သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာ့စီးပြားေရးအေျခအေန ထင္သေလာက္ဆုိးဖြယ္မရွိ


စက္တင္ဘာ ၁၇ ရက္ေန႔က ေတာင္ကိုရီးယားႏိုင္ငံ ေငြေၾကးလဲလွယ္ေရးဌာနတခုကို ေတြ႔ရစဥ္

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ စီးပြားေရး ဆိုးဆိုးရြားရြားႀကီး က်ဆင္းမယ္လို႔ ခန္႔မွန္းထားတာကို ျပန္လည္ ျပင္ဆင္ ထုတ္ျပန္ဖို႔ ရွိတယ္လို႔ ကမၻာ့ ေငြေၾကး ရန္ပုံေငြအဖြဲ႕ IMF အႀကီးတန္း အရာရွိတဦးကေျပာပါတယ္။ ဇြန္လကတည္းက ကမၻာ့ စီးပြားေရးအေျခအေနက ခန္႔မွန္းထားတာထက္ ပိုၿပီး အားေကာင္းလာတာေၾကာင့္ အခုလို ျပင္ဆင္ ထုတ္ျပန္မွာျဖစ္ေၾကာင္း IMF အႀကီးအကဲ Kristalina Georgieva က အဂၤါေန႔က ေျပာလိုက္တာ ျဖစ္ပါတယ္။

ဇြန္လတုန္းက ၂၀၂၀ ျပည့္ႏွစ္ထဲ ကမၻာ့စီးပြားေရး ဆိုးဆိုးရြားရြားႀကီး က်ဆင္းမယ္လို႔ IMF က ခန္႔မွန္းခဲ့ေၾကာင္း၊ ဒီကေန႔ ေတြ႕ရတာက လုံးဝ ဥႆုံအဆိုးႀကီး မဟုတ္ေၾကာင္း၊ ဒါေၾကာင့္ ဒုတိယ သုံးလပတ္ကာလ ခန္႔မွန္းခ်က္မွာ အရင္ခန္႔မွန္းထားတာထက္ ပိုၿပီး ျမႇင့္တင္ ခန္႔မွန္းမွာ ျဖစ္ေၾကာင္း IMF အႀကီးအကဲ Kristalina Georgieva က ဗီြဒီယို ကြန္ဖရင့္ကေန ေျပာသြားခဲ့တာပါ။

ဒီေဘးဒုကၡႀကီးကေန လြန္ေျမာက္ဖို႔ေတာ့အလွမ္းအေတာ္ ေဝးေနေသးတယ္လို႔လည္း သူက သတိေပးခဲ့ပါတယ္။

အေမရိကန္နဲ႔ ယူရိုဇုံအပါအဝင္ ဖြံ႔ၿဖိဳးၿပီး နိုင္ငံေတြက အေမရိကန္ ေဒၚလာ ၁၂ ထရီလီယံ မၾကဳံစဖူး သုံးစြဲၿပီး ကိုရိုနာဗိုင္းရပ္ဆိုင္ရာ စီးပြားေရး အေထာက္အပံ့ အကူအညီ ေပးခဲ့တာေၾကာင့္ အဆိုးဆုံး အေျခအေနကို ေရွာင္ရွားနိုင္ခဲ့ၿပီး ျပန္လည္ နာလံထူဖို႔ ျဖစ္လာ ေစတယ္လိုလည္း Georgieva က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လက IMF က ကမၻာ့စီးပြားေရး ၄.၉ ရာခိုင္ႏႈန္း အႏုတ္လကၡဏာျပ က်ဆင္းမယ္လို႔ ခန႔္မွန္းထားတာပါ။ ၁၉၃၀ ျပည့္ႏွစ္ ကမၻာ့စီးပြားကပ္ပ်က္ျဖစ္ပြားၿပီးေနာက္ပိုင္း အဆိုးဆုံး က်ဆင္းမႈ ျဖစ္ပါတယ္။

အခုေတာ့ အဲဒီ ခန္႔မွန္းခ်က္ကို IMF က ျပန္လည္ျပင္ဆင္မွာ ျဖစ္ပါတယ္။ ျပန္လည္ ျပင္ဆင္မယ့္ ခန္႔မွန္းခ်က္ ကိန္းဂဏန္းေတြကို အတိအက်ဖြင့္မေျပာေပမဲ့ ဒီႏွစ္ ဒုတိယနဲ႔ တတိယ ေလးလပတ္အတြင္း တိုးတက္မႈေတြက ေမၽွာ္မွန္းထားတာထက္ အေျခအေနပို ေကာင္းတယ္လို႔ Georgieva ကေျပာပါတယ္။

IMF ကဒီ ခန္႔မွန္းခ်က္ကို ေနာက္သီတင္းပတ္ ႏွစ္ပတ္လည္ အစည္းအေဝးမွာ ထုတ္ျပန္ေၾကညာ သြားမွာျဖစ္ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ IMFႏွစ္ပတ္လည္ အစည္းအေဝးကို ႐ုပ္သံကတဆင့္ ျပဳလုပ္သြားဖို႔ စီစဥ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ကမ္ဘာ့စီးပွားရေးအခြေအနေ ထင်သလောက်ဆိုးဖွယ်မရှိ

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေး ဆိုးဆိုးရွားရွားကြီး ကျဆင်းမယ်လို့ ခန့်မှန်းထားတာကို ပြန်လည် ပြင်ဆင် ထုတ်ပြန်ဖို့ ရှိတယ်လို့ ကမ္ဘာ့ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF အကြီးတန်း အရာရှိတဦးကပြောပါတယ်။ ဇွန်လကတည်းက ကမ္ဘာ့ စီးပွားရေးအခြေအနေက ခန့်မှန်းထားတာထက် ပိုပြီး အားကောင်းလာတာကြောင့် အခုလို ပြင်ဆင် ထုတ်ပြန်မှာဖြစ်ကြောင်း IMF အကြီးအကဲ Kristalina Georgieva က အင်္ဂါနေ့က ပြောလိုက်တာ ဖြစ်ပါတယ်။

ဇွန်လတုန်းက ၂၀၂၀ ပြည့်နှစ်ထဲ ကမ္ဘာ့စီးပွားရေး ဆိုးဆိုးရွားရွားကြီး ကျဆင်းမယ်လို့ IMF က ခန့်မှန်းခဲ့ကြောင်း၊ ဒီကနေ့ တွေ့ရတာက လုံးဝ ဥဿုံအဆိုးကြီး မဟုတ်ကြောင်း၊ ဒါကြောင့် ဒုတိယ သုံးလပတ်ကာလ ခန့်မှန်းချက်မှာ အရင်ခန့်မှန်းထားတာထက် ပိုပြီး မြှင့်တင် ခန့်မှန်းမှာ ဖြစ်ကြောင်း IMF အကြီးအကဲ Kristalina Georgieva က ဗွီဒီယို ကွန်ဖရင့်ကနေ ပြောသွားခဲ့တာပါ။

ဒီဘေးဒုက္ခကြီးကနေ လွန်မြောက်ဖို့တော့အလှမ်းအတော် ဝေးနေသေးတယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

အမေရိကန်နဲ့ ယူရိုဇုံအပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံတွေက အမေရိကန် ဒေါ်လာ ၁၂ ထရီလီယံ မကြုံစဖူး သုံးစွဲပြီး ကိုရိုနာဗိုင်းရပ်ဆိုင်ရာ စီးပွားရေး အထောက်အပံ့ အကူအညီ ပေးခဲ့တာကြောင့် အဆိုးဆုံး အခြေအနေကို ရှောင်ရှားနိုင်ခဲ့ပြီး ပြန်လည် နာလံထူဖို့ ဖြစ်လာ စေတယ်လိုလည်း Georgieva က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက IMF က ကမ္ဘာ့စီးပွားရေး ၄.၉ ရာခိုင်နှုန်း အနုတ်လက္ခဏာပြ ကျဆင်းမယ်လို့ ခန့်မှန်းထားတာပါ။ ၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားကပ်ပျက်ဖြစ်ပွားပြီးနောက်ပိုင်း အဆိုးဆုံး ကျဆင်းမှု ဖြစ်ပါတယ်။

အခုတော့ အဲဒီ ခန့်မှန်းချက်ကို IMF က ပြန်လည်ပြင်ဆင်မှာ ဖြစ်ပါတယ်။ ပြန်လည် ပြင်ဆင်မယ့် ခန့်မှန်းချက် ကိန်းဂဏန်းတွေကို အတိအကျဖွင့်မပြောပေမဲ့ ဒီနှစ် ဒုတိယနဲ့ တတိယ လေးလပတ်အတွင်း တိုးတက်မှုတွေက မျှော်မှန်းထားတာထက် အခြေအနေပို ကောင်းတယ်လို့ Georgieva ကပြောပါတယ်။

IMF ကဒီ ခန့်မှန်းချက်ကို နောက်သီတင်းပတ် နှစ်ပတ်လည် အစည်းအဝေးမှာ ထုတ်ပြန်ကြေညာ သွားမှာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် IMFနှစ်ပတ်လည် အစည်းအဝေးကို ရုပ်သံကတဆင့် ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG