သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့မြောက်ဘက်ခြမ်း ဆောင်းရာသီကာလ ကိုဗစ်ကူးစက်မှု တိုးလာဖွယ်ရှိ


နယူးယောက်ပြည်နယ် Brooklyn မြို့မှာ ကလေးတဦး နှာခေါင်းစည်းတပ်နေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၀၉၊ ၂၀၂၀)
နယူးယောက်ပြည်နယ် Brooklyn မြို့မှာ ကလေးတဦး နှာခေါင်းစည်းတပ်နေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ ရာသီဥတုအေးလာပြီး ဆောင်းရာသီကို ချဉ်းကပ်လာနေတာနဲ့အမျှ ကိုဗစ် ၁၉ ရောဂါကူးစက်မှုတွေ တိုးလာလိမ့်မယ်လို့ ခန့်မှန်းထားတာ အခုတော့ တကယ်ဖြစ်လာနေတဲ့ပုံရှိပါတယ်။

အမေရိကန် ကူးစက်ရောဂါဆိုင်ရာပညာရှင် Dr. Anthony Fauci
အမေရိကန် ကူးစက်ရောဂါဆိုင်ရာပညာရှင် Dr. Anthony Fauci

ကမ္ဘာတဝန်းမှာ နေ့စဉ်ရောဂါကူးစက်သူဦးရေဟာ ၃၃,၀၀၀ ရှိပြီး အမေရိကန်နဲ့ ဥရောပကတော့ စိုးရိမ်စရာကောင်းလောက်အောင် ကူးစက်မှုတွေ များနေတာဖြစ်ပါတယ်။

အမေရိကန်မှာတော့ လာမယ့် နိုဝင်ဘာလမှာ ကျရောက်မယ့် ကျေးဇူးတော်နေ့မှာ အမေရိကန်မှာရှိတဲ့သူတွေဟာ အစဉ်အလာအရ မိသားစုတွေဆီကို ပြန်ဖို့အတွက် ရထားတွေ၊ ကားတွေ၊ လေယာဉ်တွေနဲ့ သွားကြလေ့ရှိတဲ့အတွက် အဲဒီအစီအစဉ်ကို ပြန်စဉ်စားဖို့ ကူးစက်ရောဂါဆိုင်ရာပညာရှင် Dr. Anthony Fauci က ပြောလိုက်ပါတယ်။

ထိခိုက်လွယ်တဲ့သူ၊ အသက်အရွယ်ကြီးရင့်သူနဲ့ ရောဂါအခံရှိတဲ့သူတွေ မိသားစုထဲမှာ ရှိတယ်ဆိုရင် ဒါကို အခုချိန်မှာ လုပ်သင့်သလားဆိုတာကို ပြန်စဉ်းစားသင့်ပြီး လူတွေအနေနဲ့ ကပ်ရောဂါကိုထိန်းချုပ်နိုင်တဲ့အချိန်ထိ ခရီးသွားမယ့်အစီအစဉ်တွေကို ရွှေ့ဆိုင်းပြီး စောင့်သင့်တယ်လို့ Dr. Fauci က ABC သတင်းဌာနကို ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာတော့ ပဲရစ်မြို့အပါအဝင် မြို့ကြီး ၇ မြို့မှာ မနက်ဖြန် စနေနေ့ကစပြီး ည ၉ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် သီတင်း ၄ ပတ်ကြာ ထုတ်လိုက်ပါတယ်။ ဂျာမနီနိုင်ငံမှာ ရောဂါကူးစက်မှုတွေ စံချိန်တင်ပြန်ဖြစ်လာပြီးတဲ့နောက် နိုင်ငံတဝန်းမှာ ကန့်သတ်မှုအသစ်တွေကိုချမှတ်ဖို့ ဝန်ကြီးချုပ် အန်ဂလာ မာကယ်လ်နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ၁၆ ယောက်တို့က သဘောတူလိုက်ပါတယ်။

မြောက်အိုင်ယာလန်မှာ လူတွေကို အိမ်ထဲကနေ အပြင်မထွက်ဖို့ သီတင်းပတ် ၄ ပတ်အမိန့်ထုတ်လိုက်ပြီး ကျောင်းတွေကိုလည် ၂ ပတ်ပိတ်လိုက်ပါတယ်။ ကမ္ဘာတဝန်းမှာ အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၉ သန်း နီးပါးရှိ ပြီး သေဆုံးသူ ၁,၀၀၀,၀၀၀ ကျော်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG