သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုိဟင္ဂ်ာေတြကုိ ႏုိင္ငံကူးလက္မွတ္ထုတ္ေပးဖုိ႔ ဘဂၤလားေဒ့ရွ္ကုိ ေဆာ္ဒီတုိက္တြန္း


မွတ္တမ္းဓါတ္ပံု -၂၀၀၉ မတ္လတုန္းက ဘဂၤလားေဒ့ရွ္ ႏုိင္ငံကူးလက္မွတ္နဲ႔ Dubai visa ကိုင္ေဆာင္ထားတဲ့ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသားတဦး

(Zawgyi/Unicode)

ေဆာ္ဒီအာရေဗီယားႏိုင္ငံမွာ ဆယ္စုႏွစ္နဲ႔ခ်ီ ခုိလႈံေနတဲ့ ႐ုိဟင္ဂ်ာ (၅၄,၀၀၀)ကို ဘဂၤလားေဒ့ရွ္ရဲ႕ ႏိုင္ငံကူးလက္မွတ္ေတြ ထုတ္ေပးေစလိုေၾကာင္း ေဆာ္ဒီက ေျပာၾကားလိုက္ပါတယ္။ ေဆာ္ဒီမွာရွိတဲ့ ႐ုိဟင္ဂ်ာအမ်ားစုကေတာ့ ဘဂၤလားေဒ့ရွ္ကို မျပန္ၾကပါဘူး။

ျမန္မာႏိုင္ငံက ဖိႏွိပ္ညွဥ္းပန္းမႈေၾကာင့္ ထြက္ေျပးလာရတယ္လို႔ ဆိုၾကတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ေတြကို ေဆာ္ဒီႏိုင္ငံက ၿပီးခဲ့တဲ့ အႏွစ္(၄၀)နီးပါးအတြင္း လက္ခံထားခဲ့ၿပီး အခုေတာ့ အဲဒီ ႐ိုဟင္ဂ်ာေတြကို ဘဂၤလားေဒ့ရွ္က ပတ္စ္ပို႔ ထုတ္ေပးဖို႔ ေျပာလာတာပါ။ ေဆာ္ဒီမွာရွိေနတဲ့ ႐ုိဟင္ဂ်ာေတြဟာ ဘယ္ႏိုင္ငံရဲ႕ပတ္စ္ပို႔ကိုမွ ကိုင္ေဆာင္ထားျခင္း မရွိပါဘူး။ ေဆာ္ဒီႏိုင္ငံမွာ ေမြးလာတဲ့ ကေလးေတြဟာလည္း ေဆာ္ဒီရဲ႕ႏိုင္ငံသားအျဖစ္ အသိမွတ္ျပဳ မခံရပါဘူး။

ဘဂၤလားေဒ့ရွ္ကသာ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးမယ္ဆိုရင္ အမ်ားႀကီး အေထာက္ကူျဖစ္ေစၿပီး၊ ဒီ႐ုိဟင္ဂ်ာေတြ ႏုိင္ငံမဲ့ ဆက္ျဖစ္ေနေတာ့မွာ မဟုတ္ဘူးလို႔ ေဆာ္ဒီအစိုးရက ဘဂၤလား ႏိုင္ငံျခားေရးဝန္ႀကီး AK Abdul Momen ကို ၿပီးခဲ့တဲ့လထဲ ေျပာခဲ့တာပါ။ ဒါေပမဲ့ ေဆာ္ဒီမွာရွိေနတဲ့ ႐ုိဟင္ဂ်ာေတြဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံကိုလည္း ျပန္မလာၾကသလို၊ သူတုိ႔ ႏိုင္ငံအေၾကာင္းထက္ ေဆာ္ဒီရဲ႕အာရပ္ဘာသာစကားနဲ႔ ယဥ္ေက်းမႈကိုသာ ပိုသိမွာျဖစ္ေၾကာင္း ဘဂၤလား ႏိုင္ငံျခားေရးဝန္ႀကီး Momen က ဒါကာၿမဳိ႕မွာလုပ္တဲ့ သတင္းစာရွင္းလင္းပဲြ တခုမွာ တုန္႔ျပန္ ေျပာဆုိပါတယ္။

ဒါ့အျပင္ အရင္တုန္းက ဘဂၤလားေဒ့ရွ္ ပတ္စ္ပို႔ရွိတယ္လို႔ ျပႏိုင္တဲ့ ႐ုိဟင္ဂ်ာေတြကိုသာ ပတ္စ္ပို႔ ထုတ္ေပးႏုိင္မယ္လို႔ ဘဂၤလား ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာဆိုလုိက္ၿပီး ၊ ျမန္မာႏိုင္ငံက ထြက္လာတဲ့ ႐ုိဟင္ဂ်ာေတြနဲ႔ပတ္သက္လို႔ ဒီႏိုင္ငံကူးလက္မွတ္ကိစၥကို ျမန္မာအစိုးရနဲ႔အရင္ ေျပာသင့္တယ္လို႔ ဆိုပါတယ္။ ျမန္မာအစိုးရကေတာ့ ႐ုိဟင္ဂ်ာဆိုတဲ့အသုံးအႏႈန္းကို လက္မခံ ပယ္ခ်ထားပါတယ္။

ေဆာ္ဒီႏိုင္ငံမွာ သ ြားေရာက္ အလုပ္လုပ္ေနတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား အလုပ္သမား ၂ သန္းေက်ာ္က ျပန္ပို႔တဲ့ေငြဟာ ၿပီးခဲ့တဲ့ တႏွစ္အတြင္း ေဒၚလာ (၃.၅)ဘီလ်ံ ရွိၿပီး ဘဂၤလားေဒ့ရွ္အတြက္ အဓိက ဝင္ေငြ ျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ရိုဟင်ဂျာတွေကို နိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ကို ဆော်ဒီတိုက်တွန်း

(Unicode)

ဆော်ဒီအာရဗေီယားနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ ခိုလှုံနေတဲ့ ရိုဟင်ဂျာ (၅၄,၀၀၀)ကို ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးစေလိုကြောင်း ဆော်ဒီက ပြောကြားလိုက်ပါတယ်။ ဆော်ဒီမှာရှိတဲ့ ရိုဟင်ဂျာအများစုကတော့ ဘင်္ဂလားဒေ့ရှ်ကို မပြန်ကြပါဘူး။

မြန်မာနိုင်ငံက ဖိနှိပ်ညှဉ်းပန်းမှုကြောင့် ထွက်ပြေးလာရတယ်လို့ ဆိုကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဆော်ဒီနိုင်ငံက ပြီးခဲ့တဲ့ အနှစ်(၄၀)နီးပါးအတွင်း လက်ခံထားခဲ့ပြီး အခုတော့ အဲဒီ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်က ပတ်စ်ပို့ ထုတ်ပေးဖို့ ပြောလာတာပါ။ ဆော်ဒီမှာရှိနေတဲ့ ရိုဟင်ဂျာတွေဟာ ဘယ်နိုင်ငံရဲ့ပတ်စ်ပို့ကိုမှ ကိုင်ဆောင်ထားခြင်း မရှိပါဘူး။ ဆော်ဒီနိုင်ငံမှာ မွေးလာတဲ့ ကလေးတွေဟာလည်း ဆော်ဒီရဲ့နိုင်ငံသားအဖြစ် အသိမှတ်ပြု မခံရပါဘူး။

ဘင်္ဂလားဒေ့ရှ်ကသာ နိုင်ငံကူးလက်မှတ်ထုတ်ပေးမယ်ဆိုရင် အများကြီး အထောက်ကူဖြစ်စေပြီး၊ ဒီရိုဟင်ဂျာတွေ နိုင်ငံမဲ့ ဆက်ဖြစ်နေတော့မှာ မဟုတ်ဘူးလို့ ဆော်ဒီအစိုးရက ဘင်္ဂလား နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ကို ပြီးခဲ့တဲ့လထဲ ပြောခဲ့တာပါ။ ဒါပေမဲ့ ဆော်ဒီမှာရှိနေတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ပြန်မလာကြသလို၊ သူတို့ နိုင်ငံအကြောင်းထက် ဆော်ဒီရဲ့အာရပ်ဘာသာစကားနဲ့ ယဉ်ကျေးမှုကိုသာ ပိုသိမှာဖြစ်ကြောင်း ဘင်္ဂလား နိုင်ငံခြားရေးဝန်ကြီး Momen က ဒါကာမြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တခုမှာ တုန့်ပြန် ပြောဆိုပါတယ်။

ဒါ့အပြင် အရင်တုန်းက ဘင်္ဂလားဒေ့ရှ် ပတ်စ်ပို့ရှိတယ်လို့ ပြနိုင်တဲ့ ရိုဟင်ဂျာတွေကိုသာ ပတ်စ်ပို့ ထုတ်ပေးနိုင်မယ်လို့ ဘင်္ဂလား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပြီး ၊ မြန်မာနိုင်ငံက ထွက်လာတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ ဒီနိုင်ငံကူးလက်မှတ်ကိစ္စကို မြန်မာအစိုးရနဲ့အရင် ပြောသင့်တယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံ ပယ်ချထားပါတယ်။

ဆော်ဒီနိုင်ငံမှာ သ ွားရောက် အလုပ်လုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အလုပ်သမား ၂ သန်းကျော်က ပြန်ပို့တဲ့ငွေဟာ ပြီးခဲ့တဲ့ တနှစ်အတွင်း ဒေါ်လာ (၃.၅)ဘီလျံ ရှိပြီး ဘင်္ဂလားဒေ့ရှ်အတွက် အဓိက ဝင်ငွေ ဖြစ်နေပါတယ်။

XS
SM
MD
LG