သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ကပ္ေရာဂါထိန္းခ်ဳပ္ေရး က်န္းမာေရး၀န္ထမ္းေတြ အားျဖည့္ထား


ရန္ကုန္ၿမိဳ႕ရွိ Quarantine Center တခုအျပင္ဘက္မွာ ေတြ႔ရတဲ့ PPE ဝတ္စံုဝတ္ ေစတနာ့၀န္ထမ္းမ်ား။ (ေအာက္တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူေတြနဲ႔ ကူးစက္သူေတြ ရွိေနဆဲ ျဖစ္ေပမဲ့ ေရာဂါထိန္းခ်ဳပ္ေရးမွာ အလားအလာေကာင္းေတြ ေတြ႕ေနရတဲ့အေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာဆိုလိုက္တာကို တင္ျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက ေျပာျပသြားမွာပါ။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြနဲ႔ ကူးစက္မႈေတြ အမ်ားဆုံးရွိေနတဲ့ ရန္ကုန္တိုင္းအတြင္း ေရာဂါတိုက္ဖ်က္ေရး လုပ္ငန္းေတြ အရွိန္ျမႇင့္ လုပ္ေနတာေၾကာင့္ အလားအလာေကာင္းေတြလည္း ေတြ႕ေနတယ္လို႔ တာဝန္ရွိသူေတြ ေျပာဆိုလိုက္ၾကတာပါ။ သက္ဆိုင္ရာ က်န္းမာေရးဝန္ထမ္းေတြအျပင္ ေဆးတကၠသိုလ္၊ ေကာလိပ္နဲ႔ သူနာျပဳသင္တန္းေက်ာင္း၊ ၁၆ ေက်ာင္းထက္မနည္းက က်န္းမာေရးဝန္ထမ္းေတြ ဝိုင္းဝန္းအားျဖည့္ေပးေနလို႔ အခုခ်ိန္မွာ လူနာေတြကို ကုသမႈေကာင္းေကာင္းေပးႏိုင္ေနတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“လက္ရွိအေနအထားကေတာ့ စၿပီးေတာ့ အေျခအေနေကာင္းကို ရရွိေနၿပီလို႔ေတာ့ ေျပာလို႔ရပါတယ္။ ၿပီးခဲ့တဲ့ ၁ပတ္ - ၁၀ ရက္ေလာက္မွာေတာ့ တကယ့္ကို ရန္ကုန္ေဆး႐ုံႀကီးမွာ ထားႏိုင္တဲ့ ဦးေရထက္စာလို႔ရွိရင္ ပိုၿပီးေတာ့လူေတြက မ်ားေနတာ၊ စုၿပဳံေနတာ၊ တေယာက္နဲ႔တေယာက္ ေနရာေတာင္အမ်ားႀကီး မျခားႏိုင္တဲ့ အေျခအေနရွိခဲ့တယ္ဆိုတာ ဟုတ္ပါတယ္။ ဒါနဲ႔ပတ္သက္လို႔လည္း လိုအပ္ခ်က္ေတြက ရွိေနတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ႐ုတ္တရက္လူနာေတြ မ်ားလာတဲ့အေပၚမွာ က်မတို႔ေတြအေနာက္ကလိုက္ၿပီးေတာ့ စီစဥ္ေဆာင္႐ြက္ရတာျဖစ္တဲ့အခါမွာ ဒီလိုမ်ိဳးအခ်ိန္ေစာင့္ရတာမ်ိဳးေတြ ရွိပါတယ္။ တေယာက္ခ်င္းစီတိုင္းက မိမိကိုယ္ကိုယ္ က်န္းမာေအာင္ေနထိုင္ ေစာင့္ေရွာက္မယ္၊ လိုက္နာသင့္တဲ့စည္းကမ္းေတြကိုသာ လိုက္နာမယ္ဆိုရင္ေတာ့ က်မတို႔ ဘာမွေၾကာက္စရာ မလိုပါဘူး။ အခုလက္ရွိျဖစ္ပြားေနတဲ့ ျဖစ္ပြားမႈေတြ၊ ေသဆုံးမႈေတြကို အျမန္ဆုံးေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္။”

ျပည္တြင္း အတည္ျပဳလူနာေတြထဲက ေရာဂါကူးစက္ခံရသူ ထက္ဝက္ေက်ာ္ရွိေနတဲ့ ရန္ကုန္တိုင္းမွာ ကိုဗစ္လူနာေတြကို ေရာဂါလကၡဏာေပၚမူတည္ၿပီး အုပ္စု ၃ခုခြဲထားတာပါ။ အတည္ျပဳလူနာေတြထဲက အနံ႔မရသူေတြနဲ႔၊ ေရာဂါလကၡဏာ အသင့္အတင့္ရွိသူေတြကိုေတာ့ သက္ဆိုင္ရာကိုဗစ္စင္တာေတြမွာ သီးသန႔္ထားရွိၿပီး၊ ေနာက္ခံေရာဂါရွိသူေတြကိုေတာ့ ကိုဗစ္ကုသေရး ေဆး႐ုံႀကီးေတြမွာ ထားရွိကုသေပးေနတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက VOA ကိုေျပာပါတယ္။

“ေဆး႐ုံနဲ႔ပတ္သက္တဲ့ စီမံခန႔္ခြဲေရးအဖြဲ႕ရွိတယ္။ အဲဒီအဖြဲ႕ကေနၿပီးေတာ့ လိုအပ္တာေတြကို ဆုံးျဖတ္ၿပီးေတာ့ ဘယ္ေဆး႐ုံကို ဘယ္ႏွစ္ေယာက္ပို႔မယ္၊ ဘယ္ေဆး႐ုံမွာထားမယ္၊ စသျဖင့္ အဖြဲ႕လိုက္စဥ္းစားဆုံးျဖတ္တာ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ လုံးဝျပည့္စုံေအာင္၊ အမွားအယြင္းနည္းေအာင္၊ အေကာင္းဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ေနတယ္။ အဲဒီမွာ သက္ဆိုင္ရာကုသဖို႔ ဆရာဝန္ေတြကို ရန္ကုန္တိုင္းမွာ လက္ရွိကုသမႈေပးေနတဲ့ ဆရာဝန္ေတြအျပင္၊ ျဖစ္ပြားမႈနည္းတဲ့တိုင္းနဲ႔ ျပည္နယ္အသီးသီးကေနၿပီးေတာ့ လုပ္အားေပးအေနနဲ႔ေရာ၊ တာဝန္အရေရာလာတဲ့ ဆရာဝန္၊ ဆရာမေတြ၊ က်န္းမာေရးဝန္ထမ္းေတြ ရွိတယ္။ သူတို႔ကေနၿပီးေတာ့ လိုအပ္တဲ့ေနရာမွာ လိုအပ္သလို ပံ့ပိုးကူညီတယ္။”

ကိုဗစ္ေရာဂါလကၡဏာေတြထဲမွာ အနံ႔မရတာလည္း ပါဝင္ေပမဲ့ အနံ႔မရတဲ့သူတိုင္းမွာေတာ့ ေရာဂါပိုးရွိေနတာ မဟုတ္ပါဘူး။ ရန္ကုန္တိုင္းအတြင္း အနံ႔မရသူေတြကို သီးျခားထားရွိဖို႔ စင္တာေပါင္း ၄၀ ေက်ာ္ရွိေနၿပီး၊ သူတို႔ေတြအတြက္ က်န္းမာေရးဝန္ထမ္းအင္အား အမ်ားႀကီးမလိုလို႔ တျခားလိုအပ္တဲ့ကုသေရး ေဆး႐ုံႀကီးေတြမွာသာ အားျဖည့္ေနတယ္လို႔ ေျပာပါတယ္။ ကိုဗစ္လူနာေတြထဲ ကုသဖို႔လိုသူေတြကို အဓိကထားေစာင့္ၾကပ္ေနတဲ့ ေဖာင္ႀကီးေဆး႐ုံမွာေတာ့ လူနာဦးေရ ၁,၂၀၀ ေလာက္ကို အမ်ားဆုံးကုသေပးေနတယ္လို႔လည္း တာဝန္ရွိသူေတြကေျပာပါတယ္။

ျမန္မာႏိုင္ငံ ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ ဥကၠ႒ ျဖစ္သူ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ကိုဗစ္ေရာဂါကာကြယ္ေဆးေတြ ေပၚမလာခင္အခ်ိန္ထိ ဘယ္သူမဆိုေရာဂါပိုး ကူးစက္ခံရႏိုင္ၿပီး ေရာဂါေပ်ာက္ကင္းသြားသူေတြလည္း ဆက္ၿပီးသတိရွိၾကဖို႔ကို အြန္လိုင္းကေန တိုက္တြန္းထားပါတယ္။

“က်မတို႔ ဒီကိုဗစ္ေရာဂါကို ဘယ္ေလာက္ၾကာၾကာလုပ္ရဦးမွာလည္း ဆိုေတာ့ က်မတို႔နားလည္သေလာက္ကေတာ့ ပညာရွင္မ်ားရဲ႕ အျမင္မွာေတာ့ ကာကြယ္ေဆးဆိုတာ သိပ္ၿပီးေတာ့မၾကာေတာ့တဲ့ကာလမွာ ျဖစ္ႏိုင္မယ္၊ ေပၚေတာ့မယ္၊ သုံးႏိုင္တဲ့အေျခအေနေရာက္မယ္ ဆိုၿပီးေတာ့ ေျပာၾကပါတယ္။ ဒါကလည္း ၁၀၀ ရာခိုင္ႏႈန္းေသခ်ာတယ္လို႔ က်မ မေျပာလိုပါဘူး။ ဒါေပမဲ့လည္း ေနာက္ဆုံးအခ်ိန္ကိုေရာက္ေနၿပီလို႔ ေတာ္ေတာ္မ်ားမ်ား က်န္းမာေရးပိုင္းဆိုင္ရာ ပညာရွင္မ်ားကေနၿပီးေတာ့ သတ္မွတ္ပါတယ္။ အဲေတာ့ ဒီလိုအေျခအေနေရာက္တဲ့အထိကို က်မတို႔အားလုံးမွာ ေရာဂါကူးစက္ဖို႔အႏၲရာယ္ ရွိေနေသးတယ္ဆိုတာေတာ့ သတိျပဳေစခ်င္ပါတယ္။ ေရာဂါရၿပီးလို႔ ျပန္ၿပီးေတာ့ေကာင္းလာလို႔ ေဆး႐ုံက ဆင္းလာတဲ့ သူေတြအတြက္လည္း အႏၲရာယ္ရွိပါေသးတယ္။ ခုထက္ထိ ဒီေရာဂါဟာ ႏွစ္ႀကိမ္မကူးႏိုင္ဘူးဆိုတာ ဘာအာမခံခ်က္မွ မရွိပါဘူး။ ဒါေၾကာင့္မို႔ သတိထားၾကပါ။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိ ျပည္တြင္းမွာ အတည္ျပဳလူနာေပါင္း ၂၉,၃၁၄ ဦးရွိေနၿပီး၊ ေသဆုံးသူကေတာ့ ၆၆၄ ဦး ရွိေနပါတယ္။ အခုရက္ပိုင္းမွာ ပိုးေတြ႕လူနာေတြ ႐ုတ္တရက္မ်ားျပားလာၿပီး ေဆး႐ုံေတြနဲ႔ ကိုဗစ္ကုသေရးဌာနေတြမွာ အခက္အခဲနဲ႔ အဆင္မေျပမႈ၊ လိုအပ္ခ်က္ေတြ အစပိုင္းမွာ ရွိခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးက ေျပာပါတယ္။ ဒါေတြကိုေျဖရွင္းေက်ာ္လႊားႏိုင္ဖို႔ ဝန္ႀကီးဌာနအေနနဲ႔ ေဆာင္႐ြက္ေနသလို၊ ဝန္နဲ႔အားမမွ်ေအာင္ တာဝန္ထမ္းေဆာင္ေနၾကတဲ့ က်န္းမာေရးဝန္ထမ္းေတြလည္း သည္းခံေပးဖို႔ကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေမတၱာရပ္ခံထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်ကပ်ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ထမ်းတွေအားဖြည့်ထား

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူတွေနဲ့ ကူးစက်သူတွေ ရှိနေဆဲ ဖြစ်ပေမဲ့ ရောဂါထိန်းချုပ်ရေးမှာ အလားအလာကောင်းတွေ တွေ့နေရတဲ့အကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုလိုက်တာကို တင်ပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြသွားမှာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းအတွင်း ရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေ အရှိန်မြှင့် လုပ်နေတာကြောင့် အလားအလာကောင်းတွေလည်း တွေ့နေတယ်လို့ တာဝန်ရှိသူတွေ ပြောဆိုလိုက်ကြတာပါ။ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေအပြင် ဆေးတက္ကသိုလ်၊ ကောလိပ်နဲ့ သူနာပြုသင်တန်းကျောင်း၊ ၁၆ ကျောင်းထက်မနည်းက ကျန်းမာရေးဝန်ထမ်းတွေ ဝိုင်းဝန်းအားဖြည့်ပေးနေလို့ အခုချိန်မှာ လူနာတွေကို ကုသမှုကောင်းကောင်းပေးနိုင်နေတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“လက်ရှိအနေအထားကတော့ စပြီးတော့ အခြေအနေကောင်းကို ရရှိနေပြီလို့တော့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ ၁ပတ် - ၁၀ ရက်လောက်မှာတော့ တကယ့်ကို ရန်ကုန်ဆေးရုံကြီးမှာ ထားနိုင်တဲ့ ဦးရေထက်စာလို့ရှိရင် ပိုပြီးတော့လူတွေက များနေတာ၊ စုပြုံနေတာ၊ တယောက်နဲ့တယောက် နေရာတောင်အများကြီး မခြားနိုင်တဲ့ အခြေအနေရှိခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း လိုအပ်ချက်တွေက ရှိနေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရုတ်တရက်လူနာတွေ များလာတဲ့အပေါ်မှာ ကျမတို့တွေအနောက်ကလိုက်ပြီးတော့ စီစဉ်ဆောင်ရွက်ရတာဖြစ်တဲ့အခါမှာ ဒီလိုမျိုးအချိန်စောင့်ရတာမျိုးတွေ ရှိပါတယ်။ တယောက်ချင်းစီတိုင်းက မိမိကိုယ်ကိုယ် ကျန်းမာအောင်နေထိုင် စောင့်ရှောက်မယ်၊ လိုက်နာသင့်တဲ့စည်းကမ်းတွေကိုသာ လိုက်နာမယ်ဆိုရင်တော့ ကျမတို့ ဘာမှကြောက်စရာ မလိုပါဘူး။ အခုလက်ရှိဖြစ်ပွားနေတဲ့ ဖြစ်ပွားမှုတွေ၊ သေဆုံးမှုတွေကို အမြန်ဆုံးလျှော့ချနိုင်မှာ ဖြစ်ပါတယ်။”

ပြည်တွင်း အတည်ပြုလူနာတွေထဲက ရောဂါကူးစက်ခံရသူ ထက်ဝက်ကျော်ရှိနေတဲ့ ရန်ကုန်တိုင်းမှာ ကိုဗစ်လူနာတွေကို ရောဂါလက္ခဏာပေါ်မူတည်ပြီး အုပ်စု ၃ခုခွဲထားတာပါ။ အတည်ပြုလူနာတွေထဲက အနံ့မရသူတွေနဲ့၊ ရောဂါလက္ခဏာ အသင့်အတင့်ရှိသူတွေကိုတော့ သက်ဆိုင်ရာကိုဗစ်စင်တာတွေမှာ သီးသန့်ထားရှိပြီး၊ နောက်ခံရောဂါရှိသူတွေကိုတော့ ကိုဗစ်ကုသရေး ဆေးရုံကြီးတွေမှာ ထားရှိကုသပေးနေတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။

“ဆေးရုံနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲရေးအဖွဲ့ရှိတယ်။ အဲဒီအဖွဲ့ကနေပြီးတော့ လိုအပ်တာတွေကို ဆုံးဖြတ်ပြီးတော့ ဘယ်ဆေးရုံကို ဘယ်နှစ်ယောက်ပို့မယ်၊ ဘယ်ဆေးရုံမှာထားမယ်၊ စသဖြင့် အဖွဲ့လိုက်စဉ်းစားဆုံးဖြတ်တာ ဖြစ်တဲ့အတွက်ကြောင့်မို့ လုံးဝပြည့်စုံအောင်၊ အမှားအယွင်းနည်းအောင်၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေတယ်။ အဲဒီမှာ သက်ဆိုင်ရာကုသဖို့ ဆရာဝန်တွေကို ရန်ကုန်တိုင်းမှာ လက်ရှိကုသမှုပေးနေတဲ့ ဆရာဝန်တွေအပြင်၊ ဖြစ်ပွားမှုနည်းတဲ့တိုင်းနဲ့ ပြည်နယ်အသီးသီးကနေပြီးတော့ လုပ်အားပေးအနေနဲ့ရော၊ တာဝန်အရရောလာတဲ့ ဆရာဝန်၊ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ရှိတယ်။ သူတို့ကနေပြီးတော့ လိုအပ်တဲ့နေရာမှာ လိုအပ်သလို ပံ့ပိုးကူညီတယ်။”

ကိုဗစ်ရောဂါလက္ခဏာတွေထဲမှာ အနံ့မရတာလည်း ပါဝင်ပေမဲ့ အနံ့မရတဲ့သူတိုင်းမှာတော့ ရောဂါပိုးရှိနေတာ မဟုတ်ပါဘူး။ ရန်ကုန်တိုင်းအတွင်း အနံ့မရသူတွေကို သီးခြားထားရှိဖို့ စင်တာပေါင်း ၄၀ ကျော်ရှိနေပြီး၊ သူတို့တွေအတွက် ကျန်းမာရေးဝန်ထမ်းအင်အား အများကြီးမလိုလို့ တခြားလိုအပ်တဲ့ကုသရေး ဆေးရုံကြီးတွေမှာသာ အားဖြည့်နေတယ်လို့ ပြောပါတယ်။ ကိုဗစ်လူနာတွေထဲ ကုသဖို့လိုသူတွေကို အဓိကထားစောင့်ကြပ်နေတဲ့ ဖောင်ကြီးဆေးရုံမှာတော့ လူနာဦးရေ ၁,၂၀၀ လောက်ကို အများဆုံးကုသပေးနေတယ်လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။

မြန်မာနိုင်ငံ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်ရောဂါကာကွယ်ဆေးတွေ ပေါ်မလာခင်အချိန်ထိ ဘယ်သူမဆိုရောဂါပိုး ကူးစက်ခံရနိုင်ပြီး ရောဂါပျောက်ကင်းသွားသူတွေလည်း ဆက်ပြီးသတိရှိကြဖို့ကို အွန်လိုင်းကနေ တိုက်တွန်းထားပါတယ်။

“ကျမတို့ ဒီကိုဗစ်ရောဂါကို ဘယ်လောက်ကြာကြာလုပ်ရဦးမှာလည်း ဆိုတော့ ကျမတို့နားလည်သလောက်ကတော့ ပညာရှင်များရဲ့ အမြင်မှာတော့ ကာကွယ်ဆေးဆိုတာ သိပ်ပြီးတော့မကြာတော့တဲ့ကာလမှာ ဖြစ်နိုင်မယ်၊ ပေါ်တော့မယ်၊ သုံးနိုင်တဲ့အခြေအနေရောက်မယ် ဆိုပြီးတော့ ပြောကြပါတယ်။ ဒါကလည်း ၁၀၀ ရာခိုင်နှုန်းသေချာတယ်လို့ ကျမ မပြောလိုပါဘူး။ ဒါပေမဲ့လည်း နောက်ဆုံးအချိန်ကိုရောက်နေပြီလို့ တော်တော်များများ ကျန်းမာရေးပိုင်းဆိုင်ရာ ပညာရှင်များကနေပြီးတော့ သတ်မှတ်ပါတယ်။ အဲတော့ ဒီလိုအခြေအနေရောက်တဲ့အထိကို ကျမတို့အားလုံးမှာ ရောဂါကူးစက်ဖို့အန္တရာယ် ရှိနေသေးတယ်ဆိုတာတော့ သတိပြုစေချင်ပါတယ်။ ရောဂါရပြီးလို့ ပြန်ပြီးတော့ကောင်းလာလို့ ဆေးရုံက ဆင်းလာတဲ့ သူတွေအတွက်လည်း အန္တရာယ်ရှိပါသေးတယ်။ ခုထက်ထိ ဒီရောဂါဟာ နှစ်ကြိမ်မကူးနိုင်ဘူးဆိုတာ ဘာအာမခံချက်မှ မရှိပါဘူး။ ဒါကြောင့်မို့ သတိထားကြပါ။ ”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ ပြည်တွင်းမှာ အတည်ပြုလူနာပေါင်း ၂၉,၃၁၄ ဦးရှိနေပြီး၊ သေဆုံးသူကတော့ ၆၆၄ ဦး ရှိနေပါတယ်။ အခုရက်ပိုင်းမှာ ပိုးတွေ့လူနာတွေ ရုတ်တရက်များပြားလာပြီး ဆေးရုံတွေနဲ့ ကိုဗစ်ကုသရေးဌာနတွေမှာ အခက်အခဲနဲ့ အဆင်မပြေမှု၊ လိုအပ်ချက်တွေ အစပိုင်းမှာ ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ဒါတွေကိုဖြေရှင်းကျော်လွှားနိုင်ဖို့ ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်နေသလို၊ ဝန်နဲ့အားမမျှအောင် တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း သည်းခံပေးဖို့ကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မေတ္တာရပ်ခံထားပါတယ်။

XS
SM
MD
LG