သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္TB ေရာဂါ တိုက္ဖ်က္ေရး ေႏွာင့္ေႏွး (WHO)


အႏိၵယႏိုင္ငံတြင္ TB ေရာဂါ လူနာရွင္ကို ဆရာ၀န္က စမ္းသပ္ေနစဥ္ (မတ္လ ၂၄ ရက္ ၂၀၁၄)

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္ ကပ္ေရာဂါက ပန္းနာရင္ၾကပ္ TB ေရာဂါ အျမစ္ျပတ္တိုက္ဖ်က္ေရးလုပ္ငန္းေတြ ေႏွာင့္ေႏွးသြား ေစဖို႔ အႏၲရာယ္ျပဳ ၿခိမ္းေျခာက္ ေနတယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႕ WHOက ဗုဒၶဟူးေန႔က သတိေပးလိုက္ပါတယ္။

TB ေရာဂါက အခုအခ်ိန္မွာကူးစက္ေရာဂါေတြထဲ လူ အေသအေပ်ာက္ အမ်ားဆုံး ေရာဂါျဖစ္ၿပီး မႏွစ္က TB ေၾကာင့္ လူ ၁.၄ သန္း အသက္ ဆုံးရႈံးခဲ့ရေၾကာင္း၊ COVID ေၾကာင့္ ဒီ အေၿခ အေနအေပၚ ဆိုးက်ိဳး သက္ေရာက္မႈရွိေနေၾကာင္း WHO ရဲ႕ ကမၻာလုံးဆိုင္ရာ TB ေရာဂါဆိုင္ရာ အစီအစဥ္ ဒါရိုက္တာ Dr Tereza Kasaevaက ေျပာပါတယ္။

TB ေရာဂါအျဖစ္မ်ားတဲ့ နိုင္ငံေတြျဖစ္တဲ့အိႏၵိယ နဲ႔ ေတာင္အာဖရိကလိုနိုင္ငံေတြမွာ TB ေရာဂါရွာေဖြေဖာ္ထုတ္ေရးနဲ႔ ကုသေရးမွာ သုံးစြဲဖို႔ လ်ာထားတဲ့ အရင္းအျမစ္ေတြကို ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးအတြက္ အသုံးျပဳေနရတယ္လို႔ WHO ကေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က TB ေရာဂါေၾကာင့္ ေသဆုံးသူ ၁.၄ သန္း ထက္ ဒီႏွစ္မွာ ေသဆုံးသူ ၂၀၀,၀၀၀ ကေန ၄၀၀,၀၀၀ ေလာက္ပိုမ်ားလာ နိုင္ တယ္လို႔ WHO ကအစီရင္ခံစာခံထားပါတယ္။ ေဆးကုသထုံး ရွိေနရက္သားနဲ႔ အခုလို မႏွစ္ကထက္ ပိုၿပီး ေသဆုံးရတာ ျဖစ္ပါတယ္။

ကပ္ေရာဂါကTB ေရာဂါထိန္းခ်ဳပ္ကုသေရး ဝန္ေဆာင္မႈေတြကို ျပင္းျပင္းထန္ထန္ ရိုက္ခတ္မႈရွိေနတာပါ။ ၂၀၂၀ အတြက္ TB ျဖစ္ပြါး ႏႈန္းမ်ားတဲ့နိုင္ငံေတြမွာ TB ေရာဂါအတည္ျပဳလူနာစာရင္း သိသိသာသာက် ဆင္းသြားတယ္လို႔ WHOက ေကာက္ယူထားတဲ့ စာရင္း အခ်က္အလက္ေတြက ေဖာ္ျပေနပါတယ္။

ကမၻာမွာ TB ေရာဂါအျဖစ္မ်ားဆုံး အိႏၵိယ တနိုင္ငံထဲမွာပဲ အသြားအလာေတြပိတ္ပင္ထားတဲ့ မတ္လကုန္ပိုင္းကေန ဧၿပီလကုန္ပိုင္း အပတ္စဥ္နဲ႔ လစဥ္ TB ေရာဂါအတည္ျပဳလူနာစာရင္းက ၅၀% က်ဆင္းခဲ့တာပါ။ ေတာင္အာဖရိကမွာလည္း မတ္လနဲ႔ ဇြန္လအတြင္း အလားတူက်ဆင္းသြားခဲ့တာကို ေတြ႕ရပါတယ္။

ကပ္ေရာဂါအေရး အာ႐ုံစိုက္ေနရတဲ့အတြက္ ကမၻာ့နိုင္ငံအေတာ္မ်ားမ်ားမွာ TB ေရာဂါ ရွာေဖြစစ္ေဆး ကုသေရးေတြကို လစ္လ်ဴရႈ႔ထားရတာကို ေတြ႕ျမင္ရတာ စိတ္ပ်က္ဝမ္းနည္းစရာေကာင္းတယ္လို႔လည္း နယ္စည္း မျခားဆရာဝန္မ်ားအဖြဲ႕က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ကိုဗစ်ကြောင့်TB ရောဂါ တိုက်ဖျက်ရေး နှောင့်နှေး (WHO)

(Unicode)

ကိုရိုနာဗိုင်းရပ် ကပ်ရောဂါက ပန်းနာရင်ကြပ် TB ရောဂါ အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းတွေ နှောင့်နှေးသွား စေဖို့ အန္တရာယ်ပြု ခြိမ်းခြောက် နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက ဗုဒ္ဓဟူးနေ့က သတိပေးလိုက်ပါတယ်။

TB ရောဂါက အခုအချိန်မှာကူးစက်ရောဂါတွေထဲ လူ အသေအပျောက် အများဆုံး ရောဂါဖြစ်ပြီး မနှစ်က TB ကြောင့် လူ ၁.၄ သန်း အသက် ဆုံးရှုံးခဲ့ရကြောင်း၊ COVID ကြောင့် ဒီ အခြေ အနေအပေါ် ဆိုးကျိုး သက်ရောက်မှုရှိနေကြောင်း WHO ရဲ့ ကမ္ဘာလုံးဆိုင်ရာ TB ရောဂါဆိုင်ရာ အစီအစဉ် ဒါရိုက်တာ Dr Tereza Kasaevaက ပြောပါတယ်။

TB ရောဂါအဖြစ်များတဲ့ နိုင်ငံတွေဖြစ်တဲ့အိန္ဒိယ နဲ့ တောင်အာဖရိကလိုနိုင်ငံတွေမှာ TB ရောဂါရှာဖွေဖော်ထုတ်ရေးနဲ့ ကုသရေးမှာ သုံးစွဲဖို့ လျာထားတဲ့ အရင်းအမြစ်တွေကို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အသုံးပြုနေရတယ်လို့ WHO ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က TB ရောဂါကြောင့် သေဆုံးသူ ၁.၄ သန်း ထက် ဒီနှစ်မှာ သေဆုံးသူ ၂၀၀,၀၀၀ ကနေ ၄၀၀,၀၀၀ လောက်ပိုများလာ နိုင် တယ်လို့ WHO ကအစီရင်ခံစာခံထားပါတယ်။ ဆေးကုသထုံး ရှိနေရက်သားနဲ့ အခုလို မနှစ်ကထက် ပိုပြီး သေဆုံးရတာ ဖြစ်ပါတယ်။

ကပ်ရောဂါကTB ရောဂါထိန်းချုပ်ကုသရေး ဝန်ဆောင်မှုတွေကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မှုရှိနေတာပါ။ ၂၀၂၀ အတွက် TB ဖြစ်ပွါး နှုန်းများတဲ့နိုင်ငံတွေမှာ TB ရောဂါအတည်ပြုလူနာစာရင်း သိသိသာသာကျ ဆင်းသွားတယ်လို့ WHOက ကောက်ယူထားတဲ့ စာရင်း အချက်အလက်တွေက ဖော်ပြနေပါတယ်။

ကမ္ဘာမှာ TB ရောဂါအဖြစ်များဆုံး အိန္ဒိယ တနိုင်ငံထဲမှာပဲ အသွားအလာတွေပိတ်ပင်ထားတဲ့ မတ်လကုန်ပိုင်းကနေ ဧပြီလကုန်ပိုင်း အပတ်စဉ်နဲ့ လစဉ် TB ရောဂါအတည်ပြုလူနာစာရင်းက ၅၀% ကျဆင်းခဲ့တာပါ။ တောင်အာဖရိကမှာလည်း မတ်လနဲ့ ဇွန်လအတွင်း အလားတူကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။

ကပ်ရောဂါအရေး အာရုံစိုက်နေရတဲ့အတွက် ကမ္ဘာ့နိုင်ငံအတော်များများမှာ TB ရောဂါ ရှာဖွေစစ်ဆေး ကုသရေးတွေကို လစ်လျူရှု့ထားရတာကို တွေ့မြင်ရတာ စိတ်ပျက်ဝမ်းနည်းစရာကောင်းတယ်လို့လည်း နယ်စည်း မခြားဆရာဝန်များအဖွဲ့က ပြောပါတယ်။

XS
SM
MD
LG