သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကုသရေးအတွက် Remdesivir ဆေး ထင်သလောက်မစွမ်းကြောင်း WHO ကြေညာ


Remdesivir ဆေး
Remdesivir ဆေး

(Zawgyi/Unicode)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် COVID-19 အကူးစက်ခံရချိန်က ပေးခဲ့တဲ့ remdesivir ဆေးဟာ ဒီရောဂါအပြင်းအထန်ခံစားနေရသူတွေ အပေါ် သက်ရောက်မှု လုံးဝမရှိတာ ဒါမှမဟုတ် နည်းနည်းပဲ ရှိတာတွေ့ရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သောကြာနေ့မှာ ကြေညာပါတယ်။ WHO က ဒီရောဂါ အတွက် ကုသနေတဲ့ ဆေးတွေကို ကျပမ်း စစ်ဆေးမှုတွေ ၆ လကြာ လုပ်ခဲ့ရာကနေ တွေ့ရှိခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။

“ စမ်းသပ်စစ်ဆေးမှုတွေကနေ ယာယီထွက်လာတဲ့ အဖြေတွေကို ကြည့်ရင် remdesivir နဲ့ interferon ဆေး ၂ မျိုးဟာ COVID-19 ကြောင့် သေဆုံးမှုမရှိအောင် ဒါမှမဟုတ် ဆေးရုံကနေ ရက်တိုတိုနဲ့ ပြန်ဆင်းနိုင်အောင် ထိထိရောက်ရောက် မလုပ်နိုင်တာ ဒါမှမဟုတ် နည်းနည်းပဲ လုပ်ပေးနိုင်တာ တွေ့ရတယ်လို့ WHO အကြီးအကဲ Tedrod Adnahom Ghebreyesus က သောကြာနေ့ ဂျနီဗာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ကော်တီစုန်း ဆေးတမျိုး ဖြစ်တဲ့ Dexamethasone ကတော့ ထိရောက်မှု ရှိနေတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

ရှိပြီးသား ဆေးတွေနဲ့ ဒီရောဂါကုသရာမှာ ထိရောက်မှုရှိမရှိ WHO က သုတေသန လုပ်ရာမှာ အများတွင်တွင်ကျယ်ကျယ် သုံးနေတဲ့ COVID-19 ကုသမှုတွေ၊ စမ်းသပ်ကုသဆေးတွေ ဖြစ်တဲ့ remdesivir နဲ့ တခြားဆေး ၃ မျိုး ဖြစ်တဲ့ hydroxychloroquine, lopinavir/ritonavir နဲ့ interferon ဆေးတွေကို ပါ RCT (randomized control trial) ခေါ် ထိရောက်မှု ရှိမရှိ စုံစမ်းစစ်ဆေးမှု လုပ်ခဲ့တာ ဖြစ်ကြောင်း WHO ကပြောပါတယ်။

ဒီ စမ်းသပ်စစ်ဆေးမှုတွေကို နိုင်ငံပေါင်း ၃၀ ကျော်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး လက်ရှိကုသနေတဲ့ ဆေးတွေ ကနေ သေဆုံးမှုနှုန်း အပေါ်သက်ရောက်မှု ရှိမရှိ၊ လူနာတွေ အနေနဲ့ အသက်ရှုစက် ကူဖို့ လိုမလို၊ ဆေးရုံ ဘယ်လောက်ကြာကြာ တက်ရတယ် ဆိုတာတွေကို ဆန်းစစ်ခဲ့တာ ဖြစ်ကြောင်းလည်း WHO ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်


.........


(Unicode)






XS
SM
MD
LG