သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ကုသတဲ့ Remdesivir ထိုးေဆး ေထာင္ဂဏန္းေလာက္ပဲရွိေသး (ေဒၚေအာင္ဆန္းစုၾကည္)


ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (ဓါတ္ပံု- Myanmar State Counsellor Office)

(Zawgyi/Unicode)

COVID-19 ေရာဂါ ျပင္းထန္းသူေတြ အတြက္ Remdesivir ကုသေဆး ထပ္ၿပီး ရေအာင္ ေဆာင္ရြက္သြားဖို႔ ရွိသလို လူထုၾကားမွာလည္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ရွိမရွိ တိုးၿပီး စစ္ေဆးႏုိင္ဖို႔ ႀကိဳးစားေနေၾကာင္း အစိုးရက ေျပာဆိုထားပါတယ္။ တနလာၤေန႔က လုပ္တဲ႔ COVID-19 အေျခအေန ဆိုင္ရာ အမ်ားျပည္သူကို တင္ျပတဲ႔ မိန္႔ခြန္းမွာ ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က လက္ရွိမွာ Remdesivir ေဆးနဲ႔ ကုသမႈ ေပးေနေၾကာင္း ေျပာဆိုသြားပါတယ္။

“ဒီေရာဂါ ျပင္းျပင္းထန္ထန္ ခံစားေနရတဲ႔ ျပည္သူေတြ အတြက္ သံုးပါတယ္။ သို႔ေသာ္လည္း က်မတို႔ အမ်ားႀကီး မရွိပါဘူးဆိုတာကို ေျပာပါရေစ။ အခုဆိုရင္ က်မတို႔မွာ ရွိတဲ႔ႏႈန္းက ေထာင္ဂဏန္းေလာက္ အတြက္ဘဲ သံုးႏုိင္တာ ျဖစ္ပါတယ္။ ေထာင္ဂဏန္းေလာက္ဘဲ သံုးႏုိင္တယ္ဆိုေတာ့ ထပ္ၿပီးေတာ့လည္း တတ္ႏုိင္သမွ်ေတာ့ က်မတို႔ ရႏုိင္ေအာင္ေတာ့ လုပ္ပါမယ္။”

COVID-19 ေရာဂါ ျဖစ္ပြားမႈ မ်ားလာေနတဲ႔ ရန္ကုန္တိုင္းမွာ စစ္ေဆးလိုသူေတြ လာေရာက္ စစ္ေဆးႏုိင္ဖို႔ စတင္ ေဆာင္ရြက္ေနၿပီလို႔ က်န္းမာေရးနဲ႔ အားကစား ၀န္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာ သန္းႏုိင္စိုးက ဗီြအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ အခု သု၀ဏၰဘက္မွာလည္း test center ေပါ့ေနာ္ ဒီမွာလည္း က်ေနာ္တို႔ rapid test kit နဲ႔ က်န္းမာေရး ၀န္ထမ္းေတြ symptom ရွိတဲ႔ အနီးတ၀ိုက္က ၿမိဳ႕ေတြက လူေတြေပါ့ေနာ္။ ဒီ ဖုန္း အပြိဳင့္မင့္နဲ႔ လာၿပီး စစ္လို႔ ရတယ္ေပါ့ေနာ္။ ဒါေပမယ့္ တခုတည္း ဆိုေတာ့လည္း ရန္ကုန္တုိင္း တတိုင္းလံုး အတြက္ေတာ့ မႏုိင္ေသးဘူးေပါ့။ “

ေလာေလာဆယ္မွာေတာ့ အမ်ားျပည္သူၾကား COVID-19 စမ္းသပ္ႏိုင္မႈ အကန္႔အသတ္နဲ႔သာ ရွိေနေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ ေရာဂါ ထိန္းခ်ဳပ္ေရး အတြက္ တျခား စင္တာေတြမွာပါ တိုးခ်ဲ႔သြားမယ္လုိ႔ က်န္းမာေရး ၀န္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာ သန္းႏုိင္စိုးက ေျပာပါတယ္။

COVID-19 စစ္ေဆးႏုိင္မႈ အကန္႔အသတ္ရွိတဲ႔ အတြက္ ပထမပိုင္းမွာေတာ့ ျပည္ပက ၀င္ေရာက္လာသူေတြကို အဓိက ထား စစ္ေဆးၿပီး ပိုးကူးစက္ခံရမႈေတြရွိရင္ေတာ့ သူနဲ႔ ထိေတြ႔ ဆက္စပ္ခဲ႔သူေတြကို စစ္ေဆးေစာင့္ၾကည့္မႈ လုပ္ခဲ႔တာပါ။ အခုအခ်ိန္ထိေတာ့ တႏုိင္ငံလံုး အတိုင္းအတာနဲ႔ ကိုရိုနာဗိုင္းရပ္စ္ ပိုး ကူးစက္ခံရမႈ ရွိ မရွိ က်ယ္က်ယ္ျပန္႔ျပန္႔ မစစ္ႏုိင္ေသးပါဘူး။ တနလာၤေန႔ အထိ COVID-19 စစ္ေဆးမႈ ၄၃၀,၀၀၀ နီးပါးထဲမွာ စုစုေပါင္း ပိုးကူးစက္ခံရသူ ၂၉,၀၀၀ ေက်ာ္ ေတြ႔ရွိထားတာပါ။ ဒီထဲက ၁၀,၀၀၀ ေက်ာ္ ေဆးရံုဆင္းသြားၿပီ ျဖစ္ၿပီး ေသဆံုးသူ စုစုေပါင္း ၆၆၄ ဦး ရွိပါတယ္။ ဒီထဲမွာ ရန္ကုန္တိုင္းက ကူးစက္မႈ အေရအတြက္ အမ်ားဆံုး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကုသတဲ့ Remdesivir ထိုးဆေး ထောင်ဂဏန်းလောက်ပဲရှိသေး (ဒေါ်အောင်ဆန်းစုကြည်)

(Unicode)

COVID-19 ရောဂါ ပြင်းထန်းသူတွေ အတွက် Remdesivir ကုသဆေး ထပ်ပြီး ရအောင် ဆောင်ရွက်သွားဖို့ ရှိသလို လူထုကြားမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရှိမရှိ တိုးပြီး စစ်ဆေးနိုင်ဖို့ ကြိုးစားနေကြောင်း အစိုးရက ပြောဆိုထားပါတယ်။ တနလာၤနေ့က လုပ်တဲ့ COVID-19 အခြေအနေ ဆိုင်ရာ အများပြည်သူကို တင်ပြတဲ့ မိန့်ခွန်းမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိမှာ Remdesivir ဆေးနဲ့ ကုသမှု ပေးနေကြောင်း ပြောဆိုသွားပါတယ်။

“ဒီရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ ပြည်သူတွေ အတွက် သုံးပါတယ်။ သို့သော်လည်း ကျမတို့ အများကြီး မရှိပါဘူးဆိုတာကို ပြောပါရစေ။ အခုဆိုရင် ကျမတို့မှာ ရှိတဲ့နှုန်းက ထောင်ဂဏန်းလောက် အတွက်ဘဲ သုံးနိုင်တာ ဖြစ်ပါတယ်။ ထောင်ဂဏန်းလောက်ဘဲ သုံးနိုင်တယ်ဆိုတော့ ထပ်ပြီးတော့လည်း တတ်နိုင်သမျှတော့ ကျမတို့ ရနိုင်အောင်တော့ လုပ်ပါမယ်။”

COVID-19 ရောဂါ ဖြစ်ပွားမှု များလာနေတဲ့ ရန်ကုန်တိုင်းမှာ စစ်ဆေးလိုသူတွေ လာရောက် စစ်ဆေးနိုင်ဖို့ စတင် ဆောင်ရွက်နေပြီလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာ သန်းနိုင်စိုးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ အခု သုဝဏ္ဏဘက်မှာလည်း test center ပေါ့နော် ဒီမှာလည်း ကျနော်တို့ rapid test kit နဲ့ ကျန်းမာရေး ဝန်ထမ်းတွေ symptom ရှိတဲ့ အနီးတဝိုက်က မြို့တွေက လူတွေပေါ့နော်။ ဒီ ဖုန်း အပွိုင့်မင့်နဲ့ လာပြီး စစ်လို့ ရတယ်ပေါ့နော်။ ဒါပေမယ့် တခုတည်း ဆိုတော့လည်း ရန်ကုန်တိုင်း တတိုင်းလုံး အတွက်တော့ မနိုင်သေးဘူးပေါ့။ “

လောလောဆယ်မှာတော့ အများပြည်သူကြား COVID-19 စမ်းသပ်နိုင်မှု အကန့်အသတ်နဲ့သာ ရှိနေပေမယ့်လည်း နောက်ပိုင်းမှာတော့ ရောဂါ ထိန်းချုပ်ရေး အတွက် တခြား စင်တာတွေမှာပါ တိုးချဲ့သွားမယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

COVID-19 စစ်ဆေးနိုင်မှု အကန့်အသတ်ရှိတဲ့ အတွက် ပထမပိုင်းမှာတော့ ပြည်ပက ဝင်ရောက်လာသူတွေကို အဓိက ထား စစ်ဆေးပြီး ပိုးကူးစက်ခံရမှုတွေရှိရင်တော့ သူနဲ့ ထိတွေ့ ဆက်စပ်ခဲ့သူတွေကို စစ်ဆေးစောင့်ကြည့်မှု လုပ်ခဲ့တာပါ။ အခုအချိန်ထိတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုး ကူးစက်ခံရမှု ရှိ မရှိ ကျယ်ကျယ်ပြန့်ပြန့် မစစ်နိုင်သေးပါဘူး။ တနလာၤနေ့ အထိ COVID-19 စစ်ဆေးမှု ၄၃၀,၀၀၀ နီးပါးထဲမှာ စုစုပေါင်း ပိုးကူးစက်ခံရသူ ၂၉,၀၀၀ ကျော် တွေ့ရှိထားတာပါ။ ဒီထဲက ၁၀,၀၀၀ ကျော် ဆေးရုံဆင်းသွားပြီ ဖြစ်ပြီး သေဆုံးသူ စုစုပေါင်း ၆၆၄ ဦး ရှိပါတယ်။ ဒီထဲမှာ ရန်ကုန်တိုင်းက ကူးစက်မှု အရေအတွက် အများဆုံး ဖြစ်ပါတယ်။

XS
SM
MD
LG