သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဥေရာပေခါင္းေဆာင္ေတြ ကိုဗစ္အေရး တပတ္တခါ ေဆြးေႏြးၾကမယ္


ဂ်ာမဏီ ဝန္ႀကီးခ်ဳပ္ Angela Merkel ကို Belgium ႏိုင္ငံ Brussels ၿမိဳ႕မွာ ေတြ႔ရ။ (ေအာက္တိုဘာ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ဥေရာပတုိက္မွာ ကိုဗစ္-၁၉ ေရာဂါကူးစက္မႈေတြ ျပန္ျမင့္တက္လာေနတာေၾကာင့္ ကပ္ေရာဂါတုိက္ဖ်က္ဖို႔အတြက္ ႏုိင္ငံအလိုက္ ပူးေပါင္းေဆာင္ရြက္မႈေတြ လုပ္ဖို႔အတြက္ အပတ္စဥ္တုိင္းလိုလို ဗီဒီယိုကေနတဆင့္ ေဆြးေႏြးၾကဖို႔ ဥေရာပေပါင္းေခါင္းေဆာင္ေတြ သေဘာတူလိုက္ၾကပါတယ္။

အဖဲြ႔၀င္ ၂၇ ႏုိင္ငံပါတဲ့ ဥေရာပသမဂၢဟာ ကိုဗစ္၁၉ ကပ္ေရာဂါကို မတူညီတဲ့ နည္းလမ္းေပါင္းစုံနဲ႔ တုိက္ဖ်က္ေနၾကၿပီး ဗုိင္းရပ္စ္ျဖစ္တဲ့ ပထမအေစာပိုင္းလေတြအတြင္း ႏုိင္ငံတခုနဲ႔တခုၾကား ဆန္႔က်င္ကဲြလဲြတာေတြ ရွိခဲ့ဖူးပါတယ္။ အခုလို ပူးေပါင္းေဆာင္ရြက္မႈေတြကို ပိုၿပီးေတာ့ လုပ္ေဆာင္လိုက္ျခင္းအားျဖင့္ ပထမအႀကိမ္ ေရာဂါကူးစက္မႈျဖစ္ၿပီးေနာက္ပိုင္းမွာလို သေဘာထားကဲြတာေတြ ထပ္တလဲလဲမျဖစ္ေအာင္ ေရွာင္ရွားႏုိင္မယ္လို႔ ခန္႔မွန္းရပါတယ္။

ကိုဗစ္ ၁၉ ေရာဂါကူးစက္မႈ ဒုတိယလိႈင္းကို ရင္ဆုိင္ဖို႔အတြက္ အေကာင္းဆုံးနည္းလမ္းေတြနဲ႔ ခ်ဥ္းကပ္မႈေတြကို အခ်င္းခ်င္း အပတ္စဥ္တုိင္းလိုလို တုိင္ပင္ေဆြးေႏြးၾကဖို႔အတြက္ သေဘာတူညီမႈ ရသြားၿပီျဖစ္တယ္လို႔ အိုင္ယာလန္၀န္ႀကီးခ်ဳပ္ Michael Martin က ဥေရာပသမဂၢညီလာခံမွာ ဒီေန႔ ေျပာပါတယ္။

အခုလို ဗီဒီယိုကေနတဆင့္ ေဆြးေႏြးၾကတဲ့အတြက္ ဗုိင္းရပ္စ္ကူးစက္မႈေတြကို ေျခရာခံတာေတြ၊ ကန္႔သတ္မႈေတြ၊ ကာကြယ္ေဆးေတြ ကုထုံးေတြနဲ႔ ပတ္သက္တဲ့ ပူးေပါင္းေဆာင္ရြက္မႈေတြကို အေထာက္အကူျဖစ္ေစတယ္လို႔ အီတလီ၀န္ႀကီးခ်ဳပ္ Giuseppe Conte က ေျပာပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြနဲ႔ လပိုင္းေတြအတြင္းမွာေတာ့ ကာကြယ္ေဆးရရွိဖို႔အပါအ၀င္ တခ်ိဳ႕ကိစၥရပ္ေတြနဲ႔ ပတ္သက္ၿပိး ပူးေပါင္းေဆာင္ရြက္မႈေတြ အတုိင္းအတာတခုအထိရွိလာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဥရောပခေါင်းဆောင်တွေ ကိုဗစ်အရေး တပတ်တခါ ဆွေးနွေးကြမယ်

ဥရောပတိုက်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ပြန်မြင့်တက်လာနေတာကြောင့် ကပ်ရောဂါတိုက်ဖျက်ဖို့အတွက် နိုင်ငံအလိုက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့အတွက် အပတ်စဉ်တိုင်းလိုလို ဗီဒီယိုကနေတဆင့် ဆွေးနွေးကြဖို့ ဥရောပပေါင်းခေါင်းဆောင်တွေ သဘောတူလိုက်ကြပါတယ်။

အဖွဲ့ဝင် ၂၇ နိုင်ငံပါတဲ့ ဥရောပသမဂ္ဂဟာ ကိုဗစ်၁၉ ကပ်ရောဂါကို မတူညီတဲ့ နည်းလမ်းပေါင်းစုံနဲ့ တိုက်ဖျက်နေကြပြီး ဗိုင်းရပ်စ်ဖြစ်တဲ့ ပထမအစောပိုင်းလတွေအတွင်း နိုင်ငံတခုနဲ့တခုကြား ဆန့်ကျင်ကွဲလွဲတာတွေ ရှိခဲ့ဖူးပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးတော့ လုပ်ဆောင်လိုက်ခြင်းအားဖြင့် ပထမအကြိမ် ရောဂါကူးစက်မှုဖြစ်ပြီးနောက်ပိုင်းမှာလို သဘောထားကွဲတာတွေ ထပ်တလဲလဲမဖြစ်အောင် ရှောင်ရှားနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

ကိုဗစ် ၁၉ ရောဂါကူးစက်မှု ဒုတိယလှိုင်းကို ရင်ဆိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေနဲ့ ချဉ်းကပ်မှုတွေကို အချင်းချင်း အပတ်စဉ်တိုင်းလိုလို တိုင်ပင်ဆွေးနွေးကြဖို့အတွက် သဘောတူညီမှု ရသွားပြီဖြစ်တယ်လို့ အိုင်ယာလန်ဝန်ကြီးချုပ် Michael Martin က ဥရောပသမဂ္ဂညီလာခံမှာ ဒီနေ့ ပြောပါတယ်။

အခုလို ဗီဒီယိုကနေတဆင့် ဆွေးနွေးကြတဲ့အတွက် ဗိုင်းရပ်စ်ကူးစက်မှုတွေကို ခြေရာခံတာတွေ၊ ကန့်သတ်မှုတွေ၊ ကာကွယ်ဆေးတွေ ကုထုံးတွေနဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အထောက်အကူဖြစ်စေတယ်လို့ အီတလီဝန်ကြီးချုပ် Giuseppe Conte က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေနဲ့ လပိုင်းတွေအတွင်းမှာတော့ ကာကွယ်ဆေးရရှိဖို့အပါအဝင် တချို့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြိး ပူးပေါင်းဆောင်ရွက်မှုတွေ အတိုင်းအတာတခုအထိရှိလာခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG