သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္အကန္႔အသတ္ေၾကာင့္ ႐ိုဟင္ဂ်ာဒုကၡသည္မ်ားေန႔စဥ္ဘ၀ထိခိုက္


ဘဂၤလားေဒ့ရွ္ႏိုင္ငံ Kutupalong စခန္းမွာ ေတြ႔ရတဲ့ ရိုဟင္ဂ်ာဒုကၡသည္မ်ား။ (ေအာက္တိုဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

COVID 19 ကပ္ေရာဂါအခ်ိန္မွာ သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ စုေဝးေနထိုင္ရာ ဒုကၡသည္စခန္းေတြရဲ႕ အဝင္အထြက္ အသြားအလာေတြ ပိတ္ပစ္လိုက္ၿပီး ဝတ္ျပဳဆုေတာင္းခြင့္အပါအဝင္ လူစုလူေဝး စုေဝးခြင့္ အျပင္ထြက္ခြင့္ ကန္႔သတ္ပိတ္ပင္ခံလိုက္ရၿပီးေနာက္ ေနအိမ္ေတြထဲမွာ ေနေနၾကရတဲ့ ဒုကၡသည္ေတြရဲ႕ ေန႔စဥ္ၾကံဳရတဲ့ အခက္အခဲေတြနဲ႔ ကုလသမဂၢ အပါအဝင္ လူသားခ်င္းစာနာမႈအဖြဲ႔ေတြရဲ႕ ကူညီေပးမႈေတြအၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က ေျပာျပေပးထားပါတယ္။

ျမန္မာျပည္ ရခိုင္ျပည္နယ္ကေန အၾကမ္းဖက္တိုက္ခိုက္မႈေတြၾကား နယ္ေျမရွင္းလင္းမႈေတြအတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရလို႔ ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးတိမ္းေရွာင္လာၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ တသန္းေက်ာ္ ခိုလံႈေနထိုင္ရာ ဘဂၤလားေဒ့ရွ္က စခန္း ၃၀ေက်ာ္လံုး ကို ကမာၻ႔ကပ္ေရာဂါ COVID 19 ျဖစ္ပြားမႈ ၾကိဳတင္ကာကြယ္တဲ့အေနနဲ႔ စခန္းအဝင္အထြက္ေတြ အားလံုးကို ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ စခန္းတာဝန္ရွိသူေတြဘက္က ပိတ္ပစ္လိုက္တာပါ။

ဒုကၡသည္စခန္းေတြထဲ ဗလီဝတ္ျပဳဆုေတာင္းမႈ လူဦးေရကန္႔သတ္တာ အပါအဝင္ လူစုလူေဝးလုပ္တာေတြကို တင္းတင္းၾကပ္ၾကပ္ တားျမစ္ထားသလို ဘာသာေရးစာသင္ေက်ာင္းေတြနဲ႔ သင္ၾကားေရးစင္တာေတြကိုလည္း ေခတၱပိတ္ထားၿပီး ဒုကၡသည္ေတြအားလံုး ေနအိမ္ေတြထဲမွာပဲ ေနၾကဖို႔ အမိန္႔ထုတ္ျပန္ထားတာ လနဲ႔ခ်ီ -လာၿပီျဖစ္ပါတယ္။

ဒီလိုအိမ္ထဲကအိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားတဲ့ အေျခအေနမွာ က်ဥ္းေျမာင္းလြန္းလွတဲ့ တဲအိမ္ေလးေတြ အခန္းငယ္ေလးေတြထဲမွာ မိသားစုဦးေရ မ်ားျပားလြန္းလွတဲ့ အိမ္ေထာင္စုေတြ ျပြတ္သိပ္-စုျပံဳေနရတဲ့အတြက္ သန္႔ရွင္းေရး-က်န္းမာေရးအတြက္ အခက္အခဲမ်ားစြာ ၾကံဳေနၾကရတယ္လို႔ ကုတုပေလာင္ဒုကၡသည္စခန္း အမွတ္(၇)မွာေနထိုင္တဲ့ ေစတနာ့ဝန္ထမ္း ရိုဟင္ဂ်ာ ဒုကၡသည္တဦးျဖစ္တဲ့ ဦးေအာင္ၿမိဳင္ကေျပာပါတယ္။

"တဲေတြမွာေနရတာလည္း တဲကေလးက ေသးေသးေလးဆိုေတာ့ မိသားစုအားျဖင့္ေျပာရမယ္ဆိုရင္ ၄ ဦးကေန ၈ ဦး၊ ၁၀ ဦးအထိေနရတာကိုး။ ဒါေၾကာင့္မို႔လို႔ ကိုဗစ္နဲ႔ပတ္သက္ၿပီးေတာ့ ခပ္ခြာခြာေနၾကဖို႔ဆိုတာ ေတာ္ေတာ္ေလး ခက္ပါတယ္။ ေနာက္ ဒီမွာ ေနာက္တခ်က္က ဘာလဲဆိုရင္ သန္႔ရွင္းေရးအပိုင္းေပါ့။ အိမ္သာတို႔ ေရခ်ိဳးခန္းတို႔ ဒီမွာ အမိႈက္ပံုး အမိႈက္ပစ္တာ သန္႔ရွင္းေရးစနစ္က ေတာ္ေတာ္ေလး ညစ္ပတ္ပါတယ္။ စုတ္ျပတ္ပါတယ္။ လူဦးေရက အရမ္းမ်ားတယ္ဆိုေတာ့။ ၿပီးေတာ့ က်န္းမာေရးကလည္း ဒီမွာ အေျခခံ အဆင့္ေလာက္ပဲ ရွိပါတယ္။ ေဆးခန္းမွာလည္း လူဦးေရမ်ားတယ္။ ေဆးကုရတာလည္း သိပ္ၿပီး အဆင္မေျပပါဘူး။"

ကိုဗစ္ကာလ စခန္းေတြထဲမွာ အထူးသျဖင့္ နာတာရွည္လူမမာေတြနဲ႔ မိသားစုေတြ ၾကံဳရတဲ့ က်န္းမာေရးအခက္အခဲနဲ႔ စိတ္ပိုင္းဆိုင္ရာ မြန္းက်ပ္မႈ ျပႆနာေတြအေၾကာင္း ဇန္ေထာ္လီဒုကၡသည္စခန္းက ဦးေမာင္ေက်ာ္ျမင့္ကလည္း အခုလိုေျပာျပပါတယ္။

"ကိုဗစ္ကာလမွာ က်ေနာ္တို႔ အခက္အခဲေတြ အမ်ားၾကီး ၾကံဳေနရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အသြားအလာေတြလည္း ကန္႔သတ္ထားပါတယ္။ ကမ့္ထဲကေန လံုးဝ အျပင္ထြက္လို႔မရဘူး။ ေနာက္ အဓိက ကိုဗစ္ကာလမွာ ေဆးကုသေနရတဲ့အခက္အခဲေပါ့။ ကမ့္ထဲမွာ က်ေနာ္တို႔လူေတြက အမ်ားစု ေဝဒနာခံစားေနရတဲ့ လူနာေတြက စစ္တေကာင္းတို႔ ေကာ့ဇ္ဘဇားတို႔ဘက္သြားလို႔ မရဘူး။ အဲ့ဒါေၾကာင့္ ေဝဒနာခံစားေနရတဲ့သူေတြ တအားမ်ားေနၿပီလို႔။ ေနာက္ ကေလးေတြအတြက္ အခက္ခဲက စာသင္ေက်ာင္းဆိုၿပီး ဘာတခုမွမရွိဘူး။ ကေလးေတြက ဘာတခုမွ မလုပ္ပဲနဲ႔ ကမ့္ထဲမွာပဲေနၾကၿပီး- Criminal Activity ရာဇဝတ္မႈလႈပ္ရွားမႈေတြမွာ ပါဝင္ေနမွာကို က်ေနာ္တို႔ တအားစိုးရိမ္ေနပါတယ္။ အဓိက ကေတာ့ မိသားစုက အလုပ္လက္မဲ့ေတြျဖစ္ေတာ့ ျပႆနာေတြေပၚေနတာေပါ့အလုပ္လက္မဲ့ကေန အိမ္ထဲမွာ ဘာအလုပ္တခုမွ မလုပ္ဘဲ ေနထိုင္လာတာၾကာေတာ့ တုိက္ရိုက္ ျပႆနာနည္းမ်ိဳးစံု ေပၚလာတာလို႔ က်ေနာ္တို႔ထင္ပါတယ္။"

တကယ္ေတာ့ စခန္းေတြထဲမွာ ခိုလံႈေနရတဲ့ ရိုဟင္ဂ်ာမိသားစုေတြထဲမွာ အိမ္ေထာင္ဦးစီးနဲ႔ လူငယ္ေတြဟာ အျပင္ကိုတရားဝင္ထြက္ၿပီး အလုပ္လုပ္ကိုင္ခြင့္ မရွိပါဘူး။ ဒါေပမဲ့ ကိုဗစ္ မတိုင္ခင္ကာလက နီးစပ္ရာေက်းရြာေတြမွာ ေတာင္ယာစိုက္ခင္းေတြမွာ လုပ္အားေပးၿပီး အပိုေငြရွာၾကတာ ရွိသလို အခုလို ကိုဗစ္ ၁၉ ကာလ အျပင္ထြက္ခြင့္မရ ဝင္ေငြလည္းမရွိေတာ့ အိမ္ေတြထဲမွာ အိမ္တြင္း အၾကမ္းဖက္မႈေတြ အေတာ္ေလးမ်ားလာေနတယ္လို႔ အိမ္တြင္းအၾကမ္းဖက္မႈေတြကို ကူညီေျဖရွင္းေပးေနတဲ့ ေစတနာ့ဝန္ထမ္းဦးေအာင္ၿမိဳင္က ေျပာျပပါတယ္။

"အခက္အခဲေတြက အမ်ားၾကီးပါ ဒါ ေျပာမယ္ဆိုလို႔ရွိရင္ အစကတည္းကေန အျပင္ထြက္ၿပီး အလုပ္လုပ္လို႔ရတာ မဟုတ္ပါဘူး။ တရားဝင္ အလုပ္အကိုင္ဆိုတာကကလည္း ဒီမွာဒုကၡသည္ေတြ လံုးဝ လုပ္လို႔မရပါဘူး။ ကိုဗစ္မျဖစ္ခင္ကာလတုန္းက အျပင္ထြက္ၿပီးေတာ့ လူအမ်ားၾကီး မဟုတ္ဘူး နည္းနည္းပါးပါး အျပင္ခိုးထြက္ၿပီး ေက်းရြာေတြမွာ စပါးစိုက္တာတို႔ စပါးရိတ္ေပးတာတို႔ တျခားအလုပ္ေလးေတြလုပ္တယ္ အခု COVID ကိုဗစ္ျဖစ္ၿပီးကာလမွာေတာ့ လံုးဝမရွိပါဘူး။ လူေတြမွာ ဝင္ေငြလည္းလံုးဝ မရွိပါဘူး။ အဲ့ေတာ့ Domestic Violence ေတြျဖစ္လာတယ္။ ဝင္ေငြလည္း မရွိဘူး၊ အလုပ္အကိုင္လည္းမရွိဘူး။ အျပင္လည္းထြက္လို႔မရဘူး ဒါဆိုရင္ စိတ္ဖိစီးမႈကေတာ္ေတာ္မ်ား လာတယ္။ ဒါေၾကာင့္မို႔လို႔ ဒီမွာ အိမ္တြင္းအၾကမ္းဖက္မႈ ေတာ္ေတာ္ကိုမ်ားလာတယ္။ ရာခုိင္ႏႈန္းအားျဖင့္ေျပာမယ္ ဆိုရင္ေတာ့ ၇၅ ရာခိုင္ႏႈန္း ေလာက္ကိုျဖစ္တယ္။ ဒီ Domestic Violenceကဒီ့ထက္ကိုပိုမ်ားမွာပါ။"

ကိုဗစ္ကာလ အိမ္တြင္း အၾကမ္းဖက္မႈေတြျဖစ္ပြားခဲ့ရင္ ေျဖရွင္းေပးမဲ့ အဖြဲ႔အစည္းေတြနဲ႔ေစတနာ့ဝန္ထမ္းေတြက စိတ္ပိုင္းဆိုင္ရာ ရုပ္ပိုင္းဆုိင္ရာ လံုျခံဳမႈရွိေအာင္ ေဆာင္ရြက္ေပးေနတဲ့အေျခအေနနဲ႔အတူ ကိုဗစ္ကူးစက္မႈ ကာကြယ္ႏိုင္ေရး ဒုကၡသည္ေတြ အတြက္ စားနပ္ရိကၡာေပးတဲ့ အစီအစဥ္ေတြကိုပါ စနစ္တက်ေဆာင္ရြက္ေပးထားတဲ့ အေျခအေနကိုလည္း ဦးေအာင္ၿမိဳင္က ရွင္းျပပါတယ္။

"အိမ္တြင္းအၾကမ္းဖက္မႈ Domestic Violence နဲ႔ ပတ္သက္ၿပီး စခန္းအလိုက္ အလုပ္လုပ္ေပးေနတဲ့ NGO INGO ေတြ ရွိပါတယ္။ Domestic Violence ျဖစ္လာရင္ ဒါကို လွ်ိဳ႕ဝွက္အေနနဲ႔ထားရတယ္ အဲ့ဒီ့ကိုေရာက္သြားရင္ UNHCR နဲ႔ မိတ္ဖက္အဖြဲ႔အစည္းဆိုၿပီး သူက Legal Service ဆိုၿပီး ေရွ႕ေန ၂ ေယာက္ရွိပါတယ္။ အဲဒါကိုလည္း NGO INGO ေတြက ကိုင္ထားတယ္ အဲ့ဒီ Legal Service မွာ ဥပေဒအက်ိဳးေဆာင္ေတြ ရွိတယ္။ သူတို႔နဲ႔ စခန္းအုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ ညိွႏိႈင္းေပးတယ္။ လိုအပ္ရင္ ေဆးဝါးကုသေပးတာ ရွိပါတယ္။ ၿပီးရင္ Psycho-social Support စိတ္ပိုင္းဆိုင္ရာ တိုင္ပင္ေဆြးေႏြး အၾကံေပးတာ ရွိပါတယ္။ သူ႔ကို လံုျခံဳမႈရွိေအာင္ သီးသန္႔ထားေပးထားတဲ့ေနရာလည္း ရွိပါတယ္။

ကိုဗစ္ကာလမွာ အစိုးရကလည္း ကန္႔သတ္ထားတာရွိပါတယ္။ ၿပီးေတာ့ NGO၊ INGO ေတြဘက္ကလည္း ကန္႔သတ္ခ်က္ေတြ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာဖို႔အတြက္ သူတို႔အသိပညာေပးတာတို႔ ရွိပါတယ္။ ၿပီးေတာ့ Distribution Point မွာ တလတၾကိမ္ပဲ သူက စနစ္တက် အကုန္လံုးအမ်ိဳးအစားေတြ စုစည္းၿပီးေတာ့ COVID ကို ကာကြယ္တဲ့အေနနဲ႔ Food Basket တခုက သီးသန္႔လုပ္ထားတာ ရွိတယ္။ ဒီလမွာေတာ့ ၁၁ မ်ိဳးပါ၊ စက္တင္ဘာလမွာေတာ့ ၁၄မ်ိဳးပါ။ ဒီဟာက ကုန္ေစ်းႏႈန္းနဲ႔လည္း ဆိုင္ပါတယ္။ အဓိက ဆန္ ရွိတယ္။ ပဲ ၊ ဆီ၊ ငရုတ္သီးအေျခာက္၊ ငါးေျခာက္ စသျဖင့္ေပါ့။ ၿပီးေတာ့ Nutrition အာဟာရ အတြက္လည္း ထုတ္ေပးတာ ရွိပါတယ္ ဘီစကစ္မႈန္႔နဲ႔ အာဟာရမႈန္႔ေတြလည္း အ့ဲတာလည္း ျခင္းထဲထည့္ေပးထားတာရွိပါတယ္။"

လူသိန္းခ်ီ ခိုလံႈေနထိုင္တဲ့ ရိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြထဲမွာ ကူးစက္ျမန္ကပ္ေရာဂါကိုဗစ္ျဖစ္ပြားမွာကို ကုလသမဂၢအပါအဝင္ ႏုိင္ငံတကာက စိုးရိမ္ခဲ့ၾကတာပါ။ ဒါေပမဲ့ ဘဂၤလားေဒ့ရွ္အစိုးရဘက္က တင္းက်ပ္တဲ့ စည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔ စခန္းေတြထဲ အသြားအလာေတြ ပိတ္ပစ္လုိက္သလိုဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢမဟာမင္းၾကီးရံုး UNHCR အပါအဝင္ ဒုကၡသည္ ကူညီေစာင့္ေရွာက္ေပးေရး NGO၊ INGO အဖြဲ႔ေတြဘက္ကလည္း COVID 19 ကူးစက္မႈၾကိဳတင္ကာကြယ္ေရး ပညာေပးမႈေတြကို စခန္းေတြထဲ လႈပ္ရွားေဆာင္ရြက္ခဲ့ၾကတာမို႔ ကူးစက္မႈ ေသဆံုးမႈႏႈန္းဟာ ထင္သေလာက္ မမ်ားခဲ့ပါဘူး။

ကုလသမဂၢ လူသားခ်င္းစာနာကူညီမႈ ညိွနိႈင္းေရးရံုးရဲ႕ ထုတ္ျပန္ခ်က္အရဆိုရင္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ လက္ခံထားရွိတဲ့ ေဒသတြင္းမွာ စက္တင္ဘာ ၅ ရက္ေန႔အထိ စာရင္းအရ ေရာဂါပိုးဓါတ္ခဲြအတည္ျပဳ ၄,၀၀၀ ေက်ာ္နဲ႔ ေသဆံုးသူက ၆၅ ဦးရွိတယ္လို႔ေဖာ္ျပပါတယ္။ ဒါေပမယ့္ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြအတြင္းမွာေတာ့ ဓါတ္ခဲြအတည္ျပဳ ၁၃၀ ဦးပဲရွိၿပီး၊ ေသဆံုးသူက ၆ ဦးရွိခဲ့တယ္လို႔ ကုလသမဂၢက ေျပာပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ရင္းျပန္ပို႔ဖို႔ ျပန္လည္လက္ခံေရး အစီအစဥ္ေတြကို ရိုဟင္ဂ်ာဆိုတဲ့အသံုးကို လက္မခံထားတဲ့ ျမန္မာအစိုးရဘက္ကေတာ့ ကိုဗစ္ ၁၉ ကာလ ေခတၱဆုိင္းငံ့ထားဆဲ အေျခအေနျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်အကန့်အသတ်ကြောင့် ရိုဟင်ဂျာဒုက္ခသည်များနေ့စဉ်ဘဝထိခိုက်

COVID 19 ကပ်ရောဂါအချိန်မှာ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ စုဝေးနေထိုင်ရာ ဒုက္ခသည်စခန်းတွေရဲ့ အဝင်အထွက် အသွားအလာတွေ ပိတ်ပစ်လိုက်ပြီး ဝတ်ပြုဆုတောင်းခွင့်အပါအဝင် လူစုလူဝေး စုဝေးခွင့် အပြင်ထွက်ခွင့် ကန့်သတ်ပိတ်ပင်ခံလိုက်ရပြီးနောက် နေအိမ်တွေထဲမှာ နေနေကြရတဲ့ ဒုက္ခသည်တွေရဲ့ နေ့စဉ်ကြုံရတဲ့ အခက်အခဲတွေနဲ့ ကုလသမဂ္ဂ အပါအဝင် လူသားချင်းစာနာမှုအဖွဲ့တွေရဲ့ ကူညီပေးမှုတွေအကြာင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြပေးထားပါတယ်။

မြန်မာပြည် ရခိုင်ပြည်နယ်ကနေ အကြမ်းဖက်တိုက်ခိုက်မှုတွေကြား နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရလို့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းကျော် ခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်က စခန်း ၃၀ကျော်လုံး ကို ကမ္ဘာ့ကပ်ရောဂါ COVID 19 ဖြစ်ပွားမှု ကြိုတင်ကာကွယ်တဲ့အနေနဲ့ စခန်းအဝင်အထွက်တွေ အားလုံးကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ စခန်းတာဝန်ရှိသူတွေဘက်က ပိတ်ပစ်လိုက်တာပါ။

ဒုက္ခသည်စခန်းတွေထဲ ဗလီဝတ်ပြုဆုတောင်းမှု လူဦးရေကန့်သတ်တာ အပါအဝင် လူစုလူဝေးလုပ်တာတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ထားသလို ဘာသာရေးစာသင်ကျောင်းတွေနဲ့ သင်ကြားရေးစင်တာတွေကိုလည်း ခေတ္တပိတ်ထားပြီး ဒုက္ခသည်တွေအားလုံး နေအိမ်တွေထဲမှာပဲ နေကြဖို့ အမိန့်ထုတ်ပြန်ထားတာ လနဲ့ချီ -လာပြီဖြစ်ပါတယ်။

ဒီလိုအိမ်ထဲကအိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ အခြေအနေမှာ ကျဉ်းမြောင်းလွန်းလှတဲ့ တဲအိမ်လေးတွေ အခန်းငယ်လေးတွေထဲမှာ မိသားစုဦးရေ များပြားလွန်းလှတဲ့ အိမ်ထောင်စုတွေ ပြွတ်သိပ်-စုပြုံနေရတဲ့အတွက် သန့်ရှင်းရေး-ကျန်းမာရေးအတွက် အခက်အခဲများစွာ ကြုံနေကြရတယ်လို့ ကုတုပလောင်ဒုက္ခသည်စခန်း အမှတ်(၇)မှာနေထိုင်တဲ့ စေတနာ့ဝန်ထမ်း ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်တဲ့ ဦးအောင်မြိုင်ကပြောပါတယ်။

"တဲတွေမှာနေရတာလည်း တဲကလေးက သေးသေးလေးဆိုတော့ မိသားစုအားဖြင့်ပြောရမယ်ဆိုရင် ၄ ဦးကနေ ၈ ဦး၊ ၁၀ ဦးအထိနေရတာကိုး။ ဒါကြောင့်မို့လို့ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ခပ်ခွာခွာနေကြဖို့ဆိုတာ တော်တော်လေး ခက်ပါတယ်။ နောက် ဒီမှာ နောက်တချက်က ဘာလဲဆိုရင် သန့်ရှင်းရေးအပိုင်းပေါ့။ အိမ်သာတို့ ရေချိုးခန်းတို့ ဒီမှာ အမှိုက်ပုံး အမှိုက်ပစ်တာ သန့်ရှင်းရေးစနစ်က တော်တော်လေး ညစ်ပတ်ပါတယ်။ စုတ်ပြတ်ပါတယ်။ လူဦးရေက အရမ်းများတယ်ဆိုတော့။ ပြီးတော့ ကျန်းမာရေးကလည်း ဒီမှာ အခြေခံ အဆင့်လောက်ပဲ ရှိပါတယ်။ ဆေးခန်းမှာလည်း လူဦးရေများတယ်။ ဆေးကုရတာလည်း သိပ်ပြီး အဆင်မပြေပါဘူး။"

ကိုဗစ်ကာလ စခန်းတွေထဲမှာ အထူးသဖြင့် နာတာရှည်လူမမာတွေနဲ့ မိသားစုတွေ ကြုံရတဲ့ ကျန်းမာရေးအခက်အခဲနဲ့ စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှု ပြဿနာတွေအကြောင်း ဇန်ထော်လီဒုက္ခသည်စခန်းက ဦးမောင်ကျော်မြင့်ကလည်း အခုလိုပြောပြပါတယ်။

"ကိုဗစ်ကာလမှာ ကျနော်တို့ အခက်အခဲတွေ အများကြီး ကြုံနေရပါတယ်။ ဘာကြောင့်လဲဆိုတော့ အသွားအလာတွေလည်း ကန့်သတ်ထားပါတယ်။ ကမ့်ထဲကနေ လုံးဝ အပြင်ထွက်လို့မရဘူး။ နောက် အဓိက ကိုဗစ်ကာလမှာ ဆေးကုသနေရတဲ့အခက်အခဲပေါ့။ ကမ့်ထဲမှာ ကျနော်တို့လူတွေက အများစု ဝေဒနာခံစားနေရတဲ့ လူနာတွေက စစ်တကောင်းတို့ ကော့ဇ်ဘဇားတို့ဘက်သွားလို့ မရဘူး။ အဲ့ဒါကြောင့် ဝေဒနာခံစားနေရတဲ့သူတွေ တအားများနေပြီလို့။ နောက် ကလေးတွေအတွက် အခက်ခဲက စာသင်ကျောင်းဆိုပြီး ဘာတခုမှမရှိဘူး။ ကလေးတွေက ဘာတခုမှ မလုပ်ပဲနဲ့ ကမ့်ထဲမှာပဲနေကြပြီး- Criminal Activity ရာဇဝတ်မှုလှုပ်ရှားမှုတွေမှာ ပါဝင်နေမှာကို ကျနော်တို့ တအားစိုးရိမ်နေပါတယ်။ အဓိက ကတော့ မိသားစုက အလုပ်လက်မဲ့တွေဖြစ်တော့ ပြဿနာတွေပေါ်နေတာပေါ့အလုပ်လက်မဲ့ကနေ အိမ်ထဲမှာ ဘာအလုပ်တခုမှ မလုပ်ဘဲ နေထိုင်လာတာကြာတော့ တိုက်ရိုက် ပြဿနာနည်းမျိုးစုံ ပေါ်လာတာလို့ ကျနော်တို့ထင်ပါတယ်။"

တကယ်တော့ စခန်းတွေထဲမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာမိသားစုတွေထဲမှာ အိမ်ထောင်ဦးစီးနဲ့ လူငယ်တွေဟာ အပြင်ကိုတရားဝင်ထွက်ပြီး အလုပ်လုပ်ကိုင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ ကိုဗစ် မတိုင်ခင်ကာလက နီးစပ်ရာကျေးရွာတွေမှာ တောင်ယာစိုက်ခင်းတွေမှာ လုပ်အားပေးပြီး အပိုငွေရှာကြတာ ရှိသလို အခုလို ကိုဗစ် ၁၉ ကာလ အပြင်ထွက်ခွင့်မရ ဝင်ငွေလည်းမရှိတော့ အိမ်တွေထဲမှာ အိမ်တွင်း အကြမ်းဖက်မှုတွေ အတော်လေးများလာနေတယ်လို့ အိမ်တွင်းအကြမ်းဖက်မှုတွေကို ကူညီဖြေရှင်းပေးနေတဲ့ စေတနာ့ဝန်ထမ်းဦးအောင်မြိုင်က ပြောပြပါတယ်။

"အခက်အခဲတွေက အများကြီးပါ ဒါ ပြောမယ်ဆိုလို့ရှိရင် အစကတည်းကနေ အပြင်ထွက်ပြီး အလုပ်လုပ်လို့ရတာ မဟုတ်ပါဘူး။ တရားဝင် အလုပ်အကိုင်ဆိုတာကကလည်း ဒီမှာဒုက္ခသည်တွေ လုံးဝ လုပ်လို့မရပါဘူး။ ကိုဗစ်မဖြစ်ခင်ကာလတုန်းက အပြင်ထွက်ပြီးတော့ လူအများကြီး မဟုတ်ဘူး နည်းနည်းပါးပါး အပြင်ခိုးထွက်ပြီး ကျေးရွာတွေမှာ စပါးစိုက်တာတို့ စပါးရိတ်ပေးတာတို့ တခြားအလုပ်လေးတွေလုပ်တယ် အခု COVID ကိုဗစ်ဖြစ်ပြီးကာလမှာတော့ လုံးဝမရှိပါဘူး။ လူတွေမှာ ဝင်ငွေလည်းလုံးဝ မရှိပါဘူး။ အဲ့တော့ Domestic Violence တွေဖြစ်လာတယ်။ ဝင်ငွေလည်း မရှိဘူး၊ အလုပ်အကိုင်လည်းမရှိဘူး။ အပြင်လည်းထွက်လို့မရဘူး ဒါဆိုရင် စိတ်ဖိစီးမှုကတော်တော်များ လာတယ်။ ဒါကြောင့်မို့လို့ ဒီမှာ အိမ်တွင်းအကြမ်းဖက်မှု တော်တော်ကိုများလာတယ်။ ရာခိုင်နှုန်းအားဖြင့်ပြောမယ် ဆိုရင်တော့ ၇၅ ရာခိုင်နှုန်း လောက်ကိုဖြစ်တယ်။ ဒီ Domestic Violenceကဒီ့ထက်ကိုပိုများမှာပါ။"

ကိုဗစ်ကာလ အိမ်တွင်း အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ရင် ဖြေရှင်းပေးမဲ့ အဖွဲ့အစည်းတွေနဲ့စေတနာ့ဝန်ထမ်းတွေက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိအောင် ဆောင်ရွက်ပေးနေတဲ့အခြေအနေနဲ့အတူ ကိုဗစ်ကူးစက်မှု ကာကွယ်နိုင်ရေး ဒုက္ခသည်တွေ အတွက် စားနပ်ရိက္ခာပေးတဲ့ အစီအစဉ်တွေကိုပါ စနစ်တကျဆောင်ရွက်ပေးထားတဲ့ အခြေအနေကိုလည်း ဦးအောင်မြိုင်က ရှင်းပြပါတယ်။

"အိမ်တွင်းအကြမ်းဖက်မှု Domestic Violence နဲ့ ပတ်သက်ပြီး စခန်းအလိုက် အလုပ်လုပ်ပေးနေတဲ့ NGO INGO တွေ ရှိပါတယ်။ Domestic Violence ဖြစ်လာရင် ဒါကို လျှို့ဝှက်အနေနဲ့ထားရတယ် အဲ့ဒီ့ကိုရောက်သွားရင် UNHCR နဲ့ မိတ်ဖက်အဖွဲ့အစည်းဆိုပြီး သူက Legal Service ဆိုပြီး ရှေ့နေ ၂ ယောက်ရှိပါတယ်။ အဲဒါကိုလည်း NGO INGO တွေက ကိုင်ထားတယ် အဲ့ဒီ Legal Service မှာ ဥပဒေအကျိုးဆောင်တွေ ရှိတယ်။ သူတို့နဲ့ စခန်းအုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းပေးတယ်။ လိုအပ်ရင် ဆေးဝါးကုသပေးတာ ရှိပါတယ်။ ပြီးရင် Psycho-social Support စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေး အကြံပေးတာ ရှိပါတယ်။ သူ့ကို လုံခြုံမှုရှိအောင် သီးသန့်ထားပေးထားတဲ့နေရာလည်း ရှိပါတယ်။

ကိုဗစ်ကာလမှာ အစိုးရကလည်း ကန့်သတ်ထားတာရှိပါတယ်။ ပြီးတော့ NGO၊ INGO တွေဘက်ကလည်း ကန့်သတ်ချက်တွေ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့အတွက် သူတို့အသိပညာပေးတာတို့ ရှိပါတယ်။ ပြီးတော့ Distribution Point မှာ တလတကြိမ်ပဲ သူက စနစ်တကျ အကုန်လုံးအမျိုးအစားတွေ စုစည်းပြီးတော့ COVID ကို ကာကွယ်တဲ့အနေနဲ့ Food Basket တခုက သီးသန့်လုပ်ထားတာ ရှိတယ်။ ဒီလမှာတော့ ၁၁ မျိုးပါ၊ စက်တင်ဘာလမှာတော့ ၁၄မျိုးပါ။ ဒီဟာက ကုန်ဈေးနှုန်းနဲ့လည်း ဆိုင်ပါတယ်။ အဓိက ဆန် ရှိတယ်။ ပဲ ၊ ဆီ၊ ငရုတ်သီးအခြောက်၊ ငါးခြောက် စသဖြင့်ပေါ့။ ပြီးတော့ Nutrition အာဟာရ အတွက်လည်း ထုတ်ပေးတာ ရှိပါတယ် ဘီစကစ်မှုန့်နဲ့ အာဟာရမှုန့်တွေလည်း အဲ့တာလည်း ခြင်းထဲထည့်ပေးထားတာရှိပါတယ်။"

လူသိန်းချီ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲမှာ ကူးစက်မြန်ကပ်ရောဂါကိုဗစ်ဖြစ်ပွားမှာကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စိုးရိမ်ခဲ့ကြတာပါ။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က တင်းကျပ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ စခန်းတွေထဲ အသွားအလာတွေ ပိတ်ပစ်လိုက်သလိုဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR အပါအဝင် ဒုက္ခသည် ကူညီစောင့်ရှောက်ပေးရေး NGO၊ INGO အဖွဲ့တွေဘက်ကလည်း COVID 19 ကူးစက်မှုကြိုတင်ကာကွယ်ရေး ပညာပေးမှုတွေကို စခန်းတွေထဲ လှုပ်ရှားဆောင်ရွက်ခဲ့ကြတာမို့ ကူးစက်မှု သေဆုံးမှုနှုန်းဟာ ထင်သလောက် မများခဲ့ပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှု ညှိနှိုင်းရေးရုံးရဲ့ ထုတ်ပြန်ချက်အရဆိုရင် ရိုဟင်ဂျာဒုက္ခသည်တွေ လက်ခံထားရှိတဲ့ ဒေသတွင်းမှာ စက်တင်ဘာ ၅ ရက်နေ့အထိ စာရင်းအရ ရောဂါပိုးဓါတ်ခွဲအတည်ပြု ၄,၀၀၀ ကျော်နဲ့ သေဆုံးသူက ၆၅ ဦးရှိတယ်လို့ဖော်ပြပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအတွင်းမှာတော့ ဓါတ်ခွဲအတည်ပြု ၁၃၀ ဦးပဲရှိပြီး၊ သေဆုံးသူက ၆ ဦးရှိခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်ပို့ဖို့ ပြန်လည်လက်ခံရေး အစီအစဉ်တွေကို ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံထားတဲ့ မြန်မာအစိုးရဘက်ကတော့ ကိုဗစ် ၁၉ ကာလ ခေတ္တဆိုင်းငံ့ထားဆဲ အခြေအနေဖြစ်ပါတယ်။

XS
SM
MD
LG