သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မသန္စြမ္းသူေတြအေရး၊ တန္းတူအခြင့္အေရး ၾကိဳးပမ္းသူ မေခ်ာစုလိႈင္


ေျမာက္ဥကၠလာပျမိဳ႕နယ္ကေန ျပည္သူ႔လႊတ္ေတာ္ေနရာ ၀င္ျပိဳင္မယ့္ မေခ်ာစုလိႈင္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံ လူဦးေရရဲ႕ ၄.၆ % ဟာ မသန္စြမ္းသူေတြျဖစ္ၾကျပီး ဒီလူေတြဟာလည္း တိုင္းျပည္ရဲ႕ လူ႔စြမ္းအား အရင္းအျမစ္ေတြပါပဲလို႔ ရန္ကုန္တိုင္း မသန္စြမ္းသူမ်ားအသင္း အတြင္းေရးမွဴး မေခ်ာစုလိႈင္က ေျပာပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံမွာ မသန္စြမ္းသူေတြအတြက္ ႐ုပ္ပိုင္း စိတ္ပိုင္းဆိုင္ရာ အတားအဆီးေတြနဲ႔ အဟန္႔အတားေတြ ကေတာ့ အမ်ားၾကီး ရွိေန ေသးတာမို႔ သူတို႔အတြက္ အေျခခံ အခြင့္အေရးေတြ အျပည့္အ၀ ရရွိလာေအာင္ ၾကိဳးပမ္းသြားခ်င္တယ္လို႔ လာမယ့္ ႏို၀င္ဘာ ေရြးေကာက္ပြဲမွာ ျပည္သူ႔လႊတ္ေတာ္အမတ္ေလာင္းတေယာက္အေနနဲ႔ ၀င္ေရာက္ယွဥ္ျပိဳင္ဖို႔ ရွိေနတဲ့ မေခ်ာစုလိႈင္က ေျပာပါတယ္။ လာမယ့္ေရြးေကာက္ပြဲမွာ ပထမဆံုး မသန္စြမ္း အမ်ိဳးသမီးအမတ္ေလာင္း တေယာက္အေနနဲ႔ ၀င္ျပိဳင္မယ့္ မေခ်ာစုလိႈင္ရဲ႕ ရည္မွန္းခ်က္၊ ေမ ွ်ာ္မွန္းခ်က္ေတြ နဲ႔အတူ ဒီကေန႔ မသန္စြမ္းေတြအတြက္ အဓိက အခက္အခဲ အတားအဆီး ဘာေတြ ရွိေနသလဲ ဆိုတာေတြကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္းတင္ဆက္ထားပါတယ္။

အေေၾကာင္းအမ်ိဳးမ်ိဳး၊ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ကိုယ္လက္ အဂၤါခ်ိဳ႕တဲ့ မသန္စြမ္းသူေတြဟာ ျမန္မာႏုိင္ငံ လူဦးေရရဲ႕ ၂ သန္းေက်ာ္ ရွိျပီး ရာခိုင္ႏႈန္းအားျဖင့္ ၄.၆ % ရွိတယ္လို႔ ၂၀၁၄ ခုႏွစ္က ေကာက္ယူခဲ့တဲ့ သန္းေခါင္စာရင္းမွာ ေဖာ္ျပထားပါတယ္။ ဒီလို မသန္စြမ္းေတြဟာ ပညာေရး၊ ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ အလုပ္အကိုင္အခြင့္အလမ္း စတာေတြမွာ ေနာက္က် က်န္ေနရျပီး သူတို႔အတြက္ အခြင့္အေရး အေတာ္မ်ားမ်ား လစ္လ်ဴ႐ႈခံထားရတယ္လို႔ ရန္ကုန္တိုင္းေဒသၾကီး မသန္စြမ္းသူမ်ားအသင္းရဲ႕ အတြင္းေရးမွဴး မေခ်ာစုလိႈင္က ေျပာပါတယ္။

စာသင္ေက်ာင္းေတြမွာ မသန္စြမ္းေတြအတြက္ သီးျခား အဆင္ေျပေအာင္ လုပ္ေပးထားတဲ့ စာသင္ခုံေတြ၊ ေထာက္ကူပစၥည္းေတြ မရွိသလို၊ လမ္းပမ္းဆက္သြယ္ သြားလာတဲ့အခါမွာလည္း သူတို႔အတြက္ အဆင္ေျပေခ်ာေမြ႔ေအာင္ စီစဥ္ေပးထားတဲ့ အေျခခံ စနစ္ေတြ မရွိေသးပါဘူး။ မသန္စြမ္းေတြရဲ႕ဘ၀ေတြ တိုးတက္လာဖို႔မွာ ဒီလို အေျခခံေတြကအစ ျပဳျပင္ေျပာင္းလဲဖို႔ လိုအပ္တယ္လို႔ မေခ်ာစုလႈိင္က ေျပာပါတယ္။

“က်မတို႔ မသန္စြမ္းတေယာက္ ပညာသင္ၾကားဖို႔ အခြင့္အေရးေတြ ဆုိတာက ရာခိုင္ႏႈန္းအားျဖင့္ အရမ္းနည္းပါတယ္။ က်မတုိ႔ ပညာတတ္ မသန္စြမ္းတေယာက္ျဖစ္လာဖို႔ဆိုတာ မိဘေတြမွာလည္း အရမ္းကို ပင္ပန္းသလို၊ မသန္စြမ္းဘက္ကလည္း ၾကိဳးစားရတာ တအားပင္ပန္းပါတယ္။ သာမန္ ကေလးတေယာက္ ေက်ာင္းတက္ရတာနဲ႔ မတူဘူးေပါ့ေနာ္။ ရင္းႏွီးျမွဳပ္ႏွံမႈအားက တအား မ်ားပါတယ္။ ပညာကိုသင္ၾကားတဲ့အခါမွာ အေျခခံကစလာျပီးေတာ့ က်မတို႔က အခက္အခဲေတြ ျဖစ္လာခဲ့တယ္ေပါ့ေနာ္။ အဲ့ဒီလိုပဲ က်မတုိ႔ တဆင့္ တဆင့္ သူ႔ဟာနဲ႔သူေပါ့ေနာ္ တာ၀န္ေတြ ထမ္းေဆာင္ျပီးေတာ့လာၾကတဲ့ အခ်ိန္မွာလည္း က်မတို႔ျမန္မာႏိုင္ငံရဲ႕ အေနအထားမွာ သြားလာေရးေတြမွာဆိုရင္ barrier free ေတြက လံုး၀ မရွိဘူးေပါ့ေနာ္။ မရွိတဲ့အခါက်ရင္ က်မက wheel chair အသံုးျပဳသူတေယာက္ျဖစ္တယ္။ ျဖစ္တဲ့အခါက်ေတာ့ အလြယ္တကူ လက္လွမ္းမီ သြားလာဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူးေပါ့ေနာ္။ ဥပမာေျပာရရင္ က်မတို႔ျမန္မာျပည္မွာ ယာဥ္လိုင္းေတြသံုးစြဲထားတာဆိုရင္ က်မတို႔ မသန္စြမ္းေတြ အလြယ္တကူ သြားလို႔မရဘူး။ လိုင္းကားစီးႏုိင္ဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္တဲ့ ကိစၥၾကီး။ လမ္းေတြဆိုရင္လည္း က်မတို႔သြားတဲ့လမ္းေတြက ဘီးတပ္ကုလားထိုင္ သံုးသူေတြ သြားလို႔ရတဲ့လမ္းမ်ိဳး မဟုတ္ဘူး။ ဂလုဂလက္ေတြ အမ်ားၾကီးကို အဲ့ဒီလိုမ်ိဳးသြားျပီးေတာ့ ကိုယ့္ရဲ႕တာ၀န္ကို ထမ္းေဆာင္ရတယ္။ အဲ့ဒီလိုမ်ိဳးအပိုင္းေတြကို က်မ အမ်ားၾကီးၾကံဳရတယ္။ စျပီးေတာ့မွ အေျခခံကစလာျပီးေတာ့ အခက္အခဲေတြ ျဖစ္လာခဲ့တယ္ေပါ့ေနာ္။”

ဒီလို အခက္အခဲ စိန္ေခၚမႈေတြၾကားမွာပဲ မေခ်ာစုလိႈင္ကေတာ့ ျမန္မာစာ ဘာသာရပ္နဲ႔ ဘြဲ႔ရေအာင္ သင္ယူႏိုင္ခဲ့သလို၊ လက္ရွိမွာ ရန္ကုန္တိုင္း မသန္စြမ္းသူမ်ားအသင္းရဲ႕ အတြင္းေရးမွဴး တာ၀န္အျပင္ ႏုိင္ငံေရးပါတီတခုမွာလည္း ဦးေဆာင္အခန္းက႑ကေန ပါ၀င္ေနတာပါ။ ညီညြတ္သာ တိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ (UNDP) ရဲ႕ ဗဟုိ အလုပ္မႈေဆာင္ လူငယ္တေယာက္ ျဖစ္ျပီး လာမယ့္ ႏို၀င္ဘာေရြးေကာက္ပြဲမွာလည္း ဒီပါတီကို ကိုယ္စားျပဳျပီး ေျမာက္ဥကၠလာပျမိဳ႕နယ္ကေန ျပည္သူ႔လႊတ္ေတာ္ေနရာမွာ ၀င္ျပိဳင္ဖို႔ ျပင္ဆင္ထားပါတယ္။ မသန္စြမ္း အမ်ိဳးသမီးေယာက္အေနနဲ႔ အခက္အခဲေတြ မ်ားေပမဲ့လို႔ ႏိုင္ငံတည္ေဆာက္ေရးမွာ တတ္စြမ္းသမ ွ် ပါ၀င္သြားခ်င္တယ္လုိ႔ မေခ်ာစုလိႈင္က ေျပာပါတယ္။

“ပတ္၀န္းက်င္အတားအဆီးေတြဟာ က်မတို႔အတြက္ အရမ္းကို စိန္ေခၚမႈေတြ ၾကီးမားပါတယ္။ စိတ္ပိုင္းဆိုင္ရာ အတားအဆီးရွိပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာ အတားအဆီး ရွိတယ္ေပါ့ေနာ္။ အဲ့ဒီအခါမွာ က်မတို႔ မသန္စြမ္းေတြက ႐ုပ္ပိုင္းဆိုင္ရာအတားအဆီးလို႔ ေျပာလို႔ရွိရင္ ခုနကေျပာတဲ့ အလြယ္ကူ သြားလာလို႔မရတဲ့ေနရာေတြမွာ က်မတို႔ မနည္းကို ေက်ာ္ျဖတ္ျပီးေတာ့ သြားရတယ္။ ကိုယ့္ရဲ႕တာ၀န္ကို ထမ္းေဆာင္ရတယ္။ နံပါတ္ႏွစ္ အခ်က္ကေတာ့ စိတ္ပိုင္းဆိုင္ရာ အတားအဆီးလို႔ေျပာရင္ က်မတို႔ၾကံဳရတာက ဒီမသန္စြမ္းေတြက ဒီလူမႈနယ္ပယ္ထဲကုိ လာျပီးေတာ့ ႏုိင္ငံေရးတာ၀န္ေတြကို ထမ္းေဆာင္တယ္။ သူတို႔ဟာ ခႏၶာကိုယ္ေတာင္မွ က်န္းမာသန္စြမ္းမႈမရွိဘဲနဲ႔ သူတို႔က ဒီႏုိင္ငံေရးကို ဘာလာလုပ္မွာလဲ။ ဘယ္လိုလုပ္မွာလဲဆိုတဲ့ အျမင္ေပါ့။ ဒီ စိတ္ပိုင္းဆိုင္ရာ အတားအဆီးကိုေျပာတာေပါ့ေနာ္။ က်မတို႔ အဲ့ဒါေတြနဲ႔လည္း စဥ္ဆက္မျပတ္ ရင္ဆိုင္ေနရတဲ့အပုိင္းေပါ့ေနာ္။ သို႔ေပမဲ့လည္း က်မတို႔ အေနနဲ႔ကေတာ့ က်မတို႔က လုပ္စရာရွိတာကိုေတာ့ က်မတို႔ႏုိင္ငံေတာ္အတြက္ကိုေတာ့ ဆက္လက္ လုပ္ေဆာင္ရမယ္ဆိုတဲ့ စိတ္ထည့္ျပီးေတာ့မွ လုပ္ေနတဲ့အပိုင္းေတြ ရွိပါတယ္ရွင္။”

လႊတ္ေတာ္အမတ္တေယာက္အျဖစ္ အေရြးခံရရင္ေတာ့ သူဟာ ျမန္မာ့လႊတ္ေတာ္ထဲမွာ ပထမဆံုး နဲ႔ တဦးတည္းေသာ မသန္စြမ္း အမ်ိဳးသမီးအမတ္ တေယာက္ ျဖစ္လာမွာပါ။ တကယ္လို႔ လႊတ္ေတာ္အမတ္တေယာက္ ျဖစ္လာရင္ ႏိုင္ငံအတြက္ ဘာေတြ လုပ္ေဆာင္သြားႏုိင္ဖို႔ ရည္မွန္းထားတာပါလဲ။

“က်မတို႔ဟာ ႏိုင္ငံေရး အေနအထားနဲ႔ပတ္သက္ရင္ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒဆိုတာ ရွိပါတယ္။ အဲ့ဒီ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒဟာလည္း က်မတို႔ေတြ အမ်ားေသာအားျဖင့္က ဒီဥပေဒနဲ႔ ပတ္သက္ျပီးေတာ့ပဲ က်မတို႔ အမ်ိဳးမ်ိဳး အယူအဆေတြ ကြဲလြဲျပီးေတာ့ က်မတို႔ ဒါကိုပဲျပင္ဆင္ဖို႔ ၾကိဳးစားေနၾကရတဲ့ အေနအထားေတြ ရွိတယ္ေပါ့ေနာ္။ အဲ့ဒီေတာ့ က်မတို႔က အေရြးခ်ယ္ခံရလို႔ လႊတ္ေတာ္ထဲ ေရာက္ခဲ့မယ္ဆိုရင္ ဒီဖြဲ႔စည္းပံု အေျခခံဥပေဒနဲ႔ ပတ္သက္ျပီးေတာ့ ပထမဦးဆံုး စတင္လုပ္ေဆာင္ဖို႔ရွိတယ္။ က်မတို႔ ဒီဖြဲ႔စည္းပံုဆိုတာ ျပင္ဆင္လို႔မရဘူးဆိုတာ က်မတို႔ တြက္ဆလို႔ရပါတယ္။ ဒါကလည္း အားလံုးလည္း သိျပီးသားျဖစ္တယ္ေပါ့ေနာ္။ အဲ့ဒီေတာ့ ျပင္ဆင္လို႔မရတဲ့အပိုင္းေတြမွာ က်မတို႔က အသစ္ေရးဆြဲျပီးေတာ့မွ ျပည္သူေတြကို ခ်ျပျပီးေတာ့မွ အတည္ျပဳတာေတြ က်မတို႔ လုပ္ရမယ္။ ေနာက္တခုကေတာ့ က်မတို႔ ဖက္ဒရယ္လမ္းေၾကာင္းကို တည္ေဆာက္မယ္။ ေနာက္တခုကက်ေတာ့ တန္းတူအခြင့္အေရးေပါ့။ တိုင္းရင္းသားေတြနဲ႔ ပတ္သက္တဲ့ တန္းတူအခြင့္အေရးေတြနဲ႔ က်မတို႔တည္ေဆာက္ဖို႔ကို က်မတို႔လႊတ္ေတာ္ထဲ ေရာက္ျပီဆိုတာနဲ႔ အဲ့ဒါေတြ လုပ္မွာပါရွင့္။”

သူသာ လႊတ္ေတာ္ထဲ ေရာက္ခဲ့မယ္ဆိုရင္ သူ႔လိုအမ်ိဳးသမီးေတြ မသန္စြမ္းေတြရဲ႕ အခြင့္အေရးေတြ ပိုမို ရရွိလာေအာင္ ၾကိဳးစားသြားခ်င္တယ္လို႔လည္း မေခ်ာစုလိႈင္က ေျပာပါတယ္။ မသန္စြမ္းပဲျဖစ္ျဖစ္၊ အမိ်ဳးသမီးပဲျဖစ္ျဖစ္ လူသားတေယာက္အေေနနဲ႔ လူတိုင္း တန္းတူညီမ ွ် အခြင့္အေရး ရွိတယ္လို႔ သူ ယံုၾကည္တဲ့အတိုင္း အရည္အခ်င္းရွိတဲ့ လူငယ္ေတြ၊ မသန္စြမ္းေတြ၊ အမ်ိဳးသမီးေတြ ႏုိင္ငံ့ဦးေဆာင္မႈမွာ ပါ၀င္လာဖို႔ လိုအပ္တယ္လို႔ မေခ်ာစုလိႈင္က ေျပာပါတယ္။

“ကိုယ္က အရည္အခ်င္း ရွိရဲ႕သားနဲ႔ ငါကေတာ့ျဖင့္ ကေလးထိန္းရမွာမိုလို႔ ဒီေနရာကို လုပ္ေတာ့လုပ္ခ်င္ပါတယ္။ လုပ္လို႔ေတာ့ အဆင္မေျပဘူးဆိုရင္ က်မတို႔ဟာ ကိုယ့္မိသားစုကိုပဲ။ ကိုယ့္မိသားစုမွာ ၅ ေယာက္ရွိတယ္ဆိုရင္ အျပင္ရဲ႕အ၀န္းအ၀ိုင္းေလးကိုထြက္လိုက္မယ္ ဆိုရင္ အေယာက္ တစ္ရာ ျဖစ္ရင္လည္း ျဖစ္သြားမယ္။ အခြင့္အေရး ေပးတဲ့အခါမွာ ကိုယ့္ကေလး တေယာက္တည္း ထိန္းတဲ့ အခြင့္အေရးမ်ိဳး ေပးမလား။ အေယာက္ တစ္ရာကို ဦးေဆာင္ႏုိင္တဲ့ အခြင့္အေရး ေပးမလား။ အေယာက္ တစ္ေသာင္း၊ တစ္သိန္းရွိတဲ့ အခြင့္အေရးေတြကို ေပးမလား။ ကိုယ့္ရဲ႕စြမ္းအားကို ေျပာတာေလ။ အဲ့ဒီေတာ့ ကိုယ္က ကုိယ့္သားသမီးကုိပဲ ကိုယ္ထိန္းမယ္ဆိုရင္ ကိုယ့္ရဲ႕အသိဥာဏ္ေတြ ကိုယ့္ရဲ႕ဗဟုသုတေတြက ကိုယ့္သားသမီးဆီမွာပဲ တေယာက္တည္းကို သြားမွာေလ။ အဲ့ဒီေတာ့ အ၀န္းအ၀ို္င္းတခုကို ေျပာင္းလဲလိုက္တဲ့အခါမွာဆိုရင္ ကိုယ့္ရဲ႕အသိဥာဏ္ေတြ ကိုယ့္ရဲ႕ ဗဟုသုတေတြဟာ အေယာက္ တစ္ရာကိုလႊမ္းျခံဳႏိုင္တာ ျဖစ္ႏုိင္သလို၊ အေယာက္ တစ္ေသာင္းနဲ႔ တႏိုင္ငံလံုးကို လႊမ္းျခံဳႏိုင္တဲ့အမ်ိဳးသမီးတစ္ေယာက္ ျဖစ္လာႏိုင္တယ္ဆိုတဲ့ အခ်က္ကိုလည္း က်မက အရမ္းကို အားေပးခ်င္ပါတယ္။ အဲ့ဒီအတြက္ အမ်ိဳးသမီးေတြ မသန္စြမ္းေတြ အားလံုး သတိၱရွိရွိနဲ႔ အျပင္ကိုထြက္ျပီးမွ ႏိုင္ငံေရးနယ္ပယ္ထဲမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ၀င္ေရာက္ လုပ္ေစခ်င္ပါတယ္။ အားလည္း အားေပးေစခ်င္ပါတယ္။ က်မတို႔ အနာဂတ္ႏုိင္ငံကို တည္ေဆာက္တဲ့အခါမွာ က်မတို႔အင္နဲ႔အားနဲ႔ေပါ့ေနာ္ ဒီႏုိင္ငံၾကီးကို ငါတို႔ကိုယ္တိုင္ ဒီလုိမ်ိဳးေတြ လုပ္ခဲ့တာ။ ငါတို႔ကိုယ္တိုင္ အသက္သြင္းခဲ့တယ္ဆိုတဲ့ သမိုင္းေလးကို က်မ ကေတာ့ တည္ေစခ်င္ပါတယ္။”

ကိစၥရပ္တခုခ်င္းစီကို ကိုင္တြယ္ၾကတဲ့ေနရာမွာ အမ်ိဳးသားနဲ႔ အမ်ိဳးသမီး ခ်ဥ္းကပ္ပံုေတြ မတူတတ္ၾကပါဘူး။ ဒီလိုမတူကြဲျပားတာကိုပဲ စြမ္းအားတခုျဖစ္ေအာင္ လုပ္ယူႏုိင္ပါတယ္။ ျမန္မာႏိုင္ငံလို လက္နက္ကိုင္စစ္မီး မျငိမ္းေသးတဲ့၊ ႏြမ္းပါးတဲ့ ဖြံ႔ျဖိဳးဆဲ ႏုိင္ငံတခု အေနနဲ႔ တိုင္းျပည္ေရးရာေတြကို ရင္ဆိုင္ေျဖရွင္းၾကတဲ့ေနရာမွာ အျမင္ရႈေထာင့္စံုကေန ျမင္ႏုိင္ ၾကည့္ႏုိင္ ေဆာင္ရြက္ႏုိင္ပါမွ တိုင္းျပည္ ေရရွည္ ျငိမ္းခ်မ္းေရးနဲ႔ ဖြံ႔ျဖိဳးတိုးတက္ေရးေတြ အရာထင္လာမွာပါ။ ခုလို ဒီမိုကေရစီတိုင္းျပည္တခုကို တည္ေဆာက္ေနတဲ့အခ်ိန္မွာ အမ်ိဳးသမီးေတြကို ခ်န္လွပ္မထားဖို႔သိပ္ကို အေရးၾကီးတယ္လို႔ မေခ်ာစုလိႈင္က ေျပာပါတယ္။

“က်မတို႔အမ်ိဳးသမီးေတြကို ဘာေၾကာင့္ ပါ၀င္ေစခ်င္သလဲ ဆိုေတာ့ အမ်ိဳးသားနဲ႔ယွဥ္လိုက္တဲ့အခါမွာ အမ်ိဳးသမီးေတြဟာ အျမဲတမ္း ႏူးညံ့သိမ္ေမြ႔တဲ့ဘက္ကို သြားတယ္ရွင့္။ အဲ့ဒီေတာ့ ႏုိင္ငံေရး အခင္းအက်င္း တည္ေဆာက္တဲ့အခါမွာလည္း အမ်ိဳးသားေတြဆိုရင္ အျမဲတမ္း တိုက္မယ္ဆိုတဲ့ဟာမ်ိဳး သူတို႔မွာ ေတြးတယ္ေပါ့နော္။ က်မတုိ႔ အမ်ိဳးသမီးေတြက်ေတာ့ အဲ့ဒီလို မဟုတ္ဘူးရွင့္။ က်မတို႔ ဘယ္ဟာကို ေပ်ာ့ေျပာင္း ညင္သာစြာနဲ႔ကိုင္တြယ္မလဲ။ ဘယ္ဟာကို ႏူးညံ့သိမ္ေမြ႔စာနဲ႔ ကိုင္တြယ္မလဲ ဆိုတဲ့ မိခင္စိတ္ထားေပါ့ေနာ္။ အားလံုးကို ခ်စ္တတ္တဲ့စိတ္၊ ခြင့္လႊတ္တတ္တဲ့စိတ္၊ နားလည္တတ္တဲ့စိတ္ေတြနဲ႔ က်မတို႔က ဦးေဆာင္ဖို႔ လိုတယ္ေပါ့ေနာ္။ အဲ့ဒီအခါမွာ က်မတို႔က ႏူးညံ့ေပ်ာ့ေပ်ာင္းတဲ့ စိတ္ထားေတြနဲ႔ က်မတို႔ ဒီႏုိင္ငံေတာ္အတြက္ ပါ၀င္လာၾကမယ္ဆိုရင္၊ တဘက္ကၾကည့္ရင္ က်မတို႔ ျငိမ္းခ်မ္းေရးအရဆိုလို႔ရွိရင္လည္း က်မတို႔အတြက္ အင္မတန္ အင္အားေတြ ျဖစ္လာမွာပါလို႔ က်မက ေျပာခ်င္ပါတယ္။ အဲ့ဒီအတြက္ကို က်မတို႔အမ်ိဳးသမီးေတြလည္း ပါ၀င္သင့္ပါတယ္။ ေနာက္ျပီးေတာ့ မသန္စြမ္းေတြလည္း အားလံုးဟာ ပါ၀င္သင့္ပါတယ္။ က်မတို႔ မသန္စြမ္းေတြဟာ ျမန္မာျပည္မွာ ၄.၆ % ေပါ့။ ဒါဟာ ေျပာမယ္ဆိုရင္ က်မတို႔အတြက္ လူ႔စြမ္းအား အရင္းအျမစ္ေတြပါပဲ။ က်မတို႔ ဒါေတြကို အသံုးခ်ရမွာပါ။ က်မတို႔ မသန္စြမ္းေတြအားလံုးဟာ အိမ္ထဲကအိမ္ျပင္မထြက္ဘဲ ေနခဲ့ၾကတာ ၄.၆ % ဆိုတဲ့ ဒီမသန္စြမ္းေတြအားလံုးအတြက္ ဒါကို လူစြမ္းအား အရင္းအျမစ္အျဖစ္ က်မကေတာ့ တည္ေဆာက္မယ္။ တရားေရးမွာဆိုရင္လည္း ဒီလိုပါပဲ။ ဥပေဒျပဳေရး၊ တရားစီရင္ေရး၊ တန္းတူ အခြင့္အေရးဆိုတဲ့ အားလံုးနဲ႔ သက္ဆိုင္တဲ့အခါမွာ မသန္စြမ္းေတြက ေျပာရမယ္ဆိုလို႔ရွိရင္ တရား၀င္ ဖယ္ခ်န္ခဲ့တာလားဆိုေတာ့လဲ မဟုတ္ဘူးရွင့္။ ဒီဟာကို လုပ္ေပးရမယ္ဆုိတာကို မသိဘဲနဲ႔ က်န္ က်န္ေနခဲ့တဲ့အပိုင္းေတြက က်မတို႔က အျမဲတမ္း ခံစားေနရတာပါ။ အဲ့ဒီေတာ့ က်မက လႊတ္ေတာ္ထဲ ေရာက္တဲ့အခါမွာ ဒီအခ်က္ေတြကို အေလးထားျပီးေတာ့ ေဖာ္ေဆာင္မွာျဖစ္ပါတယ္ရွင္။”

တကယ္ေတာ့ မသန္စြမ္းေတြဟာ ႐ုပ္ပိုင္းဆိုင္ရာမွာ သာမန္သန္စြမ္းသူေတြေလာက္ မသန္ေပမဲ့ သူ႔မွာလည္း သူတို႔စြမ္းေဆာင္ႏုိင္တဲ့အရာေတြ အမ်ားၾကီး ရွိတာမို႔၊ ဒီစြမ္းအားေတြကို စနစ္တက် ေနရာေပး အသံုးခ်မယ္ဆိုရင္ တိုင္းျပည္အတြက္ အင္အားေတြျဖစ္လာႏုိင္ပါတယ္။ ဒီအင္အားေတြကို အသံုးခ်လာႏုိင္ဖို႔အတြက္ကေတာ့ သူတို႔အတြက္ လိုအပ္တဲ့ အေျခခံ ပံ့ပိုးမႈေတြ၊ အခြင့္အေရး အခြင့္အလမ္းေတြကိုလည္း အာမခံ ေပးမွာျဖစ္ပါတယ္။ ဒီလိုအေျခခံေကာင္းေတြသာ ရွိမယ္ဆိုရင္ေတာ့ မသန္စြမ္းေတြဟာလည္း တိုင္းျပည္ကိုအက်ိဳးျပဳႏုိင္တဲ့ လူ႔စြမ္းအား အရင္းအျမစ္ေတြ ျဖစ္လာႏိုင္ပါတယ္ဆိုတာ တင္ျပရင္းနဲ႔ပဲ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါ။

တိုက္႐ိုက္ လင့္ခ္

======================================

[Unicode Version]

မသန်စွမ်းသူတွေအရေး၊ တန်းတူအခွင့်အရေး ကြိုးပမ်းသူ မချောစုလှိုင် (အမျိုးသမီးကဏ္ဍ)
မြန်မာနိုင်ငံ လူဦးရေရဲ့ ၄.၆ % ဟာ မသန်စွမ်းသူတွေဖြစ်ကြပြီး ဒီလူတွေဟာလည်း တိုင်းပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေပါပဲလို့ ရန်ကုန်တိုင်း မသန်စွမ်းသူများအသင်း အတွင်းရေးမှူး မချောစုလှိုင်က ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေအတွက် ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေနဲ့ အဟန့်အတားတွေ ကတော့ အများကြီး ရှိနေ သေးတာမို့ သူတို့အတွက် အခြေခံ အခွင့်အရေးတွေ အပြည့်အ၀ ရရှိလာအောင် ကြိုးပမ်းသွားချင်တယ်လို့ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အမတ်လောင်းတယောက်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတဲ့ မချောစုလှိုင်က ပြောပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ပထမဆုံး မသန်စွမ်း အမျိုးသမီးအမတ်လောင်း တယောက်အနေနဲ့ ဝင်ပြိုင်မယ့် မချောစုလှိုင်ရဲ့ ရည်မှန်းချက်၊ မေ ျှာ်မှန်းချက်တွေ နဲ့အတူ ဒီကနေ့ မသန်စွမ်းတွေအတွက် အဓိက အခက်အခဲ အတားအဆီး ဘာတွေ ရှိနေသလဲ ဆိုတာတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ဆက်ထားပါတယ်။

အေကြောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ကိုယ်လက် အင်္ဂါချို့တဲ့ မသန်စွမ်းသူတွေဟာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၂ သန်းကျော် ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၄.၆ % ရှိတယ်လို့ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။ ဒီလို မသန်စွမ်းတွေဟာ ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း စတာတွေမှာ နောက်ကျ ကျန်နေရပြီး သူတို့အတွက် အခွင့်အရေး အတော်များများ လစ်လျူရှုခံထားရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး မသန်စွမ်းသူများအသင်းရဲ့ အတွင်းရေးမှူး မချောစုလှိုင်က ပြောပါတယ်။

စာသင်ကျောင်းတွေမှာ မသန်စွမ်းတွေအတွက် သီးခြား အဆင်ပြေအောင် လုပ်ပေးထားတဲ့ စာသင်ခုံတွေ၊ ထောက်ကူပစ္စည်းတွေ မရှိသလို၊ လမ်းပမ်းဆက်သွယ် သွားလာတဲ့အခါမှာလည်း သူတို့အတွက် အဆင်ပြေချောမွေ့အောင် စီစဉ်ပေးထားတဲ့ အခြေခံ စနစ်တွေ မရှိသေးပါဘူး။ မသန်စွမ်းတွေရဲ့ဘဝတွေ တိုးတက်လာဖို့မှာ ဒီလို အခြေခံတွေကအစ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ မချောစုလှိုင်က ပြောပါတယ်။

“ကျမတို့ မသန်စွမ်းတယောက် ပညာသင်ကြားဖို့ အခွင့်အရေးတွေ ဆိုတာက ရာခိုင်နှုန်းအားဖြင့် အရမ်းနည်းပါတယ်။ ကျမတို့ ပညာတတ် မသန်စွမ်းတယောက်ဖြစ်လာဖို့ဆိုတာ မိဘတွေမှာလည်း အရမ်းကို ပင်ပန်းသလို၊ မသန်စွမ်းဘက်ကလည်း ကြိုးစားရတာ တအားပင်ပန်းပါတယ်။ သာမန် ကလေးတယောက် ကျောင်းတက်ရတာနဲ့ မတူဘူးပေါ့နော်။ ရင်းနှီးမြှုပ်နှံမှုအားက တအား များပါတယ်။ ပညာကိုသင်ကြားတဲ့အခါမှာ အခြေခံကစလာပြီးတော့ ကျမတို့က အခက်အခဲတွေ ဖြစ်လာခဲ့တယ်ပေါ့နော်။ အဲ့ဒီလိုပဲ ကျမတို့ တဆင့် တဆင့် သူ့ဟာနဲ့သူပေါ့နော် တာဝန်တွေ ထမ်းဆောင်ပြီးတော့လာကြတဲ့ အချိန်မှာလည်း ကျမတို့မြန်မာနိုင်ငံရဲ့ အနေအထားမှာ သွားလာရေးတွေမှာဆိုရင် barrier free တွေက လုံး၀ မရှိဘူးပေါ့နော်။ မရှိတဲ့အခါကျရင် ကျမက wheel chair အသုံးပြုသူတယောက်ဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ အလွယ်တကူ လက်လှမ်းမီ သွားလာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့နော်။ ဥပမာပြောရရင် ကျမတို့မြန်မာပြည်မှာ ယာဉ်လိုင်းတွေသုံးစွဲထားတာဆိုရင် ကျမတို့ မသန်စွမ်းတွေ အလွယ်တကူ သွားလို့မရဘူး။ လိုင်းကားစီးနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စကြီး။ လမ်းတွေဆိုရင်လည်း ကျမတို့သွားတဲ့လမ်းတွေက ဘီးတပ်ကုလားထိုင် သုံးသူတွေ သွားလို့ရတဲ့လမ်းမျိုး မဟုတ်ဘူး။ ဂလုဂလက်တွေ အများကြီးကို အဲ့ဒီလိုမျိုးသွားပြီးတော့ ကိုယ့်ရဲ့တာဝန်ကို ထမ်းဆောင်ရတယ်။ အဲ့ဒီလိုမျိုးအပိုင်းတွေကို ကျမ အများကြီးကြုံရတယ်။ စပြီးတော့မှ အခြေခံကစလာပြီးတော့ အခက်အခဲတွေ ဖြစ်လာခဲ့တယ်ပေါ့နော်။”

ဒီလို အခက်အခဲ စိန်ခေါ်မှုတွေကြားမှာပဲ မချောစုလှိုင်ကတော့ မြန်မာစာ ဘာသာရပ်နဲ့ ဘွဲ့ရအောင် သင်ယူနိုင်ခဲ့သလို၊ လက်ရှိမှာ ရန်ကုန်တိုင်း မသန်စွမ်းသူများအသင်းရဲ့ အတွင်းရေးမှူး တာဝန်အပြင် နိုင်ငံရေးပါတီတခုမှာလည်း ဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ ညီညွတ်သာ တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ရဲ့ ဗဟို အလုပ်မှုဆောင် လူငယ်တယောက် ဖြစ်ပြီး လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာလည်း ဒီပါတီကို ကိုယ်စားပြုပြီး မြောက်ဥက္ကလာပမြို့နယ်ကနေ ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ပြိုင်ဖို့ ပြင်ဆင်ထားပါတယ်။ မသန်စွမ်း အမျိုးသမီးယောက်အနေနဲ့ အခက်အခဲတွေ များပေမဲ့လို့ နိုင်ငံတည်ဆောက်ရေးမှာ တတ်စွမ်းသမ ျှ ပါဝင်သွားချင်တယ်လို့ မချောစုလှိုင်က ပြောပါတယ်။

“ပတ်ဝန်းကျင်အတားအဆီးတွေဟာ ကျမတို့အတွက် အရမ်းကို စိန်ခေါ်မှုတွေ ကြီးမားပါတယ်။ စိတ်ပိုင်းဆိုင်ရာ အတားအဆီးရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အတားအဆီး ရှိတယ်ပေါ့နော်။ အဲ့ဒီအခါမှာ ကျမတို့ မသန်စွမ်းတွေက ရုပ်ပိုင်းဆိုင်ရာအတားအဆီးလို့ ပြောလို့ရှိရင် ခုနကပြောတဲ့ အလွယ်ကူ သွားလာလို့မရတဲ့နေရာတွေမှာ ကျမတို့ မနည်းကို ကျော်ဖြတ်ပြီးတော့ သွားရတယ်။ ကိုယ့်ရဲ့တာဝန်ကို ထမ်းဆောင်ရတယ်။ နံပါတ်နှစ် အချက်ကတော့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးလို့ပြောရင် ကျမတို့ကြုံရတာက ဒီမသန်စွမ်းတွေက ဒီလူမှုနယ်ပယ်ထဲကို လာပြီးတော့ နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်တယ်။ သူတို့ဟာ ခန္ဓာကိုယ်တောင်မှ ကျန်းမာသန်စွမ်းမှုမရှိဘဲနဲ့ သူတို့က ဒီနိုင်ငံရေးကို ဘာလာလုပ်မှာလဲ။ ဘယ်လိုလုပ်မှာလဲဆိုတဲ့ အမြင်ပေါ့။ ဒီ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကိုပြောတာပေါ့နော်။ ကျမတို့ အဲ့ဒါတွေနဲ့လည်း စဉ်ဆက်မပြတ် ရင်ဆိုင်နေရတဲ့အပိုင်းပေါ့နော်။ သို့ပေမဲ့လည်း ကျမတို့ အနေနဲ့ကတော့ ကျမတို့က လုပ်စရာရှိတာကိုတော့ ကျမတို့နိုင်ငံတော်အတွက်ကိုတော့ ဆက်လက် လုပ်ဆောင်ရမယ်ဆိုတဲ့ စိတ်ထည့်ပြီးတော့မှ လုပ်နေတဲ့အပိုင်းတွေ ရှိပါတယ်ရှင်။”

လွှတ်တော်အမတ်တယောက်အဖြစ် အရွေးခံရရင်တော့ သူဟာ မြန်မာ့လွှတ်တော်ထဲမှာ ပထမဆုံး နဲ့ တဦးတည်းသော မသန်စွမ်း အမျိုးသမီးအမတ် တယောက် ဖြစ်လာမှာပါ။ တကယ်လို့ လွှတ်တော်အမတ်တယောက် ဖြစ်လာရင် နိုင်ငံအတွက် ဘာတွေ လုပ်ဆောင်သွားနိုင်ဖို့ ရည်မှန်းထားတာပါလဲ။

“ကျမတို့ဟာ နိုင်ငံရေး အနေအထားနဲ့ပတ်သက်ရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ရှိပါတယ်။ အဲ့ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာလည်း ကျမတို့တွေ အများသောအားဖြင့်က ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ပဲ ကျမတို့ အမျိုးမျိုး အယူအဆတွေ ကွဲလွဲပြီးတော့ ကျမတို့ ဒါကိုပဲပြင်ဆင်ဖို့ ကြိုးစားနေကြရတဲ့ အနေအထားတွေ ရှိတယ်ပေါ့နော်။ အဲ့ဒီတော့ ကျမတို့က အရွေးချယ်ခံရလို့ လွှတ်တော်ထဲ ရောက်ခဲ့မယ်ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး စတင်လုပ်ဆောင်ဖို့ရှိတယ်။ ကျမတို့ ဒီဖွဲ့စည်းပုံဆိုတာ ပြင်ဆင်လို့မရဘူးဆိုတာ ကျမတို့ တွက်ဆလို့ရပါတယ်။ ဒါကလည်း အားလုံးလည်း သိပြီးသားဖြစ်တယ်ပေါ့နော်။ အဲ့ဒီတော့ ပြင်ဆင်လို့မရတဲ့အပိုင်းတွေမှာ ကျမတို့က အသစ်ရေးဆွဲပြီးတော့မှ ပြည်သူတွေကို ချပြပြီးတော့မှ အတည်ပြုတာတွေ ကျမတို့ လုပ်ရမယ်။ နောက်တခုကတော့ ကျမတို့ ဖက်ဒရယ်လမ်းကြောင်းကို တည်ဆောက်မယ်။ နောက်တခုကကျတော့ တန်းတူအခွင့်အရေးပေါ့။ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ တန်းတူအခွင့်အရေးတွေနဲ့ ကျမတို့တည်ဆောက်ဖို့ကို ကျမတို့လွှတ်တော်ထဲ ရောက်ပြီဆိုတာနဲ့ အဲ့ဒါတွေ လုပ်မှာပါရှင့်။”

သူသာ လွှတ်တော်ထဲ ရောက်ခဲ့မယ်ဆိုရင် သူ့လိုအမျိုးသမီးတွေ မသန်စွမ်းတွေရဲ့ အခွင့်အရေးတွေ ပိုမို ရရှိလာအောင် ကြိုးစားသွားချင်တယ်လို့လည်း မချောစုလှိုင်က ပြောပါတယ်။ မသန်စွမ်းပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် လူသားတယောက်အေနေနဲ့ လူတိုင်း တန်းတူညီမ ျှ အခွင့်အရေး ရှိတယ်လို့ သူ ယုံကြည်တဲ့အတိုင်း အရည်အချင်းရှိတဲ့ လူငယ်တွေ၊ မသန်စွမ်းတွေ၊ အမျိုးသမီးတွေ နိုင်ငံ့ဦးဆောင်မှုမှာ ပါဝင်လာဖို့ လိုအပ်တယ်လို့ မချောစုလှိုင်က ပြောပါတယ်။

“ကိုယ်က အရည်အချင်း ရှိရဲ့သားနဲ့ ငါကတော့ဖြင့် ကလေးထိန်းရမှာမိုလို့ ဒီနေရာကို လုပ်တော့လုပ်ချင်ပါတယ်။ လုပ်လို့တော့ အဆင်မပြေဘူးဆိုရင် ကျမတို့ဟာ ကိုယ့်မိသားစုကိုပဲ။ ကိုယ့်မိသားစုမှာ ၅ ယောက်ရှိတယ်ဆိုရင် အပြင်ရဲ့အဝန်းအဝိုင်းလေးကိုထွက်လိုက်မယ် ဆိုရင် အယောက် တစ်ရာ ဖြစ်ရင်လည်း ဖြစ်သွားမယ်။ အခွင့်အရေး ပေးတဲ့အခါမှာ ကိုယ့်ကလေး တယောက်တည်း ထိန်းတဲ့ အခွင့်အရေးမျိုး ပေးမလား။ အယောက် တစ်ရာကို ဦးဆောင်နိုင်တဲ့ အခွင့်အရေး ပေးမလား။ အယောက် တစ်သောင်း၊ တစ်သိန်းရှိတဲ့ အခွင့်အရေးတွေကို ပေးမလား။ ကိုယ့်ရဲ့စွမ်းအားကို ပြောတာလေ။ အဲ့ဒီတော့ ကိုယ်က ကိုယ့်သားသမီးကိုပဲ ကိုယ်ထိန်းမယ်ဆိုရင် ကိုယ့်ရဲ့အသိဉာဏ်တွေ ကိုယ့်ရဲ့ဗဟုသုတတွေက ကိုယ့်သားသမီးဆီမှာပဲ တယောက်တည်းကို သွားမှာလေ။ အဲ့ဒီတော့ အဝန်းအဝိုင်းတခုကို ပြောင်းလဲလိုက်တဲ့အခါမှာဆိုရင် ကိုယ့်ရဲ့အသိဉာဏ်တွေ ကိုယ့်ရဲ့ ဗဟုသုတတွေဟာ အယောက် တစ်ရာကိုလွှမ်းခြုံနိုင်တာ ဖြစ်နိုင်သလို၊ အယောက် တစ်သောင်းနဲ့ တနိုင်ငံလုံးကို လွှမ်းခြုံနိုင်တဲ့အမျိုးသမီးတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း ကျမက အရမ်းကို အားပေးချင်ပါတယ်။ အဲ့ဒီအတွက် အမျိုးသမီးတွေ မသန်စွမ်းတွေ အားလုံး သတ္တိရှိရှိနဲ့ အပြင်ကိုထွက်ပြီးမှ နိုင်ငံရေးနယ်ပယ်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက် လုပ်စေချင်ပါတယ်။ အားလည်း အားပေးစေချင်ပါတယ်။ ကျမတို့ အနာဂတ်နိုင်ငံကို တည်ဆောက်တဲ့အခါမှာ ကျမတို့အင်နဲ့အားနဲ့ပေါ့နော် ဒီနိုင်ငံကြီးကို ငါတို့ကိုယ်တိုင် ဒီလိုမျိုးတွေ လုပ်ခဲ့တာ။ ငါတို့ကိုယ်တိုင် အသက်သွင်းခဲ့တယ်ဆိုတဲ့ သမိုင်းလေးကို ကျမ ကတော့ တည်စေချင်ပါတယ်။”

ကိစ္စရပ်တခုချင်းစီကို ကိုင်တွယ်ကြတဲ့နေရာမှာ အမျိုးသားနဲ့ အမျိုးသမီး ချဉ်းကပ်ပုံတွေ မတူတတ်ကြပါဘူး။ ဒီလိုမတူကွဲပြားတာကိုပဲ စွမ်းအားတခုဖြစ်အောင် လုပ်ယူနိုင်ပါတယ်။ မြန်မာနိုင်ငံလို လက်နက်ကိုင်စစ်မီး မငြိမ်းသေးတဲ့၊ နွမ်းပါးတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတခု အနေနဲ့ တိုင်းပြည်ရေးရာတွေကို ရင်ဆိုင်ဖြေရှင်းကြတဲ့နေရာမှာ အမြင်ရှုထောင့်စုံကနေ မြင်နိုင် ကြည့်နိုင် ဆောင်ရွက်နိုင်ပါမှ တိုင်းပြည် ရေရှည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ အရာထင်လာမှာပါ။ ခုလို ဒီမိုကရေစီတိုင်းပြည်တခုကို တည်ဆောက်နေတဲ့အချိန်မှာ အမျိုးသမီးတွေကို ချန်လှပ်မထားဖို့သိပ်ကို အရေးကြီးတယ်လို့ မချောစုလှိုင်က ပြောပါတယ်။

“ကျမတို့အမျိုးသမီးတွေကို ဘာကြောင့် ပါဝင်စေချင်သလဲ ဆိုတော့ အမျိုးသားနဲ့ယှဉ်လိုက်တဲ့အခါမှာ အမျိုးသမီးတွေဟာ အမြဲတမ်း နူးညံ့သိမ်မွေ့တဲ့ဘက်ကို သွားတယ်ရှင့်။ အဲ့ဒီတော့ နိုင်ငံရေး အခင်းအကျင်း တည်ဆောက်တဲ့အခါမှာလည်း အမျိုးသားတွေဆိုရင် အမြဲတမ်း တိုက်မယ်ဆိုတဲ့ဟာမျိုး သူတို့မှာ တွေးတယ်ပေါ့နော်။ ကျမတို့ အမျိုးသမီးတွေကျတော့ အဲ့ဒီလို မဟုတ်ဘူးရှင့်။ ကျမတို့ ဘယ်ဟာကို ပျော့ပြောင်း ညင်သာစွာနဲ့ကိုင်တွယ်မလဲ။ ဘယ်ဟာကို နူးညံ့သိမ်မွေ့စာနဲ့ ကိုင်တွယ်မလဲ ဆိုတဲ့ မိခင်စိတ်ထားပေါ့နော်။ အားလုံးကို ချစ်တတ်တဲ့စိတ်၊ ခွင့်လွှတ်တတ်တဲ့စိတ်၊ နားလည်တတ်တဲ့စိတ်တွေနဲ့ ကျမတို့က ဦးဆောင်ဖို့ လိုတယ်ပေါ့နော်။ အဲ့ဒီအခါမှာ ကျမတို့က နူးညံ့ပျော့ပျောင်းတဲ့ စိတ်ထားတွေနဲ့ ကျမတို့ ဒီနိုင်ငံတော်အတွက် ပါဝင်လာကြမယ်ဆိုရင်၊ တဘက်ကကြည့်ရင် ကျမတို့ ငြိမ်းချမ်းရေးအရဆိုလို့ရှိရင်လည်း ကျမတို့အတွက် အင်မတန် အင်အားတွေ ဖြစ်လာမှာပါလို့ ကျမက ပြောချင်ပါတယ်။ အဲ့ဒီအတွက်ကို ကျမတို့အမျိုးသမီးတွေလည်း ပါဝင်သင့်ပါတယ်။ နောက်ပြီးတော့ မသန်စွမ်းတွေလည်း အားလုံးဟာ ပါဝင်သင့်ပါတယ်။ ကျမတို့ မသန်စွမ်းတွေဟာ မြန်မာပြည်မှာ ၄.၆ % ပေါ့။ ဒါဟာ ပြောမယ်ဆိုရင် ကျမတို့အတွက် လူ့စွမ်းအား အရင်းအမြစ်တွေပါပဲ။ ကျမတို့ ဒါတွေကို အသုံးချရမှာပါ။ ကျမတို့ မသန်စွမ်းတွေအားလုံးဟာ အိမ်ထဲကအိမ်ပြင်မထွက်ဘဲ နေခဲ့ကြတာ ၄.၆ % ဆိုတဲ့ ဒီမသန်စွမ်းတွေအားလုံးအတွက် ဒါကို လူစွမ်းအား အရင်းအမြစ်အဖြစ် ကျမကတော့ တည်ဆောက်မယ်။ တရားရေးမှာဆိုရင်လည်း ဒီလိုပါပဲ။ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ တန်းတူ အခွင့်အရေးဆိုတဲ့ အားလုံးနဲ့ သက်ဆိုင်တဲ့အခါမှာ မသန်စွမ်းတွေက ပြောရမယ်ဆိုလို့ရှိရင် တရားဝင် ဖယ်ချန်ခဲ့တာလားဆိုတော့လဲ မဟုတ်ဘူးရှင့်။ ဒီဟာကို လုပ်ပေးရမယ်ဆိုတာကို မသိဘဲနဲ့ ကျန် ကျန်နေခဲ့တဲ့အပိုင်းတွေက ကျမတို့က အမြဲတမ်း ခံစားနေရတာပါ။ အဲ့ဒီတော့ ကျမက လွှတ်တော်ထဲ ရောက်တဲ့အခါမှာ ဒီအချက်တွေကို အလေးထားပြီးတော့ ဖော်ဆောင်မှာဖြစ်ပါတယ်ရှင်။”

တကယ်တော့ မသန်စွမ်းတွေဟာ ရုပ်ပိုင်းဆိုင်ရာမှာ သာမန်သန်စွမ်းသူတွေလောက် မသန်ပေမဲ့ သူ့မှာလည်း သူတို့စွမ်းဆောင်နိုင်တဲ့အရာတွေ အများကြီး ရှိတာမို့၊ ဒီစွမ်းအားတွေကို စနစ်တကျ နေရာပေး အသုံးချမယ်ဆိုရင် တိုင်းပြည်အတွက် အင်အားတွေဖြစ်လာနိုင်ပါတယ်။ ဒီအင်အားတွေကို အသုံးချလာနိုင်ဖို့အတွက်ကတော့ သူတို့အတွက် လိုအပ်တဲ့ အခြေခံ ပံ့ပိုးမှုတွေ၊ အခွင့်အရေး အခွင့်အလမ်းတွေကိုလည်း အာမခံ ပေးမှာဖြစ်ပါတယ်။ ဒီလိုအခြေခံကောင်းတွေသာ ရှိမယ်ဆိုရင်တော့ မသန်စွမ်းတွေဟာလည်း တိုင်းပြည်ကိုအကျိုးပြုနိုင်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ဖြစ်လာနိုင်ပါတယ်ဆိုတာ တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါ။

XS
SM
MD
LG