သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်စခန်း မူးယစ်ဂိုဏ်းရန်ပွဲထိန်းဖို့ ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့စေလွှတ်


 Cox's Bazar စခန်းမှာတွေ့ရတဲ့ ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ များ
Cox's Bazar စခန်းမှာတွေ့ရတဲ့ ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ များ

(Zawgyi/Unicode)

နယ်စပ်ဒုက္ခသည်စခန်းထဲက ပြိုင်ဘက်ရိုဟင်ဂျာ လူမိုက်ဂိုဏ်းတွေကြား တိုက်ခိုက်မှုအတွင်း လူ (၇)ဦး သေဆုံးခဲ့ရပြီးနောက် ရက်အနည်းငယ်အကြာမှာ ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ တွေကို ပိုပြီး စေလွှတ်လိုက်ကြောင်း ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာပြောကြားတယ်လို့ AFP က ရေးပါတယ်။

နယ်စပ်ဖြတ်ပြီး မှောင်ခိုကူးလာတဲ့ Methamphetamine စိတ်ကြွ ဆေးတွေကို ဒုက္ခသည် ၁ သန်းဝန်းကျင်ရှိတဲ့ စခန်းထဲ ရောင်းချဖို့ နယ်မြေလုကြရာက လက်နက်တွေပါတဲ့ လူမိုက်ဂိုဏ်းနှစ်ခုကြားမှာ ပြင်းထန်တဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၆ ရက်အတွင်း လူ(၇)ဦး သေဆုံးခဲ့တဲ့အထဲမှာ အမျိုးသမီးတဦး ပါဝင်ပြီး အခြားသူ အများအပြား ဒဏ်ရာရသွားတယ်လို့ စခန်းတာဝန်ရှိသူ တွေက ပြောပါတယ်။

အင်္ဂါနေ့ညတုန်းက Lambasia ဒုက္ခသည်စခန်းထဲမှာ အလောင်း(၄)လောင်းကို ရှာတွေ့ခဲ့ကြောင်း အဲဒီထဲက (၃)လောင်းဟာ သေနတ်နဲ့ ပစ်ခံထားရပြီး ၊ ကျန်တဦးဆီမှာတော့ ဓါးထိုးဒဏ်ရာ တွေ့ရကြောင်း - ကော့ဆက်ဘဇားခရိုင်ရဲတပ်ဖွဲ့ ဒုစခန်းမှူး Rafiqul Islam က ပြောပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ တိုက်ခိုက်မှုတွေ စဖြစ်ခဲ့တဲ့နောက်ပိုင်းနဲ့ ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းကလည်း တိုက်ခိုက်မှုတွေ ထပ်တိုးလာတဲ့အတွက် ရာချီတဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို စခန်းထဲ ဖြန့်ချထားတယ်လို့ ဆိုပါတယ်။ အခုတော့ အခြေအနေတွေ ငြိမ်သက်နေတယ်လို့ ဆိုပါတယ်။

ကုတုပလောင်စခန်း အခြေစိုက် Munna လူမိုက်ဂိုဏ်းနဲ့ နယ်မြေလုတဲ့ စစ်ပွဲမှာ ARSA အကြမ်းဖက်အဖွဲ့ ပါဝင်နေတယ်လို့ စခန်းတွင်းရိုဟင်ဂျာ ခေါင်းဆောင်တွေက AFP ကို ပြောပါတယ်။ တိုက်ခိုက်မှုတွေအတွင်း ဂိုဏ်ခေါင်းဆောင်ရဲ့ အစ်ကိုနဲ့ အခြားမိသားစုဝင် ၃ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီ ၄ ဦးကို သူတို့ သတ်ခဲ့တာ ဟုတ်မှန်ကြောင်း ARSA အဖွဲ့ကလည်း ကြေညာပါတယ်။ ကုတုပလောင် စခန်းထဲက အခြား လူငယ်ရိုဟင်ဂျာ ခေါင်းဆောင်တဦးကလည်း အခုတိုက်ခိုက်မှုတွေရဲ့ နောက်က ွယ်မှာ ARSA အဖွဲ့ ရှိကြောင်း ပြောပါတယ်။ ဒုက္ခသည်စခန်းအားလုံးကို ARSA အဖွဲ့က ထိန်းချုပ်လိုတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)







XS
SM
MD
LG