ အမေရိကန်လွှတ်တော်တွင်း ထင်ရှားတဲ့ အမျိုးသမီး ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က ပြောပါတယ်။

“ကျမတို့နိုင်ငံမှာ လွတ်လပ်ခွင့်တွေ ပိုမို ရရှိလာအောင် အမျိုးသမီးတွေကိုယ်တိုင် ခွန်အားစိုက်ထုတ်ပြီး တွန်းလှန် ဆန္ဒပြကြ၊ အစာအငတ်ခံ၊ စွန့်လွှတ်အနစ်နာခံပြီး တိုက်ပွဲဝင်ခဲ့ကြရပါတယ်။ ဒီမိုကရေစီစနစ် စတင်ပေါက်ဖွားလာချိန်ကစလို့ အမျိုးသမီးတွေဟာ အပြောင်းအလဲကို ထိုင်စောင့်နေခဲ့ကြတာ မဟုတ်ပါဘူး။ အပြောင်းအလဲတွေ ဖြစ်လာအောင် ကိုယ်တိုင် အားထုတ် ကြိုးပမ်းခဲ့ကြတာပါ။”

အမျိုးသမီးတွေ မဲပေးခွင့် လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတရပ်ကို ပြီးခဲ့တဲ့၂၀၁၉ ခုနှစ် မေလ ၂၁ ရက်နေ့က အောက်လွှတ်တော်မှာ ကျင်းပခဲ့ချိန်၊ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ပြောခဲ့တာပါ။

အမျိုးသမီးတွေအတွက် အခွင့်အရေးနဲ့ အခွင့်အလမ်းတွေဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကနဲ့ နှိုင်းစာရင် အများကြီး ကွာခြား ပြောင်းလဲလာခဲ့ပေမဲ့လို့ ရာနှုန်းပြည့် တန်းတူညီမ ျှမှု ရဖို့ကတော့ ဆက်လက် တိုက်ပွဲ ဝင်ရဦးမယ်လို့ အမေရိကန်ကာကွယ်ရေးဌာန လက်အောက် Hawaii ပြည်နယ် အခြေစိုက် Asia-Pacific Center for Security Studies (APCSS) လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှပစိဖိတ်ဌာနက ပါမောက္ခလည်းဖြစ်၊ အမေရိကန်စစ်မှုထမ်းဟောင်း တယောက်လည်းဖြစ်တဲ့ ဒေါ်မီမီဝင်းဘတ် ကပြောပါတယ်။

“အမျိုးသမီးတွေ ပါတော့ ပါဝင်လာပြီ။ ဒါပေမဲ့ အခုအချိန်မှာ ခေါင်းဆောင်နေရာမှာ အမျိုးတွေ တော်တော် နည်းနေသေးတယ်။ အခုဆိုလို့ရှိရင် အမေရိကန်က ကျောင်းတွေမှာပေါ့နော်။ တက္ကသိုလ်တွေ ကောလိပ်တွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ဘွဲ့ရတာ ပိုများတယ်။ ဒါပေမဲ့ အလုပ်ထဲမှာ ကြည့်လိုက်လို့ရှိရင် အောက်ခြေမှာတော့ အများကြီး ရှိတယ်။ ဒါပေမဲ့ အပေါ်ရောက်သွားလို့ရှိရင် နည်းသွားရော။ အခုဆိုလို့ရှိရင် အမေရိကန်ကုမ္ပဏီတွေမှာ ၅ % လောက်ပဲ အမျိုးသမီး CEO တွေ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီဥစ္စာက အညီအမ ျှ မရှိသေးလို့။ နောက်ပြီးတော့လည်း လစာ။ လစာဆိုလို့ရှိရင်လည်း အမျိုးသမီးရတဲ့လစာနဲ့ အမျိုးသားရတဲ့လစာ ကွာနေသေးတယ်။ အမျိုးသမီးက ၂၀ % လောက် နည်းနေသေးတယ်။ ဆိုတော့ အဲ့ဒီဥစ္စာ မညီမ ျှတာ မမ ျှတတာတွေ အများကြီးရှိနေသေးတယ်ဆိုတော့လေ အမျိုးသမီးတွေ၊ အမေရိကန်အမျိုးသမီးတွေ အတွက်က အများကြီး ချီတက်ရဦးမယ်။ တန်းတူညီမ ျှမှုရဖို့အတွက် သူတို့အများကြီး ကြိုးစားရဦးမယ်။


“နှစ် ၁၀၀ နဲ့စာရင်တော့ အများကြီး တိုးတက်တာတွေ ရှိပါတယ်။ ဒါပေမဲ့လည်း ၁၀၀ % လောက်တော့ မရသေးဘူး။ ၈၀ % လောက်တော့ တော်တော်များများ တိုးတက်လာပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့လည်း ဒီနိုင်ငံ ပိုတိုးတက်ဖို့အတွက်၊ ပိုအောင်မြင်ဖို့အတွက်၊ ပိုပြီးတော့ ခိုင်မာဖို့အတွက်ပေါ့နော် အမျိုးသမီးတွေ အနည်းဆုံး ၅၀ % ဒီအထဲမှာ ပါလာလို့ရှိရင် အမေရိကန်ပြည်ထောင်စု ပိုပြီးတော့ တိုးတက်မယ်။ ပိုပြီးတော့လုံခြုံမယ်။ ပိုပြီးတော့ တည်ငြိမ်မယ်လို့ထင်ပါတယ်။”

အလားတူ မြန်မာနိုင်ငံမှာလည်း လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေမှာ အမျိုးသမီးတွေပိုပြီး ပါဝင်လာမယ်ဆိုရင် တိုင်းပြည် ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အများကြီး အထောက်အကူ ဖြစ်နိုင်တယ်လို့ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။

“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ပညာရှင်တွေ လိုက်ပြီးတော့ လေ့လာထားတာပေါ့နော်။ သူတို့ ပြောတာက အနည်းဆုံး အမျိုးသမီးတွေ ၃၀ % အနည်းဆုံးပေါ့နော်။ ၅၀ % ဆိုရင်တော့ ပိုကောင်းတာပေါ့။ အနည်းဆုံး ၃၀ % ပါလာလို့ရှိရင်တဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေဟာ ပိုပြီးတော့ အောင်မြင်တယ်တဲ့။ အနည်းဆုံး ၂၀ % ပိုပြီးတော့ အောင်မြင်နိုင်တယ်လို့ သူတို့ပညာရှင်တွေက တွေ့ထားတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ အခုဆိုလို့ရှိရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပိုပြီးတော့ အောင်မြင်ချင်တယ်ဆိုရင် အမျိုးသမီးတွေကို ပိုပြီးတော့ ထည့်လိုက်ရင် ပိုအောင်မြင်မယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့လည်း မြန်မာရဲ့သမိုင်းကို ပြန်ကြည့်လိုက်လို့ရှိရင် ကိုလိုနီစနစ်ကို ပြန်ပြီးတော့ တော်လှန်တဲ့နေရာမှာ အမျိုးသမီးတွေ အများကြီးပါတယ်လေ။ အမျိုးသမီးတွေ ပါတော့မှ လွတ်လပ်ရေးကို ပိုပြီးတော့ အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်ဆိုတာ မြန်မာရဲ့ သမိုင်းကို ပြန်ကြည့်ရင်လည်း တွေ့ရတယ်။ ဆိုတော့ ဒီနေ့မှာ ဗမာ့လွတ်လပ်ရေးတော့ လုပ်စရာမလိုဘူး။ ဒါပေမဲ့လည်း မြန်မာနိုင်ငံကို ပိုပြီးတော့ တိုးတက်အောင် ပိုပြီးတော့ ငြိမ်းချမ်းအောင် လုပ်ဖို့အတွက် အမျိုးသမီးတွေ ပါလာလေလေ ပိုပြီးတော့ အောင်မြင်လာနိုင်တယ်လို့ အန်တီထင်ပါတယ်။”

တကယ်တော့ အမျိုးသမီးတွေဟာ အရည်အချင်း မရှိလို့ မဟုတ်ပါဘူး။ သူတို့ရဲ့ အရည်အသွေးတွေ၊ ကျွမ်းကျင် ပညာတွေကို အသုံးချခွင့် အပြည့်အ၀ မရတဲ့အခါ သူတို့ရဲ့လူမှုပတ်ဝန်းကျင် အတွက်၊ တိုင်းပြည်အတွက်ပါ ဆုံးရှုံးမှုတွေ ဖြစ်လာစေတယ်လို့လည်း ပါမောက္ခ ဒေါ်မီမီဝင်းဘတ်က ထောက်ပြပါတယ်။

“တကမ္ဘာလုံးမှာ ကြည့်လိုက်လို့ရှိရင် တော်တော်များများ အမျိုးသမီးတွေ ပါလာလို့ရှိရင် အောင်မြင်တာတွေ များလာတယ်။ ဒါကြောင့်မိုလို့လဲ UN မှာလည်း အမြဲတမ်း ပြောတယ်။ အမျိုးသမီးတွေ ပိုပြီးတော့ပါလာလို့ရှိရင်၊ အမျိုးသမီးတွေကို ပါဝင်နိုင်အောင်လုပ်ပေးတဲ့ နိုင်ငံတွေဆိုလို့ရှိရင် ပိုပြီးတော့ တိုးတက်တယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေက မလုပ်နိုင်တာ မဟုတ်ဘူး။ သူတို့တွေကို လူ့အခွင့်အစည်းက နေရာပေးတာကို မခံရတာ။ ဘာကြောင့်လဲဆိုတော့ အခုဆိုလို့ရှိရင် တက္ကသိုလ်တွေ ကောလိပ်တွေမှာ ကြည့်လိုက်လို့ရှိရင် အမျိုးသမီးတွေက ပိုပြီးတော့တောင် ဘွဲ့ရကြတယ်။ ဒါပေမဲ့ လုပ်ငန်းထဲကို ဝင်သွားတဲ့အခါမှာ သူတို့ နေရာပေး မခံကြရဘူး။ နေရာ မရတဲ့အခါကျတော့ သူတို့လည်း ဆုံးရှုံးတယ်။ နောက်ပြီးတော့ ပြည်သူလူထုလည်း ဆုံးရှုံးတယ်။


“ဘာလို့လဲဆိုတော့ သူတို့မှာရှိနေတဲ့ အသိဉာဏ်တွေ၊ သူတို့ရဲ့စွမ်းရည်တွေ အဲ့ဒီဥစ္စာတွေကို သူတို့လုပ်နေတဲ့အဖွဲ့အစည်းဖြစ်ဖြစ်၊ နိုင်ငံတော်ဖြစ်ဖြစ် မသုံးလိုက်ရတဲ့အခါကျတော့ အလကားဖြစ်သွားတယ်။ ဖြစ်သွားပြီးတော့ အဖွဲ့အစည်းတွေ နိုင်ငံတွေဟာ မတိုးတက်လာဘူး။ ဒါက ဆုံးရှုံးသွားတယ်။ သူတို့ ဒီအင်အားတွေကို ဆုံးရှုံးသွားတယ်။ အဲ့ဒါကြောင့်မိုလို့ အမျိုးသမီးတွေ ကိုယ်တိုင်လည်း ကိုယ့်ဟာကိုယ် မဖယ်ထားနဲ့။ သူများတွေက ဖယ်လိုက်လို့ရှိရင်လည်း အဖယ်မခံနဲ့လို့ အန်တီက ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ အမေရိကားမှာဆိုရင်လည်း အမျိုးသမီးတွေ ကြိုးပမ်းလာခဲ့တာ။ သူတို့ တကယ်လို့ မလုပ်ခဲ့ဘူးဆိုရင် ဒီနေ့ အန်တီတို့လည်း မဲပေးခွင့် ရှိမှာမဟုတ်သေးဘူး။”

အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ အရည်အချင်းနဲ့ လုပ်နိုင်စွမ်းအားတွေကို လျှော့မတွက်ဘဲ ကိုယ့်ရပ်ရွာ လူမှုပတ်ဝန်းကျင်၊ ကိုယ့်တိုင်းပြည် တိုးတက်ပြောင်းလဲမှုတွေအတွက် ကိုယ်တိုင် ဦးဆောင်ကြိုးပမ်းကြမယ်ဆိုရင် အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်ဆိုတာကို အမေရိကန်အမျိုးသမီးတွေရဲ့ မဲပေးခွင့် လှုပ်ရှားမှုက သက်သေပြနေတယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG