သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂ဝျပည့္ ကမ႓ာ့စီးပြားက်ဆင္းဖို႔ IMF ခန္႔မွန္း


အျပည္ျပည္ဆိုင္ရာ ေငြေၾကး ရန္ပုံေငြ အဖြဲ႕ (IMF)

(Zawgyi/Unicode)

COVID 19 ကပ္ေရာဂါႀကီးေၾကာင့္ ထိခိုက္ေနတဲ့ ကမၻာ့ စီးပြားေရး ျပန္လည္ နာလံထူဖို႔ ႐ုန္းကန္ေနခ်ိန္မွာပဲ ၂၀၂၀ ျပည့္ႏွစ္ ကမၻာ့ စီးပြားေရး သိသိသာသာ က်ဆင္းလိမ့္မယ္လို႔ အျပည္ျပည္ဆိုင္ရာ ေငြေၾကး ရန္ပုံေငြ အဖြဲ႕ (IMF) က အဂၤါေန႔က ေျပာပါတယ္။

“တစ္ကမၻာလုံး စီးပြားေရး ၄.၄ ရာခိုင္ႏႈန္း အႏုတ္လကၡဏာျပ က်ဆင္းမွာ ျဖစ္ေၾကာင္း၊ ဇြန္လက ခန္႔မွန္းခ်က္ ထက္ အနည္းငယ္ ပိုၿပီး ေကာင္းမြန္ တဲ့ခန္႔မွန္းခ်က္ ျဖစ္ေၾကာင္း၊ ၂၀၂၁ ခုႏွစ္အတြင္းမွာေတာ့ ၅.၂ ရာခိုင္ႏႈန္းအထိ တစ္စိတ္တစ္ပိုင္း စီးပြားေရး တိုးတက္မႈ ရွိမယ္ လို႔ ခန္႔မွန္းေၾကာင္း IMF အဖြဲ႕ရဲ့ စီးပြားေရး အရာရွိခ်ဳပ္ Gita Gopinath က ဝါရွင္တန္ ဒီစီၿမိဳ႕မွာ ဗီြဒီယို ကြန္ဖရင့္ကတဆင့္ က်င္းပေနတဲ့ IMF ႏွစ္ပတ္လည္ ညီလာခံမွာ ေျပာသြားတာ ျဖစ္ပါတယ္။

တ႐ုတ္နိုင္ငံကလြဲရင္ က်န္တဲ့ ဖြံ႔ၿဖိဳးၿပီး နိုင္ငံေတြနဲ႔ စီးပြားေရး ထြန္းသစ္စ နိုင္ငံေတြအားလုံး ၂၀၂၁ ခုႏွစ္ စီးပြားေရး တိုးတက္မႈက ၂၀၁၉ ခုႏွစ္ က တိုးတက္မႈႏႈန္း ေအာက္မွာပဲ ရွိေနမယ္လို႔ ခန္႔ မွန္းထားတယ္လို႔လည္း ေျပာပါတယ္။ ဒါေၾကာင့္ ဒီလို ဆိုးရြားတဲ့ စီးပြားေရး ကပ္ေဘးႀကီးက ေန နာလံထူဖို႔ အေရး အခ်ိန္ၾကာမွာ ျဖစ္သလို တိုးတက္မႈႏႈန္း မတူညီမႈနဲ႔ မေသခ်ာ မေရရာမႈေတြကိုလည္း ၾကဳံေတြ႕ရဖြယ္ ရွိတယ္လို႔လည္း IMF စီးပြားေရး ပညာရွင္ Gita Gopinath က ေျပာပါတယ္။

မႏွစ္က ၂.၈ ရာခိုင္ႏႈန္း တိုးတက္ခဲ့တဲ့ ကမၻာ့စီးပြားေရး ဒီႏွစ္မွာ ၄.၄ ရာခိုင္ႏႈန္း အႏုတ္လကၡဏာၿပ က်ဆင္းမယ္ဆိုရင္ ၁၉၃၀ ျပည့္ႏွစ္ ကမၻာ့ စီးပြားကပ္ပ်က္ႀကီး ျဖစ္ပြားေနာက္ ပထမဆုံးအႀကိမ္ အဆိုးရြားဆုံး က်ဆင္းမႈ ျဖစ္လာမွာပါ။

ဖြံ့ၿဖိဳးဆဲ နိုင္ငံေတြရဲ့ စီးပြားေရး အေျခအေနကလည္းဗိုင္းရပ္စ္ ျပန္လည္ ေခါင္းေထာင္မႈေတြ ၾကဳံေတြ႕ေနရတာေၾကာင့္ ေမၽွာ္လင့္တာထက္ ပိုၿပီး ဆိုးဆိုးရြားရြား ထိခိုက္ေနေၾကာင္း၊ အိႏၵိယလို နိုင္ငံမ်ိဳးမွာ သိသာ ထင္ရွားေၾကာင္းလည္း အဖြဲ႕ဝင္ ၁၈၉ နိုင္ငံ ပါဝင္တဲ့ IMF အဖြဲ႕က ေျပာပါတယ္။

အစိုးရေတြက ကိုရိုနာဗိုင္းရပ္စ္ဆိုင္ရာ စီးပြားေရး အေထာက္အပံ့ေပးေနတာေတြ ႐ုပ္သိမ္းပစ္မယ္ဆိုရင္ စီးပြားေရး နာလံထူမႈ အေၿခ အေန တစ္ဆစ္ခ်ိဳး ေျပာင္းလဲ သြားနိုင္ေၾကာင္းနဲ႔ အစိုးရေတြ အေနနဲ႔ အေထာက္အပံ့ ေပးေနမႈေတြကို ႐ုတ္တရက္ ရပ္ဆိုင္း မပစ္ဖို႔ လိုတယ္လို႔လည္း IMF အဖြဲ႕ရဲ့ ကမၻာ့စီးပြားေရး အလာအလာ အစီရင္ခံစာမွာ သတိေပးထားပါတယ္။

ဒီႏွစ္အတြက္ အေမရိကန္ ျပည္ေထာင္စုရဲ့ စီးပြားေရး ၄.၃ ရာခိုင္ႏႈန္း အႏုတ္လကၡဏာၿပ က်ဆင္းမွာ ျဖစ္ေပမယ့္ လာမယ့္ ႏွစ္မွာေတာ့ ၃.၁ ရခိုင္ႏႈန္း တိုးတက္မယ္လို႔ IMF က ခန္႔မွန္းထားပါတယ္။

တ႐ုတ္နိုင္ငံရဲ့ စီးပြားေရးက ဒီႏွစ္မွာ ၁.၉ ရာခိုင္ႏႈန္း တိုးတက္မွာ ျဖစ္ၿပီး ၂၀၁၂ ခုႏွစ္မွာ ၈.၂ ရာခိုင္ႏႈန္း တိုးတက္မယ္လို႔ IMF က ခန္႔မွန္းထား ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

၂၀၂ဝပြည့် ကမ္ဘာ့စီးပွားကျဆင်းဖို့ IMF ခန့်မှန်း

(Unicode)

COVID 19 ကပ်ရောဂါကြီးကြောင့် ထိခိုက်နေတဲ့ ကမ္ဘာ့ စီးပွားရေး ပြန်လည် နာလံထူဖို့ ရုန်းကန်နေချိန်မှာပဲ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ စီးပွားရေး သိသိသာသာ ကျဆင်းလိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) က အင်္ဂါနေ့က ပြောပါတယ်။

“တစ်ကမ္ဘာလုံး စီးပွားရေး ၄.၄ ရာခိုင်နှုန်း အနုတ်လက္ခဏာပြ ကျဆင်းမှာ ဖြစ်ကြောင်း၊ ဇွန်လက ခန့်မှန်းချက် ထက် အနည်းငယ် ပိုပြီး ကောင်းမွန် တဲ့ခန့်မှန်းချက် ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်းမှာတော့ ၅.၂ ရာခိုင်နှုန်းအထိ တစ်စိတ်တစ်ပိုင်း စီးပွားရေး တိုးတက်မှု ရှိမယ် လို့ ခန့်မှန်းကြောင်း IMF အဖွဲ့ရဲ့ စီးပွားရေး အရာရှိချုပ် Gita Gopinath က ဝါရှင်တန် ဒီစီမြို့မှာ ဗွီဒီယို ကွန်ဖရင့်ကတဆင့် ကျင်းပနေတဲ့ IMF နှစ်ပတ်လည် ညီလာခံမှာ ပြောသွားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကလွဲရင် ကျန်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ စီးပွားရေး ထွန်းသစ်စ နိုင်ငံတွေအားလုံး ၂၀၂၁ ခုနှစ် စီးပွားရေး တိုးတက်မှုက ၂၀၁၉ ခုနှစ် က တိုးတက်မှုနှုန်း အောက်မှာပဲ ရှိနေမယ်လို့ ခန့် မှန်းထားတယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် ဒီလို ဆိုးရွားတဲ့ စီးပွားရေး ကပ်ဘေးကြီးက နေ နာလံထူဖို့ အရေး အချိန်ကြာမှာ ဖြစ်သလို တိုးတက်မှုနှုန်း မတူညီမှုနဲ့ မသေချာ မရေရာမှုတွေကိုလည်း ကြုံတွေ့ရဖွယ် ရှိတယ်လို့လည်း IMF စီးပွားရေး ပညာရှင် Gita Gopinath က ပြောပါတယ်။

မနှစ်က ၂.၈ ရာခိုင်နှုန်း တိုးတက်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ဒီနှစ်မှာ ၄.၄ ရာခိုင်နှုန်း အနုတ်လက္ခဏာပြ ကျဆင်းမယ်ဆိုရင် ၁၉၃၀ ပြည့်နှစ် ကမ္ဘာ့ စီးပွားကပ်ပျက်ကြီး ဖြစ်ပွားနောက် ပထမဆုံးအကြိမ် အဆိုးရွားဆုံး ကျဆင်းမှု ဖြစ်လာမှာပါ။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေကလည်းဗိုင်းရပ်စ် ပြန်လည် ခေါင်းထောင်မှုတွေ ကြုံတွေ့နေရတာကြောင့် မျှော်လင့်တာထက် ပိုပြီး ဆိုးဆိုးရွားရွား ထိခိုက်နေကြောင်း၊ အိန္ဒိယလို နိုင်ငံမျိုးမှာ သိသာ ထင်ရှားကြောင်းလည်း အဖွဲ့ဝင် ၁၈၉ နိုင်ငံ ပါဝင်တဲ့ IMF အဖွဲ့က ပြောပါတယ်။

အစိုးရတွေက ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စီးပွားရေး အထောက်အပံ့ပေးနေတာတွေ ရုပ်သိမ်းပစ်မယ်ဆိုရင် စီးပွားရေး နာလံထူမှု အခြေ အနေ တစ်ဆစ်ချိုး ပြောင်းလဲ သွားနိုင်ကြောင်းနဲ့ အစိုးရတွေ အနေနဲ့ အထောက်အပံ့ ပေးနေမှုတွေကို ရုတ်တရက် ရပ်ဆိုင်း မပစ်ဖို့ လိုတယ်လို့လည်း IMF အဖွဲ့ရဲ့ ကမ္ဘာ့စီးပွားရေး အလာအလာ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

ဒီနှစ်အတွက် အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး ၄.၃ ရာခိုင်နှုန်း အနုတ်လက္ခဏာပြ ကျဆင်းမှာ ဖြစ်ပေမယ့် လာမယ့် နှစ်မှာတော့ ၃.၁ ရခိုင်နှုန်း တိုးတက်မယ်လို့ IMF က ခန့်မှန်းထားပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေးက ဒီနှစ်မှာ ၁.၉ ရာခိုင်နှုန်း တိုးတက်မှာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ၈.၂ ရာခိုင်နှုန်း တိုးတက်မယ်လို့ IMF က ခန့်မှန်းထား ပါတယ်။

XS
SM
MD
LG