သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID ကာကွယ်ရေးထိုးဆေး ဆင်းရဲချမ်းသာ တန်းတူရရှိရေး အင်ဒိုနီးရှားဝန်ကြီး  တောင်းဆို


အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီ Retno Marsudi
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီ Retno Marsudi

(Zawgyi/Unicode)

COVID-19 ကာကွယ်ရေးထိုးဆေးတွေကို နိုင်ငံတကာနဲ့တန်းတူ ရရှိလိုတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေ အနေနဲ့ ထိုးဆေး အရေအတွက် သန်းထောင်ချီပြီး လက်ဦးရယူနေသလို ဖွံ့ဖြိုးဆဲနိုင်ငံတွေလဲ အလားတူ ရရှိခွင့် ရှိရမယ်လို့ သူက သတိပေးပြောကြားလိုက်တာပါ။

စိတ်ချရပြီး ဈေးသက်သာတဲ့ ထိုးဆေးတွေ သာတူညီမျှ ရရှိစေရေး အာမခံနိုင်ဖို့အတွက် ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှု အဓိကလိုအပ်တယ်လို့လဲ ဝန်ကြီး Retno Marsudiက ဆိုပါတယ်။

COVID-19 ကာကွယ်ရေး ထိုးဆေး ထက်ဝက်ကျော်ကို ကမ္ဘာ့လူဦးရေ ရဲ့ ၁၃% သာရှိတဲ့ ချမ်းသာတဲ့ နိုင်ငံတချို့ ကြိုတင်ဝယ်ယူထားပြီ လို့ Oxfam အဖွဲ့က ပြီးခဲ့လမှာ ရေးသားလိုက်ပြီးတဲ့နောက် ဝန်ကြီး Marsudi က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

Marsudi ဟာ ဗြိတိန်အခြေစိုက် AstraZeneca ဆေးကုမ္ပဏီကြီးနဲ့ တွေ့ဆုံပြီး သူ့နိုင်ငံအတွက် ထိုးဆေးရှိနိုင်မှု အခိုင်အမာဖြစ်အောင် လုပ်ဆောင်နေပါတယ်။ လူဦးရေ သန်း ၂၇၀ နီးပါးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ coronavirus ကူးစက်မှု မြင့်မားလာနေတာကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန် ကြိုပမ်းနေရတာလဲ ဖြစ်ပါတယ်။

တရုတ်ကုမ္ပဏီ Sinovac Biotech ကပြုလုပ်တဲ့ COVID-19 ကာကွယ်ရေးထိုးဆေးစမ်းသပ်မှု တခုမှာလဲ အင်ဒိုနီးရှားနိုင်ငံက စမ်းသပ်ခံတွေနဲ့ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)







XS
SM
MD
LG