သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ဓါတ္ခဲြအတည္ျပဳစုစုေပါင္း ၂၉,၃၁၄၊ ေသဆံုး ၆၆၄


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုတြင္ ေတြ႔ရတဲ့ PPE ဝတ္စံုဝတ္ ပရဟိတလုပ္သားမ်ား။ (ေအာက္တုိဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာသစ္ ၁,၃၄၄ ေယာက္နဲ႔ ေသဆံုးလူနာ ၁၃ ဦး ဒီေန႔ ထပ္တုိးပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီ ထုတ္ျပန္ခ်က္အရ ေသဆံုးသူ ၁၈ ေယာက္မွာ ေရာဂါ အခံ႐ွိသူက ၁၂ ေယာက္ျဖစ္ပါတယ္။

ေလာေလာဆယ္အထိ ျမန္မာႏိုင္ငံမွာ အတည္ျပဳလူနာ စုစုေပါင္း ၂၉,၃၁၄ ေယာက္နဲ႔ ေသဆံုးသူ ၆၆၄ ေယာက္႐ွိပါတယ္။ ေဆး႐ံုကေန ဒီေန႔ ဆင္းခြင့္ရသူက ၅၁၈ ေယာက္ျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း အသြားအလာကန္႔သတ္ထားတဲ့ေနရာေတြမွာ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႕ခဲ့ေပမဲ့ ေရာဂါပိုးမေတြ႔ဘဲ Negative အေျဖထြက္သူ ၁၀၇၂ ေယာက္ကို သူတို႔ေနအိမ္ေတြမွာ အသြားအလာအကန္႔အသတ္နဲ႔ ဆက္လက္ ေစာင့္ၾကည့္သြားမယ္လို႔ က်န္းမာေရးဌာန ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ရန္ကုန္တိုင္းအတြင္း ကိုဗစ္အတည္ျပဳလူနာအေရအတြက္ တုိးေနတာကို ထိန္းခ်ဳပ္ႏိုင္ဖုိ႔အတြက္ ဆက္လက္ႀကိဳးစားေနရဆဲျဖစ္တယ္လို႔ ရန္ကုန္တိုင္းကိုဗစ္ေကာ္မတီ ဒုဥကၠ႒ ေဒါက္တာေဇာ္ေဝစိုးက VOA ျမန္မာပိုင္းကို ေျပာပါတယ္။

[Unicode Version]

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၂၉,၃၁၄၊ သေဆုံး ၆၆၄

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာသစ် ၁,၃၄၄ ယောက်နဲ့ သေဆုံးလူနာ ၁၃ ဦး ဒီနေ့ ထပ်တိုးပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၈ ယောက်မှာ ရောဂါ အခံရှိသူက ၁၂ ယောက်ဖြစ်ပါတယ်။

လောလောဆယ်အထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ၂၉,၃၁၄ ယောက်နဲ့ သေဆုံးသူ ၆၆၄ ယောက်ရှိပါတယ်။ ဆေးရုံကနေ ဒီနေ့ ဆင်းခွင့်ရသူက ၅၁၈ ယောက်ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားတဲ့နေရာတွေမှာ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့ပေမဲ့ ရောဂါပိုးမတွေ့ဘဲ Negative အဖြေထွက်သူ ၁၀၇၂ ယောက်ကို သူတို့နေအိမ်တွေမှာ အသွားအလာအကန့်အသတ်နဲ့ ဆက်လက် စောင့်ကြည့်သွားမယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ရန်ကုန်တိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာအရေအတွက် တိုးနေတာကို ထိန်းချုပ်နိုင်ဖို့အတွက် ဆက်လက်ကြိုးစားနေရဆဲဖြစ်တယ်လို့ ရန်ကုန်တိုင်းကိုဗစ်ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက VOA မြန်မာပိုင်းကို ပြောပါတယ်။

XS
SM
MD
LG