သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကျန်းမာရေး ဆွီဒင် ဒေါ်လာ၄၃သန်းကူမည်

Yangon General Hospital
Yangon General Hospital

ဆွီဒင် နိုင်ငံက မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၄၃ သန်းကို UNOPS (ခေါ်) ကုလသမဂ္ဂရဲ့ စီမံကိန်းအကောင်အထည်ဖော်ရေးအဖွဲ့က တဆင့် အကူအညီပေးလိုက်ပါတယ်။

ဒီငွေကြေးအကူအညီကို မြန်မာနိုင်ငံတွင်း ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရေး လုပ်ငန်းတွေ မှာ အသုံပြုမှာဖြစ်ပါတယ်။ ဒီအကူအညီတွေကြောင့် မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးစနစ် မြှင့်တင်ရေးအတွက် အထောက်အကူပြုမှာဖြစ်ပြီး အောက်ခြေလူတန်းစားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ လက်လှမ်းမီလာစေမှာဖြစ်တယ်လို့ UNOPS အဖွဲ့က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေက မကြာခင်နှစ်များအတွင်း တိုးတက်လာ ခဲ့ပေမယ့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ကျန်းမာရေးစောင့်ရှောက်ပေးမှုက ဆင်းရဲသား အောက်ခြေလူတန်းစား အများစုအတွက် ကောင်းကောင်း လက်လှမ်းမမီသေးဘူးလို့ ကုလသမဂ္ဂ အဖွဲ့က ထောက်ပြပါတယ်။

ဒါ့အပြင် TB အဆုတ်နာရောဂါ၊ HIV/AIDS ကိုယ်ခံအားကျဆင်းခြင်းရောဂါနဲ့ ငှက်ဖျားရောဂါတွေ အတွက်လည်း အောက်ခြေလူတန်းစားတွေ အနေနဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရကြသေးဘူးလို့ UNOPS အဖွဲ့က ဆက်ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ စီမံကိန်းအကောင်အထည်ဖော်ရေး အဖွဲရဲ့မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Andrew Kirwood က မြန်မာနိုင်ငံက လူများစွာအတွက်တော့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လက်လှမ်းမီဖို့ အခက်အခဲတွေ ရှိနေပါတယ်လို့ ဆိုပါတယ်။

please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG