သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်န္းမာေရးစနစ္ၿပိဳလဲမက်ေရး ကိုဗစ္-၁၉ကုသမႈအပိုင္း အထူးစီမံခန္႔ခဲြဖို႔ လိုအပ္ေန


ရန္ကုန္ၿမိဳ႕ ကြာရမ္တင္းစင္တာတခုက ေစတနာ့ဝန္ထမ္းမ်ား။ (ေအာက္တိုဘာ ၁၊ ၂၀၂၀)

(Zawgyi/Unicode)

ကိုဗစ္-၁၉ ကပ္ေရာဂါ အလူးအလဲ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံမွာ က်န္းမာေရးစနစ္ႀကီး ၿပိဳလဲ မက်သြားဖို႔ အေရးႀကီးေနၿပီး က်န္းမာေရးုလုပ္သားေတြ ထိခိုက္ဆုံးရႈံးမႈမရွိေအာင္ ကုသေရးမွာ စနစ္တက်စီမံခန႔္ခြဲဖို႔ လိုအပ္ေနေၾကာင္း က်န္းမာေရးဝန္ႀကီးေဟာင္း ေဒါက္တာေဖသက္ခင္က ေျပာၾကားလိုက္ပါတယ္။

လက္ရွိ ကူးစက္မႈႏႈန္းသာမက ေသႏႈန္းပါ အမ်ားဆုံးျဖစ္လာေနတဲ့ စိုးရိမ္ဖြယ္ရာရန္ကုန္တိုင္း ေနာက္ဆုံးအေျခအေနနဲ႔ ပတ္သက္လို႔ကုသေရးနဲ႔ကာကြယ္ေရး နည္းဗ်ဴဟာေတြဘယ္လို က်င့္သုံးေဆာင္႐ြက္ေနပါသလဲ။

အၿငိမ္းစားက်န္းမာေရးဝန္ႀကီးလည္းျဖစ္ ကိုဗစ္-19 ကပ္ေရာဂါ၏ေနာက္ဆက္တြဲျဖစ္ေပၚလာႏိုင္သည့္ က်န္းမာေရးဆိုင္ရာအက်ိဳးဆက္မ်ားႏွင့္ က်န္းမာေရးစနစ္အေပၚသက္ေရာက္မူမ်ားအား ႀကိဳတင္မွန္းဆေဆာင္႐ြက္ႏိုင္ေရးအႀကံေပးအဖြဲ႕ ဥကၠဌလည္းျဖစ္တဲ့ ေဒါက္တာေဖသက္ခင္ကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

ေဒါက္တာေဖသက္ခင္ ။ ။ လက္ရွိအေနအထားကေတာ့ ကူးစက္မူျဖစ္တာလည္း မ်ားတာေပါ့ေနာ္။ေသတာကလည္း အထိုက္အေလွ်ာက္ေတာ့ မ်ားတယ္လို႔ပဲ ေျပာရမွာေပါ့။ျဖစ္တာမ်ားတာကေတာ့၊ အရင္ မတ္၊ ဧၿပီ၊ ေမ ကိစၥေတြနဲ႔မတူဘူးေပါ့ေလ၊ အဲ့ဒီတုန္းက နည္းတယ္ဆိုတာက ကြၽန္ေတာ္တို႔က Community Transmission မရွိဘူးေပါ့ေနာ္၊ လူထုၾကားမွာ ပ်ံ.ႏွံ႔ျဖစ္ပြားမူက မရွိေသးဘဲနဲ႔ လႈိင္းလိုအႀကီးအက်ယ္ႀကီး မေတြ႕ဘူးေပါ့ေနာ္။မေတြ႕ေပမဲ့ ကြၽန္ေတာ္တို႔မသိႏိုင္တဲ့ လႈိင္းပုံစံပ်ံ.ႏွံ႔လာၿပီးေတာ့ ရခိုင္ကေနတဆင့္ တစ္ျပည္လုံးကို ေရာက္တဲ့အခါမွာ ရန္ကုန္မွာ အမ်ားဆုံးေရာက္လာၿပီးေတာ့၊ ရန္ကုန္ကဘာျဖစ္လို႔ ေသတာမ်ားလဲဆိုေတာ့ လူဦးေရကလည္း သိပ္သည္းတယ္၊ ေနာက္တစ္ခ်က္ကလည္း ေနမေကာင္းတဲ့သူေတြေပါ့ေနာ္၊ အနယ္နယ္အရပ္ရပ္က ေဆးလာကုေနတဲ့ နာတာရွည္ေရာဂါသမား (NCD – Non-Communicable Disease) ေတြ အမ်ားႀကီးရွိတယ္ေပါ့။ဒီအခ်ိန္မွာ Community Spread (အရပ္ထဲအခ်င္းခ်င္းကူးစက္မူ) က ဝင္လာတယ္။လူထုၾကားမွာ၊ ရပ္ကြက္ေတြထဲေနေနတဲ့သူေတြကို ကူးစက္ျပန္႕ပြားမူေတြျဖစ္လာတယ္ေပါ့။

ဝင္းမင္း ။ ။ အခုလိုျဖစ္ႏႈန္းေသႏႈန္းေတြကို ထိန္းခ်ဳပ္ဖို႔ လက္ရွိေဆာင္႐ြက္ေနတဲ့ အေနအထားေတြအေပၚေရာ၊ ဆရာ ဘယ္လိုသုံးသပ္မိလဲ။

ေဒါက္တာေဖသက္ခင္ ။ ။ စစခ်င္းကေတာ့ Containment at Source ေပါ့ေနာ္၊ ေရာဂါကို ျဖစ္ပြားတဲ့ေနရာမွာပဲ ထိန္းခ်ဳပ္တဲ့ Strategy (မဟာဗ်ဴဟာ) ကို က်င့္သုံးပါတယ္။အခုလဲဒါကို က်င့္သုံးဆဲပဲ ရွိတယ္ေပါ့။ဒီ Containment (ထိန္းခ်ဳပ္တဲနည္းလမ္း) ဆိုရာမွာ စစခ်င္းမွာ ေရာဂါျဖစ္ပြားတဲ့သူ၊ Positive Case ေတြအျပင္ကို၊ သံသယရွိတဲ့သူေတြကိုပါ ေဆး႐ုံ တင္ထားတယ္ေပါ့။အဲ့ဒီေတာ့ ပထမစကာစမွာ ကြၽန္ေတာ္တို႔က ဒီ Quarantine (အသြားအလာကန႔္တာ) မွာ Facility Quarantine (အစိုးရဦးေဆာင္ ကန႔္သတ္စခန္း)၊ Community Quarantine (ရပ္႐ြာဦးေဆာင္ကန႔္သတ္စခန္း) ကိုထားေပမဲ့၊ ေနာက္ပိုင္းမွာက်ေတာ့ တျဖည္းျဖည္းက်ေတာ့ ကြၽန္ေတာ္တို႔မွာ ဝန္ပိလာတဲ့သေဘာကေတာ့ ရွိတာေပါ့။အဲ့ဒါေၾကာင့္မို႔ ဒီ Containment Strategy (ထိန္းခ်ဳပ္မူမဟာဗ်ဴဟာ) က အဲ့ဒီလို ရွိေပမဲ့ လုပ္ထုံးလုပ္နည္းေလးေတြ၊ လုပ္ပုံလုပ္နည္းေလးေတြက တျဖည္းျဖည္း ေျပာင္းလဲလာတဲ့ဟာေလးေတြေတာ့ရွိတယ္။ဘာလို႔လဲဆိုေတာ့၊ တစ္ဖက္က လူနာေတြရဲ႕ အသက္ကို ကယ္ဖို႔အေရးႀကီးသလို ကြၽန္ေတာ္တို႔ က်န္းမာေရးဝန္ထမ္းေတြကို Protect (ကာကြယ္ေပးဖို႔) လုပ္ဖို႔ ကလည္း အေရးႀကီးတယ္။ဒါေၾကာင့္ ျဖည္းျဖည္းခ်င္းေလးေလ်ာ့တာေပါ့၊ ပထမတစ္ဆင့္ကေတာ့ Anosmia ေတြကို ဒီႏွာေခါင္းအနံ႔မရတဲ့သူေတြကို ၿမိဳ.နယ္အလိုက္ Anosmia Center (အနံ႔မရသူေစာင့္ၾကည့္ေရးစင္တာ) ေလးေတြမွာပဲ ထားတယ္၊ ေဆး႐ုံေတြကို မတင္ဘူး။ေနာက္ ဒီေဆး႐ုံမွာလည္း ၁၄ ရက္ထားမဲ့အစားCDC (အေမရိကန္ကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာန) ရဲ႕ Guideline (လမ္းၫႊန္ခ်က္) အတိုင္းေပါ့ေနာ္ ၁၀ ရက္ေျမာက္မွာ ေနေကာင္းေနၿပီဆိုရင္၊ ၁၁ ရက္ေျမာက္မွာ ေဆး႐ုံေပးဆင္းလို႔ရတယ္။တစ္ဖက္မွာလည္း Test Facility (ေဆးစစ္ဌာန) ေတြကလည္း တိုးလာတာေပါ့။အဲ့ဒီေတာ့ Positive ေတြ႕ႏႈန္းေတြက မ်ားလာတဲ့အခါမွာ ပိုးေတြ႕သမွ်လူကို ေဆး႐ုံတင္၊ ေဆး႐ုံတင္ဆိုတဲ့အခါက်ရင္ တခ်ိန္က် ဒီ Health System (က်န္းမာေရးစနစ္ႀကီး) တစ္ခုလုံးက Overwhelm (မႏိုင္ဝန္ပိသြားတာ) ျဖစ္သြားႏိုင္တာေပါ့။အဲ့ဒါေၾကာင့္မို႔ တစ္ဖက္ကလည္း Test (ဓာတ္ခြဲစစ္ေဆးမူ) ကေတာ့လုပ္တယ္၊ တစ္ဖက္ကလည္း ေဆး႐ုံတင္ျခင္း မတင္ျခင္းသည္ ေရာဂါရဲ႕ ျပင္းထန္မူနဲ႔ဘဲ ဆိုင္တယ္။ဒါႏိုင္ငံတကာမွာ က်င့္သုံးေနတဲ့ဟာမ်ိဳးေပါ့။အိမ္မွာပဲေနတယ္၊ ရက္ကြက္က ေစာင့္ေရွာက္တယ္၊ က်န္းမာေရးဌာနကလည္း ဖုန္းဆက္ၿပီးေတာ့ေမးတယ္ လိုအပ္လို႔ရွိရင္ လာေခၚၿပီးေတာ့ Swab (အာေခါင္တို႔ဖတ္) ယူတယ္၊ ေဆး႐ုံတင္တယ္။ေအာက္ဆီဂ်င္လိုၿပီဆိုရင္ေတာ့ ေဆး႐ုံတင္တယ္။ဘယ္ေလာက္လဲ၊ Pulse Oximeter (လက္ေခ်ာင္းကေန ေသြးတြင္း ေအာက္ဆီဂ်င္တိုင္းကရိယာနဲ႔) တိုင္းၿပီး၊ စသည္ျဖင့္ ႏိုင္ငံအမ်ိဳးမ်ိဳးမွာ အမ်ိဳးမ်ိဳးအဖုံဖုံေတြ က်င့္သုံးေနၾကတာေတြ ရွိတာေပါ့။ကြၽန္ေတာ္တို႔ေတြလည္း အဲဒီလိုပဲ၊ Containment (ထိန္းခ်ဳပ္မူ) ကေတာ့ Containment ၊ ဒါေပမဲ့လည္း တျဖည္းျဖည္း၊ တျဖည္းျဖည္း ျပန္ၿပီးေတာ့စဥ္းစားေနတယ္။

ဝင္းမင္း ။ ။ဒီေနရာမွာ ဒီက်န္းမာေရးျပႆနာတစ္ခုထဲအျပင္၊ တျခားထည့္သြင္းစဥ္းစားဖို႔ အခ်က္ေတြရွိေသးလားဆရာ၊ ဒီေရရွည္အတြက္ၾကည့္တဲ့အခါက်ရင္ေလ။

ေဒါက္တာေဖသက္ခင္ ။ ။ က်န္းမာေရးျပႆနာသည္ ၾကာလာလို႔ရွိရင္ လူမူေရး ျပႆနာ ျဖစ္လာတယ္၊ စီးပြားေရးျပႆနာေတြ ျဖစ္လာႏိုင္စရာေတြရွိတဲ့အတြက္ တစ္ဖက္ကလည္း မွ်တေအာင္ စဥ္းစားရတာေပါ့ေနာ္။က်န္းမာေရးဘက္ကေျပာမယ္ဆိုလို႔ရွိရင္လည္း၊ Total Lockdown (အသြားအလာပိတ္ဆို႔မူအျပည့္) လုပ္လိုက္လို႔ရွိရင္၊ ဒါေကာင္းတာဘဲေပါ့။ဒါေပမဲ့လည္း စီးပြားေရးကိစၥ၊ လူေတြရဲ႕ စားဝတ္ေနေရးကိစၥ။ေနာက္ ဝူဟန္မွာက ပိတ္တာ အလုပ္ျဖစ္တယ္၊ ပိတ္တာအတြက္ အိမ္တိုင္းအိမ္တိုင္းကို အစားအေသာက္လိုက္ပို႔ႏိုင္တယ္။ကြၽန္ေတာ္တို႔မွာ ရန္ကုန္တိုင္း တစ္တိုင္းလုံးကိုပိတ္ၿပီး အိမ္တိုင္ကို အစားအေသာက္လိုက္ပို႔ဖို႔ဆိုတာ တကယ္ေတာ့ လက္ေတြ႕မွာ မျဖစ္ႏိုင္ဘူး။တစ္ဖက္က Lockdown (အသြားအလာပိတ္ဆို႔မူ) ကို မလုပ္ဘူး၊ သို႔ေသာ္ တစ္ဦးခ်င္း တစ္ေယာက္ခ်င္းက Mask (ပါးစပ္နဲ႔ႏွာေခါင္းစည္း) တပ္ရမယ္၊ လက္ေဆးရမယ္၊ လူအမ်ားစုေဝးတဲ့ေနရာကို မသြားဘူး၊ စသည္ျဖင့္ေပါ့၊ အေသအခ်ာလုပ္မယ္။က်န္းမာေရးဝန္ထမ္းေတြကို ေစာင့္ေရွာက္မယ္။Risk Person (အႏၲရာယ္ရွိသူ) ေတြကို ေစာင့္ေရွာက္မယ္။သက္ႀကီး႐ြယ္အိုေတြကို ေစာင့္ေရွာက္ရမယ္။ေရာဂါအခံရွိသူေတြကို ေစာင့္ေရွာက္ရမယ္။

ဝင္းမင္း ။ ။ ဒီ Containment (ထိန္းခ်ဳပ္မူ) ကေန တျဖည္းျဖည္း ေျဖေလ်ာ့သြားတဲ့ေနရာမွာ၊ ေနာက္ဆုံးေျပာခ်င္တာ။

ေဒါက္တာေဖသက္ခင္ ။ ။ ကာကြယ္ေဆးေတြ၊ ဒီေရာဂါကုထုံးေတြ က်ယ္က်ယ္ျပန႔္ျပန႔္နဲ႔ ထိထိေရာက္ေရာက္ ထုတ္ႏိုင္တဲ့အခ်ိန္ကာလမတိုင္ခင္မွာ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ႏိုင္ေရး သူနဲ႔ (ကိုဗစ္နဲ႔) က က်င့္သုံးရမဲ့သေဘာရွိပါတယ္။အဲ့ဒီအခါမွာ သူ႔ေၾကာင့္ (ကိုဗစ္ေၾကာင့္) ကိုယ့္မွာ ထိခိုက္ရွနာမူ အမ်ားႀကီးမျဖစ္ေအာင္ ခုနကြၽန္ေတာ္တို႔ေျပာတဲ့ Strategy ေတြေပါ့ေနာ္၊ ေနာက္ ျပည္သူလူထုကို ထိထိေရာက္ေရာက္ ပညာေပးမယ္။အဲဒီမွာ တစ္ခုကလည္း လူေတြရဲ႕သေဘာထားကေရာ၊ ဘယ္လိုရွိလည္း၊ ဘယ္ေလာက္အတိုင္းအတာအထိ သူတို႔ လိုက္ပါေဆာင္႐ြက္ႏိုင္မလဲ လက္ေတြ႕မွာ။သူတို႔နဲ႔ပူးေပါင္းၿပီးေတာ့ သူတို႔ရဲ႕ခံစားခ်က္ေတြ၊ Feeling ေတြ၊ Emotion ေတြ၊ သူတို႔ရဲ႕ Hope (ေမွ်ာ္လင့္ခ်က္) ေတြ၊ ဒါေတြကိုသာ ကြၽန္ေတာ္တို႔ ေသခ်ာသိရင္၊ အားလုံး ၂ ဦး ၂ ဘက္ေပါ့ေနာ္၊ အစိုးရဘက္ေကာ၊ က်န္းမာေရးဝန္ထမ္းေတြဘက္ေကာ၊ ၃ ဦးဖလွယ္ေျပာရမွာေပါ့၊ ျပည္သူေတြေရာ အားလုံးလက္ခံႏိုင္မယ့္ ဒီ မဇၨိမပဋိပဋာလမ္းေၾကာင္းကို ေ႐ြးခ်ယ္ႏိုင္ၿပီးေတာ့၊ ယွဥ္တြဲၿပီးေတာ့ ထိခိုက္နစ္နာမူ အနည္းဆုံးနဲ႔ ေနသြားႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ့အေနနဲ႔ ထင္ျမင္ပါတယ္။

ဝင္းမင္း ။ ။ အခုလို ဒီက်ယ္က်ယ္ျပန႔္ျပန႔္၊ ျပည့္ျပည့္စုံစုံ၊ ေရရွည္အတြက္ပါ ထည့္ရွင္းျပေပးတဲ့အတြက္ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဆရာ။

တိုက္႐ိုက္ လင့္ခ္


...............

ကျန်းမာရေးစနစ်ပြိုလဲမကျရေး ကိုဗစ်-၁၉ကုသမှုအပိုင်း အထူးစီမံခန့်ခွဲဖို့ လိုအပ်နေ

(Unicode)

ကိုဗစ်-၁၉ ကပ်ရောဂါ အလူးအလဲ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးစနစ်ကြီး ပြိုလဲ မကျသွားဖို့ အရေးကြီးနေပြီး ကျန်းမာရေးုလုပ်သားတွေ ထိခိုက်ဆုံးရှုံးမှုမရှိအောင် ကုသရေးမှာ စနစ်တကျစီမံခန့်ခွဲဖို့ လိုအပ်နေကြောင်း ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်က ပြောကြားလိုက်ပါတယ်။

လက်ရှိ ကူးစက်မှုနှုန်းသာမက သေနှုန်းပါ အများဆုံးဖြစ်လာနေတဲ့ စိုးရိမ်ဖွယ်ရာရန်ကုန်တိုင်း နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ကုသရေးနဲ့ကာကွယ်ရေး နည်းဗျူဟာတွေဘယ်လို ကျင့်သုံးဆောင်ရွက်နေပါသလဲ။

အငြိမ်းစားကျန်းမာရေးဝန်ကြီးလည်းဖြစ် ကိုဗစ်-19 ကပ်ရောဂါ၏နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာအကျိုးဆက်များနှင့် ကျန်းမာရေးစနစ်အပေါ်သက်ရောက်မူများအား ကြိုတင်မှန်းဆဆောင်ရွက်နိုင်ရေးအကြံပေးအဖွဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဒေါက်တာဖေသက်ခင်ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာဖေသက်ခင် ။ ။ လက်ရှိအနေအထားကတော့ ကူးစက်မူဖြစ်တာလည်း များတာပေါ့နော်။သေတာကလည်း အထိုက်အလျှောက်တော့ များတယ်လို့ပဲ ပြောရမှာပေါ့။ဖြစ်တာများတာကတော့၊ အရင် မတ်၊ ဧပြီ၊ မေ ကိစ္စတွေနဲ့မတူဘူးပေါ့လေ၊ အဲ့ဒီတုန်းက နည်းတယ်ဆိုတာက ကျွန်တော်တို့က Community Transmission မရှိဘူးပေါ့နော်၊ လူထုကြားမှာ ပျံ.နှံ့ဖြစ်ပွားမူက မရှိသေးဘဲနဲ့ လှိုင်းလိုအကြီးအကျယ်ကြီး မတွေ့ဘူးပေါ့နော်။မတွေ့ပေမဲ့ ကျွန်တော်တို့မသိနိုင်တဲ့ လှိုင်းပုံစံပျံ.နှံ့လာပြီးတော့ ရခိုင်ကနေတဆင့် တစ်ပြည်လုံးကို ရောက်တဲ့အခါမှာ ရန်ကုန်မှာ အများဆုံးရောက်လာပြီးတော့၊ ရန်ကုန်ကဘာဖြစ်လို့ သေတာများလဲဆိုတော့ လူဦးရေကလည်း သိပ်သည်းတယ်၊ နောက်တစ်ချက်ကလည်း နေမကောင်းတဲ့သူတွေပေါ့နော်၊ အနယ်နယ်အရပ်ရပ်က ဆေးလာကုနေတဲ့ နာတာရှည်ရောဂါသမား (NCD – Non-Communicable Disease) တွေ အများကြီးရှိတယ်ပေါ့။ဒီအချိန်မှာ Community Spread (အရပ်ထဲအချင်းချင်းကူးစက်မူ) က ဝင်လာတယ်။လူထုကြားမှာ၊ ရပ်ကွက်တွေထဲနေနေတဲ့သူတွေကို ကူးစက်ပြန့်ပွားမူတွေဖြစ်လာတယ်ပေါ့။

ဝင်းမင်း ။ ။ အခုလိုဖြစ်နှုန်းသေနှုန်းတွေကို ထိန်းချုပ်ဖို့ လက်ရှိဆောင်ရွက်နေတဲ့ အနေအထားတွေအပေါ်ရော၊ ဆရာ ဘယ်လိုသုံးသပ်မိလဲ။

ဒေါက်တာဖေသက်ခင် ။ ။ စစချင်းကတော့ Containment at Source ပေါ့နော်၊ ရောဂါကို ဖြစ်ပွားတဲ့နေရာမှာပဲ ထိန်းချုပ်တဲ့ Strategy (မဟာဗျူဟာ) ကို ကျင့်သုံးပါတယ်။အခုလဲဒါကို ကျင့်သုံးဆဲပဲ ရှိတယ်ပေါ့။ဒီ Containment (ထိန်းချုပ်တဲနည်းလမ်း) ဆိုရာမှာ စစချင်းမှာ ရောဂါဖြစ်ပွားတဲ့သူ၊ Positive Case တွေအပြင်ကို၊ သံသယရှိတဲ့သူတွေကိုပါ ဆေးရုံ တင်ထားတယ်ပေါ့။အဲ့ဒီတော့ ပထမစကာစမှာ ကျွန်တော်တို့က ဒီ Quarantine (အသွားအလာကန့်တာ) မှာ Facility Quarantine (အစိုးရဦးဆောင် ကန့်သတ်စခန်း)၊ Community Quarantine (ရပ်ရွာဦးဆောင်ကန့်သတ်စခန်း) ကိုထားပေမဲ့၊ နောက်ပိုင်းမှာကျတော့ တဖြည်းဖြည်းကျတော့ ကျွန်တော်တို့မှာ ဝန်ပိလာတဲ့သဘောကတော့ ရှိတာပေါ့။အဲ့ဒါကြောင့်မို့ ဒီ Containment Strategy (ထိန်းချုပ်မူမဟာဗျူဟာ) က အဲ့ဒီလို ရှိပေမဲ့ လုပ်ထုံးလုပ်နည်းလေးတွေ၊ လုပ်ပုံလုပ်နည်းလေးတွေက တဖြည်းဖြည်း ပြောင်းလဲလာတဲ့ဟာလေးတွေတော့ရှိတယ်။ဘာလို့လဲဆိုတော့၊ တစ်ဖက်က လူနာတွေရဲ့ အသက်ကို ကယ်ဖို့အရေးကြီးသလို ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေကို Protect (ကာကွယ်ပေးဖို့) လုပ်ဖို့ ကလည်း အရေးကြီးတယ်။ဒါကြောင့် ဖြည်းဖြည်းချင်းလေးလျော့တာပေါ့၊ ပထမတစ်ဆင့်ကတော့ Anosmia တွေကို ဒီနှာခေါင်းအနံ့မရတဲ့သူတွေကို မြို.နယ်အလိုက် Anosmia Center (အနံ့မရသူစောင့်ကြည့်ရေးစင်တာ) လေးတွေမှာပဲ ထားတယ်၊ ဆေးရုံတွေကို မတင်ဘူး။နောက် ဒီဆေးရုံမှာလည်း ၁၄ ရက်ထားမဲ့အစားCDC (အမေရိကန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန) ရဲ့ Guideline (လမ်းညွှန်ချက်) အတိုင်းပေါ့နော် ၁၀ ရက်မြောက်မှာ နေကောင်းနေပြီဆိုရင်၊ ၁၁ ရက်မြောက်မှာ ဆေးရုံပေးဆင်းလို့ရတယ်။တစ်ဖက်မှာလည်း Test Facility (ဆေးစစ်ဌာန) တွေကလည်း တိုးလာတာပေါ့။အဲ့ဒီတော့ Positive တွေ့နှုန်းတွေက များလာတဲ့အခါမှာ ပိုးတွေ့သမျှလူကို ဆေးရုံတင်၊ ဆေးရုံတင်ဆိုတဲ့အခါကျရင် တချိန်ကျ ဒီ Health System (ကျန်းမာရေးစနစ်ကြီး) တစ်ခုလုံးက Overwhelm (မနိုင်ဝန်ပိသွားတာ) ဖြစ်သွားနိုင်တာပေါ့။အဲ့ဒါကြောင့်မို့ တစ်ဖက်ကလည်း Test (ဓာတ်ခွဲစစ်ဆေးမူ) ကတော့လုပ်တယ်၊ တစ်ဖက်ကလည်း ဆေးရုံတင်ခြင်း မတင်ခြင်းသည် ရောဂါရဲ့ ပြင်းထန်မူနဲ့ဘဲ ဆိုင်တယ်။ဒါနိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ဟာမျိုးပေါ့။အိမ်မှာပဲနေတယ်၊ ရက်ကွက်က စောင့်ရှောက်တယ်၊ ကျန်းမာရေးဌာနကလည်း ဖုန်းဆက်ပြီးတော့မေးတယ် လိုအပ်လို့ရှိရင် လာခေါ်ပြီးတော့ Swab (အာခေါင်တို့ဖတ်) ယူတယ်၊ ဆေးရုံတင်တယ်။အောက်ဆီဂျင်လိုပြီဆိုရင်တော့ ဆေးရုံတင်တယ်။ဘယ်လောက်လဲ၊ Pulse Oximeter (လက်ချောင်းကနေ သွေးတွင်း အောက်ဆီဂျင်တိုင်းကရိယာနဲ့) တိုင်းပြီး၊ စသည်ဖြင့် နိုင်ငံအမျိုးမျိုးမှာ အမျိုးမျိုးအဖုံဖုံတွေ ကျင့်သုံးနေကြတာတွေ ရှိတာပေါ့။ကျွန်တော်တို့တွေလည်း အဲဒီလိုပဲ၊ Containment (ထိန်းချုပ်မူ) ကတော့ Containment ၊ ဒါပေမဲ့လည်း တဖြည်းဖြည်း၊ တဖြည်းဖြည်း ပြန်ပြီးတော့စဉ်းစားနေတယ်။

ဝင်းမင်း ။ ။ဒီနေရာမှာ ဒီကျန်းမာရေးပြဿနာတစ်ခုထဲအပြင်၊ တခြားထည့်သွင်းစဉ်းစားဖို့ အချက်တွေရှိသေးလားဆရာ၊ ဒီရေရှည်အတွက်ကြည့်တဲ့အခါကျရင်လေ။

ဒေါက်တာဖေသက်ခင် ။ ။ ကျန်းမာရေးပြဿနာသည် ကြာလာလို့ရှိရင် လူမူရေး ပြဿနာ ဖြစ်လာတယ်၊ စီးပွားရေးပြဿနာတွေ ဖြစ်လာနိုင်စရာတွေရှိတဲ့အတွက် တစ်ဖက်ကလည်း မျှတအောင် စဉ်းစားရတာပေါ့နော်။ကျန်းမာရေးဘက်ကပြောမယ်ဆိုလို့ရှိရင်လည်း၊ Total Lockdown (အသွားအလာပိတ်ဆို့မူအပြည့်) လုပ်လိုက်လို့ရှိရင်၊ ဒါကောင်းတာဘဲပေါ့။ဒါပေမဲ့လည်း စီးပွားရေးကိစ္စ၊ လူတွေရဲ့ စားဝတ်နေရေးကိစ္စ။နောက် ဝူဟန်မှာက ပိတ်တာ အလုပ်ဖြစ်တယ်၊ ပိတ်တာအတွက် အိမ်တိုင်းအိမ်တိုင်းကို အစားအသောက်လိုက်ပို့နိုင်တယ်။ကျွန်တော်တို့မှာ ရန်ကုန်တိုင်း တစ်တိုင်းလုံးကိုပိတ်ပြီး အိမ်တိုင်ကို အစားအသောက်လိုက်ပို့ဖို့ဆိုတာ တကယ်တော့ လက်တွေ့မှာ မဖြစ်နိုင်ဘူး။တစ်ဖက်က Lockdown (အသွားအလာပိတ်ဆို့မူ) ကို မလုပ်ဘူး၊ သို့သော် တစ်ဦးချင်း တစ်ယောက်ချင်းက Mask (ပါးစပ်နဲ့နှာခေါင်းစည်း) တပ်ရမယ်၊ လက်ဆေးရမယ်၊ လူအများစုဝေးတဲ့နေရာကို မသွားဘူး၊ စသည်ဖြင့်ပေါ့၊ အသေအချာလုပ်မယ်။ကျန်းမာရေးဝန်ထမ်းတွေကို စောင့်ရှောက်မယ်။Risk Person (အန္တရာယ်ရှိသူ) တွေကို စောင့်ရှောက်မယ်။သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရမယ်။ရောဂါအခံရှိသူတွေကို စောင့်ရှောက်ရမယ်။

ဝင်းမင်း ။ ။ ဒီ Containment (ထိန်းချုပ်မူ) ကနေ တဖြည်းဖြည်း ဖြေလျော့သွားတဲ့နေရာမှာ၊ နောက်ဆုံးပြောချင်တာ။

ဒေါက်တာဖေသက်ခင် ။ ။ ကာကွယ်ဆေးတွေ၊ ဒီရောဂါကုထုံးတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက် ထုတ်နိုင်တဲ့အချိန်ကာလမတိုင်ခင်မှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေး သူနဲ့ (ကိုဗစ်နဲ့) က ကျင့်သုံးရမဲ့သဘောရှိပါတယ်။အဲ့ဒီအခါမှာ သူ့ကြောင့် (ကိုဗစ်ကြောင့်) ကိုယ့်မှာ ထိခိုက်ရှနာမူ အများကြီးမဖြစ်အောင် ခုနကျွန်တော်တို့ပြောတဲ့ Strategy တွေပေါ့နော်၊ နောက် ပြည်သူလူထုကို ထိထိရောက်ရောက် ပညာပေးမယ်။အဲဒီမှာ တစ်ခုကလည်း လူတွေရဲ့သဘောထားကရော၊ ဘယ်လိုရှိလည်း၊ ဘယ်လောက်အတိုင်းအတာအထိ သူတို့ လိုက်ပါဆောင်ရွက်နိုင်မလဲ လက်တွေ့မှာ။သူတို့နဲ့ပူးပေါင်းပြီးတော့ သူတို့ရဲ့ခံစားချက်တွေ၊ Feeling တွေ၊ Emotion တွေ၊ သူတို့ရဲ့ Hope (မျှော်လင့်ချက်) တွေ၊ ဒါတွေကိုသာ ကျွန်တော်တို့ သေချာသိရင်၊ အားလုံး ၂ ဦး ၂ ဘက်ပေါ့နော်၊ အစိုးရဘက်ကော၊ ကျန်းမာရေးဝန်ထမ်းတွေဘက်ကော၊ ၃ ဦးဖလှယ်ပြောရမှာပေါ့၊ ပြည်သူတွေရော အားလုံးလက်ခံနိုင်မယ့် ဒီ မဇ္ဇိမပဋိပဋာလမ်းကြောင်းကို ရွေးချယ်နိုင်ပြီးတော့၊ ယှဉ်တွဲပြီးတော့ ထိခိုက်နစ်နာမူ အနည်းဆုံးနဲ့ နေသွားနိုင်လိမ့်မယ်လို့ ကျွန်တော့အနေနဲ့ ထင်မြင်ပါတယ်။

ဝင်းမင်း ။ ။ အခုလို ဒီကျယ်ကျယ်ပြန့်ပြန့်၊ ပြည့်ပြည့်စုံစုံ၊ ရေရှည်အတွက်ပါ ထည့်ရှင်းပြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။

XS
SM
MD
LG