သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္းတြင္း ေရာဂါပိုးထိန္းခ်ဳပ္ႏိုင္မႈမရေသး - ေဒါက္တာေဇာ္ေ၀စိုး


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုတြင္ ေတြ႔ရတဲ့ PPE ဝတ္စံုဝတ္ ပရဟိတလုပ္သားတစ္ဦး။ (ေအာက္တုိဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈနဲ႔ ကူးစက္မႈေတြ စံခ်ိန္တင္ တိုးလာေနတာေၾကာင့္ ထိန္းခ်ဳပ္ႏိုင္ေအာင္ က်န္းမာေရးတာဝန္ရွိသူေတြ အရွိန္ျမႇင့္ေဆာင္႐ြက္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

ကိုဗစ္ပိုးေတြ႕လူနာ အမ်ားဆုံးရွိေနတဲ့ ရန္ကုန္တိုင္းမွာ အတည္ျပဳလူနာေတြကို သီးသန႔္ထားရွိႏိုင္ဖို႔ စင္တာေတြ ထပ္တိုးထားသလို၊ ေရာဂါလကၡဏာရွိသူေတြကို ထားရွိကုသႏိုင္ဖို႔အတြက္လည္း ေဆး႐ုံေတြမွာျပင္ဆင္ေနပါတယ္။ တလေက်ာ္ေအာင္ ကူးစက္သူ အေရအတြက္ ဆက္တိုက္ တိုးလာေနတာကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားေနရတုန္းပဲလို႔လည္း ရန္ကုန္တိုင္းကိုဗစ္ေကာ္မတီ ဒုဥကၠ႒ ေဒါက္တာေဇာ္ေဝစိုးက ေျပာပါတယ္။

“က်ေနာ္တို႔ဟာ အခုခ်ိန္မွာ ထိန္းသိမ္းႏိုင္မႈ မရရွိေသးပါဘူး။ အားလုံးသိတဲ့အတိုင္းပဲ၊ က်ေနာ္တို႔စစ္တဲ့အားကလည္း တက္လာပါတယ္။ စစ္ေဆးမႈမ်ားလာတဲ့အတြက္ ပိုးေတြ႕ရွိမႈမ်ားလည္း မ်ားျပားလာပါတယ္။ အခုပိုးေတြ႕ရွိသူ မ်ားျပားတဲ့ႏႈန္းက ဆက္ၿပီးေတာ့တက္ေနတာျဖစ္ပါတယ္။ က်ေနာ္တို႔အေနနဲ႔ ဒီဟာကိုေလာေလာဆယ္ ထိန္းသိမ္းႏိုင္တာမရွိေသးပါဘူး။ ဒါေပမဲ့ သိပ္ၿပီးဆိုးဝါးေနသလားလို႔ က်ေနာ္တို႔ကိုေမးရင္ တျခားတိုင္းျပည္ေတြရဲ႕အေနအထားနဲ႔ ယွဥ္ႏႈိင္းၿပီးေျဖရမွာျဖစ္ပါတယ္။ အခုရန္ကုန္ျဖစ္ခဲ့တာဆိုရင္ တကယ္ေတာ့ေျခာက္ပတ္ေလာက္ရွိပါၿပီ။ က်ေနာ္တို႔လူဦးေရ ၇,၀၀၀,၀၀၀၊ ၈,၀၀၀,၀၀၀ နဲ႔ ယွဥ္ႏႈိင္းႏိုင္တဲ့ လန္ဒန္တို႔၊ ပဲရစ္တို႔ေပါ့ေနာ္။ သူတို႔နဲ႔ႏႈိင္းယွဥ္ၿပီးေတာ့ သူတို႔ႏိုင္ငံေတြရဲ႕ ျဖစ္ပြားမႈႏႈန္းနဲ႔ ေသဆုံးတဲ့ႏႈန္းယွဥ္ၾကည့္မယ္ဆိုရင္ က်ေနာ္တို႔ရန္ကုန္ဟာ မည္သူတဦးတေယာက္ကိုမွ က်ေနာ္တို႔တန္ဖိုးလည္းထားပါတယ္။ ဒါေပမဲ့ အဲဒီႏိုင္ငံေတြနဲ႔စာရင္ က်ေနာ္တို႔ဟာ အမ်ားႀကီးအေျခအေနေကာင္းေနပါေသးတယ္လို႔ေျပာရင္ ရပါတယ္။ ဒါကိုေက်နပ္လို႔ ေျပာတာမဟုတ္ပါဘူး။ က်ေနာ္တို႔တဦးတေယာက္မွ မျဖစ္ခ်င္ဘူး။ တေယာက္ရဲ႕အသက္မွ မဆုံးရႈံးေစခ်င္ပါဘူး။ အဲဒါေၾကာင့္လည္း က်ေနာ္တို႔အစြမ္းကုန္ႀကိဳးစားေနပါတယ္။"

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ကိုဗစ္လူနာေတြ ေဆး႐ုံဆင္းခြင့္ရသူ သတ္မွတ္ခ်က္ကို ေျပာင္းလဲလိုက္တဲ့ေနာက္မွာ မေန႔ကတရက္တည္းမွာ ေဆး႐ုံဆင္းခြင့္ရသူက ၂,၆၉၂ ဦးရွိခဲ့ပါတယ္။ ေရာဂါလကၡဏာမရွိတဲ့ လူနာေတြကို ဓာတ္ခြဲအတည္ျပဳၿပီးတဲ့ ေန႔ကစလို႔ ၁၀ ရက္ျပည့္တဲ့ေန႔မွာ ေဆး႐ုံဆင္းခြင့္ျပဳလိုက္ၿပီး၊ ေရာဂါလကၡဏာရွိသူေတြကိုေတာ့ အတည္ျပဳၿပီး ၁၁ ရက္ၾကာမွာ ေဆး႐ုံဆင္းခြင့္ျပဳထားတယ္လို႔ ေဒါက္တာေဇာ္ေဝစိုးက ေျပာပါတယ္။

“ပိုးေတြ႕ၿပီး ၁၀ ရက္ေျမာက္ဆိုရင္ ထိုလူဟာ တျခားသူကို မကူးစက္ႏိုင္ေတာ့ဘူးဆိုတာ တကမာၻလုံးက လက္ခံတဲ့၊ WHO က လက္ခံတဲ့ အခ်က္အလက္ျဖစ္ပါတယ္။ အဲဒီသတ္မွတ္ခ်က္ကို သုံးၿပီး က်ေနာ္တို႔ေဆး႐ုံဆင္းခဲ့တဲ့အတြက္ ဒီေန႔ေဆး႐ုံဆင္းလူနာေတြဟာ ခါတိုင္းထက္နည္းနည္း ပိုမ်ားတာ ျဖစ္ပါတယ္။ ယခုက်ေနာ္တို႔ ေဆး႐ုံဆင္းေပးတဲ့ ဒီအခ်က္ႏွစ္ခ်က္ဟာ ကူးစက္ႏိုင္ျခင္း မရွိေတာ့တဲ့ ပုဂၢိဳလ္မ်ားကို ေဆး႐ုံဆင္းေပးတာျဖစ္တဲ့အတြက္ ထိုပုဂၢိဳလ္မ်ားဟာ ေရာဂါကင္းၿပီး ကူးစက္ႏိုင္ျခင္းမရွိေတာ့တဲ့ ပုဂၢိဳလ္မ်ားျဖစ္ေၾကာင္း ေျပာၾကားလိုပါတယ္။ ဒါအေရးႀကီးပါတယ္။ ဒါျပည္သူလူထုထဲမွာ ဒီကိစၥဟာ က်ေနာ္ထင္ပါတယ္၊ အေရးႀကီးတဲ့ကိစၥတခု ျဖစ္ပါတယ္။”

ကိုယ္ခံအားေကာင္းၿပီး၊ က်န္းမာေရးေကာင္းတဲ့သူေတြကေန တျခားသူေတြဆီ ေရာဂါပိုးမကူးစက္ႏိုင္ေတာ့လို႔ ေဆး႐ုံဆင္းခြင့္ေပးလိုက္ေပမဲ့ ေျပာင္းလဲလိုက္တဲ့ မူအရ ေဆး႐ုံဆင္းခြင့္ရသူေတြထဲမွာ တျခားေရာဂါအခံရွိသူေတြေတာ့ မပါဝင္ပါဘူး။ ကပ္ေရာဂါကာကြယ္ ထိန္းခ်ဳပ္ႏိုင္ဖို႔ လိုက္နာရမယ့္အခ်က္ေတြနဲ႔ ၫႊန္ၾကားခ်က္ေတြကို ေတာက္ေလွ်ာက္သတိေပးလာၿပီး အခုလိုကာလမွာလည္း ဆက္ၿပီးလိုက္နာေဆာင္႐ြက္ဖို႔က လူတိုင္းမွာတာဝန္ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးကလည္း VOA ကိုေျပာပါတယ္။

“အနာဂတ္မွာလည္း ကာကြယ္ေဆးထိုးခံရၿပီးေတာ့ ဒီေရာဂါႀကီးက ဒီကမာၻေလာကေပၚက မေပ်ာက္မခ်င္းလည္း က်ေနာ္တို႔ကေျပာၾကားေနရမယ့္ အခ်က္ျဖစ္ပါတယ္။ အဲေတာ့ ဒါကေတာ့ က်ေနာ္တို႔ဘက္က ေျပာၾကားေပမဲ့ ဒီေျပာၾကားမႈေတြကေန တကယ့္အသက္ဝင္လာၿပီးေတာ့ ေရာဂါျဖစ္ပြားမႈေတြ ေျမျပင္မွာ မရွိဖို႔ဆိုတာက လူတိုင္းလူတိုင္းက ကိုယ္စီကိုယ္ငွက်န္းမာေရးအသိ၊ က်န္းမာေရးသတိနဲ႔ လိုက္နာဖို႔လိုပါတယ္။ အဲလိုလိုက္နာမွသာလွ်င္ အခုျဖစ္ေနတာလည္း ျမန္ျမန္ေပ်ာက္သြားမွာ ေသခ်ာတယ္။ ေနာက္ျဖစ္လာမယ့္ဟာေတြကိုလည္း က်ေနာ္တို႔တားႏိုင္မွာျဖစ္တယ္။ ေဆာင္႐ြက္ဖို႔၊ လိုက္နာဖို႔၊ က်န္းမာေရးအသိ သတိရွိဖို႔ဆိုတာကေတာ့ လူတိုင္းလူတိုင္းမွာ ဒါနံပတ္ ၁ ဦးစားေပးေဆာင္႐ြက္ရမယ့္ ကိစၥျဖစ္ပါတယ္ခင္ဗ်။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ဒီကေန႔ မြန္းလြဲပိုင္းထုတ္ျပန္ၿပီးခ်ိန္အထိ ျပည္တြင္းမွာအတည္ျပဳလူနာေပါင္း ၂၇,၉၇၄ ဦးရွိေနၿပီး၊ ေသဆုံးသူကေတာ့ ၆၄၆ ဦးရွိေနပါတယ္။ ကိုဗစ္ေရာဂါပိုး ကူးစက္ျပန႔္ပြားမႈကို အျမန္ဆုံးနဲ႔ အထိေရာက္ဆုံး ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ အျပင္ထြက္တိုင္း ပါးစပ္နဲ႔ႏွာေခါင္းစည္းတို႔ကို စနစ္တက်တပ္ဆင္သြားဖို႔ကိုလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်တိုင်းတွင်း ရောဂါပိုးထိန်းချုပ်နိုင်မှုမရသေး - ဒေါက်တာဇော်ဝေစိုး

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုနဲ့ ကူးစက်မှုတွေ စံချိန်တင် တိုးလာနေတာကြောင့် ထိန်းချုပ်နိုင်အောင် ကျန်းမာရေးတာဝန်ရှိသူတွေ အရှိန်မြှင့်ဆောင်ရွက်နေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ကိုဗစ်ပိုးတွေ့လူနာ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းမှာ အတည်ပြုလူနာတွေကို သီးသန့်ထားရှိနိုင်ဖို့ စင်တာတွေ ထပ်တိုးထားသလို၊ ရောဂါလက္ခဏာရှိသူတွေကို ထားရှိကုသနိုင်ဖို့အတွက်လည်း ဆေးရုံတွေမှာပြင်ဆင်နေပါတယ်။ တလကျော်အောင် ကူးစက်သူ အရေအတွက် ဆက်တိုက် တိုးလာနေတာကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရတုန်းပဲလို့လည်း ရန်ကုန်တိုင်းကိုဗစ်ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“ကျနော်တို့ဟာ အခုချိန်မှာ ထိန်းသိမ်းနိုင်မှု မရရှိသေးပါဘူး။ အားလုံးသိတဲ့အတိုင်းပဲ၊ ကျနော်တို့စစ်တဲ့အားကလည်း တက်လာပါတယ်။ စစ်ဆေးမှုများလာတဲ့အတွက် ပိုးတွေ့ရှိမှုများလည်း များပြားလာပါတယ်။ အခုပိုးတွေ့ရှိသူ များပြားတဲ့နှုန်းက ဆက်ပြီးတော့တက်နေတာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ဒီဟာကိုလောလောဆယ် ထိန်းသိမ်းနိုင်တာမရှိသေးပါဘူး။ ဒါပေမဲ့ သိပ်ပြီးဆိုးဝါးနေသလားလို့ ကျနော်တို့ကိုမေးရင် တခြားတိုင်းပြည်တွေရဲ့အနေအထားနဲ့ ယှဉ်နှိုင်းပြီးဖြေရမှာဖြစ်ပါတယ်။ အခုရန်ကုန်ဖြစ်ခဲ့တာဆိုရင် တကယ်တော့ခြောက်ပတ်လောက်ရှိပါပြီ။ ကျနော်တို့လူဦးရေ ၇,၀၀၀,၀၀၀၊ ၈,၀၀၀,၀၀၀ နဲ့ ယှဉ်နှိုင်းနိုင်တဲ့ လန်ဒန်တို့၊ ပဲရစ်တို့ပေါ့နော်။ သူတို့နဲ့နှိုင်းယှဉ်ပြီးတော့ သူတို့နိုင်ငံတွေရဲ့ ဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးတဲ့နှုန်းယှဉ်ကြည့်မယ်ဆိုရင် ကျနော်တို့ရန်ကုန်ဟာ မည်သူတဦးတယောက်ကိုမှ ကျနော်တို့တန်ဖိုးလည်းထားပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေနဲ့စာရင် ကျနော်တို့ဟာ အများကြီးအခြေအနေကောင်းနေပါသေးတယ်လို့ပြောရင် ရပါတယ်။ ဒါကိုကျေနပ်လို့ ပြောတာမဟုတ်ပါဘူး။ ကျနော်တို့တဦးတယောက်မှ မဖြစ်ချင်ဘူး။ တယောက်ရဲ့အသက်မှ မဆုံးရှုံးစေချင်ပါဘူး။ အဲဒါကြောင့်လည်း ကျနော်တို့အစွမ်းကုန်ကြိုးစားနေပါတယ်။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ်လူနာတွေ ဆေးရုံဆင်းခွင့်ရသူ သတ်မှတ်ချက်ကို ပြောင်းလဲလိုက်တဲ့နောက်မှာ မနေ့ကတရက်တည်းမှာ ဆေးရုံဆင်းခွင့်ရသူက ၂,၆၉၂ ဦးရှိခဲ့ပါတယ်။ ရောဂါလက္ခဏာမရှိတဲ့ လူနာတွေကို ဓာတ်ခွဲအတည်ပြုပြီးတဲ့ နေ့ကစလို့ ၁၀ ရက်ပြည့်တဲ့နေ့မှာ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီး၊ ရောဂါလက္ခဏာရှိသူတွေကိုတော့ အတည်ပြုပြီး ၁၁ ရက်ကြာမှာ ဆေးရုံဆင်းခွင့်ပြုထားတယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“ပိုးတွေ့ပြီး ၁၀ ရက်မြောက်ဆိုရင် ထိုလူဟာ တခြားသူကို မကူးစက်နိုင်တော့ဘူးဆိုတာ တကမ္ဘာလုံးက လက်ခံတဲ့၊ WHO က လက်ခံတဲ့ အချက်အလက်ဖြစ်ပါတယ်။ အဲဒီသတ်မှတ်ချက်ကို သုံးပြီး ကျနော်တို့ဆေးရုံဆင်းခဲ့တဲ့အတွက် ဒီနေ့ဆေးရုံဆင်းလူနာတွေဟာ ခါတိုင်းထက်နည်းနည်း ပိုများတာ ဖြစ်ပါတယ်။ ယခုကျနော်တို့ ဆေးရုံဆင်းပေးတဲ့ ဒီအချက်နှစ်ချက်ဟာ ကူးစက်နိုင်ခြင်း မရှိတော့တဲ့ ပုဂ္ဂိုလ်များကို ဆေးရုံဆင်းပေးတာဖြစ်တဲ့အတွက် ထိုပုဂ္ဂိုလ်များဟာ ရောဂါကင်းပြီး ကူးစက်နိုင်ခြင်းမရှိတော့တဲ့ ပုဂ္ဂိုလ်များဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ဒါအရေးကြီးပါတယ်။ ဒါပြည်သူလူထုထဲမှာ ဒီကိစ္စဟာ ကျနော်ထင်ပါတယ်၊ အရေးကြီးတဲ့ကိစ္စတခု ဖြစ်ပါတယ်။”

ကိုယ်ခံအားကောင်းပြီး၊ ကျန်းမာရေးကောင်းတဲ့သူတွေကနေ တခြားသူတွေဆီ ရောဂါပိုးမကူးစက်နိုင်တော့လို့ ဆေးရုံဆင်းခွင့်ပေးလိုက်ပေမဲ့ ပြောင်းလဲလိုက်တဲ့ မူအရ ဆေးရုံဆင်းခွင့်ရသူတွေထဲမှာ တခြားရောဂါအခံရှိသူတွေတော့ မပါဝင်ပါဘူး။ ကပ်ရောဂါကာကွယ် ထိန်းချုပ်နိုင်ဖို့ လိုက်နာရမယ့်အချက်တွေနဲ့ ညွှန်ကြားချက်တွေကို တောက်လျှောက်သတိပေးလာပြီး အခုလိုကာလမှာလည်း ဆက်ပြီးလိုက်နာဆောင်ရွက်ဖို့က လူတိုင်းမှာတာဝန်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကလည်း VOA ကိုပြောပါတယ်။

“အနာဂတ်မှာလည်း ကာကွယ်ဆေးထိုးခံရပြီးတော့ ဒီရောဂါကြီးက ဒီကမ္ဘာလောကပေါ်က မပျောက်မချင်းလည်း ကျနော်တို့ကပြောကြားနေရမယ့် အချက်ဖြစ်ပါတယ်။ အဲတော့ ဒါကတော့ ကျနော်တို့ဘက်က ပြောကြားပေမဲ့ ဒီပြောကြားမှုတွေကနေ တကယ့်အသက်ဝင်လာပြီးတော့ ရောဂါဖြစ်ပွားမှုတွေ မြေပြင်မှာ မရှိဖို့ဆိုတာက လူတိုင်းလူတိုင်းက ကိုယ်စီကိုယ်ငှကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနဲ့ လိုက်နာဖို့လိုပါတယ်။ အဲလိုလိုက်နာမှသာလျှင် အခုဖြစ်နေတာလည်း မြန်မြန်ပျောက်သွားမှာ သေချာတယ်။ နောက်ဖြစ်လာမယ့်ဟာတွေကိုလည်း ကျနော်တို့တားနိုင်မှာဖြစ်တယ်။ ဆောင်ရွက်ဖို့၊ လိုက်နာဖို့၊ ကျန်းမာရေးအသိ သတိရှိဖို့ဆိုတာကတော့ လူတိုင်းလူတိုင်းမှာ ဒါနံပတ် ၁ ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်ခင်ဗျ။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့ မွန်းလွဲပိုင်းထုတ်ပြန်ပြီးချိန်အထိ ပြည်တွင်းမှာအတည်ပြုလူနာပေါင်း ၂၇,၉၇၄ ဦးရှိနေပြီး၊ သေဆုံးသူကတော့ ၆၄၆ ဦးရှိနေပါတယ်။ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး လျှော့ချနိုင်ဖို့အတွက် အပြင်ထွက်တိုင်း ပါးစပ်နဲ့နှာခေါင်းစည်းတို့ကို စနစ်တကျတပ်ဆင်သွားဖို့ကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

XS
SM
MD
LG