သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ေရာက္ ျမန္မာေတြ COVID-19 စည္းကမ္းေတြနဲ႔အညီ ႀကိဳတင္မဲေပး


အင္ဒီယားနားျပည္နယ္ ဖုိ႔ဝိန္းၿမိဳ႕ မဲ႐ုံခြဲ။ (ေအာက္တိုဘာ ၁၁၊ ၂၀၂၀။ ဓာတ္ပုံ - DC Myanmar Embassy)

(Zawgyi / Unicode)

ကိုဗစ္ကပ္ေရာဂါ ကာလအတြင္း ကူးစက္မႈတားဆီးႏုိင္ေရး လမ္းညႊန္ခ်က္ေတြနဲ႔အညီ ျမန္မာႏိုင္ငံသားအမ်ားစု ေနထုိင္ရာ အေမရိကန္ျပည္ေထာင္စု အင္ဒီယားနားျပည္နယ္ ဖို႔ဝိန္းၿမဳိ႕မွာ ၂၀၂၀ ေရြးေကာက္ပဲြအတြက္ ႀကဳိတင္မဲ ဘယ္လိုေပးခဲ့ၾကသလဲ ဆိုတဲ့အေၾကာင္း ကုိဉာဏ္ဝင္းေအာင္ စုစည္းတင္ျပထားပါတယ္။

ႏိုဝင္ဘာ ၈ ရက္ ျမန္မာႏိုင္ငံမွာ က်င္းပမယ့္ ၂၀၂၀ အေထြေထြ ေရြးေကာက္ပဲြအတြက္ အေမရိကန္ျပည္ေထာင္စု ျပည္နယ္ ၅၀ ရွိတဲ့အထဲ ၁၂ ျပည္နယ္က ျမန္မာႏိုင္ငံသားေတြ အင္ဒီယားနားျပည္နယ္ ဖို႔ဝိန္းၿမဳိ႕မဲ႐ုံခဲြမွာ ေအာက္တုိဘာ ၁၁ ရက္ တနဂၤေႏြေန႔က ႀကဳိတင္မဲ လာေပးၾကတာပါ။

ပုံမွန္အားျဖင့္ ဝါရွင္တန္ဒီစီ၊ နယူးေယာက္နဲ႔ ေလာ့စ္အိန္ဂ်လိစ္ၿမဳိ႕ေတြက ျမန္မာသံ႐ုံး၊ ေကာင္စစ္ဝန္႐ုံး မဲ႐ုံေတြမွာသာ ျမန္မာႏိုင္ငံသားေတြ လာေရာက္ မဲေပးေလ့ရွိပါတယ္။ ဒီ ၂၀၂၀ ေရြးေကာက္ပဲြအတြက္ အင္ဒီယားနားျပည္နယ္ ဖို႔ဝိန္းၿမဳိ႕မွာ ဘာေၾကာင့္ မဲ႐ုံခဲြတခု ဖြင့္လွစ္ရသလဲ ဆိုတဲ့အေၾကာင္းကုိေတာ့ ဖို႔ဝိန္းမဲ႐ုံခဲြမွာ တာဝန္က်ေနတဲ့ ဝါရွင္တန္ဒီစီ ျမန္မာသံ႐ုံး ဒုအတြင္းဝန္ ေဒၚစုစုေအာင္က ဗြီအုိေအကို ရွင္းျပပါတယ္။

“ဝါရွင္တန္ဒီစီသံ႐ုံးမွာ လာေပးရတဲ့ ျပည္နယ္အမ်ားႀကီးထဲမွာမွ ဒီဖို႔ဝိန္းကို ေရြးၿပီးေတာ့ ဖြင့္လွစ္လိုက္တာက ကိုဗစ္ကာလ ျဖစ္ေနတဲ့အတြက္ သြားေရးလာေရး ခက္ခဲတယ္ေပါ့ေနာ္။ ခရီးသြားလာေရး လြယ္ကူေစခ်င္တဲ့အတြက္ လာဖြင့္တာပါ။”

ဖုိ႔ဝိန္းၿမိဳ႕ မဲ႐ုံခြဲမွာ မဲလာေပးသူေတြကို အဖ်ားတုိင္းေနတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၁၁၊ ၂၀၂၀။ ဓာတ္ပုံ - DC Myanmar Embassy)
ဖုိ႔ဝိန္းၿမိဳ႕ မဲ႐ုံခြဲမွာ မဲလာေပးသူေတြကို အဖ်ားတုိင္းေနတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၁၁၊ ၂၀၂၀။ ဓာတ္ပုံ - DC Myanmar Embassy)


ဖို႔ဝိန္းမဲ႐ုံခဲြမွာလည္း မဲေပးသူေတြအတြက္ ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္တားဆီးေရး CDC လမ္းညႊန္ခ်က္ေတြနဲ႔အညီ ေဆာင္ရြက္ထားေၾကာင္း ေဒၚစုစုေအာင္က ေျပာပါတယ္။

“ဒီ CDC guideline လမ္းညႊန္ခ်က္နဲ႔အညီ က်မတို႔ ေဆာင္ရြက္ထားပါတယ္။ ပထမဆုံး စဝင္တာနဲ႔ က်မတို႔ အဖ်ားတိုင္းတယ္။ အဖ်ားမရွိဘူးဆိုမွ သူ႔ကို အေထာက္အထား စစ္ပါတယ္။ Register လုပ္ စာရင္းသြင္းတယ္၊ မဲေပးဖို႔ တန္းစီတယ္ေပါ့ေနာ္။ အဲဒီလို တန္းစီတဲ့အခါမွာလည္း အားလုံးကို ၆ ေပျခားနဲ႔ ခဲြထားေပးတယ္ေပါ့။ ဒီမွာ တာဝန္က်တဲ့ မဲ႐ုံမွဴးေတြ တာဝန္က်သူေတြကလည္း Mask ႏွာေခါင္းစည္းတပ္ရတယ္၊ လက္အိတ္စြတ္ထားရတယ္။ လာေပးတဲ့သူေတြမွာလည္း ႏွာေခါင္းစည္းမပါရင္္ တပ္ေပးတယ္၊ ဟန္းဂ်ယ္ သုံးခိုင္းတယ္ေပါ့။ အားလုံးက Social distancing အတိုင္း သြားပါတယ္ရွင့္။”

ဖို႔ဝိန္းမဲ႐ုံခဲြမွာ အင္ဒီးယားနား၊ မင္နီဆုိးတား၊ အီလီႏြြိဳင္း၊ မစ္ဇိုရီ၊ ကန္တပ္ကီ၊ အုိင္အိုဝါ၊ ဝစ္(စ)ကြန္ဆင္၊ အိုဟုိင္းယုိး၊ မီခ်ီဂန္၊ နီဘရားစကား၊ ကုိ႐ုိရားဒိုး စတဲ့ ျပည္နယ္ ၁၂ ခုက မဲဆႏၵရွင္ ၁၁၂ ဦး လာေရာက္မဲေပးခဲ့ၾကတာ ျဖစ္ပါတယ္။ အင္ဒီးယားနားျပည္နယ္က မဲေပးသူ ၄၅ ဦးရွိတဲ့အထဲမွာ ဖို႔ဝိန္းၿမဳိ႕က ေဒၚနီလာေရႊလည္း ပါဝင္ပါတယ္။

“က်မတို႔ ႏို္င္ငံသားတေယာက္ရဲ႕ အခြင့္အေရးေတြ အျပည့္အဝရွိေအာင္လို႔ မိမိဆႏၵနဲ႔အညီ ကိုဗစ္ျဖစ္ေနပေမယ့္လည္း မဲလာေပးတာပါရွင္။ မဲေပးပုံ ေပးနည္းကိုေပါ့ေနာ္၊ ဘယ္လိုေပးရမယ္ဆိုတာကို သူတုိ႔ ေကာ္မရွင္က ထုတ္ျပန္ထားတဲ့ ပုံစံေတြနဲ႔အညီ က်မတို႔ကို ရွင္းျပတယ္။ က်မတုိ႔က အဲဒါေတြကို နားလည္ၿပီးတဲ့အတြက္ အထဲကိုဝင္လာၿပီးေတာ့ ကိုယ္ မဲေပးရမယ့္ မဲျပားေတြ မွန္မမွန္ စစ္တယ္။ သူမ်ားေတြက မဲျပားေပၚ ျခစ္ထားလား မျခစ္ထားဘူးလား ... လႊတ္ေတာ္ကေရာ ဘယ္လိုပုံစံေတြလဲ အဲလိုဟာေတြေရာ မွန္ရဲ႕လား၊ အဲဒါေတြ က်မတို႔ၾကည့္တယ္။ မွန္တယ္ဆိုေတာ့မွ က်မတို႔က လွ်ဳိ႕ဝွက္မဲေပးခန္းထဲ ဝင္ၿပီးေတာ့ ကိုယ္မဲေပးလိုတဲ့ ဆႏၵရွိသူကို ေပးခဲ့ပါတယ္။”

ဖို႔ဝိန္းၿမဳိ႕ထဲမွာ မဲဆြယ္စည္း႐ုံးမႈတခ်ဳိ႕ ရွိေပမယ့္ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပဲြျဖစ္ေအာင္ လုပ္ေဆာင္ထားတယ္လို႔ သံ႐ုံး ဒုအတြင္းဝန္ ေဒၚစုစုေအာင္က ေျပာပါတယ္။

“သူတို႔ ဒီၿမဳိ႕နယ္မွာေတာ့ မဲဆြယ္စည္း႐ုံးတာေတြ ေတြ႔ရပါတယ္။ ဒါေပမယ့္ က်မတုိ႔က က်မတို႔မဲ႐ုံနဲ႔ ကုိက္ ၅၀၀ အတြင္းမွာ မဲဆြယ္စည္း႐ုံးမႈ ဘာမွမရွိရေအာင္ စီစဥ္ထားပါတယ္။ သံတမန္ေရးရာ လုံၿခဳံေရးတပ္ဖဲြ႔ Diplomatic Security Service ကိုလည္း အေၾကာင္းၾကားထားတာဆိုေတာ့ သူတို႔လည္းရွိေနပါတယ္၊ လုံၿခဳံေရးအရေပါ့။ ဒီမဲ႐ုံရဲ႕ ကုိက္ ၅၀၀ ပတ္ပတ္လည္မွာ ဘာ မဲဆြယ္စည္း႐ုံးမႈမွ မရွိပါဘူး။ လြတ္လပ္တရားမွ်တတဲ့ ေရြးေကာက္ပဲြ ျဖစ္ရမယ္ဆိုတဲ့ ရည္မွန္းခ်က္နဲ႔အညီ လို္က္နာၿပီးေတာ့မွ ေဆာင္ရြက္တာပါ။”

၂၀၁၅ ေရြးေကာက္ပဲြထက္စာရင္ ၂၀၂၀ ေရြးေကာက္ပဲြအတြက္ အေမရိကန္မွာ ႀကဳိတင္မဲေပးဖို႔ စာရင္းသြင္းထားသူ ပုိမ်ားလာတယ္လို႔ ဝါရွင္တန္ဒီစီ ျမန္မာသံ႐ုံး တာဝန္ရွိသူေတြက ေျပာပါတယ္။ ၂၀၂၀ အတြက္ ဝါရွင္တန္ဒီစီ သံ႐ုံးမဲ႐ုံမွာ ႀကဳိတင္မဲေပးဖုိ႔ စာရင္းသြင္းထားသူေပါင္း ၃၂၄ ေယာက္ရွိၿပီး ဒါဟာ ၂၀၁၅ တုန္းက မဲလာေပးသူဦးေရ ၁၄၀ ေက်ာ္ထက္စာရင္ ႏွစ္ဆပုိမ်ားလာတဲ့ သေဘာ ျဖစ္ပါတယ္။

အေမရိကန္တႏိုင္ငံလုံး အတိုင္းအတာအရ ျမန္မာသံ႐ုံး၊ ေကာင္စစ္ဝန္႐ုံး မဲ႐ုံ ၄ ခုမွာ မဲေပးဖို႔ စာရင္းေပါက္သူ စုစုေပါင္း ၁,၅၀၀ ေက်ာ္ရွိတယ္လို႔ ျမန္မာသံ႐ုံးက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အမေရိကန်ရောက် မြန်မာတွေ COVID-19 စည်းကမ်းတွေနဲ့အညီ ကြိုတင်မဲပေး

ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ကူးစက်မှုတားဆီးနိုင်ရေး လမ်းညွှန်ချက်တွေနဲ့အညီ မြန်မာနိုင်ငံသားအများစု နေထိုင်ရာ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ဘယ်လိုပေးခဲ့ကြသလဲ ဆိုတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

နိုဝင်ဘာ ၈ ရက် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် အမေရိကန်ပြည်ထောင်စု ပြည်နယ် ၅၀ ရှိတဲ့အထဲ ၁၂ ပြည်နယ်က မြန်မာနိုင်ငံသားတွေ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မဲရုံခွဲမှာ အောက်တိုဘာ ၁၁ ရက် တနင်္ဂနွေနေ့က ကြိုတင်မဲ လာပေးကြတာပါ။

ပုံမှန်အားဖြင့် ဝါရှင်တန်ဒီစီ၊ နယူးယောက်နဲ့ လော့အိန်ဂျလိစ်မြို့တွေက မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံး မဲရုံတွေမှာသာ မြန်မာနိုင်ငံသားတွေ လာရောက် မဲပေးလေ့ရှိပါတယ်။ ဒီ ၂၀၂၀ ရွေးကောက်ပွဲအတွက် အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ဘာကြောင့် မဲရုံခွဲတခု ဖွင့်လှစ်ရသလဲ ဆိုတဲ့အကြောင်းကိုတော့ ဖို့ဝိန်းမဲရုံခွဲမှာ တာဝန်ကျနေတဲ့ ဝါရှင်တန်ဒီစီ မြန်မာသံရုံး ဒုအတွင်းဝန် ဒေါ်စုစုအောင်က ဗွီအိုအေကို ရှင်းပြပါတယ်။

“ဝါရှင်တန်ဒီစီသံရုံးမှာ လာပေးရတဲ့ ပြည်နယ်အများကြီးထဲမှာမှ ဒီဖို့ဝိန်းကို ရွေးပြီးတော့ ဖွင့်လှစ်လိုက်တာက ကိုဗစ်ကာလ ဖြစ်နေတဲ့အတွက် သွားရေးလာရေး ခက်ခဲတယ်ပေါ့နော်။ ခရီးသွားလာရေး လွယ်ကူစေချင်တဲ့အတွက် လာဖွင့်တာပါ။”

ဖုိ႔ဝိန္းၿမိဳ႕မွာ မဲေပးဖုိ႔ တန္းစီေစာင့္ဆိုိင္းေနသူတခ်ဳိ႕။ (ေအာက္တုိဘာ ၁၁၊ ၂၀၂၀။ ဓာတ္ပုံ - DC Myanmar Embassy)
ဖုိ႔ဝိန္းၿမိဳ႕မွာ မဲေပးဖုိ႔ တန္းစီေစာင့္ဆိုိင္းေနသူတခ်ဳိ႕။ (ေအာက္တုိဘာ ၁၁၊ ၂၀၂၀။ ဓာတ္ပုံ - DC Myanmar Embassy)

ဖို့ဝိန်းမဲရုံခွဲမှာလည်း မဲပေးသူတွေအတွက် ရောဂါကူးစက်မှု ထိန်းချုပ်တားဆီးရေး CDC လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်ထားကြောင်း ဒေါ်စုစုအောင်က ပြောပါတယ်။

“ဒီ CDC guideline လမ်းညွှန်ချက်နဲ့အညီ ကျမတို့ ဆောင်ရွက်ထားပါတယ်။ ပထမဆုံး စဝင်တာနဲ့ ကျမတို့ အဖျားတိုင်းတယ်။ အဖျားမရှိဘူးဆိုမှ သူ့ကို အထောက်အထား စစ်ပါတယ်။ Register လုပ် စာရင်းသွင်းတယ်၊ မဲပေးဖို့ တန်းစီတယ်ပေါ့နော်။ အဲဒီလို တန်းစီတဲ့အခါမှာလည်း အားလုံးကို ၆ ပေခြားနဲ့ ခွဲထားပေးတယ်ပေါ့။ ဒီမှာ တာဝန်ကျတဲ့ မဲရုံမှူးတွေ တာဝန်ကျသူတွေကလည်း Mask နှာခေါင်းစည်းတပ်ရတယ်၊ လက်အိတ်စွတ်ထားရတယ်။ လာပေးတဲ့သူတွေမှာလည်း နှာခေါင်းစည်းမပါရင် တပ်ပေးတယ်၊ ဟန်းဂျယ် သုံးခိုင်းတယ်ပေါ့။ အားလုံးက Social distancing အတိုင်း သွားပါတယ်ရှင့်။”

ဖို့ဝိန်းမဲရုံခွဲမှာ အင်ဒီးယားနား၊ မင်နီဆိုးတား၊ အီလီနွိုင်း၊ မစ်ဇိုရီ၊ ကန်တပ်ကီ၊ အိုင်အိုဝါ၊ ဝစ်(စ)ကွန်ဆင်၊ အိုဟိုင်းယိုး၊ မီချီဂန်၊ နီဘရားစကား၊ ကိုရိုရားဒိုး စတဲ့ ပြည်နယ် ၁၂ ခုက မဲဆန္ဒရှင် ၁၁၂ ဦး လာရောက်မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ အင်ဒီးယားနားပြည်နယ်က မဲပေးသူ ၄၅ ဦးရှိတဲ့အထဲမှာ ဖို့ဝိန်းမြို့က ဒေါ်နီလာရွှေလည်း ပါဝင်ပါတယ်။

“ကျမတို့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးတွေ အပြည့်အဝရှိအောင်လို့ မိမိဆန္ဒနဲ့အညီ ကိုဗစ်ဖြစ်နေပမေယ့်လည်း မဲလာပေးတာပါရှင်။ မဲပေးပုံ ပေးနည်းကိုပေါ့နော်၊ ဘယ်လိုပေးရမယ်ဆိုတာကို သူတို့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ပုံစံတွေနဲ့အညီ ကျမတို့ကို ရှင်းပြတယ်။ ကျမတို့က အဲဒါတွေကို နားလည်ပြီးတဲ့အတွက် အထဲကိုဝင်လာပြီးတော့ ကိုယ် မဲပေးရမယ့် မဲပြားတွေ မှန်မမှန် စစ်တယ်။ သူများတွေက မဲပြားပေါ် ခြစ်ထားလား မခြစ်ထားဘူးလား ... လွှတ်တော်ကရော ဘယ်လိုပုံစံတွေလဲ အဲလိုဟာတွေရော မှန်ရဲ့လား၊ အဲဒါတွေ ကျမတို့ကြည့်တယ်။ မှန်တယ်ဆိုတော့မှ ကျမတို့က လျှို့ဝှက်မဲပေးခန်းထဲ ဝင်ပြီးတော့ ကိုယ်မဲပေးလိုတဲ့ ဆန္ဒရှိသူကို ပေးခဲ့ပါတယ်။”

ဖို့ဝိန်းမြို့ထဲမှာ မဲဆွယ်စည်းရုံးမှုတချို့ ရှိပေမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်ထားတယ်လို့ သံရုံး ဒုအတွင်းဝန် ဒေါ်စုစုအောင်က ပြောပါတယ်။

“သူတို့ ဒီမြို့နယ်မှာတော့ မဲဆွယ်စည်းရုံးတာတွေ တွေ့ရပါတယ်။ ဒါပေမယ့် ကျမတို့က ကျမတို့မဲရုံနဲ့ ကိုက် ၅၀၀ အတွင်းမှာ မဲဆွယ်စည်းရုံးမှု ဘာမှမရှိရအောင် စီစဉ်ထားပါတယ်။ သံတမန်ရေးရာ လုံခြုံရေးတပ်ဖွဲ့ Diplomatic Security Service ကိုလည်း အကြောင်းကြားထားတာဆိုတော့ သူတို့လည်းရှိနေပါတယ်၊ လုံခြုံရေးအရပေါ့။ ဒီမဲရုံရဲ့ ကိုက် ၅၀၀ ပတ်ပတ်လည်မှာ ဘာ မဲဆွယ်စည်းရုံးမှုမှ မရှိပါဘူး။ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့အညီ လိုက်နာပြီးတော့မှ ဆောင်ရွက်တာပါ။”

၂၀၁၅ ရွေးကောက်ပွဲထက်စာရင် ၂၀၂၀ ရွေးကောက်ပွဲအတွက် အမေရိကန်မှာ ကြိုတင်မဲပေးဖို့ စာရင်းသွင်းထားသူ ပိုများလာတယ်လို့ ဝါရှင်တန်ဒီစီ မြန်မာသံရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၂၀ အတွက် ဝါရှင်တန်ဒီစီ သံရုံးမဲရုံမှာ ကြိုတင်မဲပေးဖို့ စာရင်းသွင်းထားသူပေါင်း ၃၂၄ ယောက်ရှိပြီး ဒါဟာ ၂၀၁၅ တုန်းက မဲလာပေးသူဦးရေ ၁၄၀ ကျော်ထက်စာရင် နှစ်ဆပိုများလာတဲ့ သဘော ဖြစ်ပါတယ်။

အမေရိကန်တနိုင်ငံလုံး အတိုင်းအတာအရ မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံး မဲရုံ ၄ ခုမှာ မဲပေးဖို့ စာရင်းပေါက်သူ စုစုပေါင်း ၁,၅၀၀ ကျော်ရှိတယ်လို့ မြန်မာသံရုံးက ပြောပါတယ်။

XS
SM
MD
LG