[Zawgyi/Unicode]
COVID-19 ကုသေဆးစမ္းသပ္ေနတဲ့ အေမရိကန္ အေျခစိုက္ ေဆးကုမၸဏီ တခုျဖစ္တဲ့ Eli Lilly and Company က စမ္းသပ္မႈေတြကို ယာယီရပ္ဆိုင္းထားေၾကာင္း အဂၤါေန႔ ကေၾကညာပါတယ္။ ေဆးနဲ႔ ပတ္သက္လို႔ လူေတြအတြက္ ေဘးအႏၲရာယ္ကင္းရွင္းေရး ေဆာင္႐ြက္ဖို႔ လိုအပ္တဲ့အတြက္ အခုလို ရပ္ဆိုင္းထားတာျဖစ္တယ္လို႔ ကုမၸဏီက ေျပာပါတယ္။ အေသးစိတ္ကိုေတာ့ ေဖာ္ျပမထားပါဘူး။
ဒီ Eli Lilly ေဆးကုမၸဏီက ကေနဒါအေျခစိုက္ AbCellera နဲ႔ ကုသေဆးစမ္းသပ္မႈေတြကို ပူးေပါင္းလုပ္ေဆာင္ေနတာပါ။ ဒီစမ္းသပ္ဆဲ ကုသေဆးက ခႏၵာကိုယ္တြင္း ဗိုင္းရပ္စ္ကို ခုခံႏိုင္တဲ့ ပဋိဇီဝပစၥည္းထြက္ေပၚေအာင္ လႈံ႕ေဆာ္ေပးတဲ့ ကုထုံးကို အေျခခံစမ္းသပ္ေနတာပါ။ ဒီကုထုံးက ဒီလ အေစာပိုင္းက COVID-19 ကူးစက္ခံခဲ့ရတဲ့ သမၼတ Donald Trump ကို ကုသေပးတဲ့ နည္းလမ္းနဲ႔ ဆင္တူပါတယ္။
Eli Lilly က စမ္းသပ္ေနတဲ့ COVID-19 ကုသေဆးကို ၾသဂုတ္လတုန္းက စၿပီး အေမရိကန္ႏိုင္ငံတြင္း ေဆး႐ုံတက္ကုသခံေနတဲ့ COVID-19 အတည္ျပဳလူနာ ၁၀,၀၀၀ ေက်ာ္နဲ႔ စမ္းသပ္ဖို႔ ရည္႐ြယ္ခဲ့တာပါ။ ကနဦး စမ္းသပ္မႈေတြကို အေျခခံၿပီး ေရာဂါလကၡဏာ သိပ္မျပင္းထန္သူေတြနဲ႔ ေရာဂါလကၡဏာ နည္းနည္းျပတဲ့ သူေတြကို စမ္းသပ္ဖို႔အတြက္ ကုမၸဏီက အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရး ဌာန FDA ရဲ႕ အေရးေပၚခြင့္ျပဳခ်က္ရဖို႔ ေလွ်ာက္ထားခဲ့ပါတယ္။
COVID-19 ကာကြယ္ေဆးစမ္းသပ္ေနတဲ့ Johnson & Johnson ကုမၸဏီကလည္း ေဆးစမ္းသပ္ခံသူ တဦးနာမက်န္းျဖစ္တာေၾကာင့္သူ႔ရဲ႕ ကာကြယ္ေဆးစမ္းသပ္မႈေတြကို ယာယီရပ္ဆိုင္းတယ္လို႔ တနလၤာေန႔တုန္းကပဲ ေၾကညာခဲ့တာပါ။ Johnson & Johnson က သူ႔ရဲ႕ တစ္ႀကိမ္သာထိုးႏွံဖို႔ လိုတဲ့ ကာကြယ္ေဆးစမ္းသပ္မႈေတြကို မၾကာေသးခင္ကမွ က်ယ္က်ယ္ျပန႔္ျပန႔္ စမ္းသပ္ေနခဲ့တာျဖစ္ၿပီး ဒီစမ္းသပ္မႈေတြကို အေမရိကန္ႏိုင္ငံအပါအဝင္ အာဂ်င္တီးနား၊ ဘရာဇီး၊ ခ်ီလီ၊ မကၠဆီကိုနဲ႔ ေတာင္အာဖရိကႏိုင္ငံေတြက ေနရာေပါင္း ၂၀၀ ေလာက္မွာ လူေပါင္း ၆၀,၀၀၀ ေလာက္နဲ႔ ျပဳလုပ္ေနတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ လအေစာပိုင္းတုန္းကလည္း ေဆးစမ္းသပ္ခံသူတဦးမွာ ပင္မေက်ာ႐ိုး အေမွးပါးေရာင္ရမ္းတဲ့ ျပႆနာနဲ႔ ႀကဳံေတြ႕ရတာေၾကာင့္Oxford တကၠသိုလ္နဲ႔ အေမရိကန္ AstraZeneca ေဆးကုမၸဏီတို႔ ပူးတြဲျပဳလုပ္ေနတဲ့ ကာကြယ္ေဆးစမ္းသပ္မႈေတြကို ရပ္နားထားခဲ့ပါတယ္။
[Unicode Version]
ကိုဗစ်ကုသဆေးစမ်းသပ်မှု Eli Lilly ယာယီဆိုင်းငံ့
COVID-19 ကုသဆေးစမ်းသပ်နေတဲ့ အမေရိကန် အခြေစိုက် ဆေးကုမ္ပဏီ တခုဖြစ်တဲ့ Eli Lilly and Company က စမ်းသပ်မှုတွေကို ယာယီရပ်ဆိုင်းထားကြောင်း အင်္ဂါနေ့ ကကြေညာပါတယ်။ ဆေးနဲ့ ပတ်သက်လို့ လူတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ဖို့ လိုအပ်တဲ့အတွက် အခုလို ရပ်ဆိုင်းထားတာဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။
ဒီ Eli Lilly ဆေးကုမ္ပဏီက ကနေဒါအခြေစိုက် AbCellera နဲ့ ကုသဆေးစမ်းသပ်မှုတွေကို ပူးပေါင်းလုပ်ဆောင်နေတာပါ။ ဒီစမ်းသပ်ဆဲ ကုသဆေးက ခန္ဒာကိုယ်တွင်း ဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ပဋိဇီဝပစ္စည်းထွက်ပေါ်အောင် လှုံ့ဆော်ပေးတဲ့ ကုထုံးကို အခြေခံစမ်းသပ်နေတာပါ။ ဒီကုထုံးက ဒီလ အစောပိုင်းက COVID-19 ကူးစက်ခံခဲ့ရတဲ့ သမ္မတ Donald Trump ကို ကုသပေးတဲ့ နည်းလမ်းနဲ့ ဆင်တူပါတယ်။
Eli Lilly က စမ်းသပ်နေတဲ့ COVID-19 ကုသဆေးကို သြဂုတ်လတုန်းက စပြီး အမေရိကန်နိုင်ငံတွင်း ဆေးရုံတက်ကုသခံနေတဲ့ COVID-19 အတည်ပြုလူနာ ၁၀,၀၀၀ ကျော်နဲ့ စမ်းသပ်ဖို့ ရည်ရွယ်ခဲ့တာပါ။ ကနဦး စမ်းသပ်မှုတွေကို အခြေခံပြီး ရောဂါလက္ခဏာ သိပ်မပြင်းထန်သူတွေနဲ့ ရောဂါလက္ခဏာ နည်းနည်းပြတဲ့ သူတွေကို စမ်းသပ်ဖို့အတွက် ကုမ္ပဏီက အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာန FDA ရဲ့ အရေးပေါ်ခွင့်ပြုချက်ရဖို့ လျှောက်ထားခဲ့ပါတယ်။
COVID-19 ကာကွယ်ဆေးစမ်းသပ်နေတဲ့ Johnson & Johnson ကုမ္ပဏီကလည်း ဆေးစမ်းသပ်ခံသူ တဦးနာမကျန်းဖြစ်တာကြောင့်သူ့ရဲ့ ကာကွယ်ဆေးစမ်းသပ်မှုတွေကို ယာယီရပ်ဆိုင်းတယ်လို့ တနင်္လာနေ့တုန်းကပဲ ကြေညာခဲ့တာပါ။ Johnson & Johnson က သူ့ရဲ့ တစ်ကြိမ်သာထိုးနှံဖို့ လိုတဲ့ ကာကွယ်ဆေးစမ်းသပ်မှုတွေကို မကြာသေးခင်ကမှ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်နေခဲ့တာဖြစ်ပြီး ဒီစမ်းသပ်မှုတွေကို အမေရိကန်နိုင်ငံအပါအဝင် အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီ၊ မက္ကဆီကိုနဲ့ တောင်အာဖရိကနိုင်ငံတွေက နေရာပေါင်း ၂၀၀ လောက်မှာ လူပေါင်း ၆၀,၀၀၀ လောက်နဲ့ ပြုလုပ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လအစောပိုင်းတုန်းကလည်း ဆေးစမ်းသပ်ခံသူတဦးမှာ ပင်မကျောရိုး အမှေးပါးရောင်ရမ်းတဲ့ ပြဿနာနဲ့ ကြုံတွေ့ရတာကြောင့်Oxford တက္ကသိုလ်နဲ့ အမေရိကန် AstraZeneca ဆေးကုမ္ပဏီတို့ ပူးတွဲပြုလုပ်နေတဲ့ ကာကွယ်ဆေးစမ်းသပ်မှုတွေကို ရပ်နားထားခဲ့ပါတယ်။