သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုိဟင္ဂ်ာေတြ ဒုကၡသည္စခန္းမွာ ေနထုိင္ရတဲ့အေပၚ ျမန္မာအစုိးရကုိ HRW ေ၀ဖန္


ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ရွိ ရိုဟင္ဂ်ာ ဒုကၡသည္စခန္းမွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၀၂၊ ၂၀၁၆)

[Zawgyi/Unicode]

ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႔တစ္ခုက ျမန္မာႏိုင္ငံမွာ ရိုဟင္ဂ်ာ ၁၀၀,၀၀၀ ေက်ာ္ကို စခန္းေတြထဲ ဆက္ထိန္းသိမ္းထားတဲ့အေပၚ ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။

HRW လို႔အတိုေခါက္ေခၚတဲ့ Human Rights Watch လူ႔အခြင့္အေရးေစာင္ၾကည့္ေရးအဖြဲ႔က ျမန္မာအစိုးရအေနနဲ႔ ဒီရိုဟင္ဂ်ာ ၁၃၀,၀၀၀ ကို ေနခ်င္စရာမရွိတဲ့ ရခိုင္ျပည္နယ္က စခန္းေတြထဲ ဆက္ထိန္းထားတာက လူမ်ိဳးေရးအရ ခြဲျခားဆက္ဆံတာျဖစ္တယ္လို႔ ဒီေန႔ ထုတ္ျပန္လိုက္ပါတယ္။

ဒါ့ေၾကာင့္မို႔ ျမန္မာမြတ္ဆလင္အသိုင္းအဝိုင္းအတြက္ လြတ္လပ္မႈနဲ႔ ဂုဏ္သိကၡရွိမႈေတြ ျပန္ေဖာ္ေဆာင္ႏိုင္ေရး၊ ေဒၚေအာင္ဆန္းစုၾကည္ေခါင္းေဆာင္တဲ့ ျမန္မာအစိုးရအေပၚ ႏိုင္ငံတကာအေနနဲ႔ ဖိအားေပးသင့္တယ္လို႔ ဒီ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႔က ဆက္ေတာင္းဆိုလိုက္ပါတယ္။

ဒီလူ႔အခြင့္အေရးအဖြဲ႔ရဲ့ အာရွေရးရာ လက္ေထာက္ညႊန္ၾကားေရးမွဴး Phil Robinson ကလည္း ျမန္မာအစိုးရအေနနဲ႔ ဒီဒုကၡသည္ေတြ စခန္းထဲမွာထိုင္ၿပီး ေဆြးေျမ႕သြားေအာင္လုပ္ေနတာျဖစ္တယ္ဆိုၿပီး၊ အခုလိုဆက္ေဝဖန္လိုက္ပါတယ္။

“လက္ေတြ႔မွာ ျပေနတာက ျမန္မာအစိုးရအေနနဲ႔ ျပည္ေထာင္စုအဆင့္မွာေရာ၊ ျပည္နယ္အဆင့္မွာေရာ၊ လံုၿခံဳေရး တပ္တပ္ဖြဲ႕ေတြအဆင့္မွာပါ အေထာက္အထားအရ ေတြ႔ရွိထားတဲ့ လက္ရွိ လူမ်ိဳးေရးခြဲျခား၊ ဖိႏိွပ္ခ်ဳပ္ခ်ယ္တဲ့ ႏိုင္ငံတကာျပစ္မႈေတြကို ေျပာင္းလဲဖို႔ ႏိုင္ငံေရး အာသီသမရွိေသးပါဘူး။” လို႔ ေျပာသြားတာပါ။

စာမ်က္ႏွာ ၁၆၅ မ်က္ႏွာပါတဲ့ ဒီအဖြဲ႔ ထုတ္ျပန္ခ်က္ထဲမွာပဲ ရခိုင္ျပည္နယ္ထဲက ထိန္းသိမ္းေရးစခန္း ၂၄ ခုမွာ၊ ခုလို တင္းတင္းၾကပ္ၾကပ္ထားတာေၾကာင့္ ရိုဟင္ဂ်ာေတြရဲ့ အေျခခံအသက္ရွင္သန္ခြင့္ကို ၿခိမ္းေျခာက္ေနတယ္လို႔ ဆက္ေဝဖန္ထားပါတယ္။

ျမန္မာအစိုးရအေနနဲ႔ေတာ့ ဒီရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို တရားဝင္လက္ခံထားျခင္း မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာတွေ ဒုက္ခသည်စခန်းမှာ နေထိုင်ရတဲ့အပေါ် မြန်မာအစိုးရကို HRW ဝေဖန်

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ၁၀၀,၀၀၀ ကျော်ကို စခန်းတွေထဲဆက်ထိန်းသိမ်းထားတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

HRW လို့အတိုခေါက်ခေါ်တဲ့ Human Rights Watch လူ့အခွင့်အရေးစောင်ကြည့်ရေးအဖွဲ့က မြန်မာအစိုးရအနေနဲ့ ဒီရိုဟင်ဂျာ ၁၃၀,၀၀၀ ကို နေချင်စရာမရှိတဲ့ ရခိုင်ပြည်နယ်က စခန်းတွေထဲ ဆက်ထိန်းထားတာက လူမျိုးရေးအရ ခွဲခြားဆက်ဆံတာဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဒါ့ကြောင့်မို့ မြန်မာမွတ်ဆလင်အသိုင်းအဝိုင်းအတွက် လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခရှိမှုတွေ ပြန်ဖော်ဆောင်နိုင်ရေး၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာအစိုးရအပေါ် နိုင်ငံတကာအနေနဲ့ ဖိအားပေးသင့်တယ်လို့ ဒီ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆက်တောင်းဆိုလိုက်ပါတယ်။

ဒီလူ့အခွင့်အရေးအဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robinson ကလည်း မြန်မာအစိုးရအနေနဲ့ ဒီဒုက္ခသည်တွေ စခန်းထဲမှာထိုင်ပြီး ဆွေးမြေ့သွားအောင်လုပ်နေတာဖြစ်တယ်ဆိုပြီး၊ အခုလိုဆက်ဝေဖန်လိုက်ပါတယ်။

“လက်တွေ့မှာ ပြနေတာက မြန်မာအစိုးရအနေနဲ့ ပြည်ထောင်စုအဆင့်မှာရော၊ ပြည်နယ်အဆင့်မှာရော၊ လုံခြုံရေး တပ်တပ်ဖွဲ့တွေအဆင့်မှာပါ အထောက်အထားအရ တွေ့ရှိထားတဲ့ လက်ရှိ လူမျိုးရေးခွဲခြား၊ ဖိနှိပ်ချုပ်ချယ်တဲ့ နိုင်ငံတကာပြစ်မှုတွေကို ပြောင်းလဲဖို့ နိုင်ငံရေး အာသီသမရှိသေးပါဘူး။” လို့ ပြောသွားတာပါ။

စာမျက်နှာ ၁၆၅ မျက်နှာပါတဲ့ ဒီအဖွဲ့ ထုတ်ပြန်ချက်ထဲမှာပဲ ရခိုင်ပြည်နယ်ထဲက ထိန်းသိမ်းရေးစခန်း ၂၄ ခုမှာ၊ ခုလို တင်းတင်းကြပ်ကြပ်ထားတာကြောင့် ရိုဟင်ဂျာတွေရဲ့ အခြေခံအသက်ရှင်သန်ခွင့်ကို ခြိမ်းခြောက်နေတယ်လို့ ဆက်ဝေဖန်ထားပါတယ်။

မြန်မာအစိုးရအနေနဲ့တော့ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်ခံထားခြင်း မရှိပါဘူး။

XS
SM
MD
LG