သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿမိဳ႕အ၀င္အထြက္စည္းမ်ဥ္း တေျပးညီမရွိတာေၾကာင့္ ကုန္စည္ပို႔ေဆာင္ေရးေႏွာင့္ေႏွး


ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕မွာ ေတြ႔ရတဲ့ ကုန္တင္ကားတခ်ိဳ႕။ (ဧၿပီ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

ကပ္ေရာဂါကာလ တၿမိဳ႕ဝင္တၿမိဳ႕ထြက္ ကုန္တင္ေနတဲ့ ကုန္ကားေမာင္းသူေတြအတြက္ ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြ တသမတ္တည္း မရွိတာေၾကာင့္ ကုန္စည္ပို႔ေဆာင္ေရးမွာ အခက္အခဲျဖစ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ကိုဗစ္ေရာဂါကာကြယ္ဖို႔ ျပည္နယ္နဲ႔ တိုင္းအသီးသီးရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ တေျပးညီမျဖစ္တဲ့အတြက္ ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းေတြအတြက္ အခက္အခဲျဖစ္ေနတုန္းပဲလို႔ လုပ္ငန္းရွင္ေတြက ေျပာေနၾကပါတယ္။ ေရာဂါစစ္ေဆးမႈေတြ တၿမိဳ႕ဝင္၊ တၿမိဳ႕ထြက္ အဆင့္ဆင့္လုပ္ေနၾကတာမို႔ အရင္ကထက္ အခ်ိန္ ၂ ဆေလာက္ ၾကန႔္ၾကာေနေၾကာင္း မူဆယ္ ဆန္ကုန္စည္ဒိုင္ ဒုဥကၠ႒ ဦးမင္းသိန္းက ဗြီအိုေအကို ေျပာပါတယ္။

“ရန္ကုန္ကတင္လာတဲ့ ဆန္ကားတစီးဟာ ပဲခူးမွာ စစ္မယ္၊ အျမန္လမ္းမွာ စစ္မယ္၊ ဒီလိုအသီးသီး မႏၲေလးအဝင္မွာ စစ္မယ္၊ မႏၲေလးနဲ႔ ရွမ္းျပည္ေျမာက္ပိုင္းနယ္စပ္မွာ စစ္မယ္၊ ေနာင္ခ်ိဳမွာစစ္မယ္၊ လားရႈိးမွာစစ္မယ္၊ ၁၀၅ မိုင္စစ္မယ္ အဲဒီလိုအဆင့္ဆင့္ စစ္တာေတြက်ေတာ့ ရန္ကုန္နဲ႔ မူဆယ္ဆို အနည္းဆုံး အရင္က ၄ ရက္သြားရတဲ့ ခရီးက အခု ၉ ရက္ေလာက္ သြားရတယ္။ ငါးရက္ေလာက္ ေနာက္က်သြားတယ္။ မႏၲေလး- မူဆယ္ ဆိုရင္ အရင္ ၃ ရက္သြားရတဲ့ခရီးက အခု ၆ ရက္ေလာက္ သြားရတယ္။ အဲဒီအခက္အခဲေတြေတာ့ ရွိတယ္။”

စက္တင္ဘာ လကုန္ပိုင္းမွာ ျပည္ေထာင္စုအစိုးရက ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းရွင္ေတြ လိုက္နာရမယ့္ စည္းကမ္းခ်က္တခု ထုတ္ျပန္ခဲ့ပါတယ္။ ဒီထုတ္ျပန္ခ်က္မွာ ကုန္ကားေပၚပါတဲ့သူေတြ ၁၄ ရက္အတြင္း စစ္ထားတဲ့ က်န္းမာေရးေထာက္ခံစာရွိဖို႔၊ သတ္မွတ္ထားတဲ့ အခ်ိန္နဲ႔ ေနရာမွာ ကုန္တင္၊ ကုန္ခ်လုပ္ဖို႔၊ ရပ္ဖို႔၊ သတ္မွတ္ထားတဲ့ေနရာမွာ အိပ္ဖို႔၊ စားဖို႔ စည္းကမ္းေတြ သတ္မွတ္ထားတာပါ။

ဒါေပမဲ့လည္း တိုင္းနဲ႔ ျပည္နယ္အဆင့္မွာ ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္တာ မရွိခဲ့သလုိ ထပ္ဆင့္ထုတ္ျပန္တဲ့ ညႊန္ၾကားခ်က္ေတြေၾကာင့္ အခက္အခဲေတြ ႀကံဳေနရတယ္လုိ႔လည္း ျမန္မာႏိုင္ငံ အေဝးေျပး ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမႉး ဦးေအာင္မိုးက ဗြီအိုေအကို ေျပာပါတယ္။

“အဲဒီ ျပည့္စုံေနတဲ့ဟာကို လိုက္နာမယ့္သူနဲ႔ လိုက္နာေအာင္လုပ္မယ့္သူ ေအာက္ကလိုေနတာ။ ဗဟိုကထုတ္ထားတဲ့ SOP ကို လိုက္နာေအာင္ တိုင္းေဒသႀကီး အစိုးရကေန အေကာင္အထည္ ေဖာ္ရမွာ။ ေနာက္တခါ ႏိုင္ငံေတာ္က ထပ္ထုတ္လိုက္ေတာ့ သုံးရက္ ၇၂ နာရီတခါ စစ္ရမယ္ဆိုတဲ့ အမိန႔္ထုတ္လိုက္ေတာ့ ဘယ္လိုမွ အဆင္မေျပေတာ့ဘူး။ အဲဒါဆို ကားေတြက ရပ္ရမယ့္ အေနအထား ျဖစ္သြားၿပီ။ ကားသမားေတြကလည္း စိတ္ဓာတ္က်သြားၿပီ ေမာင္းခ်င္တိုင္းလည္း ေမာင္းမရ၊ သြားခ်င္တိုင္းလည္း သြားမရ အဲဒါကုန္ေစ်းႏႈန္းေတြေတာ့ ဟိုတေလာကေတာ့ တက္လာတာေပါ့ဗ်ာ။”

ေဆးစစ္ခ်က္သက္တမ္း ၇၂ နာရီ သတ္မွတ္ထားတဲ့ ကိစၥကို အစိုးရကို ေတာင္းဆိုထားၿပီး ေျဖေလွ်ာ့ေပးမယ္လို႔ထင္ေၾကာင္း ဦးေအာင္မိုးက ေျပာပါတယ္။ ေလာေလာဆယ္ေတာ့ ကုန္စိမ္းသီးႏွံက လြဲလို႔ က်န္တဲ့ သားငါးနဲ႔ ကုန္ေျခာက္ပစၥည္းေတြ ေစ်းတက္တာ မရွိေသးဘူးလို႔ ဆိုပါတယ္။

ကုန္စည္စီးဆင္းတာ ျမန္ဖို႔၊ ကုန္ေစ်းႏႈန္းမတက္လာဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သက္ဆိုင္တဲ့ ဝန္ႀကီးဌာနေတြ ေအာက္တိုဘာ ၉ ရက္က အစည္းအေဝးလုပ္ခဲ့ၿပီး ကုန္ကားေမာင္းသူေတြနဲ႔ ယာဥ္ေနာက္လိုက္ေတြကို ကိုဗစ္ေရာဂါ အျမန္စစ္ေဆးကိရိယာေတြနဲ႔ စစ္ေဆးသြားမယ္လို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းတပတ္က ပဲခူးတိုင္းအဝင္မွာ တိုင္းအစိုးရက တားၿပီးစစ္ေဆးတဲ့အတြက္ ကုန္ကားအရွည္ ၃ မိုင္နီးပါးေလာက္ ပိတ္ဆို႔ခဲ့ပါတယ္။ အခုေတာ့ ျမန္မာျပည္အထက္ပိုင္းသြားမယ့္ ကုန္တင္ယာဥ္ေမာင္းေတြကို ရန္ကုန္တိုင္း မရမ္းကုန္းၿမိဳ႕နယ္ မင္းဓမၼ MCC မွာ ေရာဂါစစ္ေဆးမႈလုပ္ေပးေနၿပီး ဒီေန႔ ေအာက္တိုဘာ ၁၂ ရက္ တရက္တည္းမွာ အေယာက္ ၅၀၀ ေလာက္စစ္ေဆးႏိုင္ခဲ့တာပါ။ စစ္ေဆးခကိုလည္း က်ပ္ ၂၀,၀၀၀ ေကာက္ခံတာကေန ဒီကေန႔ က်ပ္ ၁၀,၀၀၀ ကိုေလွ်ာ့ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြို့အဝင်အထွက်စည်းမျဉ်း တပြေးညီမရှိတာကြောင့် ကုန်စည်ပို့ဆောင်ရေးနှောင့်နှေး

ကပ်ရောဂါကာလ တမြို့ဝင်တမြို့ထွက် ကုန်တင်နေတဲ့ ကုန်ကားမောင်းသူတွေအတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ တသမတ်တည်း မရှိတာကြောင့် ကုန်စည်ပို့ဆောင်ရေးမှာ အခက်အခဲဖြစ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ရောဂါကာကွယ်ဖို့ ပြည်နယ်နဲ့ တိုင်းအသီးသီးရဲ့ လုပ်ဆောင်ချက်တွေဟာ တပြေးညီမဖြစ်တဲ့အတွက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေအတွက် အခက်အခဲဖြစ်နေတုန်းပဲလို့ လုပ်ငန်းရှင်တွေက ပြောနေကြပါတယ်။ ရောဂါစစ်ဆေးမှုတွေ တမြို့ဝင်၊ တမြို့ထွက် အဆင့်ဆင့်လုပ်နေကြတာမို့ အရင်ကထက် အချိန် ၂ ဆလောက် ကြန့်ကြာနေကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဗွီအိုအေကို ပြောပါတယ်။

“ရန်ကုန်ကတင်လာတဲ့ ဆန်ကားတစီးဟာ ပဲခူးမှာ စစ်မယ်၊ အမြန်လမ်းမှာ စစ်မယ်၊ ဒီလိုအသီးသီး မန္တလေးအဝင်မှာ စစ်မယ်၊ မန္တလေးနဲ့ ရှမ်းပြည်မြောက်ပိုင်းနယ်စပ်မှာ စစ်မယ်၊ နောင်ချိုမှာစစ်မယ်၊ လားရှိုးမှာစစ်မယ်၊ ၁၀၅ မိုင်စစ်မယ် အဲဒီလိုအဆင့်ဆင့် စစ်တာတွေကျတော့ ရန်ကုန်နဲ့ မူဆယ်ဆို အနည်းဆုံး အရင်က ၄ ရက်သွားရတဲ့ ခရီးက အခု ၉ ရက်လောက် သွားရတယ်။ ငါးရက်လောက် နောက်ကျသွားတယ်။ မန္တလေး- မူဆယ် ဆိုရင် အရင် ၃ ရက်သွားရတဲ့ခရီးက အခု ၆ ရက်လောက် သွားရတယ်။ အဲဒီအခက်အခဲတွေတော့ ရှိတယ်။”

စက်တင်ဘာ လကုန်ပိုင်းမှာ ပြည်ထောင်စုအစိုးရက ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေ လိုက်နာရမယ့် စည်းကမ်းချက်တခု ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်မှာ ကုန်ကားပေါ်ပါတဲ့သူတွေ ၁၄ ရက်အတွင်း စစ်ထားတဲ့ ကျန်းမာရေးထောက်ခံစာရှိဖို့၊ သတ်မှတ်ထားတဲ့ အချိန်နဲ့ နေရာမှာ ကုန်တင်၊ ကုန်ချလုပ်ဖို့၊ ရပ်ဖို့၊ သတ်မှတ်ထားတဲ့နေရာမှာ အိပ်ဖို့၊ စားဖို့ စည်းကမ်းတွေ သတ်မှတ်ထားတာပါ။

ဒါပေမဲ့လည်း တိုင်းနဲ့ ပြည်နယ်အဆင့်မှာ ထိထိရောက်ရောက် အကောင်အထည်ဖော်တာ မရှိခဲ့သလို ထပ်ဆင့်ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့လည်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်မိုးက ဗွီအိုအေကို ပြောပါတယ်။

“အဲဒီ ပြည့်စုံနေတဲ့ဟာကို လိုက်နာမယ့်သူနဲ့ လိုက်နာအောင်လုပ်မယ့်သူ အောက်ကလိုနေတာ။ ဗဟိုကထုတ်ထားတဲ့ SOP ကို လိုက်နာအောင် တိုင်းဒေသကြီး အစိုးရကနေ အကောင်အထည် ဖော်ရမှာ။ နောက်တခါ နိုင်ငံတော်က ထပ်ထုတ်လိုက်တော့ သုံးရက် ၇၂ နာရီတခါ စစ်ရမယ်ဆိုတဲ့ အမိန့်ထုတ်လိုက်တော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ အဲဒါဆို ကားတွေက ရပ်ရမယ့် အနေအထား ဖြစ်သွားပြီ။ ကားသမားတွေကလည်း စိတ်ဓာတ်ကျသွားပြီ မောင်းချင်တိုင်းလည်း မောင်းမရ၊ သွားချင်တိုင်းလည်း သွားမရ အဲဒါကုန်ဈေးနှုန်းတွေတော့ ဟိုတလောကတော့ တက်လာတာပေါ့ဗျာ။”

ဆေးစစ်ချက်သက်တမ်း ၇၂ နာရီ သတ်မှတ်ထားတဲ့ ကိစ္စကို အစိုးရကို တောင်းဆိုထားပြီး ဖြေလျှော့ပေးမယ်လို့ထင်ကြောင်း ဦးအောင်မိုးက ပြောပါတယ်။ လောလောဆယ်တော့ ကုန်စိမ်းသီးနှံက လွဲလို့ ကျန်တဲ့ သားငါးနဲ့ ကုန်ခြောက်ပစ္စည်းတွေ ဈေးတက်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

ကုန်စည်စီးဆင်းတာ မြန်ဖို့၊ ကုန်ဈေးနှုန်းမတက်လာဖို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေ အောက်တိုဘာ ၉ ရက်က အစည်းအဝေးလုပ်ခဲ့ပြီး ကုန်ကားမောင်းသူတွေနဲ့ ယာဉ်နောက်လိုက်တွေကို ကိုဗစ်ရောဂါ အမြန်စစ်ဆေးကိရိယာတွေနဲ့ စစ်ဆေးသွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းတပတ်က ပဲခူးတိုင်းအဝင်မှာ တိုင်းအစိုးရက တားပြီးစစ်ဆေးတဲ့အတွက် ကုန်ကားအရှည် ၃ မိုင်နီးပါးလောက် ပိတ်ဆို့ခဲ့ပါတယ်။ အခုတော့ မြန်မာပြည်အထက်ပိုင်းသွားမယ့် ကုန်တင်ယာဉ်မောင်းတွေကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် မင်းဓမ္မ MCC မှာ ရောဂါစစ်ဆေးမှုလုပ်ပေးနေပြီး ဒီနေ့ အောက်တိုဘာ ၁၂ ရက် တရက်တည်းမှာ အယောက် ၅၀၀ လောက်စစ်ဆေးနိုင်ခဲ့တာပါ။ စစ်ဆေးခကိုလည်း ကျပ် ၂၀,၀၀၀ ကောက်ခံတာကနေ ဒီကနေ့ ကျပ် ၁၀,၀၀၀ ကိုလျှော့ချထားပါတယ်။

XS
SM
MD
LG