သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူငယ္နဲ႔ က်န္းမာေရးေကာင္းသူ ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ ၂၀၂၂ ခုႏွစ္အထိေစာင့္ရႏုိင္


"COVID 19 ကာကြယ္ေဆး"လို႔ တံဆိပ္ကပ္ထားတဲ့ ပုလင္းမ်ား။ (ဧၿပီ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

WHO ရဲ႕ ဦးေဆာင္သိပၸံပညာရွင္ Soumya Swaminathan
WHO ရဲ႕ ဦးေဆာင္သိပၸံပညာရွင္ Soumya Swaminathan

လူငယ္ေတြနဲ႔ က်န္းမာေရးေကာင္းတဲ့သူေတြအေနနဲ႔ ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးဖို႔ ၂၀၂၂ ခုႏွစ္အထိ ေစာင့္ရႏုိင္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) က ေျပာလိုက္ပါတယ္။ က်န္းမာေရး အာဏာပိုင္ေတြအေနနဲ႔ က်န္းမာေရ၀န္ထမ္းေတြ၊ တရားဥပေဒစိုးမုိးေရးနဲ႔ အေရးေပၚ၀န္ထမ္းေတြအပါအ၀င္ ေရွ႕တန္းကေဆာင္ရြက္ေနသူေတြ၊ အဲဒီေနာက္ သက္ႀကီးပိုင္းေတြကို ဦးစားေပးသြားႏုိင္ဖြယ္ရွိတယ္လုိ႔ WHO ရဲ႕ ဦးေဆာင္သိပၸံပညာရွင္ Soumya Swaminathan က ဒီေန႔ ေျပာလိုက္တာပါ။

ေဘးအႏၲရာယ္ကင္းၿပီး ထိေရာက္တဲ့ ကို႐ုိနာဗုိင္းရပ္စ္ကာကြယ္ေဆး အနည္းဆုံးတမ်ိဳးေတာ့ လာမယ့္ ၂၀၂၁ ခုႏွစ္မွာ ထြက္ရွိဖို႔ ေမွ်ာ္လင့္ေၾကာင္း၊ ဒါေပမဲ့ အဲဒီထြက္ရွိလာမဲ့ ကာကြယ္ေဆးဟာ အကန္႔အသတ္နဲ႔သာျဖစ္လိမ့္မယ္လို႔ Swaminathan က ေျပာပါတယ္။

ကမာၻတဝန္းမွာ ကိုဗစ္ ၁၉ ေရာဂါကာကြယ္ေဆးအျဖစ္ စမ္းသပ္ထုတ္လုပ္ေနတဲ့ ေဆးအမ်ိဳးေပါင္း ၁၇၀ ေက်ာ္ရွိပါ တယ္။ အဲဒီထဲမွာ ၁၀ ခုက လူေတြနဲ႔စမ္းသပ္တဲ့ ေနာက္ပိုင္းအဆင့္ကို ေရာက္ရွိေနၿပီး က်န္တာေတြကေတာ့ တျခားအဆင့္ေတြမွာပဲ ရွိေနပါေသးတယ္။

အေမရိကန္က Johnson & Johnson နဲ႔ AstraZeneca ကုမၸဏီေတြကေတာ့ ေနာက္ဆုံးအဆင့္ စမ္းသပ္မႈေတြကို မၾကာေသးခင္က ေခတၱရပ္ဆုိင္းထားပါတယ္။ ဒီကာကြယ္ေဆး စမ္းသပ္တဲ့ေနရာမွာ ေစတနာ့၀န္ထမ္းအျဖစ္နဲ႔ လူကိုယ္တုိင္ စမ္းသပ္ခံတဲ့သူတစ္ေယာက္ ဖ်ားနာခဲ့တာေၾကာင့္ အဲဒီလို ေခတၱရပ္ဆုိင္းထားတာပါ။ အခုလို ကာကြယ္ေဆးေတြထုတ္ႏုိင္ဖို႔ ႀကိဳးစားေနခ်ိန္မွာပဲ ဥေရာပမွာလည္း ကူးစက္မႈေတြ ျပန္ျမင့္တက္လာေနတာေၾကာင့္ ကန္႔သတ္မႈအသစ္ေတြ ျပန္ခ်မွတ္လာေနပါတယ္။ ကမာၻတ၀န္းမွာ အခုဆုိရင္ ေရာဂါကူးစက္သူ ၃၈ သန္းေက်ာ္သြားၿပီျဖစ္ၿပီး ေသဆုံးသူလည္း ၁,၀၀၀,၀၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူငယ်နဲ့ ကျန်းမာရေးကောင်းသူ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ၂၀၂၂ ခုနှစ်အထိစောင့်ရနိုင်

လူငယ်တွေနဲ့ ကျန်းမာရေးကောင်းတဲ့သူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ၂၀၂၂ ခုနှစ်အထိ စောင့်ရနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောလိုက်ပါတယ်။ ကျန်းမာရေး အာဏာပိုင်တွေအနေနဲ့ ကျန်းမာရေဝန်ထမ်းတွေ၊ တရားဥပဒေစိုးမိုးရေးနဲ့ အရေးပေါ်ဝန်ထမ်းတွေအပါအဝင် ရှေ့တန်းကဆောင်ရွက်နေသူတွေ၊ အဲဒီနောက် သက်ကြီးပိုင်းတွေကို ဦးစားပေးသွားနိုင်ဖွယ်ရှိတယ်လို့ WHO ရဲ့ ဦးဆောင်သိပ္ပံပညာရှင် Soumya Swaminathan က ဒီနေ့ ပြောလိုက်တာပါ။

ဘေးအန္တရာယ်ကင်းပြီး ထိရောက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အနည်းဆုံးတမျိုးတော့ လာမယ့် ၂၀၂၁ ခုနှစ်မှာ ထွက်ရှိဖို့ မျှော်လင့်ကြောင်း၊ ဒါပေမဲ့ အဲဒီထွက်ရှိလာမဲ့ ကာကွယ်ဆေးဟာ အကန့်အသတ်နဲ့သာဖြစ်လိမ့်မယ်လို့ Swaminathan က ပြောပါတယ်။

ကမ္ဘာတဝန်းမှာ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးအဖြစ် စမ်းသပ်ထုတ်လုပ်နေတဲ့ ဆေးအမျိုးပေါင်း ၁၇၀ ကျော်ရှိပါ တယ်။ အဲဒီထဲမှာ ၁၀ ခုက လူတွေနဲ့စမ်းသပ်တဲ့ နောက်ပိုင်းအဆင့်ကို ရောက်ရှိနေပြီး ကျန်တာတွေကတော့ တခြားအဆင့်တွေမှာပဲ ရှိနေပါသေးတယ်။

အမေရိကန်က Johnson & Johnson နဲ့ AstraZeneca ကုမ္ပဏီတွေကတော့ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို မကြာသေးခင်က ခေတ္တရပ်ဆိုင်းထားပါတယ်။ ဒီကာကွယ်ဆေး စမ်းသပ်တဲ့နေရာမှာ စေတနာ့ဝန်ထမ်းအဖြစ်နဲ့ လူကိုယ်တိုင် စမ်းသပ်ခံတဲ့သူတစ်ယောက် ဖျားနာခဲ့တာကြောင့် အဲဒီလို ခေတ္တရပ်ဆိုင်းထားတာပါ။ အခုလို ကာကွယ်ဆေးတွေထုတ်နိုင်ဖို့ ကြိုးစားနေချိန်မှာပဲ ဥရောပမှာလည်း ကူးစက်မှုတွေ ပြန်မြင့်တက်လာနေတာကြောင့် ကန့်သတ်မှုအသစ်တွေ ပြန်ချမှတ်လာနေပါတယ်။ ကမ္ဘာတဝန်းမှာ အခုဆိုရင် ရောဂါကူးစက်သူ ၃၈ သန်းကျော်သွားပြီဖြစ်ပြီး သေဆုံးသူလည်း ၁,၀၀၀,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

XS
SM
MD
LG