သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏို၀င္ဘာေရြးေကာက္ပဲြအတြက္ မေလးရွားေရာက္ ျမန္မာေတြ ႀကိဳတင္မဲေပး


မေလးရွားႏုိင္ငံမွာ၂၀၂၀ ေရြးေကာက္ပဲြအတြက္ႀကိဳတင္မဲေပးတဲ့ျမင္ကြင္း။ (ဓာတ္ပံု -ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ေအာက္တိုဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ေရွ႕လက်င္းပမယ့္ ေရြးေကာက္ပဲြအတြက္ မေလးရွားႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားေတြ ႀကိဳတင္မဲေတြ ဒီေန႔ကစ ေပးေနၾကတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးထားပါတယ္။

မေလးရွားႏုိင္ငံမွာ၂၀၂၀ ေရြးေကာက္ပဲြအတြက္ႀကိဳတင္မဲေပးတဲ့ျမင္ကြင္း။ (ဓာတ္ပံု -ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ေအာက္တိုဘာ ၀၉၊ ၂၀၂၀)
မေလးရွားႏုိင္ငံမွာ၂၀၂၀ ေရြးေကာက္ပဲြအတြက္ႀကိဳတင္မဲေပးတဲ့ျမင္ကြင္း။ (ဓာတ္ပံု -ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ေအာက္တိုဘာ ၀၉၊ ၂၀၂၀)

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားတဲ့ၾကားမွာပဲ မေလးရွားေရာက္ ျမန္မာႏုိင္ငံသားေတြ ႀကိဳတင္မဲ ေပးေနၾကတာပါ။ ဒီကေန႔ ပထမေန႔အျဖစ္ ျမန္မာသံ႐ုံးမွာ ႀကိဳတင္မဲေပးရာမွာေတာ့ သတ္မွတ္ထားတဲ့ မဲဆႏၵရွင္ အေရအတြက္ ျပည့္လုနီးပါး မဲေပးခဲ့ၾကတယ္လုိ႔လည္း သံအမတ္ႀကီး ဦးစိန္ဦးက ေျပာပါတယ္။

"က်ေနာ္တို႔ ဒီေန႔ဆိုရင္ စာရင္းေကာက္ေနတာ ခန္႔မွန္းစာရင္း ၁,၈၀၀ ေလာက္လာေပးၾကတယ္ က်ေနာ္တို႔မနက္ ၁၁ နာရီထိမွာပဲ ျပတ္သြားတယ္။ က်ေနာ္တို႔ မွန္းထားတဲ့ ၂,၀၀၀ ေလာက္ထိေတာ့ မေပးႏုိင္ေတာ့ဘူး။ ၁,၈၀၀ နည္းနည္းပဲေက်ာ္ပါမယ္။ အဲဒီေလာက္ေတာ့ေပးႏိုင္ပါတယ္။"

မေလးရွားႏုိင္ငံမွာ ကပ္ေရာဂါေၾကာင့္ အလုပ္အကုိင္နဲ႔ စား၀တ္ေနေရး အခက္အခဲေတြ ႀကံဳေနရခ်ိန္မွာပဲ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္အတြက္ လူမႈေရး အသင္းေတြ အကူအညီနဲ႔ စီစဥ္ခဲ့ၾကတာပါ။ နယ္ၿမိဳ႕ေတြကေန လာေရာက္မဲေပးမယ့္သူေတြ အပါအ၀င္ မေလးရွားေရာက္ ျမန္မာေတြ မဲေပးခြင့္ရဖုိ႔ ပရဟိတအဖဲြ႔ေတြက ကူညီခဲ့ၾကတဲ့ အေျခအေနကုိလည္း သံအမတ္ႀကီးက အခုလုိ ရွင္းျပပါတယ္။

"က်ေနာ္တို႔နဲ႔ ပူးေပါင္းျပီး လုပ္ၾကတဲ့ပရဟိတအဖဲြ ့အစည္းေတြ ရွိပါတယ္။ သူတုိ႔ေတြက ကားေတြ ငွားၿပီး expresss ကား ၆ စီးေလာက္ရွိတယ္။ သူတို႔က ကားငွားလာၾကျပီး အေ၀းကေန လူေတြ စုျပီးလာၾကတယ္။ က်ေနာ္တုိ႔ဆီက ပရဟိတအဖဲြ႔ေတြက ေကြ်းေမြးဧည့္ခံပါတယ္။ ကြာလာလမ္ပူေရာက္တုန္းမွာ မဲေပးျပီးတာနဲ႔ ေလွ်ာက္လည္ျပီး ၀ယ္စရာရွိတာေလးေတြ ၀ယ္ျပီးျပန္သြားၾကပါတယ္။"

မေလးရွားႏုိင္ငံမွာ ၃ ရက္ၾကာ ႀကိဳတင္မဲေပးတဲ့ အစီအစဥ္အတြက္ စားရင္းေပးသြင္းထားတဲ့ ျမန္မာႏိုင္ငံသား ၆,၀၀၀ ေက်ာ္ရွိျပီး တေန႔ကို လူ ၂,၀၀၀ ႏႈန္းနဲ႔ ႀကိဳတင္မဲေပးႏိုင္ဖိုိ့ ျမန္မာသံရံုးက စီစဥ္ထားတာပါ။ ႀကိဳတင္မဲေပးတဲ့ ပထမဆုံးေန႔မွာပဲ အစီအစဥ္အတုိင္း ေခ်ာေခ်ာေမာေမာ ရွိခဲ့ေၾကာင္းလည္း သံအမတ္ႀကီးကေျပာပါတယ္။

"က်ေနာ္တို႔ မဲရံုရဲ႕ အေနအထားေပၚ မူတည္ပါတယ္။ က်ေနာ္တို႔မွာ ခန္းမ က်ယ္ႀကီး ၂ ခုရွိတယ္။ ခန္းမ တခုကို မဲရံုတရံုဖြင့္တယ္။ ခန္းမ ၂ ခုရွိတယ္။ တရံုးကုိ လူ ၄၀၀ ေလာက္ဆန့္တယ္ ေနာက္ျပီးေတာ့ ကားပါကင္ကုိလည္း ကားေတြ မသြင္းထားေတာ့ အဲဒီေနရာမွာလည္းလူေတြ အားလံုး တန္းစီးခိုင္းထားေတာ့အျပင္မွာ တန္းစီစရာမလိုဘဲ သံရံုးထဲမွာပဲ လုပ္ခဲ့လို႔ တျပိဳင္တည္းျပီးသြားတာပါခင္ဗ်ာ။"

ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြ ႀကိဳတင္မဲေပးတဲ့ အစီအစဥ္ေတြကုိေတာ့ ထုိင္း၊ စကၤာပူနဲ႔ ေတာင္ကိုရီးယား အပါအ၀င္ အာရွႏိုင္ငံေတြမွာ ဒီလဆန္းကပဲ စတင္ခဲ့တာပါ။ ၀ါရွင္တန္ဒီစီ အပါအ၀င္ အေမရိကန္ျပည္ေထာင္စုမွာလည္း ျပည္ပေရာက္ျမန္မာႏုိင္ငံသားေတြ မနက္ျဖန္ကစ ႀကိဳတင္မဲေပးၾကမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုဝင်ဘာရွေးကောက်ပွဲအတွက် မလေးရှားရောက် မြန်မာတွေ ကြိုတင်မဲပေး

မြန်မာနိုင်ငံမှာ ရှေ့လကျင်းပမယ့် ရွေးကောက်ပွဲအတွက် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲတွေ ဒီနေ့ကစ ပေးနေကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးထားပါတယ်။

ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတဲ့ကြားမှာပဲ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးနေကြတာပါ။ ဒီကနေ့ ပထမနေ့အဖြစ် မြန်မာသံရုံးမှာ ကြိုတင်မဲပေးရာမှာတော့ သတ်မှတ်ထားတဲ့ မဲဆန္ဒရှင် အရေအတွက် ပြည့်လုနီးပါး မဲပေးခဲ့ကြတယ်လို့လည်း သံအမတ်ကြီး ဦးစိန်ဦးက ပြောပါတယ်။

"ကျနော်တို့ ဒီနေ့ဆိုရင် စာရင်းကောက်နေတာ ခန့်မှန်းစာရင်း ၁,၈၀၀ လောက်လာပေးကြတယ် ကျနော်တို့မနက် ၁၁ နာရီထိမှာပဲ ပြတ်သွားတယ်။ ကျနော်တို့ မှန်းထားတဲ့ ၂,၀၀၀ လောက်ထိတော့ မပေးနိုင်တော့ဘူး။ ၁,၈၀၀ နည်းနည်းပဲကျော်ပါမယ်။ အဲဒီလောက်တော့ပေးနိုင်ပါတယ်။"

မလေးရှားနိုင်ငံမှာ ကပ်ရောဂါကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရချိန်မှာပဲ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက် လူမှုရေး အသင်းတွေ အကူအညီနဲ့ စီစဉ်ခဲ့ကြတာပါ။ နယ်မြို့တွေကနေ လာရောက်မဲပေးမယ့်သူတွေ အပါအဝင် မလေးရှားရောက် မြန်မာတွေ မဲပေးခွင့်ရဖို့ ပရဟိတအဖွဲ့တွေက ကူညီခဲ့ကြတဲ့ အခြေအနေကိုလည်း သံအမတ်ကြီးက အခုလို ရှင်းပြပါတယ်။

"ကျနော်တို့နဲ့ ပူးပေါင်းပြီး လုပ်ကြတဲ့ပရဟိတအဖွဲ့အစည်းတွေ ရှိပါတယ်။ သူတို့တွေက ကားတွေ ငှားပြီး expresss ကား ၆ စီးလောက်ရှိတယ်။ သူတို့က ကားငှားလာကြပြီး အဝေးကနေ လူတွေ စုပြီးလာကြတယ်။ ကျနော်တို့ဆီက ပရဟိတအဖွဲ့တွေက ကျွေးမွေးဧည့်ခံပါတယ်။ ကွာလာလမ်ပူရောက်တုန်းမှာ မဲပေးပြီးတာနဲ့ လျှောက်လည်ပြီး ဝယ်စရာရှိတာလေးတွေ ဝယ်ပြီးပြန်သွားကြပါတယ်။"

မေလးရွားႏုိင္ငံမွာ၂၀၂၀ ေရြးေကာက္ပဲြအတြက္ႀကိဳတင္မဲေပးတဲ့ျမင္ကြင္း။ (ဓာတ္ပံု -ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ေအာက္တိုဘာ ၀၉၊ ၂၀၂၀)
မေလးရွားႏုိင္ငံမွာ၂၀၂၀ ေရြးေကာက္ပဲြအတြက္ႀကိဳတင္မဲေပးတဲ့ျမင္ကြင္း။ (ဓာတ္ပံု -ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ေအာက္တိုဘာ ၀၉၊ ၂၀၂၀)

မလေးရှားနိုင်ငံမှာ ၃ ရက်ကြာ ကြိုတင်မဲပေးတဲ့ အစီအစဉ်အတွက် စားရင်းပေးသွင်းထားတဲ့ မြန်မာနိုင်ငံသား ၆,၀၀၀ ကျော်ရှိပြီး တနေ့ကို လူ ၂,၀၀၀ နှုန်းနဲ့ ကြိုတင်မဲပေးနိုင်ဖို့ မြန်မာသံရုံးက စီစဉ်ထားတာပါ။ ကြိုတင်မဲပေးတဲ့ ပထမဆုံးနေ့မှာပဲ အစီအစဉ်အတိုင်း ချောချောမောမော ရှိခဲ့ကြောင်းလည်း သံအမတ်ကြီးကပြောပါတယ်။

"ကျနော်တို့ မဲရုံရဲ့ အနေအထားပေါ် မူတည်ပါတယ်။ ကျနော်တို့မှာ ခန်းမ ကျယ်ကြီး ၂ ခုရှိတယ်။ ခန်းမ တခုကို မဲရုံတရုံဖွင့်တယ်။ ခန်းမ ၂ ခုရှိတယ်။ တရုံးကို လူ ၄၀၀ လောက်ဆန့်တယ် နောက်ပြီးတော့ ကားပါကင်ကိုလည်း ကားတွေ မသွင်းထားတော့ အဲဒီနေရာမှာလည်းလူတွေ အားလုံး တန်းစီးခိုင်းထားတော့အပြင်မှာ တန်းစီစရာမလိုဘဲ သံရုံးထဲမှာပဲ လုပ်ခဲ့လို့ တပြိုင်တည်းပြီးသွားတာပါခင်ဗျာ။"

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးတဲ့ အစီအစဉ်တွေကိုတော့ ထိုင်း၊ စင်္ကာပူနဲ့ တောင်ကိုရီးယား အပါအဝင် အာရှနိုင်ငံတွေမှာ ဒီလဆန်းကပဲ စတင်ခဲ့တာပါ။ ဝါရှင်တန်ဒီစီ အပါအဝင် အမေရိကန်ပြည်ထောင်စုမှာလည်း ပြည်ပရောက်မြန်မာနိုင်ငံသားတွေ မနက်ဖြန်ကစ ကြိုတင်မဲပေးကြမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG