သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ရောဂါ အမြန်စစ်ဆေးနိုင်တဲ့ကိရိယာ Oxford သုတေသီတွေ တီထွင်


 ဗြိတိန်နိုင်ငံ၊ Oxford တက္ကသိုလ်ရဲ့ အဆောက်အဦးရှေ့မှာ အမျိုးသားတဦး လမ်းလျှောက်နေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၀၆၊ ၂၀၂၀)
ဗြိတိန်နိုင်ငံ၊ Oxford တက္ကသိုလ်ရဲ့ အဆောက်အဦးရှေ့မှာ အမျိုးသားတဦး လမ်းလျှောက်နေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ရောဂါရှိ၊ မရှိ ၅ မိနစ်အတွင်း စစ်ဆေးပေးနိုင်တဲ့ ကိရိယာကို ဗြိတိန်နိုင်ငံ၊ Oxford တက္ကသိုလ်က သိပ္ပံပညာရှင်တွေ တီထွင်လိုက်ပါတယ်။ ဒီကိရိယာကို လူအများအပြားကို စစ်ဆေးဖို့လိုအပ်တဲ့ လေယာဉ်ကွင်းလိုနေရာမျိုးနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေအတွက် အသုံးပြုနိုင်မယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။ ဒီ COVID-19 အမြန်စမ်းသပ်ကိရိယာတွေကို ၂၀၂၁ အစောပိုင်းလောက်မှာ စပြီး ထုတ်လုပ်ဖို့ ပြင်ဆင်မှာဖြစ်ပြီး နောက် ၆ လလောက်မှာ ဒီကိရိယာတွေကို အသုံးပြုခွင့်ရနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ကမ္ဘာတဝန်း COVID-19 ရောဂါ ကူးစက်မှုတွေ ပိုပြီး တိုးလာနေတာပါ။ ဗုဒ္ဓဟူးနေ့အထိ စာရင်းတွေအရ တကမ္ဘာလုံး ရောဂါကူးစက်သူ ၃၈ သန်းရှိပြီး သေဆုံးသူက ၁,၈၀၀,၀၀၀ ကျော်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ ကူးစက်မှုအများဆုံး ဖြစ်နေပြီး အိန္ဒိယနဲ့ ဘရာဇီးလ်က ဒုတိယနဲ့ တတိယနေရာတွေမှာ ရှိနေပါတယ်။ နိုင်ငံတော်တော်များများ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဆေးရုံတက်ဆေးကုသရတာတွေ ပိုများလာတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံတွေအကြား ကူးစက်ရောဂါကို ဘယ်လို တုံ့ပြန်သလဲ၊ ဘယ်လို ရိုက်ခတ်မှုတွေ ရှိသလဲဆိုတာတွေမှာ တဘက်စောင်းနင်း မညီမမျှဖြစ်နေတဲ့အကြောင်း WHO အကြီးအကဲ ပြောပါတယ်။

"ပြီးခဲ့တဲ့အပတ်က ကမ္ဘာတဝန်း ကူးစက်မှုတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ နိုင်ငံ ၁၀ နိုင်ငံ က ဖြစ်ပါတယ်။ အဲဒီထဲကမှ ကူးစက်မှုထက်ဝက်လောက်ဟာ ၃ နိုင်ငံမှာပဲဖြစ်နေတာပါ။" လို့ WHO ညွှန်ကြားရေးမှုးချုပ် Tedros Adhanom Ghebreyesus က ပြောပါတယ်။

ဒီသတင်းပတ်ထဲမှာပဲ Johnson & Johnson ဆေးကုမ္ပဏီက COVID-19 ကာကွယ်ဆေး သုတေသနလုပ် စမ်းသပ်တဲ့ လူနာတွေထဲမှာ အကြောင်းရင်းမဖော်ပြနိုင်တဲ့ ဖျားနာတာတွေ ကြုံရတာကြောင့်ကာကွယ်ဆေး စမ်းသပ်မှုတွေ ရပ်ဆိုင်းထားတယ်လို့ ကြေညာပါတယ်။ Eli Lilly ဆေးကုမ္ပဏီကလည်း COVID-19 ကုသဆေးစမ်းသပ်မှုတွေကို လုံခြုံဘေးကင်းမှုအပိုင်းမှာ စိုးရိမ်ရတာကြောင့် ယာယီရပ်ဆိုင်းထားတယ်လို့ မနေ့တုန်းက ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG