သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖားကန္႔ေရမေဆးလုပ္သားမ်ား မဲေပးခြင့္ဆံုးရံႈးဖြယ္ရွိ


ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕မွာ ေက်ာက္မ်က္မ်ားတူးေဖာ္ေနသူမ်ား။ (ႏို၀င္ဘာ ၂၅၊ ၂၀၁၅)

[Zawgyi/Unicode]

ကခ်င္ျပည္နယ္ ဖားကန္႔ေဒသမွာ ေရမေဆးေက်ာက္တူးသမား ေရႊ႕ေျပာင္းလုပ္သား သိန္းနဲ႔ခ်ီ မဲေပးခြင့္ဆံံုးရံႈးရႏိုင္တဲ့ အေျခအေနျဖစ္ေနလို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ နယ္ေျမခံေတြရဲ႕ စိုးရိမ္ခ်က္ စုစည္းတင္ျပေပးခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က ေျပာျပေပးထားပါတယ္။

ကခ်င္ျပည္နယ္ ဖားကန္႔ေဒသ ေက်ာက္စိမ္းတြင္းလုပ္ကြက္ေတြမွာ ျမန္မာနုိင္ငံတဝန္းက သိန္းနဲ႔ခ်ီတဲ့ ေရႊ႕ေျပာင္းအလုပ္သမား ေရမေဆးေက်ာက္ရွာေဖြတဲ့ ေက်ာက္စိမ္းတြင္းလုပ္ငန္းေတြမွာ နွစ္ေတြ၊ လေတြနဲ႔ခ်ီ လာေရာက္အလုပ္လုပ္ကိုင္ ရွာေဖြ စားေသာက္ေနၾကတာျဖစ္ပါတယ္။ ဒီလိုသိန္းခ်ီတဲ့ ေက်ာက္စိမ္းတြင္းက ေရႊ႕ေျပာင္းအလုပ္သမားေတြ ဖားကန္႔မွာေနထိုင္ေၾကာင္း သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြဘက္က ေထာက္ခံမႈမေပးတဲ့အေနအထားျဖစ္ေနလို႔ သူတို႔ေတြအတြက္ လာမယ့္ ၂၀၂၀ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲမွာ ႏုိင္ငံသားတို႔ရဲ႕အခြင့္အေရးနဲ႔အညီ မဲေပးခြင့္ဆံုးရံႈးရေတာ့မယ့္အေျခအေနျဖစ္ေနတယ္လို႔ နယ္ေျမခံျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ကေျပာျပပါတယ္။

ဖားကန္႔ေဒသက ေရႊ႔ေျပာင္းအလုပ္သမားေတြ မဲေပးခြင့္ရေရး ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ထံကို ဒီကေန႔ အဂၤါေန႔မွာပဲ အေရးတၾကီးေဆာင္ရြက္ေပးဖို႔ စာေပးပို႔ေတာင္းဆိုထားတယ္လို႔ ဖားကန္႔ေဒသက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင့္စိုးက ဗီြအိုေအျမန္မာပိုင္းကိုေျပာျပပါတယ္။

"ဒီ Migrants ေတြအတြက္ကို မိမိရဲ႕ မဲဆႏၵနယ္ျပင္ပေရာက္ ျပည္သူမ်ား မဲေပးခြင့္ရရွိေရး ပံုစံ(၃) က၊ ခ ေတြနဲ႔ က်ေနာ္တို႔ ေလွ်ာက္ေပးပါတယ္ခင္ဗ်။ အဲ့လိုေလွ်ာက္ေပးတဲ့ေနရာမွာ ခက္ေနတာက က်ေနာ္တို႔ဒီမွာ ရွိတဲ့ Migrants ေတြက မိမိတို႔ေဒသေတြနဲ႔ အဆက္အသြယ္ျပတ္ေနၾကတာလည္း ၾကာေနတဲ့သူေတြမ်ားတယ္ခင္ဗ်။ အဲ့မွာ ေကာ္မရွင္က မိမိမဲဆနၵနယ္ေျမမွာပါတဲ့ အမွတ္စာရင္းပါ ထည့္ေပးရမယ္ဆိုတဲ့အခ်က္က ပါတယ္။ အဲ့ေတာ့ မဲဆႏၵနယ္ေတြနဲ႔ အဆက္အသြယ္ျပတ္ေနတဲ့ သူေတြက မဲနံပတ္ကို ထည့္ေပးဖို႔ ေတာ္ေတာ္ေလးကို အခက္အခဲျဖစ္ေနတယ္ခင္ဗ်။ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးကေရာ ေကာ္မရွင္ကေရာ မဲစာရင္းအမွတ္စဥ္မပါတဲ့အတြက္ သူတို႔လက္မွတ္မထိုးႏုိင္ဘူးဆိုၿပီး ျငင္းဆန္ေနတဲ့အတြက္ ဒီမွာ မဲေပးခြင့္ဆံုးရံႈးရမယ့္ အေနအထားျဖစ္ေနတယ္ခင္ဗ်။ အဲ့ဒီ့အေနအထားကို က်ေနာ္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကို ဒီကေန႔ပဲ တင္ျပလိုက္ပါတယ္။ ရက္ကလည္း ကပ္ေနၿပီဆိုတဲ့အတြက္ေၾကာင့္ အေတာ္ေလးကို ခက္ခဲတဲ့အေနအထားျဖစ္ေနပါတယ္ခင္ဗ်။"

အနည္းဆံုး ရက္ေပါင္း ၉၀ ထက္ မနည္း မဲဆနၵနယ္ျပင္ပေရာက္ေနတဲ့ မဲဆႏၵရွင္ေတြ မိမိတို႔ေနရပ္မွာ သြားမေပးႏုိင္ရင္ ကိုယ္ေရာက္ေနတဲ့ေနရာမွာ မဲေပးခြင့္ရေရးသက္ဆိုင္ရာ ရပ္ကြက္ေက်းရြာ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲေတြဆီမွာ ေလွ်ာက္နုိင္တယ္လို႔ ဆိုထားတဲ့အတြက္ ရပ္ကြက္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြကို ေကာ္မရွင္အေနနဲ႔ ဖားကန္႔အတြက္ ညႊန္ၾကားခ်က္ထုတ္ေပးေစခ်င္တယ္လို႔လည္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးတင့္စိုးက တိုက္တြန္းပါတယ္။

"ေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ေျဖေလ်ာ့ေပးလိုက္မယ္ဆိုရင္ ေတာ္ေတာ္ေလး အဆင္ေျပသြားမွာပါခင္ဗ် က်ေနာ္တို႔ဆီမွာကလည္း ဒီ Migrants ေတြက သိန္းနဲ႔ခ်ီကို ရွိတာေလ။ သိန္းနဲ႔ခ်ီတဲ့လူေတြ မဲေပးဖို႔ကလည္း ေတာ္ေတာ္ေလး အခက္အခဲျဖစ္ေနတယ္။ဒီက ေအာက္ေျခ ရာအိမ္မွဴး၊ ဆယ္အိမ္မွဴးေတြကလည္း ဒီမွာေရာက္ေနတဲ့သူေတြ ရက္ေပါင္း ၉၀ ဆက္တုိက္ေနထိုင္ခြင့္ ဆိုတာေလးကို လက္မွတ္ထိုးေပးဖို႔ဆိုတာ ေတာ္ေတာ္ေလးကို အခက္အခဲျဖစ္ေနတယ္။ တကယ္ေတာ့ ဒီလူေတြဟာ ရက္ေပါင္း ၉၀ တင္မကဘူး တခ်ိဳ႕ဆို ႏွစ္နဲ႔ခ်ီၿပီး ၄-၅၊ ၁၀နွစ္အထိကို ေနေနၾကတဲ့သူေတြ မ်ားတယ္။ ရက္ေပါင္း ၉၀ ေနတာကို ေထာက္ခံေပးတာကို ဘယ္ေလာက္မွလည္း ခက္ခဲတဲ့အေနအထား မဟုတ္ဘဲ ဒါကို ဒီက အုပ္ခ်ဳပ္ေရးက ျငင္းဆန္ေနတဲ့အတြက္ က်ေနာ္တို႔မွာ ဒါက ေတာ္ေတာ္ေလး အခက္အခဲျဖစ္ေနတယ္။ ေကာ္မရွင္ကလည္း လက္မခံဘူး၊ အုပ္ခ်ဳပ္ေရးကလည္း လက္မွတ္မထိုးေပးဘူးဆိုရင္မဲေပးခြင့္ဆံုးရံႈးရမယ့္ စိုးရိမ္စရာအေနအထားကို ေရာက္ေနတယ္။ ဒါတင္မကေသးဘူး ပံုစံ ၃ လည္း မေလွ်ာက္လည္းမေလွ်ာက္ရေသးဘူး။ မဲေပးမယ့္ရက္ကလည္း ကပ္ေနလို႔ မဲေပးခြင့္ဆံုးရံႈးရမယ့္သူကလည္း ေသာင္းနဲ႔ခ်ီ ရွိေနပါေသးတယ္ခင္ဗ်။ ဒါေၾကာင့္ ဒီေန႔ပဲ က်ေနာ္တို႔ ဗဟိုေရြးေကာက္ပြဲေကာ္မရွင္ထံကို တင္ျပထားပါတယ္ခင္ဗ်။"

ကပ္ေရာဂါ ကိုဗစ္၁၉ ေရာဂါကူးစက္မႈေတြျဖစ္ေနလို႔ ဖားကန္႔ေဒသမွာ အသြားအလာကန္႔သတ္မႈေတြရွိေနတဲ့ အေနအထားနဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြက ေနထိုင္ေၾကာင္းေထာက္ခံခ်က္မေပးတဲ့အတြက္ ဖားကန္႔ေဒသက ေရႊ႕ေျပာင္းေက်ာက္တူးသမားေတြမွာ ပံုစံ ၃ ေလွ်ာက္ထားခြင့္ နဲ႔ မဲေပးခြင့္ ဆံုးရံႈးရေတာ့မယ့္အေနအထားျဖစ္ေနတယ္လို႔လည္း ဖားကန္႔ေဒသခံ နယ္ေျမခံသတင္းသမား ကိုေဇာ္မိုးထက္က အေျခအေနေျပာျပပါတယ္။

"ပံုစံ(၃) လုပ္ေပးဖို႔ ဘာအခက္ခဲရွိတုန္းဆိုေတာ့ နံပတ္(၁)အခ်က္က ကိုဗစ္ျဖစ္ေနတယ္။ ဖားကန္႔မွာလည္း ပိုးေတြ႔လူနာေတြရွိလို႔ Stay Home နဲ႔ ကန္႔သတ္ထားေတာ့ သြားဖို႔လာဖို႔ ခက္ခဲတယ္။ ေနာက္တခါ တခ်ိဳ႕ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြက ေထာက္ခံခ်က္ မေပးခ်င္ဘူးဗ်။ အဓိက အဲ့ဒီ့ျပႆနာေပါ့။ အဲ့ဒိီ့ေထာက္ခံခ်က္မေပးတဲ့အတြက္ ဖားကန္႔မွာက အနည္းဆံုးမရွိဘူးဆို သိန္းဂဏန္းရွိနုိင္တယ္။ က်ေနာ္တို႔ ခန္႔မွန္းတာေပါ့ေနာ္ ဖားကန္႔မွာ မဲေပးဖို႔ဆံုးရံႈးမယ့္သူ သိန္းဂဏန္းရွိတယ္။ အဲ့လိုမ်ိဳးေပါ့ေနာ္ ကိုဗစ္ျဖစ္ေနတာေရာ ကုမၸဏီေတြမွာ ေနာက္ခ်န္အင္အားနဲ႔ ေရႊ႕ေျပာင္းလုပ္သမားေတြ အျပင္ကိုထြက္လို႔မရတာေရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြရဲ႕ ရက္ေပါင္း ၉၀ ေနထိုင္ေၾကာင္း အဲ့တာေတြစုျဖစ္ေနတဲ့အတြက္ ဖားကန္႔မွာက မဲေပးခြင့္ဦးေရ ေတာ္ေတာ္မ်ားမ်ား ဆံုးရံႈးနုိင္တယ္။ သိန္းနဲ႔ခ်ီရွိႏိုင္တယ္ အနည္းဆံုး ေသာင္းခ်ီၿပီးကို ရွိနုိင္တယ္ေပါ့ေနာ္။ က်ေနာ္တို႔ လက္ရွိအေနအထား ဖားကန္႔က။"

၂၀၁၅ ေရြးေကာက္ပြဲကာလတုန္းက ဖားကန္႔ေဒသမွာ မဲေပးခြင့္ပံုစံ ၃ က ေလွ်ာက္ထားသူ ေသာင္းဂဏန္းရွိခဲ့ၿပီး ဒီ ၂၀၂၀ ျပည့္ႏွစ္ေရြးေကာက္ပြဲ အတြက္ကိုေတာ့ ပံုစံ ၃ ေလွ်ာက္ထားႏုိင္သူက ၆,၀၀၀ ဝန္းက်င္နဲ႔ ေထာင္ဂဏန္းေလာက္ပဲရွိေနေသးတဲ့အတြက္ အခုလို ေရြးေကာက္ပြဲေကာ္မရွင္ထံကို ၾကံဳေနရတဲ့ အခက္ခဲအေျခအေနေတြကို တင္ျပေတာင္းဆိုေနၾကတာျဖစ္ၿပီး ေရြးေကာက္ပြဲေကာ္မရွင္ အေနနဲ႔ ဒီျပႆနာကို ေျပလည္ေအာင္ အျမန္ဆံုး ေျဖရွင္းေပးႏုိင္ဖို႔ ေမ်ွာ္လင့္ေၾကာင္း ဖားကန္႔ကေရႊ႕ေျပာင္းေတြ မဲေပးခြင့္ရေရး ဦးေဆာင္ကူညီေပးေနတဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ကေျပာဆိုေၾကာင္းပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖားကန့်ရေမဆေးလုပ်သားများ မဲပေးခွင့်ဆုံးရှုံးဖွယ်ရှိ

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရေမဆေးကျောက်တူးသမား ရွှေ့ပြောင်းလုပ်သား သိန်းနဲ့ချီ မဲပေးခွင့်ဆံုံးရှုံးရနိုင်တဲ့ အခြေအနေဖြစ်နေလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ နယ်မြေခံတွေရဲ့ စိုးရိမ်ချက် စုစည်းတင်ပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြပေးထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတွင်းလုပ်ကွက်တွေမှာ မြန်မာနိုင်ငံတဝန်းက သိန်းနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမား ရေမဆေးကျောက်ရှာဖွေတဲ့ ကျောက်စိမ်းတွင်းလုပ်ငန်းတွေမှာ နှစ်တွေ၊ လတွေနဲ့ချီ လာရောက်အလုပ်လုပ်ကိုင် ရှာဖွေ စားသောက်နေကြတာဖြစ်ပါတယ်။ ဒီလိုသိန်းချီတဲ့ ကျောက်စိမ်းတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေ ဖားကန့်မှာနေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဘက်က ထောက်ခံမှုမပေးတဲ့အနေအထားဖြစ်နေလို့ သူတို့တွေအတွက် လာမယ့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံသားတို့ရဲ့အခွင့်အရေးနဲ့အညီ မဲပေးခွင့်ဆုံးရှုံးရတော့မယ့်အခြေအနေဖြစ်နေတယ်လို့ နယ်မြေခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောပြပါတယ်။

ဖားကန့်ဒေသက ရွှေ့ပြောင်းအလုပ်သမားတွေ မဲပေးခွင့်ရရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို ဒီကနေ့ အင်္ဂါနေ့မှာပဲ အရေးတကြီးဆောင်ရွက်ပေးဖို့ စာပေးပို့တောင်းဆိုထားတယ်လို့ ဖားကန့်ဒေသက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ဗွီအိုအေမြန်မာပိုင်းကိုပြောပြပါတယ်။

"ဒီ Migrants တွေအတွက်ကို မိမိရဲ့ မဲဆန္ဒနယ်ပြင်ပရောက် ပြည်သူများ မဲပေးခွင့်ရရှိရေး ပုံစံ(၃) က၊ ခ တွေနဲ့ ကျနော်တို့ လျှောက်ပေးပါတယ်ခင်ဗျ။ အဲ့လိုလျှောက်ပေးတဲ့နေရာမှာ ခက်နေတာက ကျနော်တို့ဒီမှာ ရှိတဲ့ Migrants တွေက မိမိတို့ဒေသတွေနဲ့ အဆက်အသွယ်ပြတ်နေကြတာလည်း ကြာနေတဲ့သူတွေများတယ်ခင်ဗျ။ အဲ့မှာ ကော်မရှင်က မိမိမဲဆန္ဒနယ်မြေမှာပါတဲ့ အမှတ်စာရင်းပါ ထည့်ပေးရမယ်ဆိုတဲ့အချက်က ပါတယ်။ အဲ့တော့ မဲဆန္ဒနယ်တွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့ သူတွေက မဲနံပတ်ကို ထည့်ပေးဖို့ တော်တော်လေးကို အခက်အခဲဖြစ်နေတယ်ခင်ဗျ။ သက်ဆိုင်ရာအုပ်ချုပ်ရေးကရော ကော်မရှင်ကရော မဲစာရင်းအမှတ်စဉ်မပါတဲ့အတွက် သူတို့လက်မှတ်မထိုးနိုင်ဘူးဆိုပြီး ငြင်းဆန်နေတဲ့အတွက် ဒီမှာ မဲပေးခွင့်ဆုံးရှုံးရမယ့် အနေအထားဖြစ်နေတယ်ခင်ဗျ။ အဲ့ဒီ့အနေအထားကို ကျနော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဒီကနေ့ပဲ တင်ပြလိုက်ပါတယ်။ ရက်ကလည်း ကပ်နေပြီဆိုတဲ့အတွက်ကြောင့် အတော်လေးကို ခက်ခဲတဲ့အနေအထားဖြစ်နေပါတယ်ခင်ဗျ။"

အနည်းဆုံး ရက်ပေါင်း ၉၀ ထက် မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေတဲ့ မဲဆန္ဒရှင်တွေ မိမိတို့နေရပ်မှာ သွားမပေးနိုင်ရင် ကိုယ်ရောက်နေတဲ့နေရာမှာ မဲပေးခွင့်ရရေးသက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေဆီမှာ လျှောက်နိုင်တယ်လို့ ဆိုထားတဲ့အတွက် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကော်မရှင်အနေနဲ့ ဖားကန့်အတွက် ညွှန်ကြားချက်ထုတ်ပေးစေချင်တယ်လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင့်စိုးက တိုက်တွန်းပါတယ်။

"ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖြေလျော့ပေးလိုက်မယ်ဆိုရင် တော်တော်လေး အဆင်ပြေသွားမှာပါခင်ဗျ ကျနော်တို့ဆီမှာကလည်း ဒီ Migrants တွေက သိန်းနဲ့ချီကို ရှိတာလေ။ သိန်းနဲ့ချီတဲ့လူတွေ မဲပေးဖို့ကလည်း တော်တော်လေး အခက်အခဲဖြစ်နေတယ်။ဒီက အောက်ခြေ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကလည်း ဒီမှာရောက်နေတဲ့သူတွေ ရက်ပေါင်း ၉၀ ဆက်တိုက်နေထိုင်ခွင့် ဆိုတာလေးကို လက်မှတ်ထိုးပေးဖို့ဆိုတာ တော်တော်လေးကို အခက်အခဲဖြစ်နေတယ်။ တကယ်တော့ ဒီလူတွေဟာ ရက်ပေါင်း ၉၀ တင်မကဘူး တချို့ဆို နှစ်နဲ့ချီပြီး ၄-၅၊ ၁၀နှစ်အထိကို နေနေကြတဲ့သူတွေ များတယ်။ ရက်ပေါင်း ၉၀ နေတာကို ထောက်ခံပေးတာကို ဘယ်လောက်မှလည်း ခက်ခဲတဲ့အနေအထား မဟုတ်ဘဲ ဒါကို ဒီက အုပ်ချုပ်ရေးက ငြင်းဆန်နေတဲ့အတွက် ကျနော်တို့မှာ ဒါက တော်တော်လေး အခက်အခဲဖြစ်နေတယ်။ ကော်မရှင်ကလည်း လက်မခံဘူး၊ အုပ်ချုပ်ရေးကလည်း လက်မှတ်မထိုးပေးဘူးဆိုရင်မဲပေးခွင့်ဆုံးရှုံးရမယ့် စိုးရိမ်စရာအနေအထားကို ရောက်နေတယ်။ ဒါတင်မကသေးဘူး ပုံစံ ၃ လည်း မလျှောက်လည်းမလျှောက်ရသေးဘူး။ မဲပေးမယ့်ရက်ကလည်း ကပ်နေလို့ မဲပေးခွင့်ဆုံးရှုံးရမယ့်သူကလည်း သောင်းနဲ့ချီ ရှိနေပါသေးတယ်ခင်ဗျ။ ဒါကြောင့် ဒီနေ့ပဲ ကျနော်တို့ ဗဟိုရွေးကောက်ပွဲကော်မရှင်ထံကို တင်ပြထားပါတယ်ခင်ဗျ။"

ကပ်ရောဂါ ကိုဗစ်၁၉ ရောဂါကူးစက်မှုတွေဖြစ်နေလို့ ဖားကန့်ဒေသမှာ အသွားအလာကန့်သတ်မှုတွေရှိနေတဲ့ အနေအထားနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက နေထိုင်ကြောင်းထောက်ခံချက်မပေးတဲ့အတွက် ဖားကန့်ဒေသက ရွှေ့ပြောင်းကျောက်တူးသမားတွေမှာ ပုံစံ ၃ လျှောက်ထားခွင့် နဲ့ မဲပေးခွင့် ဆုံးရှုံးရတော့မယ့်အနေအထားဖြစ်နေတယ်လို့လည်း ဖားကန့်ဒေသခံ နယ်မြေခံသတင်းသမား ကိုဇော်မိုးထက်က အခြေအနေပြောပြပါတယ်။

"ပုံစံ(၃) လုပ်ပေးဖို့ ဘာအခက်ခဲရှိတုန်းဆိုတော့ နံပတ်(၁)အချက်က ကိုဗစ်ဖြစ်နေတယ်။ ဖားကန့်မှာလည်း ပိုးတွေ့လူနာတွေရှိလို့ Stay Home နဲ့ ကန့်သတ်ထားတော့ သွားဖို့လာဖို့ ခက်ခဲတယ်။ နောက်တခါ တချို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ထောက်ခံချက် မပေးချင်ဘူးဗျ။ အဓိက အဲ့ဒီ့ပြဿနာပေါ့။ အဲ့ဒီ့ထောက်ခံချက်မပေးတဲ့အတွက် ဖားကန့်မှာက အနည်းဆုံးမရှိဘူးဆို သိန်းဂဏန်းရှိနိုင်တယ်။ ကျနော်တို့ ခန့်မှန်းတာပေါ့နော် ဖားကန့်မှာ မဲပေးဖို့ဆုံးရှုံးမယ့်သူ သိန်းဂဏန်းရှိတယ်။ အဲ့လိုမျိုးပေါ့နော် ကိုဗစ်ဖြစ်နေတာရော ကုမ္ပဏီတွေမှာ နောက်ချန်အင်အားနဲ့ ရွှေ့ပြောင်းလုပ်သမားတွေ အပြင်ကိုထွက်လို့မရတာရော ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ရက်ပေါင်း ၉၀ နေထိုင်ကြောင်း အဲ့တာတွေစုဖြစ်နေတဲ့အတွက် ဖားကန့်မှာက မဲပေးခွင့်ဦးရေ တော်တော်များများ ဆုံးရှုံးနိုင်တယ်။ သိန်းနဲ့ချီရှိနိုင်တယ် အနည်းဆုံး သောင်းချီပြီးကို ရှိနိုင်တယ်ပေါ့နော်။ ကျနော်တို့ လက်ရှိအနေအထား ဖားကန့်က။"

၂၀၁၅ ရွေးကောက်ပွဲကာလတုန်းက ဖားကန့်ဒေသမှာ မဲပေးခွင့်ပုံစံ ၃ က လျှောက်ထားသူ သောင်းဂဏန်းရှိခဲ့ပြီး ဒီ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ အတွက်ကိုတော့ ပုံစံ ၃ လျှောက်ထားနိုင်သူက ၆,၀၀၀ ဝန်းကျင်နဲ့ ထောင်ဂဏန်းလောက်ပဲရှိနေသေးတဲ့အတွက် အခုလို ရွေးကောက်ပွဲကော်မရှင်ထံကို ကြုံနေရတဲ့ အခက်ခဲအခြေအနေတွေကို တင်ပြတောင်းဆိုနေကြတာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဒီပြဿနာကို ပြေလည်အောင် အမြန်ဆုံး ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်ကြောင်း ဖားကန့်ကရွှေ့ပြောင်းတွေ မဲပေးခွင့်ရရေး ဦးဆောင်ကူညီပေးနေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောဆိုကြောင်းပါ။

XS
SM
MD
LG